HomeDramaတော်ပေမယ့် မာနကြီးတဲ့ ဆရာဝန်အဖြစ် Rain ကို မြင်တွေ့ရမယ့် Ghost Doctor ဒရာမာ 

တော်ပေမယ့် မာနကြီးတဲ့ ဆရာဝန်အဖြစ် Rain ကို မြင်တွေ့ရမယ့် Ghost Doctor ဒရာမာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

tvN က အသစ်ထုတ်လွှင့်မယ့် ဆေးလောက ဒရာမာအသစ်ထဲမှာတော့ နာမည်ကျော်မင်းသား Rain ကို ထက်မြက်ပြီး မာနကြီးတဲ့ ဆရာဝန်တစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒရာမာရဲ့အမည်ကတော့ Ghost Doctor လို့ သိရပါတယ်။

Ghost Doctor ဒရာမာကိုတော့ Heirs ဒရာမာကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Boo Sung Chul က ရိုက်ကူးပေးထားတာ ဖြစ်ပြီး စိတ်ကူးယဉ် ဆေးလောက ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နောက်ခံအသိုင်းအဝိုင်း၊ အကျင့်စရိုက်၊ အရည်အချင်း ဘာတစ်ခုမှ မတူညီတဲ့ ဆရာဝန်နှစ်ယောက်ဟာ စိတ်ဝိဉာဉ်တွေ ပေါင်းစည်းသွားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

Photo via mydramalist

Rain ကတော့ ရင်ခေါင်းခွဲစိတ်အထူးကု Cha Young Min အဖြစ် သရုပ်ဆောင်ထားပြီး Kim Bum ကတော့ ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ သူဌေးသား Go Seung Tak အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Apink အဖွဲ့က Son Naeun လည်း ပါဝင်ထားပြီး အရေးပေါ်ခန်းက အလုပ်သင်ဆရာဝန် Oh Soo Jung အဖြစ် ပါဝင်ထားပါတယ်။ Oh Soo Jung ကတော့ ဆေးပညာကို လေ့လာရတာထက် သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်ပြီး စိတ်ဝင်စားသူ ဖြစ်ပါတယ်။

Rain သရုပ်ဆောင်ထားတဲ့ Cha Young Min ကာရိုက်တာကတော့ ပါရမီထူးကဲလှတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ပညာနဲ့ လူ့အသက်တွေကို အလွယ်လေး ကယ်တင်နိုင်သူ ဖြစ်ပါတယ်။ ဒ့ါအပြင် ရုပ်ရည်လည်း ချောမောခန့်ငြားပြီး အထင်ကြီးလောက်စရာ အသက်မွေးဝမ်းကျောင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ မောက်မာပြီး တကိုယ်ကောင်းဆန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ မတော်တဆမှုတစ်ခုနဲ့ ကြုံရပြီး ယခင်က သူနဲ့မတူတဲ့ တခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

Photo via mydramalist

ဒရာမာရဲ့ ထုတ်လုပ်ရေးအဖွဲ့ကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။ “Rain ဟာ Cha Young Min ဆိုတဲ့ ဇာတ်ကောင်ကို သူ့ရဲ့ကိုယ်ပိုင်စတိုင်လ်နဲ့ အသက်သွင်းထားပါတယ်။ Cha Young Min ရဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကြောင်းဖြစ်ရပ်မှာ တချို့နေရာတွေမှာ ရယ်မောရမှာ ဖြစ်သလို တချို့နေရာတွေမှာတော့ ထိခိုက်ခံစားရစေမှာ ဖြစ်ပါတယ်။ မင်းသား Rain က အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ Ghost Doctor ဇာတ်လမ်းတွဲကို စောင့်မျှော် ကြည့်ရှုပြီး အားပေးကြပါဦး … ” လို့ ပြောထားပါတယ်။

Ghost Doctor ဒရာမာကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့မှာ ကိုရီးယားစံတော်ချိန် ည(၁၀:၃၀)နာရီမှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

tvN က အသစ္ထုတ္လႊင့္မယ့္ ေဆးေလာက ဒရာမာအသစ္ထဲမွာေတာ့ နာမည္ေက်ာ္မင္းသား Rain ကို ထက္ျမက္ၿပီး မာနႀကီးတဲ့ ဆရာဝန္တစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒရာမာရဲ့အမည္ကေတာ့ Ghost Doctor လို႔ သိရပါတယ္။

Ghost Doctor ဒရာမာကိုေတာ့ Heirs ဒရာမာကို ရိုက္ကူးေပးခဲ့တဲ့ ဒါရိုက္တာ Boo Sung Chul က ရိုက္ကူးေပးထားတာ ျဖစ္ၿပီး စိတ္ကူးယဥ္ ေဆးေလာက ဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေနာက္ခံအသိုင္းအဝိုင္း၊ အက်င့္စရိုက္၊ အရည္အခ်င္း ဘာတစ္ခုမွ မတူညီတဲ့ ဆရာဝန္ႏွစ္ေယာက္ဟာ စိတ္ဝိဉာဥ္ေတြ ေပါင္းစည္းသြားတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။

Photo via mydramalist

Rain ကေတာ့ ရင္ေခါင္းခြဲစိတ္အထူးကု Cha Young Min အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Kim Bum ကေတာ့ ေငြဇြန္းကိုက္ၿပီး ေမြးလာတဲ့ သူေဌးသား Go Seung Tak အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ Apink အဖြဲ႕က Son Naeun လည္း ပါဝင္ထားၿပီး အေရးေပၚခန္းက အလုပ္သင္ဆရာဝန္ Oh Soo Jung အျဖစ္ ပါဝင္ထားပါတယ္။ Oh Soo Jung ကေတာ့ ေဆးပညာကို ေလ့လာရတာထက္ သဘာဝလြန္ျဖစ္ရပ္ေတြကို ယုံၾကည္ၿပီး စိတ္ဝင္စားသူ ျဖစ္ပါတယ္။

Rain သ႐ုပ္ေဆာင္ထားတဲ့ Cha Young Min ကာရိုက္တာကေတာ့ ပါရမီထူးကဲလွတဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ့ ကၽြမ္းက်င္တဲ့ ခြဲစိတ္ပညာနဲ႔ လူ႔အသက္ေတြကို အလြယ္ေလး ကယ္တင္နိုင္သူ ျဖစ္ပါတယ္။ ဒ့ါအျပင္ ႐ုပ္ရည္လည္း ေခ်ာေမာခန႔္ျငားၿပီး အထင္ႀကီးေလာက္စရာ အသက္ေမြးဝမ္းေက်ာင္းကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ေမာက္မာၿပီး တကိုယ္ေကာင္းဆန္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ မေတာ္တဆမွုတစ္ခုနဲ႔ ၾကဳံရၿပီး ယခင္က သူနဲ႔မတူတဲ့ တျခားတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားပါေတာ့တယ္။

Photo via mydramalist

ဒရာမာရဲ့ ထုတ္လုပ္ေရးအဖြဲ႕ကေတာ့ အခုလို မွတ္ခ်က္ေပးထားပါတယ္။ “Rain ဟာ Cha Young Min ဆိုတဲ့ ဇာတ္ေကာင္ကို သူ႔ရဲ့ကိုယ္ပိုင္စတိုင္လ္နဲ႔ အသက္သြင္းထားပါတယ္။ Cha Young Min ရဲ့ ေျပာင္းလဲသြားတဲ့ ဇာတ္ေၾကာင္းျဖစ္ရပ္မွာ တခ်ိဳ႕ေနရာေတြမွာ ရယ္ေမာရမွာ ျဖစ္သလို တခ်ိဳ႕ေနရာေတြမွာေတာ့ ထိခိုက္ခံစားရေစမွာ ျဖစ္ပါတယ္။ မင္းသား Rain က အေကာင္းဆုံး သ႐ုပ္ေဆာင္ထားတဲ့ Ghost Doctor ဇာတ္လမ္းတြဲကို ေစာင့္ေမၽွာ္ ၾကည့္ရွုၿပီး အားေပးၾကပါဦး … ” လို႔ ေျပာထားပါတယ္။

Ghost Doctor ဒရာမာကိုေတာ့ လာမယ့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၃)ရက္ေန႔မွာ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀:၃၀)နာရီမွာ စတင္ထုတ္လႊင့္ ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular