HomeCelebs Update NewsKoreaနဂိုရုပ်ခံကိုက high class သူဌေးရုပ်ထွက်နေတဲ့ အချောလေး(၅)ယောက်

နဂိုရုပ်ခံကိုက high class သူဌေးရုပ်ထွက်နေတဲ့ အချောလေး(၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတစ်ယောက်မှာ ဥပဓိရုပ်ကလည်း သိပ်ကိုအရေးပါပါတယ်။ တစ်ချို့ဆိုရင် မွေးလာတည်းက Crazy Rich Asians ထဲကလို လူချမ်းသာတွေရဲ့ ဥပဓိရုပ်သွင် ပါလာကြသူတွေ ရှိပါတယ်။ သူတို့ကို ကြည့်လိုက်ရင် နုနုရွရွ၊ လှလှပပ၊ အထက်တန်းကျကျနဲ့ လာတဲ့လူအကုန်လုံးကို ချေလွှတ်ပစ်လိုက်လို့ရတဲ့ မျက်နှာပေးလေးတွေပါ ပိုင်ဆိုင်ထားတတ်ကြပါသေးတယ်။ အထူးအထွေ ကြိုးစားအားထုတ်စရာမလိုဘဲ အဆင့်အတန်းမြင့် သူဌေးမလေးတွေရဲ့ ဥပဓိရုပ်မျိုး ပိုင်ဆိုင်ထားကြတဲ့ Idol ငါးယောက်ကတော့ …

TWICE အဖွဲ့က Mina
Photo: minarijyp/ Instagram

TWICE အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mina ကတော့ ကြည့်လိုက်တာနဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းပြီး စနစ်တကျ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာတဲ့ သူဌေးမလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ ပုံစံလေးက စီမံခန့်ခွဲမှုပညာရပ်တွေ လေ့လာထားပြီး တစ်ချိန်ချိန်မှာ chaebol ကုမ္ပဏီကြီးကို လက်လွှဲယူရမယ့် ကောင်မလေးတစ်ယောက်ကို ကြည့်နေရသလိုပါပဲ။

BLACKPINK အဖွဲ့က Jennie
Photo: jennierubyjane/ Instagram

တစ်ချို့လူတွေဆိုရင် Jennie ကို အမေရိကန်ဇာတ်လမ်းတွဲ Gossip Girls ထဲက Blair ရဲ့ ကိုရီးယားဗားရှင်းလို့တောင်မှတ်ချက်ပေးထားကြပါတယ်။ Jennie မှာ မြင်လိုက်ရတဲ့လူတိုင်းက ရုန်းမထွက်နိုင်တဲ့ ညှို့အားတစ်ခုကို ပိုင်ဆိုင်ထားပြီး ခပ်ချေချေ အလှဘုရားမလေးလို ကိုယ်ရောင်ကိုယ်ဝါကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့်ပဲ တန်ဖိုးကြီး ဇိမ်ခံ brand တွေဖြစ်တဲ့ Gucci တို့၊ Chanel တို့က သူမ ကိုယ်ပေါ်မှာ ပိုပြီးတောက်ပထင်ရှားနေကြတာ ဖြစ်နိုင်ပါတယ်။

Girls’ Generation အဖွဲ့က Seohyun
Photo: seojuhyun_s/ Instagram

Seohyun ကတော့ ပြောစရာမလိုအောင် အထက်တန်းလွှာတစ်ယောက်ရဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံပြီးသား ဖြစ်ပါတယ်။ ကိုရီးယားဒရာမာတွေထဲမှာပါတဲ့ လူချမ်းသာအိမ်က ပညာတတ်၊ ရုပ်ချော၊ အဆင့်အတန်းရှိတဲ့ သမီးကြီးဇာတ်ကောင်မျိုးဟာ Seohyun နဲ့ ကွက်တိပါပဲ။

