HomeCelebs Update NewsKoreaNetflix ရဲ့ ဒရာမာအသစ်မှာ ပါဝင်ဖို့ ညှိနှိုင်းနေတဲ့ Han So Hee 

Netflix ရဲ့ ဒရာမာအသစ်မှာ ပါဝင်ဖို့ ညှိနှိုင်းနေတဲ့ Han So Hee 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Han So Hee ဟာ comeback အဖြစ် ဒရာမာအသစ်တစ်ခုမှာ ပါဝင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

Han So Hee ရဲ့ အေဂျင်စီ U-ATTO Entertainment ရဲ့ အဆိုအရ Han So Hee ဟာ Undercover ဆိုတဲ့ Netflix ရဲ့ဒရာမာအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပြီး လက်ရှိမှာ စဉ်းစားနေဆဲဖြစ်လို့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာတော့ မချမှတ်ရသေးဘူးလို့ သိရပါတယ်။ အဆိုပါ ဒရာမာအသစ်ဟာ လျှို့ဝှက်သည်းဖို အမျိုးအစားဖြစ်ပြီး Extracurricular ဒရာမာကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ပီဒီ Kim Jin Min က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Photo: xeesoxee/ Instagram

သူမ ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာနေရာကတော့ Seo Ji Woo ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကာရိုက်တာ ဖြစ်ပါတယ်။ ဖခင်သေဆုံးမှုအတွက် ကလဲ့စားချေချင်စိတ် ပြင်းပြနေတဲ့ Seo Ji Woo ဟာ ဒုစရိုက်ဂိုဏ်းတစ်ခုထဲကို ဝင်ရောက်ပြီး ဖခင်ကို သတ်သွားတဲ့ လူသတ်တရားခံကို ရှာဖွေကာ ကလဲ့စားချေရမယ့် ကာရိုက်တာ ဖြစ်ပါတယ်။

Han So Hee ဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Reunited Worlds ဆိုတဲ့ ဒရာမာမှာ ပါဝင်သရုပ်ဆောင်ပြီး သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ အောင်မြင်ခဲ့တဲ့ ဒရာမာတွေဖြစ်တဲ့ 100 Days My Prince ၊ Money Flower ၊ Abyss ဆိုတဲ့ ဒရာမာတွေမှာ ပါဝင်ခဲ့ပါတယ်။ သူမကို နေ့ချင်းညချင်း စတားတစ်ယောက်ဘဝကို ရောက်ရှိစေခဲ့တဲ့ ဒရာမာကတော့ မကြာသေးခင်ကမှ ထွက်ရှိပြီး ဝက်ဝက်ကွဲ အောင်မြင်ထားတဲ့ The World of the Married ဒရာမာထဲက Yeo Da Kyung ဆိုတဲ့ ကာရိုက်တာပဲ ဖြစ်ပါတယ်။

Photo: xeesoxee/ Instagram

တကယ်လို့ Han So Hee သာ ဒီဒရာမာအသစ်ကို လက်ခံရိုက်ကူးဖြစ်မယ်ဆိုရင်တော့ သူမရဲ့ မတူညီတဲ့ ဇာတ်ရုပ်တစ်ခုကို ခံစားမှုအသစ်တွေနဲ့ ကြည့်ရှုကြရဦးမှာ ဖြစ်ပါတယ်။

LaNina

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာေလး Han So Hee ဟာ comeback အျဖစ္ ဒရာမာအသစ္တစ္ခုမွာ ပါဝင္ဖို႔ ေဆြးေႏြးညႇိႏႈိင္းေနတယ္လို႔ သိရပါတယ္။

Han So Hee ရဲ႕ ေအဂ်င္စီ U-ATTO Entertainment ရဲ႕ အဆိုအရ Han So Hee ဟာ Undercover ဆိုတဲ့ Netflix ရဲ႕ဒရာမာအသစ္မွာ ပါဝင္ဖို႔ ကမ္းလွမ္းခံထားရၿပီး လက္ရွိမွာ စဥ္းစားေနဆဲျဖစ္လို႔ ဆုံးျဖတ္ခ်က္တစ္စုံတစ္ရာေတာ့ မခ်မွတ္ရေသးဘူးလို႔ သိရပါတယ္။ အဆိုပါ ဒရာမာအသစ္ဟာ လွ်ိဳ႕ဝွက္သည္းဖို အမ်ိဳးအစားျဖစ္ၿပီး Extracurricular ဒရာမာကို ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ ပီဒီ Kim Jin Min က ႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

Photo: xeesoxee/ Instagram

သူမ ပါဝင္သ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာေနရာကေတာ့ Seo Ji Woo ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကာ႐ိုက္တာ ျဖစ္ပါတယ္။ ဖခင္ေသဆုံးမႈအတြက္ ကလဲ့စားေခ်ခ်င္စိတ္ ျပင္းျပေနတဲ့ Seo Ji Woo ဟာ ဒုစ႐ိုက္ဂိုဏ္းတစ္ခုထဲကို ဝင္ေရာက္ၿပီး ဖခင္ကို သတ္သြားတဲ့ လူသတ္တရားခံကို ရွာေဖြကာ ကလဲ့စားေခ်ရမယ့္ ကာ႐ိုက္တာ ျဖစ္ပါတယ္။

Han So Hee ဟာ ၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Reunited Worlds ဆိုတဲ့ ဒရာမာမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး သ႐ုပ္ေဆာင္ေလာကကို စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ေအာင္ျမင္ခဲ့တဲ့ ဒရာမာေတြျဖစ္တဲ့ 100 Days My Prince ၊ Money Flower ၊ Abyss ဆိုတဲ့ ဒရာမာေတြမွာ ပါဝင္ခဲ့ပါတယ္။ သူမကို ေန႔ခ်င္းညခ်င္း စတားတစ္ေယာက္ဘဝကို ေရာက္ရွိေစခဲ့တဲ့ ဒရာမာကေတာ့ မၾကာေသးခင္ကမွ ထြက္ရွိၿပီး ဝက္ဝက္ကြဲ ေအာင္ျမင္ထားတဲ့ The World of the Married ဒရာမာထဲက Yeo Da Kyung ဆိုတဲ့ ကာ႐ိုက္တာပဲ ျဖစ္ပါတယ္။

Photo: xeesoxee/ Instagram

တကယ္လို႔ Han So Hee သာ ဒီဒရာမာအသစ္ကို လက္ခံ႐ိုက္ကူးျဖစ္မယ္ဆိုရင္ေတာ့ သူမရဲ႕ မတူညီတဲ့ ဇာတ္႐ုပ္တစ္ခုကို ခံစားမႈအသစ္ေတြနဲ႔ ၾကည့္ရႈၾကရဦးမွာ ျဖစ္ပါတယ္။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular