HomeCelebs Update NewsKoreaG-Dragon ပြောပြတဲ့ Idol တစ်ယောက်ရဲ့ ခက်ခဲတဲ့ဘဝ ဖြတ်သန်းမှု

G-Dragon ပြောပြတဲ့ Idol တစ်ယောက်ရဲ့ ခက်ခဲတဲ့ဘဝ ဖြတ်သန်းမှု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ် Idol တွေဟာ အများအမြင်မှာ အောင်မြင်ကျော်ကြားပြီး အားကျစရာဘဝကို ရထားသူတွေဖြစ်ပေမယ့် တကယ်တမ်း သူတို့ရဲ့ဘဝဖြတ်သန်းမှုကတော့ ခက်ခဲပင်ပန်းလွန်းလှပါတယ်။ အထူးသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလှတဲ့ ကိုရီးယားဖျော်ဖြေရေးလောကမှာ စက်ရုပ်တွေလိုပဲ သံပတ်ပေးပြီး တရစပ် အလုပ်လုပ်ကြရသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကေပေါ့ပ်ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ G-Dragon ကလည်း ပြောပြထားဖူးပါတယ်။

GD ဟာ ဒီအကြောင်းကို ၂၀၁၇ခုနှစ်က Elle မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ” မနက်ခင်း အိပ်ရာကနိုးလာတဲ့အခါ ဘာကိုမှ လုပ်ချင်စိတ်မရှိဘဲ စိတ်မပါတဲ့အချိန်မျိုး ရှိဖူးပါသလား … ” ဆိုတဲ့ အင်တာဗျူးသူရဲ့အမေးစကားကို GD ပြန်ဖြေထားတာကတော့ …

Photo: wikimedia commons

” ဒီနှစ်ထဲမှာတော့ နေ့တိုင်း အဲ့လိုချည်းပဲဗျ။ ဒါပေမယ့် အဲ့အကြောင်းကို စဉ်းစားနေချိန်တောင် မရပါဘူး။ အလုပ်တွေက တအားရှုပ်နေခဲ့တော့ မျက်လုံးဖွင့်လိုက်ရင် နိုင်ငံတစ်ခုကို ရောက်နေပြီ။ အဲ့ဒီ့ကနေ မျက်လုံးပြန်မှိတ်လိုက်တဲ့အခါ နောက်တစ်နိုင်ငံကို ရောက်နေပြန်ရော…. ”

” မျက်လုံးဖွင့်လိုက်ပြီဆိုတာနဲ့ တစ်နေကုန် အချိန်ဇယားအပြည့်နဲ့ဗျ။ အဲ့ဒါတွေအကုန်လုပ်ရတယ်။ ပြီးရင် သီချင်းအသစ်တွေအတွက်လည်း လုပ်ရသေးတယ်။ အဲ့ဒီ့အချိန်မျိုးမှာ ဘာခံစားချက်ကိုမှတောင် ခံစားနေချိန် မရပါဘူး။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် စင်ပေါ်မှာ ဘာတွေလုပ်ခဲ့မိလည်းဆိုတာတောင် မမှတ်မိတော့တာမျိုးဗျ။ နောက်ပြီးလို့ ပြန်လွှင့်တာတွေ၊ music video တွေ၊ ဓာတ်ပုံတွေ ပြန်ထွက်လာလို့ ကြည့်မိတော့မှ .. ဪ ငါတော့ ဒီနေရာ ဒီလိုလုပ်ခဲ့တာပါလားလို့ သိတော့တယ်။ စင်ပေါ်ရောက်နေပြီဆို flow လေးအတိုင်းပဲ အသာလေး လိုက်သွားလိုက်တယ်… ”

Photo via flickr

” တစ်ချို့အချိန်တွေမှာဆို ကျွန်တော့်အချိန်ဇယားတွေကို ကြည့်ကိုမကြည့်ဖြစ်တာ။ တစ်နှစ်ပတ်လုံးကလည်း လုပ်စရာတွေနဲ့ အပြည့်ပဲဆိုတော့ သိတောင်မသိချင်တော့တာမျိုးပေါ့ဗျာ။ ကျွန်တော် ခံစားမိတာကတော့ နေ့တစ်နေ့မှာ နိုးလာမယ်။ အဲ့နေ့အတွက် လုပ်စရာရှိတာကို ကောင်းကောင်းလုပ်သွားမယ်။ ဒါဆိုရင် အဲ့ဒီ့နေ့က မနေ့ကထက်တော့ ပိုကောင်းလာမှာပဲလေ… ” လို့ GD က ပြောထားပါတယ်။

LaNina
(Zawgyi Version)

ေကေပါ့ပ္ Idol ေတြဟာ အမ်ားအျမင္မွာ ေအာင္ျမင္ေက်ာ္ၾကားၿပီး အားက်စရာဘဝကို ရထားသူေတြျဖစ္ေပမယ့္ တကယ္တမ္း သူတို႔ရဲ႕ဘဝျဖတ္သန္းမႈကေတာ့ ခက္ခဲပင္ပန္းလြန္းလွပါတယ္။ အထူးသျဖင့္ ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းလွတဲ့ ကိုရီးယားေဖ်ာ္ေျဖေရးေလာကမွာ စက္႐ုပ္ေတြလိုပဲ သံပတ္ေပးၿပီး တရစပ္ အလုပ္လုပ္ၾကရသူေတြ ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ေကေပါ့ပ္ဘုရင္တစ္ပါးလို႔ တင္စားၾကတဲ့ G-Dragon ကလည္း ေျပာျပထားဖူးပါတယ္။

GD ဟာ ဒီအေၾကာင္းကို ၂၀၁၇ခုႏွစ္က Elle မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။ ” မနက္ခင္း အိပ္ရာကႏိုးလာတဲ့အခါ ဘာကိုမွ လုပ္ခ်င္စိတ္မရွိဘဲ စိတ္မပါတဲ့အခ်ိန္မ်ိဳး ရွိဖူးပါသလား … ” ဆိုတဲ့ အင္တာဗ်ဴးသူရဲ႕အေမးစကားကို GD ျပန္ေျဖထားတာကေတာ့ …

Photo: wikimedia commons

” ဒီႏွစ္ထဲမွာေတာ့ ေန႔တိုင္း အဲ့လိုခ်ည္းပဲဗ်။ ဒါေပမယ့္ အဲ့အေၾကာင္းကို စဥ္းစားေနခ်ိန္ေတာင္ မရပါဘူး။ အလုပ္ေတြက တအားရႈပ္ေနခဲ့ေတာ့ မ်က္လုံးဖြင့္လိုက္ရင္ ႏိုင္ငံတစ္ခုကို ေရာက္ေနၿပီ။ အဲ့ဒီ့ကေန မ်က္လုံးျပန္မွိတ္လိုက္တဲ့အခါ ေနာက္တစ္ႏိုင္ငံကို ေရာက္ေနျပန္ေရာ…. ”

” မ်က္လုံးဖြင့္လိုက္ၿပီဆိုတာနဲ႔ တစ္ေနကုန္ အခ်ိန္ဇယားအျပည့္နဲ႔ဗ်။ အဲ့ဒါေတြအကုန္လုပ္ရတယ္။ ၿပီးရင္ သီခ်င္းအသစ္ေတြအတြက္လည္း လုပ္ရေသးတယ္။ အဲ့ဒီ့အခ်ိန္မ်ိဳးမွာ ဘာခံစားခ်က္ကိုမွေတာင္ ခံစားေနခ်ိန္ မရပါဘူး။ ႐ိုး႐ိုးသားသား ေျပာရရင္ ကြၽန္ေတာ္ စင္ေပၚမွာ ဘာေတြလုပ္ခဲ့မိလည္းဆိုတာေတာင္ မမွတ္မိေတာ့တာမ်ိဳးဗ်။ ေနာက္ၿပီးလို႔ ျပန္လႊင့္တာေတြ၊ music video ေတြ၊ ဓာတ္ပုံေတြ ျပန္ထြက္လာလို႔ ၾကည့္မိေတာ့မွ .. ဪ ငါေတာ့ ဒီေနရာ ဒီလိုလုပ္ခဲ့တာပါလားလို႔ သိေတာ့တယ္။ စင္ေပၚေရာက္ေနၿပီဆို flow ေလးအတိုင္းပဲ အသာေလး လိုက္သြားလိုက္တယ္… ”

Photo via flickr

” တစ္ခ်ိဳ႕အခ်ိန္ေတြမွာဆို ကြၽန္ေတာ့္အခ်ိန္ဇယားေတြကို ၾကည့္ကိုမၾကည့္ျဖစ္တာ။ တစ္ႏွစ္ပတ္လုံးကလည္း လုပ္စရာေတြနဲ႔ အျပည့္ပဲဆိုေတာ့ သိေတာင္မသိခ်င္ေတာ့တာမ်ိဳးေပါ့ဗ်ာ။ ကြၽန္ေတာ္ ခံစားမိတာကေတာ့ ေန႔တစ္ေန႔မွာ ႏိုးလာမယ္။ အဲ့ေန႔အတြက္ လုပ္စရာရွိတာကို ေကာင္းေကာင္းလုပ္သြားမယ္။ ဒါဆိုရင္ အဲ့ဒီ့ေန႔က မေန႔ကထက္ေတာ့ ပိုေကာင္းလာမွာပဲေလ… ” လို႔ GD က ေျပာထားပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular