HomeCelebs Update NewsKoreaေဆးရုံတက္ေနရျပန္ၿပီဆိုတဲ့ မင္းသမီးေလး Goo Hye Sun

ေဆးရုံတက္ေနရျပန္ၿပီဆိုတဲ့ မင္းသမီးေလး Goo Hye Sun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မၾကာေသးခင္ကပဲ ခင္ပြန္းသည္နဲ႔ ကြာရွင္းျပတ္စဲလိုက္ရတဲ့ သတင္းေတြေၾကာင့္ ပရိသတ္ေတြ ကရုဏာသက္ေနရတဲ့ မင္းသမီးေလး Goo Hye Sun တစ္ေယာက္ကေတာ့ က်န္းမာေရး မေကာင္းလို႔ ေဆးရုံတက္ေနရျပန္ၿပီလို႔ သိရပါတယ္။

Goo Hye Sun ဟာ သူမရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ (၁၁)ႀကိမ္ေျမာက္ ဆိုးလ္ႏိုင္ငံတကာ ဇာတ္လမ္းတို ရုပ္ရွင္ပြဲေတာ္ကို မတက္ေရာက္ႏိုင္တဲ့အေၾကာင္း Instagram မွာ ပို႔စ္တင္လိုက္ရာက ေဆးရုံတက္ေနရမွန္း သိလိုက္ၾကရတာပါ။

https://www.instagram.com/p/B1yG5LdhoNf/

“အႀကိတ္ကို ခြဲထုတ္ရမွာမို႔ ေဆးရုံတက္ေနရလို႔ ရုပ္ရွင္ပြဲေတာ္ကို မတက္ေရာက္ႏိုင္ေတာ့တဲ့အတြက္ စိတ္မေကာင္းပါဘူး။ ဆိုးလ္ႏိုင္ငံတကာ ဇာတ္လမ္းတိုရုပ္ရွင္ပြဲေတာ္ႀကီးကို ဒီကေနပဲ အားေပးလိုက္ပါတယ္” လို႔ သူမရဲ႕ Instagram မွာ တင္ထားတာ ျဖစ္ပါတယ္။

မူလကေတာ့ Goo Hye Sun ဟာ သူမကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးထားတဲ့ Mystery Pink ဇာတ္လမ္းတိုအတြက္ အဆိုပါ ရုပ္ရွင္ပြဲေတာ္ကို တက္ေရာက္ၿပီး promote လုပ္ဖို႔ စီစဥ္ထားတာပါ။ သို႔ေပမယ့္ သူမရဲ႕က်န္းမာေရး အေျခအေနေၾကာင့္ မတက္ေရာက္ႏိုင္ေတာ့တဲ့အေၾကာင္း ရုပ္ရွင္ပြဲေတာ္မွာလည္း ေၾကျငာခဲ့ပါတယ္။

https://www.instagram.com/p/B1xYTQBh9ld/

Goo Hye Sun ဟာ တစ္ဖက္မွာ ခင္ပြန္းသည္ျဖစ္သူနဲ႔ ကြာဖို႔ျပတ္ဖို႔ကိစၥေတြနဲ႔ လုံးပန္းၿပီး စိတ္ပင္ပန္းေနရေပမယ့္ သူမရဲ႕အႏုပညာဖန္တီးမႈေတြကိုေတာ့ ဆက္လက္ႀကိဳးစားလုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။ သူမဟာ မင္းသမီးတစ္ေယာက္အျပင္ ဒါရိုက္တာလည္းျဖစ္၊ စာေရးဆရာမတစ္ေယာက္လည္း ျဖစ္ပါတယ္။ ယခုလည္း သူမ ရိုက္ကူးထားတဲ့ Mystery Pink ဇာတ္လမ္းတိုဟာ ဆိုးလ္ရုပ္ရွင္ပြဲေတာ္မွာ ထုတ္လႊင့္ျပသဖို႔ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

https://www.instagram.com/p/B1vMvF-hjVI/

ဒါေၾကာင့္လည္း မင္းသမီးေလး Goo Hye Sun အျမန္ဆုံး က်န္းမာေရး ျပန္ေကာင္းၿပီး ဒီ့ထက္ပိုေကာင္းတဲ့ အႏုပညာေတြကို ဖန္တီးႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Xei

Ref: koreaboo

(Unicode Version)

မကြာသေးခင်ကပဲ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲလိုက်ရတဲ့ သတင်းတွေကြောင့် ပရိသတ်တွေ ကရုဏာသက်နေရတဲ့ မင်းသမီးလေး Goo Hye Sun တစ်ယောက်ကတော့ ကျန်းမာရေး မကောင်းလို့ ဆေးရုံတက်နေရပြန်ပြီလို့ သိရပါတယ်။

Goo Hye Sun ဟာ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် (၁၁)ကြိမ်မြောက် ဆိုးလ်နိုင်ငံတကာ ဇာတ်လမ်းတို ရုပ်ရှင်ပွဲတော်ကို မတက်ရောက်နိုင်တဲ့အကြောင်း Instagram မှာ ပို့စ်တင်လိုက်ရာက ဆေးရုံတက်နေရမှန်း သိလိုက်ကြရတာပါ။

https://www.instagram.com/p/B1yG5LdhoNf/

“အကြိတ်ကို ခွဲထုတ်ရမှာမို့ ဆေးရုံတက်နေရလို့ ရုပ်ရှင်ပွဲတော်ကို မတက်ရောက်နိုင်တော့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဆိုးလ်နိုင်ငံတကာ ဇာတ်လမ်းတိုရုပ်ရှင်ပွဲတော်ကြီးကို ဒီကနေပဲ အားပေးလိုက်ပါတယ်” လို့ သူမရဲ့ Instagram မှာ တင်ထားတာ ဖြစ်ပါတယ်။

မူလကတော့ Goo Hye Sun ဟာ သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ Mystery Pink ဇာတ်လမ်းတိုအတွက် အဆိုပါ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ပြီး promote လုပ်ဖို့ စီစဉ်ထားတာပါ။ သို့ပေမယ့် သူမရဲ့ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်တော့တဲ့အကြောင်း ရုပ်ရှင်ပွဲတော်မှာလည်း ကြေငြာခဲ့ပါတယ်။

https://www.instagram.com/p/B1xYTQBh9ld/

Goo Hye Sun ဟာ တစ်ဖက်မှာ ခင်ပွန်းသည်ဖြစ်သူနဲ့ ကွာဖို့ပြတ်ဖို့ကိစ္စတွေနဲ့ လုံးပန်းပြီး စိတ်ပင်ပန်းနေရပေမယ့် သူမရဲ့အနုပညာဖန်တီးမှုတွေကိုတော့ ဆက်လက်ကြိုးစားလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူမဟာ မင်းသမီးတစ်ယောက်အပြင် ဒါရိုက်တာလည်းဖြစ်၊ စာရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုလည်း သူမ ရိုက်ကူးထားတဲ့ Mystery Pink ဇာတ်လမ်းတိုဟာ ဆိုးလ်ရုပ်ရှင်ပွဲတော်မှာ ထုတ်လွှင့်ပြသဖို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

https://www.instagram.com/p/B1vMvF-hjVI/

ဒါကြောင့်လည်း မင်းသမီးလေး Goo Hye Sun အမြန်ဆုံး ကျန်းမာရေး ပြန်ကောင်းပြီး ဒီ့ထက်ပိုကောင်းတဲ့ အနုပညာတွေကို ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular