HomeCelebs Update NewsKoreaတစ္ခါတုန္းက ခ်စ္သူအေပၚ တအားတြယ္ၿငိခဲ့မိေၾကာင္း ေျပာျပလာတဲ့ မင္းသမီးGong Hyo Jin

တစ္ခါတုန္းက ခ်စ္သူအေပၚ တအားတြယ္ၿငိခဲ့မိေၾကာင္း ေျပာျပလာတဲ့ မင္းသမီးGong Hyo Jin

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသမီး Gong Hyo Jin ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ TEN Asia နဲ႔ အင္တာဗ်ဴးမွာ သူမရဲ႕အတိတ္က အခ်စ္ေရးအေတြ႕အႀကံဳေတြကို ေျပာျပခဲ့ပါတယ္။ သူမရဲ႕ ေျပာျပခ်က္ေတြအရ အျခားမိန္းကေလးေတြလိုမ်ိဳးပဲ ခ်စ္သူအေပၚမွာ တြယ္ကပ္မိဖူးတယ္ဆိုတာလည္း သိခဲ့ရပါတယ္။

အရင္က ရည္းစားေတြနဲ႔တုန္းက “အိပ္ေနၿပီလား?” “ဘာလုပ္ေနလဲ?” စတဲ့ မက္ေဆ့ခ်္မ်ိဳးေတြ ရခဲ့ဖူးလားလို႔ အင္တာဗ်ဴးက ေမးျမန္းခဲ့ရာမွာ အလားတူ မက္ေဆ့ခ်္မ်ိဳးေတြ ရခဲ့ဖူးသလို သူမကိုယ္တိုင္လည္း ပို႔ခဲ့ဖူးတယ္လို႔ ဆိုလာပါတယ္။

Photo: rovvxhyo/ Instagram

သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ အေလ့အက်င့္ေလးေတြကိုလည္း ေ၀မွ်ေပးခဲ့ပါေသးတယ္။ “ကၽြန္မက မက္ေဆ့ခ်္တစ္ေစာင္ ပို႔လိုက္တယ္ဆိုပါစို႔။ ဟိုဘက္က ခ်က္ခ်င္းမဖတ္ဘူးဆိုရင္ေလ ဘယ္လို ျပန္ဖ်က္လို႔ရမလည္းဆိုတာကိုပါ စုံစမ္းထားေသးတာ။ တစ္ျခားလူတစ္ေယာက္က ကၽြန္မကို ဘေလာ့ခ္ထားလားဆိုတာ သိရေအာင္လည္း စပ္စုထားရေသးတယ္” လို႔ ဆိုပါတယ္။

“ကိုယ့္ဘက္က အဲ့လိုမက္ေဆ့ခ်္မ်ိဳးေတြကို အရင္စပို႔တာမ်ိဳးကေလ … မာနထိခိုက္ပါတယ္။ ေနေကာင္းလားတို႔ … အိပ္ေနၿပီလားတို႔ … အဲ့လိုေတြ စပို႔ရတာက တစ္ခါတစ္ေလဆို ရွက္ဖို႔ေတာင္ေကာင္းတယ္။ ဒါေပမယ့္လည္း မပို႔လိုက္မိလို႔ သူနဲ႔အခြင့္အေရးကို လက္လႊတ္လိုက္ရရင္လည္း ေနာင္တက ရမိဦးမယ္ေလ.. ” လို႔ ရွင္းျပထားပါတယ္။

Photo: rovvxhyo/ Instagram

“အဲ့လိုမ်ိဳး … ဘာလုပ္ေနလဲတို႔ … အိပ္ေနၿပီလားတို႔ … မက္ေ္ဆ့ခ်္မ်ိဳးေတြ ကၽြန္မလည္း ပို႔ခဲ့မိဖူးပါတယ္။ ဒါေပမယ့္ေလ မပို႔ရင္ ပိုေကာင္းမယ္လို႔ ထင္တာပဲ။ မသကာ ဘယ္မွာလဲလို႔ ေမးတာမ်ိဳးကမွ နည္းနည္းေတာ္ေသးတယ္” လို႔ သူမရဲ႕ အခ်စ္ေရးအေတြ႕အႀကံဳေတြကို ေ၀မွ်ထားတာ ျဖစ္ပါတယ္။

စာဖတ္သူတို႔လည္း ကိုယ့္ဘက္က အရင္မက္ေဆ့ခ်္စပို႔မယ္ဆိုရင္ ဒါမ်ိဳးေတြ ေရွာင္ဖို႔ေတာ့ လိုမယ္ေနာ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသမီး Gong Hyo Jin ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ TEN Asia နဲ့ အင်တာဗျူးမှာ သူမရဲ့အတိတ်က အချစ်ရေးအတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ သူမရဲ့ ပြောပြချက်တွေအရ အခြားမိန်းကလေးတွေလိုမျိုးပဲ ချစ်သူအပေါ်မှာ တွယ်ကပ်မိဖူးတယ်ဆိုတာလည်း သိခဲ့ရပါတယ်။

အရင်က ရည်းစားတွေနဲ့တုန်းက “အိပ်နေပြီလား?” “ဘာလုပ်နေလဲ?” စတဲ့ မက်ဆေ့ချ်မျိုးတွေ ရခဲ့ဖူးလားလို့ အင်တာဗျူးက မေးမြန်းခဲ့ရာမှာ အလားတူ မက်ဆေ့ချ်မျိုးတွေ ရခဲ့ဖူးသလို သူမကိုယ်တိုင်လည်း ပို့ခဲ့ဖူးတယ်လို့ ဆိုလာပါတယ်။

Photo: rovvxhyo/ Instagram

သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါသေးတယ်။ “ကျွန်မက မက်ဆေ့ချ်တစ်စောင် ပို့လိုက်တယ်ဆိုပါစို့။ ဟိုဘက်က ချက်ချင်းမဖတ်ဘူးဆိုရင်လေ ဘယ်လို ပြန်ဖျက်လို့ရမလည်းဆိုတာကိုပါ စုံစမ်းထားသေးတာ။ တစ်ခြားလူတစ်ယောက်က ကျွန်မကို ဘလော့ခ်ထားလားဆိုတာ သိရအောင်လည်း စပ်စုထားရသေးတယ်” လို့ ဆိုပါတယ်။

“ကိုယ့်ဘက်က အဲ့လိုမက်ဆေ့ချ်မျိုးတွေကို အရင်စပို့တာမျိုးကလေ … မာနထိခိုက်ပါတယ်။ နေကောင်းလားတို့ … အိပ်နေပြီလားတို့ … အဲ့လိုတွေ စပို့ရတာက တစ်ခါတစ်လေဆို ရှက်ဖို့တောင်ကောင်းတယ်။ ဒါပေမယ့်လည်း မပို့လိုက်မိလို့ သူနဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရရင်လည်း နောင်တက ရမိဦးမယ်လေ.. ” လို့ ရှင်းပြထားပါတယ်။

Photo: rovvxhyo/ Instagram

“အဲ့လိုမျိုး … ဘာလုပ်နေလဲတို့ … အိပ်နေပြီလားတို့ … မက်ေ်ဆ့ချ်မျိုးတွေ ကျွန်မလည်း ပို့ခဲ့မိဖူးပါတယ်။ ဒါပေမယ့်လေ မပို့ရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ မသကာ ဘယ်မှာလဲလို့ မေးတာမျိုးကမှ နည်းနည်းတော်သေးတယ်” လို့ သူမရဲ့ အချစ်ရေးအတွေ့အကြုံတွေကို ဝေမျှထားတာ ဖြစ်ပါတယ်။

စာဖတ်သူတို့လည်း ကိုယ့်ဘက်က အရင်မက်ဆေ့ချ်စပို့မယ်ဆိုရင် ဒါမျိုးတွေ ရှောင်ဖို့တော့ လိုမယ်နော်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular