HomeCelebs Update NewsKoreaGucci Brand ရဲ႕ ပထမဆုံးကိုရီးယား Global Ambassador အျဖစ္ ခန္႔အပ္ခံလိုက္ရတဲ့ Kai

Gucci Brand ရဲ႕ ပထမဆုံးကိုရီးယား Global Ambassador အျဖစ္ ခန္႔အပ္ခံလိုက္ရတဲ့ Kai

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

EXO အဖြဲ႕က Kai ကေတာ့ ပရိသတ္ေတြကို ဂုဏ္ယူစရာတစ္ခု ဖန္တီးေပးလိုက္ျပန္ပါၿပီ။ အဲ့ဒါကေတာ့ ကမာၻေပၚက အဆင့္ျမင့္ luxury brand တစ္ခုျဖစ္တဲ့ Gucci ရဲ႕ ပထမဆုံးေသာ ကိုရီးယား Global Ambassador အျဖစ္ ခ်ီးျမွင့္ခန္႔အပ္ခံလိုက္ရလို႔ပဲ ျဖစ္ပါတယ္။

ယေန႔ထုတ္ျပန္လိုက္တဲ့ ဓာတ္ပုံေဆာင္းပါးတစ္ခုထဲမွာ Gucci အမွတ္တံဆိပ္ရဲ႕ creative director ျဖစ္တဲ့ Alessandro Michele ကိုယ္တိုင္က ထုတ္ျပန္လိုက္တာျဖစ္ၿပီး Kai ဟာ Gucci Brand ရဲ႕ အမ်ိဳးသားသံတမန္ျဖစ္လာမွာျဖစ္ၿပီး တရုတ္မင္းသမီး Ni Ni ကေတာ့ အမ်ိဳးသမီးသံတမန္ ျဖစ္လာမွာျဖစ္ေၾကာင္း ေၾကျငာခ်က္အရ သိရိွရပါတယ္။

“လူတစ္ေယာက္ရဲ႕ မ်က္ႏွာေပၚက ေဖာ္ျပေနတဲ့ ခံစားခ်က္ေတြဟာ စိတ္ကူးထဲက အမ်ိဳးအမည္စုံလင္တဲ့ တုံ႔ျပန္မႈေတြကို ေခၚယူထုတ္ျပႏိုင္တဲ့ အ့ံမခန္းစြမ္းအားေတြ ရိွပါတယ္။ လူတစ္ေယာက္ခ်င္းစီရဲ႕ ယုံၾကည္မႈေတြကိုလည္း ဒီ expression ေတြေၾကာင့္ပဲ မ်က္ႏွာေပၚမွာ ေပၚလြင္ေနေစပါတယ္။ ဓာတ္ပုံတစ္ပုံခ်င္းစီမွာ ambassador ေတြဟာ သူတို႔ရဲ႕ကိုယ္ပိုင္ယုံၾကည္ခ်က္ေတြ၊ တန္ဖိုးေတြနဲ႔ သူတို႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းေတြကို လြတ္လပ္စြာ ေဖာ္ျပေနၾကပါတယ္” လို႔ Alessandro Michele က အဆိုပါ ေဆာင္းပါးထဲမွာ ေျပာထားပါတယ္။

Photo: koreaboo
Photo: koreaboo

Kai ဟာ ေဆာင္းပါးထဲက သူ႔ရဲ႕ဓာတ္ပုံေတြထဲမွာ ၂၀၁၉ခုႏွစ္ရဲ႕ ေဆာင္းဦးေပါက္ရာသီနဲ႔ ေဆာင္းရာသီ eye wear ကမ္ပိန္းအတြက္ ေမာ္ဒယ္လ္လုပ္ေပးထားၿပီး မတူညီတဲ့ စတိုင္လ္ႏွစ္မ်ိဳးနဲ႔ သူ႔ရဲ႕ေယာက္်ားပီသမႈကို ျပသထားပါတယ္။

ေနကာမ်က္မွန္ တပ္ထားတဲ့ပုံကေတာ့ ရင့္က်က္ၿပီး ေယာက္်ားပီသတဲ့ပုံစံကို ေဖာ္ျပေပးေနၿပီး သာမန္မ်က္မွန္တပ္ထားတဲ့ပုံကေတာ့ ပိုၿပီးငယ္ရြယ္ႏုပ်ိဳတဲ့ပုံကို ေဖာ္ျပေနပါတယ္။ စတိုင္လ္တစ္မ်ိဳးစီမွာေတာ့ Kai ရဲ႕ အျပင္းစား ဆြဲေဆာင္မႈကို ခံစားရမွာပါ။

မင္းသမီး Ni Ni ကလည္း သူမရဲ႕ ကိုယ္ပိုင္ပုံစံကို ဖြထားတဲ့ဆံပင္စတိုင္လ္၊ ႏႈတ္ခမ္းနီအေရာင္ရင့္တို႔နဲ႔ တြဲဖက္ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