ITZY အဖွဲ့က Lia
Photo: itzy_lia/ Instagram

ITZY အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lia ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရွှေမင်းသမီးလေးနဲ့ တူနေသူ ဖြစ်ပါတယ်။ သူမရဲ့သွင်ပြင်ဟာ “မရှိစကား” မကြားဖူးဘဲ ကြီးပြင်းလာရတဲ့ သူဌေးမလေးတစ်ယောက်လို အပူအပင်မရှိ မော်မော်ကြွားကြွား နေနိုင်သူလေးလိုပါပဲ။ သူမရဲ့ တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ တကယ့် Crazy Rich Asians တစ်ယောက်ကို ကြည့်နေရသလိုပါပဲ။

f(x) အဖွဲ့က Krystal
Photo: vousmevoyez/ Instagram

ကေဒရာမာထဲက သူဌေးမလေး ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ နောက်ထပ်တစ်ယောက်က Krystal ပါ။ The Heirs စီးရီးထဲက သူဌေးမလေး Lee Bo Na ဇာတ်ရုပ်နဲ့ဆို သူမနဲ့ လုံးဝကို ကွက်တိပါပဲ။

ဒါကတော့ ဥပဓိရုပ်ကိုက သူဌေးမလေးရုပ် ထွက်နေတဲ့ အလှလေးငါးယောက်ပါပဲ။ ဘယ်တစ်ယောက်ရဲ့ ခပ်ချေချေ အလှမှာ မျောပါဖူးလည်းဆိုတာ စာဖတ်သူတို့ ပြောပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတစ္ေယာက္မွာ ဥပဓိ႐ုပ္ကလည္း သိပ္ကိုအေရးပါပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ ေမြးလာတည္းက Crazy Rich Asians ထဲကလို လူခ်မ္းသာေတြရဲ႕ ဥပဓိ႐ုပ္သြင္ ပါလာၾကသူေတြ ရွိပါတယ္။ သူတို႔ကို ၾကည့္လိုက္ရင္ ႏုႏု႐ြ႐ြ၊ လွလွပပ၊ အထက္တန္းက်က်နဲ႔ လာတဲ့လူအကုန္လုံးကို ေခ်လႊတ္ပစ္လိုက္လို႔ရတဲ့ မ်က္ႏွာေပးေလးေတြပါ ပိုင္ဆိုင္ထားတတ္ၾကပါေသးတယ္။ အထူးအေထြ ႀကိဳးစားအားထုတ္စရာမလိုဘဲ အဆင့္အတန္းျမင့္ သူေဌးမေလးေတြရဲ႕ ဥပဓိ႐ုပ္မ်ိဳး ပိုင္ဆိုင္ထားၾကတဲ့ Idol ငါးေယာက္ကေတာ့ …

TWICE အဖြဲ႕က Mina
Photo: minarijyp/ Instagram

TWICE အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Mina ကေတာ့ ၾကည့္လိုက္တာနဲ႔ အဆင့္အတန္းျမင့္တဲ့ အသိုင္းအဝိုင္းမွာ ႀကီးျပင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္မႈနဲ႔ ႀကီးျပင္းလာတဲ့ သူေဌးမေလးတစ္ေယာက္ရဲ႕ အသြင္အျပင္ကို ပိုင္ဆိုင္ထားသူပါ။ သူမရဲ႕ ပုံစံေလးက စီမံခန႔္ခြဲမႈပညာရပ္ေတြ ေလ့လာထားၿပီး တစ္ခ်ိန္ခ်ိန္မွာ chaebol ကုမၸဏီႀကီးကို လက္လႊဲယူရမယ့္ ေကာင္မေလးတစ္ေယာက္ကို ၾကည့္ေနရသလိုပါပဲ။

BLACKPINK အဖြဲ႕က Jennie
Photo: jennierubyjane/ Instagram

တစ္ခ်ိဳ႕လူေတြဆိုရင္ Jennie ကို အေမရိကန္ဇာတ္လမ္းတြဲ Gossip Girls ထဲက Blair ရဲ႕ ကိုရီးယားဗားရွင္းလို႔ေတာင္မွတ္ခ်က္ေပးထားၾကပါတယ္။ Jennie မွာ ျမင္လိုက္ရတဲ့လူတိုင္းက ႐ုန္းမထြက္ႏိုင္တဲ့ ညႇိဳ႕အားတစ္ခုကို ပိုင္ဆိုင္ထားၿပီး ခပ္ေခ်ေခ် အလွဘုရားမေလးလို ကိုယ္ေရာင္ကိုယ္ဝါကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ ဒါေၾကာင့္ပဲ တန္ဖိုးႀကီး ဇိမ္ခံ brand ေတြျဖစ္တဲ့ Gucci တို႔၊ Chanel တို႔က သူမ ကိုယ္ေပၚမွာ ပိုၿပီးေတာက္ပထင္ရွားေနၾကတာ ျဖစ္ႏိုင္ပါတယ္။

Girls’ Generation အဖြဲ႕က Seohyun
Photo: seojuhyun_s/ Instagram

Seohyun ကေတာ့ ေျပာစရာမလိုေအာင္ အထက္တန္းလႊာတစ္ေယာက္ရဲ႕ ဥပဓိ႐ုပ္နဲ႔ ျပည့္စုံၿပီးသား ျဖစ္ပါတယ္။ ကိုရီးယားဒရာမာေတြထဲမွာပါတဲ့ လူခ်မ္းသာအိမ္က ပညာတတ္၊ ႐ုပ္ေခ်ာ၊ အဆင့္အတန္းရွိတဲ့ သမီးႀကီးဇာတ္ေကာင္မ်ိဳးဟာ Seohyun နဲ႔ ကြက္တိပါပဲ။

ITZY အဖြဲ႕က Lia
Photo: itzy_lia/ Instagram

ITZY အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Lia ကေတာ့ အဖိုးမျဖတ္ႏိုင္တဲ့ ေ႐ႊမင္းသမီးေလးနဲ႔ တူေနသူ ျဖစ္ပါတယ္။ သူမရဲ႕သြင္ျပင္ဟာ “မရွိစကား” မၾကားဖူးဘဲ ႀကီးျပင္းလာရတဲ့ သူေဌးမေလးတစ္ေယာက္လို အပူအပင္မရွိ ေမာ္ေမာ္ႂကြားႂကြား ေနႏိုင္သူေလးလိုပါပဲ။ သူမရဲ႕ ေတာက္ပတဲ့ ကိုယ္ေရာင္ကိုယ္ဝါနဲ႔ ကိုယ္ရည္ကိုယ္ေသြးေတြဟာ တကယ့္ Crazy Rich Asians တစ္ေယာက္ကို ၾကည့္ေနရသလိုပါပဲ။

f(x) အဖြဲ႕က Krystal
Photo: vousmevoyez/ Instagram

ေကဒရာမာထဲက သူေဌးမေလး ဇာတ္႐ုပ္နဲ႔ အလိုက္ဖက္ဆုံးျဖစ္တဲ့ ေနာက္ထပ္တစ္ေယာက္က Krystal ပါ။ The Heirs စီးရီးထဲက သူေဌးမေလး Lee Bo Na ဇာတ္႐ုပ္နဲ႔ဆို သူမနဲ႔ လုံးဝကို ကြက္တိပါပဲ။

ဒါကေတာ့ ဥပဓိ႐ုပ္ကိုက သူေဌးမေလး႐ုပ္ ထြက္ေနတဲ့ အလွေလးငါးေယာက္ပါပဲ။ ဘယ္တစ္ေယာက္ရဲ႕ ခပ္ေခ်ေခ် အလွမွာ ေမ်ာပါဖူးလည္းဆိုတာ စာဖတ္သူတို႔ ေျပာေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular