HomeCelebs Update NewsKoreaလွ်ိဳ႕၀ွက္၀ိတ္ခ်နည္းအေၾကာင္းကို မွ်ေ၀ေပးလိုက္တဲ့ မင္းသမီး Han Ye Seul

လွ်ိဳ႕၀ွက္၀ိတ္ခ်နည္းအေၾကာင္းကို မွ်ေ၀ေပးလိုက္တဲ့ မင္းသမီး Han Ye Seul

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုရီးယားမင္းသမီးေခ်ာ Han Ye Seul ဟာ သူမရဲ႕အလွ၊ သရုပ္ေဆာင္မႈေတြေၾကာင့္တင္ မဟုတ္ဘဲ သြယ္လ်လွပတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းေလးေၾကာင့္လည္း နာမည္ေက်ာ္ၾကားသူ ျဖစ္ပါတယ္။

ဒီလိုမ်ိဳးေလး သြယ္လ်လွပေနရတဲ့ အေၾကာင္းကို Sister’s Salon အစီအစဥ္ရဲ႕ ေနာက္ဆုံးထြက္အပိုင္းမွာ Ye Seul ကိုယ္တိုင္က ေ၀မွ်ေပးလိုက္တာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ သူမကိုယ္တိုင္ က်င့္သုံးေနတဲ့ သူမရဲ႕ကိုယ္ပိုင္လွ်ိဳ႕၀ွက္နည္းလမ္းလို႔လည္း ေျပာပါတယ္။

Copyright @han_ye_seul IG

ဆာေလာင္ေနတဲ့ၾကားက ၀ိတ္ခ်ခ်င္လို႔ ကိုယ့္ကိုယ္ကို မစားမိေအာင္ ထိန္းသိမ္းရတာဟာ တကယ္ကို ခက္ခဲေၾကာင္း Ye Seul က ဆိုပါတယ္။ သူမ က်င့္သုံးတဲ့ ကိုယ္ပိုင္နည္းလမ္းကေတာ့ အစားေတြ အမ်ားႀကီး မစားမိေအာင္ ထိန္းသိမ္းေပးႏိုင္တယ္လို႔ ဆိုလာပါတယ္။

သူမ ေျပာျပတဲ့နည္းလမ္းကေတာ့ ကိုယ္တကယ္ စိတ္၀င္စားၿပီး ႏွစ္သက္တဲ့အရာေပၚမွာ အာရုံစိုက္ျခင္းပဲ ျဖစ္ပါတယ္။ ကိုယ္တကယ္ ႏွစ္သက္တဲ့အရာတစ္ခုကို အာရုံစိုက္ထားတဲ့အခါ အစာစားဖို႔ကိစၥကို ေမ့ေလ်ာ႔ေနတတ္ၿပီး စိတ္က ဗိုက္ဆာတဲ့ဘက္ကို သိပ္မေရာက္ေတာ့ဘူးလို႔ ဆိုပါတယ္။

Copyright @han_ye_seul IG

“ဒါက ကၽြန္မသုံးတဲ့ တစ္ခုတည္းေသာ လွ်ိဳ႕၀ွက္နည္းပါ။ တကယ္ ဗိုက္အရမ္းဆာေနတဲ့အခ်ိန္မ်ိဳးမွာ မစားမိေအာင္ ထိန္းရတာက အရမ္းခက္ပါတယ္။ အဲ့ဒါေၾကာင့္ ကိုယ္တကယ္ စိတ္၀င္စားၿပီး ႏွစ္သက္တဲ့အရာတစ္ခုအေပၚမွာ တစိုက္မတ္မတ္ အာရုံစိုက္ထားဖို႔ လိုအပ္တာပါ။ ဥပမာေျပာျပရရင္ ကၽြန္မက ပစၥည္းေတြကို ရွင္းလင္းရတာ၊ သန္႔ရွင္းေရးလုပ္ရတာ ႀကိဳက္ပါတယ္။ အဲ့ေတာ့ ကိုယ္စိတ္၀င္စားတဲ့ အလုပ္ထဲကို စိတ္ႏွစ္လိုက္တာနဲ႔ အဲ့အခ်ိန္အတြင္းမွာေတာ့ ဗိုက္ဆာတာကို သတိရမွာ မဟုတ္ေတာ့ပါဘူး” လို႔ ေျပာျပထားပါတယ္။

Photo: koreaboo

သူမ ေျပာျပတဲ့နည္းလမ္းဟာ တကယ္လည္း အလုပ္ျဖစ္ၿပီး ထိေရာက္ပုံရပါတယ္။ ဒါေၾကာင့္လည္း အသက္(၃၇)ႏွစ္ဆိုတဲ့ အရြယ္နဲ႔ မလိုက္ေအာင္ သြယ္လ်လွပၿပီး က်စ္လ်စ္ေနတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ႏိုင္ပါတယ္။ ဒီနည္းလမ္းေလးဟာ အျခားအမ်ိဳးသမီးေတြအတြက္လည္း အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

ကိုရီးယားမင်းသမီးချော Han Ye Seul ဟာ သူမရဲ့အလှ၊ သရုပ်ဆောင်မှုတွေကြောင့်တင် မဟုတ်ဘဲ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကြောင့်လည်း နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။

ဒီလိုမျိုးလေး သွယ်လျလှပနေရတဲ့ အကြောင်းကို Sister’s Salon အစီအစဉ်ရဲ့ နောက်ဆုံးထွက်အပိုင်းမှာ Ye Seul ကိုယ်တိုင်က ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူမကိုယ်တိုင် ကျင့်သုံးနေတဲ့ သူမရဲ့ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်းလို့လည်း ပြောပါတယ်။

Copyright @han_ye_seul IG

ဆာလောင်နေတဲ့ကြားက ဝိတ်ချချင်လို့ ကိုယ့်ကိုယ်ကို မစားမိအောင် ထိန်းသိမ်းရတာဟာ တကယ်ကို ခက်ခဲကြောင်း Ye Seul က ဆိုပါတယ်။ သူမ ကျင့်သုံးတဲ့ ကိုယ်ပိုင်နည်းလမ်းကတော့ အစားတွေ အများကြီး မစားမိအောင် ထိန်းသိမ်းပေးနိုင်တယ်လို့ ဆိုလာပါတယ်။

သူမ ပြောပြတဲ့နည်းလမ်းကတော့ ကိုယ်တကယ် စိတ်ဝင်စားပြီး နှစ်သက်တဲ့အရာပေါ်မှာ အာရုံစိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်တကယ် နှစ်သက်တဲ့အရာတစ်ခုကို အာရုံစိုက်ထားတဲ့အခါ အစာစားဖို့ကိစ္စကို မေ့လျော့နေတတ်ပြီး စိတ်က ဗိုက်ဆာတဲ့ဘက်ကို သိပ်မရောက်တော့ဘူးလို့ ဆိုပါတယ်။

Copyright @han_ye_seul IG

“ဒါက ကျွန်မသုံးတဲ့ တစ်ခုတည်းသော လျှို့ဝှက်နည်းပါ။ တကယ် ဗိုက်အရမ်းဆာနေတဲ့အချိန်မျိုးမှာ မစားမိအောင် ထိန်းရတာက အရမ်းခက်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်တကယ် စိတ်ဝင်စားပြီး နှစ်သက်တဲ့အရာတစ်ခုအပေါ်မှာ တစိုက်မတ်မတ် အာရုံစိုက်ထားဖို့ လိုအပ်တာပါ။ ဥပမာပြောပြရရင် ကျွန်မက ပစ္စည်းတွေကို ရှင်းလင်းရတာ၊ သန့်ရှင်းရေးလုပ်ရတာ ကြိုက်ပါတယ်။ အဲ့တော့ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ထဲကို စိတ်နှစ်လိုက်တာနဲ့ အဲ့အချိန်အတွင်းမှာတော့ ဗိုက်ဆာတာကို သတိရမှာ မဟုတ်တော့ပါဘူး” လို့ ပြောပြထားပါတယ်။

Photo: koreaboo

သူမ ပြောပြတဲ့နည်းလမ်းဟာ တကယ်လည်း အလုပ်ဖြစ်ပြီး ထိရောက်ပုံရပါတယ်။ ဒါကြောင့်လည်း အသက်(၃၇)နှစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် သွယ်လျလှပပြီး ကျစ်လျစ်နေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းလေးဟာ အခြားအမျိုးသမီးတွေအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular