HomeDramaHan So Hee နဲ့ Song Kang ကို ကြည်နူးစရာချစ်သူတွေအဖြစ် မြင်တွေ့ရမယ့် Nevertheless ဒရာမာ

Han So Hee နဲ့ Song Kang ကို ကြည်နူးစရာချစ်သူတွေအဖြစ် မြင်တွေ့ရမယ့် Nevertheless ဒရာမာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

JTBC ရုပ်သံလိုင်းက မကြာခင် ထုတ်လွှင်ပြသတော့မယ့် ရိုမန့်စ် ဒရာမာအသစ်မှာတော့ မင်းသမီး Han So Hee နဲ့ Song Kang တို့ကို ရင်ခုန်ကြည်နူးစရာ စုံတွဲလေးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒရာမာရဲ့ အမည်ကတော့ Nevertheless ဖြစ်ပြီး နာမည်ကြီး ဝက်ဘ်တွန်းတစ်ခုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာတော့ အချစ်ကို မယုံကြည်ပေမယ့် ရည်းစားတော့ ထားချင်တဲ့ ကောင်မလေး Yoo Na Bi အဖြစ် မင်းသမီးချောလေး Han So Hee က သရုပ်ဆောင်ထားပါတယ်။ မင်းသား Song Kang ကတော့ ချစ်သူရည်းစား မထားချင်ဘဲ ခဏတာ ပျော်ပါးမယ့်အဖော်သာ လိုချင်တဲ့ Park Jae Uhn အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo via mydramalist

Nevertheless ဒရာမာရဲ့ preview အဖြစ် ထွက်ရှိလာတဲ့ ဓာတ်ပုံအချို့မှာတော့ Yoo Na Bi နဲ့ Park Jae Uhn တို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ အချစ်ကို မယုံကြည်တဲ့ ကောင်မလေးနဲ့ ကတိကဝတ်တွေကို ကြောက်လို့ ချစ်သူရည်းစား မထားချင်ဘဲ အပျော်သာ တွဲချင်တဲ့ ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာပါပဲ။

Photo via mydramalist

ထုတ်လုပ်ရေးအဖွဲ့ကတော့ ဒီဒရာမာနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးထားပါတယ်။ “Han So Hee နဲ့ Song Kang တို့ဟာ Yoo Na Bi နဲ့ Park Jae Uhn ဆိုတဲ့ ကာရိုက်တာတွေနေရာမှာ တကယ် နစ်ဝင်ခံစားပြီး သရုပ်ဆောင်ထားကြပါတယ်။ သူတို့နှစ်ယောက်ကြားမှာ စိတ်ခံစားချက်တွေ ပြောင်းလဲလာပြီး relationship တစ်ခုကို ထူထောင်ကြပုံကို အသေးစိတ် ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်လုံးကလည်း နာမည်ကျော်တွေ ဖြစ်ပြီး နှစ်ယောက်ကြားမှာလည်း တကယ် လိုက်ဖက်မှုရှိနေတာကြောင့် ပရိသတ်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲ လာတဲ့ စနေနေ့တိုင်းမှာ သူတို့နဲ့အတူ လိုက်ပါရင်ခုန်ကြရမှာပါ … ” လို့ ဆိုထားပါတယ်။

Photo via mydramalist

Nevertheless လို့ အမည်ရတဲ့ ဒီဒရာမာအသစ်လေးကိုတော့ လာမယ့် ဇွန်လ(၁၉)ရက် ကိုရီးယားစံတော်ချိန် ည(၁၁)နာရီမှာ JTBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။

Linda December

Source: soompi

(Zawgyi Version)

JTBC ႐ုပ္သံလိုင္းက မၾကာခင္ ထုတ္လႊင္ျပသေတာ့မယ့္ ႐ိုမန႔္စ္ ဒရာမာအသစ္မွာေတာ့ မင္းသမီး Han So Hee နဲ႔ Song Kang တို႔ကို ရင္ခုန္ၾကည္ႏူးစရာ စုံတြဲေလးအျဖစ္ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ဒရာမာရဲ႕ အမည္ကေတာ့ Nevertheless ျဖစ္ၿပီး နာမည္ႀကီး ဝက္ဘ္တြန္းတစ္ခုကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီစီးရီးထဲမွာေတာ့ အခ်စ္ကို မယုံၾကည္ေပမယ့္ ရည္းစားေတာ့ ထားခ်င္တဲ့ ေကာင္မေလး Yoo Na Bi အျဖစ္ မင္းသမီးေခ်ာေလး Han So Hee က သ႐ုပ္ေဆာင္ထားပါတယ္။ မင္းသား Song Kang ကေတာ့ ခ်စ္သူရည္းစား မထားခ်င္ဘဲ ခဏတာ ေပ်ာ္ပါးမယ့္အေဖာ္သာ လိုခ်င္တဲ့ Park Jae Uhn အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Photo via mydramalist

Nevertheless ဒရာမာရဲ႕ preview အျဖစ္ ထြက္ရွိလာတဲ့ ဓာတ္ပုံအခ်ိဳ႕မွာေတာ့ Yoo Na Bi နဲ႔ Park Jae Uhn တို႔ႏွစ္ေယာက္ရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ အခ်စ္ကို မယုံၾကည္တဲ့ ေကာင္မေလးနဲ႔ ကတိကဝတ္ေတြကို ေၾကာက္လို႔ ခ်စ္သူရည္းစား မထားခ်င္ဘဲ အေပ်ာ္သာ တြဲခ်င္တဲ့ ေကာင္ေလးတို႔ၾကားက အခ်စ္ဇာတ္လမ္းကေတာ့ စိတ္ဝင္စားစရာပါပဲ။

Photo via mydramalist

ထုတ္လုပ္ေရးအဖြဲ႕ကေတာ့ ဒီဒရာမာနဲ႔ ပတ္သက္ၿပီး အခုလို မွတ္ခ်က္ေပးထားပါတယ္။ “Han So Hee နဲ႔ Song Kang တို႔ဟာ Yoo Na Bi နဲ႔ Park Jae Uhn ဆိုတဲ့ ကာ႐ိုက္တာေတြေနရာမွာ တကယ္ နစ္ဝင္ခံစားၿပီး သ႐ုပ္ေဆာင္ထားၾကပါတယ္။ သူတို႔ႏွစ္ေယာက္ၾကားမွာ စိတ္ခံစားခ်က္ေတြ ေျပာင္းလဲလာၿပီး relationship တစ္ခုကို ထူေထာင္ၾကပုံကို အေသးစိတ္ ခံစားၾကည့္ရႈရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ႏွစ္ေယာက္လုံးကလည္း နာမည္ေက်ာ္ေတြ ျဖစ္ၿပီး ႏွစ္ေယာက္ၾကားမွာလည္း တကယ္ လိုက္ဖက္မႈရွိေနတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဒီဇာတ္လမ္းတြဲ လာတဲ့ စေနေန႔တိုင္းမွာ သူတို႔နဲ႔အတူ လိုက္ပါရင္ခုန္ၾကရမွာပါ … ” လို႔ ဆိုထားပါတယ္။

Photo via mydramalist

Nevertheless လို႔ အမည္ရတဲ့ ဒီဒရာမာအသစ္ေလးကိုေတာ့ လာမယ့္ ဇြန္လ(၁၉)ရက္ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၁)နာရီမွာ JTBC ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္ ျပသေတာ့မွာ ျဖစ္ပါတယ္။

Linda December

Source: soompi

 

RELATED ARTICLES

Most Popular