HomeCelebs Update NewsKoreaစက်တင်ဘာလမှာ ပွဲထွက်လာမယ့် မိန်းကလေး kpop အဖွဲ့အသစ် ANS

စက်တင်ဘာလမှာ ပွဲထွက်လာမယ့် မိန်းကလေး kpop အဖွဲ့အသစ် ANS

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။


©ANS Entertainment


©ANS Entertainment
©ANS Entertainment


Xei

Ref: kpopmap

(Unicode Version)

ANS လို့ အမည်ပေးထားတဲ့ မိန်းကလေးအဖွဲ့အသစ် တစ်ဖွဲ့ကတော့ လာမယ့်စက်တင်ဘာလထဲမှာ ပွဲထွက်လာတော့မယ်လို့ သိရပါတယ်။ သြဂုတ်လ(၁၂)ရက်နေ့ကပဲ ဒီအဖွဲ့ဝင်မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေကို သက်ဆိုင်ရာ official social media channel တွေကနေ တင်လိုက်ပြီး ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

©ANS Entertainment

ANS Entertainment ကနေ ပွဲထွက်လာမယ့် ANS အဖွဲ့ရဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရုံနဲ့ အမိုက်စားတွေ လာတော့မယ်ဆိုတာ ကြိုတင်ရင်ခုန်မိစေပါတယ်။ ANS ရဲ့ အရှည်ကောက်ကတော့ “Angels N Souls” လို့ အဓိပ္ပါယ်ရပြီး နတ်သမီးလေးတွေလို တေးသီချင်းတွေ သီဆိုမှာလားဆိုတာ သိချင်စရာပါ။

©ANS Entertainment
©ANS Entertainment

အဖွဲ့ဝင်အားလုံးရဲ့ ရုပ်ရည်သွင်ပြင်တွေက ချောမောလှပပြီး ဆွဲဆောင်မှုရှိလှသလို သူတို့ရဲ့ အသံတွေကလည်း တကယ်ပါဝါကောင်းပြီး အမိုက်စားတွေ ဖန်တီးမှာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလထဲမှာ ပွဲထွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ ဒီအဖွဲ့အသစ်ကိုရော စောင့်ကြည့်ပြီး အားပေးလိုက်ကြပါဦးလို့ စာဖတ်သူတို့ကို သတင်းပေးလိုက်ရပါတယ်။

Xei

Ref: kpopmap

 

RELATED ARTICLES

Most Popular