Photo: koreaboo
Photo: koreaboo

Gucci နဲ႔ ပတ္သက္ရင္ေတာ့ Kai ဟာ ၂၀၁၈ခုႏွစ္ ေမလက ပထမဆုံးပြဲတက္ခြင့္ ရရိွခဲ့ၿပီး (၁၆)လအၾကာမွာ Gucci brand ရဲ႕ ပထမဆုံးေသာ ကိုရီးယား Global Ambassador အျဖစ္ ခန္႔အပ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Global Ambassador ျဖစ္သြားတဲ့အတြက္ Kai ရဲ႕ အမိုက္စားပုံနဲ႔ ဖက္ရွင္ေတြကို Gucci ရဲ႕ ကမာၻအႏွံ႔က ကမ္ပိန္းေတြမွာ မၾကာခဏ ျမင္ေတြ႕ၾကရေတာ့မွာ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

EXO အဖွဲ့က Kai ကတော့ ပရိသတ်တွေကို ဂုဏ်ယူစရာတစ်ခု ဖန်တီးပေးလိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ ကမ္ဘာပေါ်က အဆင့်မြင့် luxury brand တစ်ခုဖြစ်တဲ့ Gucci ရဲ့ ပထမဆုံးသော ကိုရီးယား Global Ambassador အဖြစ် ချီးမြှင့်ခန့်အပ်ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။

ယနေ့ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံဆောင်းပါးတစ်ခုထဲမှာ Gucci အမှတ်တံဆိပ်ရဲ့ creative director ဖြစ်တဲ့ Alessandro Michele ကိုယ်တိုင်က ထုတ်ပြန်လိုက်တာဖြစ်ပြီး Kai ဟာ Gucci Brand ရဲ့ အမျိုးသားသံတမန်ဖြစ်လာမှာဖြစ်ပြီး တရုတ်မင်းသမီး Ni Ni ကတော့ အမျိုးသမီးသံတမန် ဖြစ်လာမှာဖြစ်ကြောင်း ကြေငြာချက်အရ သိရှိရပါတယ်။

“လူတစ်ယောက်ရဲ့ မျက်နှာပေါ်က ဖော်ပြနေတဲ့ ခံစားချက်တွေဟာ စိတ်ကူးထဲက အမျိုးအမည်စုံလင်တဲ့ တုံ့ပြန်မှုတွေကို ခေါ်ယူထုတ်ပြနိုင်တဲ့ အံ့မခန်းစွမ်းအားတွေ ရှိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုတွေကိုလည်း ဒီ expression တွေကြောင့်ပဲ မျက်နှာပေါ်မှာ ပေါ်လွင်နေစေပါတယ်။ ဓာတ်ပုံတစ်ပုံချင်းစီမှာ ambassador တွေဟာ သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေ၊ တန်ဖိုးတွေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကို လွတ်လပ်စွာ ဖော်ပြနေကြပါတယ်” လို့ Alessandro Michele က အဆိုပါ ဆောင်းပါးထဲမှာ ပြောထားပါတယ်။

Photo: koreaboo
Photo: koreaboo

Kai ဟာ ဆောင်းပါးထဲက သူ့ရဲ့ဓာတ်ပုံတွေထဲမှာ ၂၀၁၉ခုနှစ်ရဲ့ ဆောင်းဦးပေါက်ရာသီနဲ့ ဆောင်းရာသီ eye wear ကမ်ပိန်းအတွက် မော်ဒယ်လ်လုပ်ပေးထားပြီး မတူညီတဲ့ စတိုင်လ်နှစ်မျိုးနဲ့ သူ့ရဲ့ယောက်ျားပီသမှုကို ပြသထားပါတယ်။

နေကာမျက်မှန် တပ်ထားတဲ့ပုံကတော့ ရင့်ကျက်ပြီး ယောက်ျားပီသတဲ့ပုံစံကို ဖော်ပြပေးနေပြီး သာမန်မျက်မှန်တပ်ထားတဲ့ပုံကတော့ ပိုပြီးငယ်ရွယ်နုပျိုတဲ့ပုံကို ဖော်ပြနေပါတယ်။ စတိုင်လ်တစ်မျိုးစီမှာတော့ Kai ရဲ့ အပြင်းစား ဆွဲဆောင်မှုကို ခံစားရမှာပါ။

မင်းသမီး Ni Ni ကလည်း သူမရဲ့ ကိုယ်ပိုင်ပုံစံကို ဖွထားတဲ့ဆံပင်စတိုင်လ်၊ နှုတ်ခမ်းနီအရောင်ရင့်တို့နဲ့ တွဲဖက်ဖော်ပြထားတာကို တွေ့ရပါတယ်။

Photo: koreaboo
Photo: koreaboo

Gucci နဲ့ ပတ်သက်ရင်တော့ Kai ဟာ ၂၀၁၈ခုနှစ် မေလက ပထမဆုံးပွဲတက်ခွင့် ရရှိခဲ့ပြီး (၁၆)လအကြာမှာ Gucci brand ရဲ့ ပထမဆုံးသော ကိုရီးယား Global Ambassador အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Global Ambassador ဖြစ်သွားတဲ့အတွက် Kai ရဲ့ အမိုက်စားပုံနဲ့ ဖက်ရှင်တွေကို Gucci ရဲ့ ကမ္ဘာအနှံ့က ကမ်ပိန်းတွေမှာ မကြာခဏ မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular