HomeCelebs Update NewsKoreaAhn Jae Hyun ရဲ႕ Kakao မက္ေဆ့ခ်္ေတြကို လိမ္ထားတယ္လို႔ စြပ္စြဲတဲ့အေပၚ တုံ႔ျပန္လိုက္တဲ့ Goo Hye Sun

Ahn Jae Hyun ရဲ႕ Kakao မက္ေဆ့ခ်္ေတြကို လိမ္ထားတယ္လို႔ စြပ္စြဲတဲ့အေပၚ တုံ႔ျပန္လိုက္တဲ့ Goo Hye Sun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ယေန႔ စက္တင္ဘာလ(၄)ရက္ေန႔ အေစာပိုင္းမွာပဲ ေတာင္ကိုရီးယားရဲ႕ မီဒီယာကုမၸဏီတစ္ခုျဖစ္တဲ့ Dispatch က Ahn Jae Hyun ရဲ႕ ဖုန္းထဲက Kakao မက္ေဆ့ခ်္ေတြကို မႈခင္းသိပၸံနည္းလမ္းအရ recover ျပန္ယူလို႔ ရတဲ့အေၾကာင္း အစီရင္ခံစာနဲ႔ အခိုင္အမာ ေျပာဆိုလိုက္ပါတယ္။

အဆိုပါ အစီရင္ခံစာထဲမွာေတာ့ Dispatch ကိုယ္တိုင္က Ahn Jae Hyun ရဲ႕ မက္ေဆ့ခ်္ history ထဲကေန ပုံတူပြားယူထားတယ္လို႔ဆိုတဲ့ ဓာတ္ပုံေတြ ပါ၀င္ၿပီး အဲ့ဒီ့ထဲမွာ Goo Hye Sun က စြပ္စြဲထားသလိုမ်ိဳး Ahn Jae Hyun နဲ႔ အျခားအမ်ိဳးသမီးေတြရဲ႕ ဓာတ္ပုံမ်ိဳး မေတြ႕ဘူးလို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ Ahn Jae Hyun နဲ႔ သူ႔ရဲ႕ကုမၸဏီက Kakao မက္ေဆ့ခ်္ကေနတစ္ဆင့္ သူမကို ေလွာင္ရယ္ၾကတဲ့အေၾကာင္း Goo Hye Sun က စြပ္စြဲထားတာဟာလည္း မွားယြင္းေၾကာင္း Dispatch က တစ္ဆက္တည္း ေဖာ္ျပထားပါတယ္။

Copyright @kookoo900 IG

အဆိုပါ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး Goo Hye Sun ဘက္ကလည္း သူမရဲ႕ဆိုရွယ္မီဒီယာအေကာင့္မွာ ခ်က္ခ်င္းဆိုသလို ပို႔စ္တင္ၿပီး ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ သူမပို႔စ္မွာ ေရးသားထားခ်က္ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

“Dispatch ရဲ႕ မႈခင္းေဆးသိပၸံနည္းလမ္းကရတဲ့ ရလဒ္ကို ေျပာတာလား? အဲ့ဒီ့လူ (Ahn Jae Hyun) ကေလ … ဒီႏွစ္ တစ္ႏွစ္တည္းမွာပဲ ဖုန္းကို သုံးခါေလာက္ ေျပာင္းထားတဲ့လူေနာ္။ ကြာရွင္းရတဲ့အေၾကာင္းရင္းကို ကၽြန္မဆီကေန တိုက္ရိုက္ထြက္လာေစခ်င္တယ္ဆိုရင္ ေျပာျပလိုက္မယ္။ သူ… ေဖာက္ျပန္ေနတာေၾကာင့္ပဲ။ အခုလက္ရိွ သူ ဒရာမာတြဲရိုက္ေနတဲ့ မင္းသမီးနဲ႔ ျဖစ္ပ်က္ေနတဲ့အေၾကာင္း ေကာလာဟလေတြ ကၽြန္မ အႀကိမ္ႀကိမ္ ၾကားခဲ့ရဖူးတယ္။ အဲ့ဒါေတြေၾကာင့္ပဲ သူ႔ကို ယုံၾကည္လို႔ရမရဆိုတာကို ဆုံးျဖတ္ခ်က္ ခ်လို႔မရေလာက္ေအာင္ ကၽြန္မ စိတ္ေတြရႈပ္ေထြးခဲ့ရတယ္။

Copyright @kookoo900 IG

အလုပ္မ်ားလြန္းလို႔ဆိုၿပီး ကၽြန္မဆီကို ဖုန္းေလးတစ္ေကာလ္၊ မက္ေဆ့ခ်္ေလးတစ္ေစာင္ မပို႔ႏိုင္တဲ့လူက … အဲ့ဒီ့မင္းသမီးဆီကိုေတာ့ မက္ေဆ့ခ်္ေတြပို႔ၿပီး ရယ္ေမာေပ်ာ္ရႊင္ေနတယ္ဆိုတာကို ၾကားရတဲ့အခါ သူ႔ရဲ႕သစၥာေဖာက္မႈေၾကာင့္ ကၽြန္မ အစိတ္စိတ္အမႊာမႊာ ကြဲေၾကၿပီး နာက်င္ခံစားရတယ္။ အဲ့ဒါေၾကာင့္ ကၽြန္မရဲ႕ခံစားခ်က္ေတြကို ျပန္သုံးသပ္ဖို႔ ကၽြန္မမွာ အခ်ိန္နည္းနည္းလိုေနတာ။ (Ahn Jae Hyun နဲ႔ မင္းသမီးတစ္ေယာက္ ေရခ်ိဳး၀တ္ရုံေတြ ၀တ္ထားၿပီး ဟိုတယ္တစ္ခုမွာ ညဘက္ႀကီး မုန္႔စားေနၾကတဲ့ ဓာတ္ပုံ ကၽြန္မဆီမွာ ရိွတယ္။ အဲ့ဒါကို ကၽြန္မတို႔ လက္ထပ္ၿပီး အခ်ိန္တစ္ခုေလာက္ၾကာေတာ့ သူ႔ရဲ႕ကြန္ပ်ဴတာထဲကေန ေတြ႕တာ။ အဲ့ဒီ့ဓာတ္ပုံကို တရားရုံးကို သက္ေသအေနနဲ႔ တင္ျပသြားပါမယ္။)” လို႔ သူမရဲ႕ ဆိုရွယ္မီဒီယာအေကာင့္မွာ ေရးသားထားပါတယ္။

Xei

Source: allkpop

(Unicode Version)

ယနေ့ စက်တင်ဘာလ(၄)ရက်နေ့ အစောပိုင်းမှာပဲ တောင်ကိုရီးယားရဲ့ မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Dispatch က Ahn Jae Hyun ရဲ့ ဖုန်းထဲက Kakao မက်ဆေ့ချ်တွေကို မှုခင်းသိပ္ပံနည်းလမ်းအရ recover ပြန်ယူလို့ ရတဲ့အကြောင်း အစီရင်ခံစာနဲ့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာတော့ Dispatch ကိုယ်တိုင်က Ahn Jae Hyun ရဲ့ မက်ဆေ့ချ် history ထဲကနေ ပုံတူပွားယူထားတယ်လို့ဆိုတဲ့ ဓာတ်ပုံတွေ ပါဝင်ပြီး အဲ့ဒီ့ထဲမှာ Goo Hye Sun က စွပ်စွဲထားသလိုမျိုး Ahn Jae Hyun နဲ့ အခြားအမျိုးသမီးတွေရဲ့ ဓာတ်ပုံမျိုး မတွေ့ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Ahn Jae Hyun နဲ့ သူ့ရဲ့ကုမ္ပဏီက Kakao မက်ဆေ့ချ်ကနေတစ်ဆင့် သူမကို လှောင်ရယ်ကြတဲ့အကြောင်း Goo Hye Sun က စွပ်စွဲထားတာဟာလည်း မှားယွင်းကြောင်း Dispatch က တစ်ဆက်တည်း ဖော်ပြထားပါတယ်။

Copyright @kookoo900 IG

အဆိုပါ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး Goo Hye Sun ဘက်ကလည်း သူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ ချက်ချင်းဆိုသလို ပို့စ်တင်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူမပို့စ်မှာ ရေးသားထားချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

“Dispatch ရဲ့ မှုခင်းဆေးသိပ္ပံနည်းလမ်းကရတဲ့ ရလဒ်ကို ပြောတာလား? အဲ့ဒီ့လူ (Ahn Jae Hyun) ကလေ … ဒီနှစ် တစ်နှစ်တည်းမှာပဲ ဖုန်းကို သုံးခါလောက် ပြောင်းထားတဲ့လူနော်။ ကွာရှင်းရတဲ့အကြောင်းရင်းကို ကျွန်မဆီကနေ တိုက်ရိုက်ထွက်လာစေချင်တယ်ဆိုရင် ပြောပြလိုက်မယ်။ သူ… ဖောက်ပြန်နေတာကြောင့်ပဲ။ အခုလက်ရှိ သူ ဒရာမာတွဲရိုက်နေတဲ့ မင်းသမီးနဲ့ ဖြစ်ပျက်နေတဲ့အကြောင်း ကောလာဟလတွေ ကျွန်မ အကြိမ်ကြိမ် ကြားခဲ့ရဖူးတယ်။ အဲ့ဒါတွေကြောင့်ပဲ သူ့ကို ယုံကြည်လို့ရမရဆိုတာကို ဆုံးဖြတ်ချက် ချလို့မရလောက်အောင် ကျွန်မ စိတ်တွေရှုပ်ထွေးခဲ့ရတယ်။

Copyright @kookoo900 IG

အလုပ်များလွန်းလို့ဆိုပြီး ကျွန်မဆီကို ဖုန်းလေးတစ်ကောလ်၊ မက်ဆေ့ချ်လေးတစ်စောင် မပို့နိုင်တဲ့လူက … အဲ့ဒီ့မင်းသမီးဆီကိုတော့ မက်ဆေ့ချ်တွေပို့ပြီး ရယ်မောပျော်ရွှင်နေတယ်ဆိုတာကို ကြားရတဲ့အခါ သူ့ရဲ့သစ္စာဖောက်မှုကြောင့် ကျွန်မ အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး နာကျင်ခံစားရတယ်။ အဲ့ဒါကြောင့် ကျွန်မရဲ့ခံစားချက်တွေကို ပြန်သုံးသပ်ဖို့ ကျွန်မမှာ အချိန်နည်းနည်းလိုနေတာ။ (Ahn Jae Hyun နဲ့ မင်းသမီးတစ်ယောက် ရေချိုးဝတ်ရုံတွေ ဝတ်ထားပြီး ဟိုတယ်တစ်ခုမှာ ညဘက်ကြီး မုန့်စားနေကြတဲ့ ဓာတ်ပုံ ကျွန်မဆီမှာ ရှိတယ်။ အဲ့ဒါကို ကျွန်မတို့ လက်ထပ်ပြီး အချိန်တစ်ခုလောက်ကြာတော့ သူ့ရဲ့ကွန်ပျူတာထဲကနေ တွေ့တာ။ အဲ့ဒီ့ဓာတ်ပုံကို တရားရုံးကို သက်သေအနေနဲ့ တင်ပြသွားပါမယ်။)” လို့ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားထားပါတယ်။

Xei

Source: allkpop

 

RELATED ARTICLES

Most Popular