HomeCelebs Update NewsKoreaပရိသတ်တွေ တက်ရောက်နိုင်မယ့် Goo Hara ရဲ့အောက်မေ့ဖွယ်အခမ်းအနား အေဂျင်စီဘက်က စီစဉ်ထား

ပရိသတ်တွေ တက်ရောက်နိုင်မယ့် Goo Hara ရဲ့အောက်မေ့ဖွယ်အခမ်းအနား အေဂျင်စီဘက်က စီစဉ်ထား

Goo Hara ရဲ့နောက်ဆုံးခရီးမှာ ပရိသတ်တွေ ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်နိုင်ဖို့အတွက် သူမရဲ့အေဂျင်စီက ပရိသတ်တွေ တက်ရောက်နိုင်မယ့် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“Goo Hara ရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်တဲ့ မိသားစုတွေ အေးဆေးငြိမ်သက်စွာ လိုက်ပို့နိုင်ဖို့အတွက် မိသားစုအတွက် အခမ်းအနားတစ်ခုနဲ့ ပရိသတ်တွေအတွက် သီးသန့်အခမ်းအနားတစ်ခု ပြင်ဆင်ပေးထားပါတယ်။ ပရိသတ်တွေ တက်ရောက်နိုင်မယ့် အခမ်းအနားကိုတော့ ဂမ်နမ်းမှာရှိတဲ့ စိန့်မေရီ ဈာပနခန်းမရဲ့ ခန်းမနံပါတ်(၁)မှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေ(၃)နာရီကနေ ညဉ့်သန်းခေါင်အထိ ပြုလုပ်သွားမှာပါ” လို့ Hara ရဲ့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

မိသားစုတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေကတော့ Yonsei Severance ဆေးရုံရဲ့ ဈာပနခန်းမမှာ ည(၈)နာရီကစလို့ အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ကြမယ်လို့ သိရပါတယ်။

Photo: koohara_ / Instagram

ဂမ်နမ်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ Kara အဖွဲ့ဝင်ဟောင်း Goo Hara ဟာ နိုဝင်ဘာလ(၂၄)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၆)နာရီဝန်းကျင်မှာ သူမရဲ့နေအိမ်မှာပဲ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူမ သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး သူမ ရေးထားတယ်လို့ ယူဆရတဲ့ မှတ်စုတစ်စောင်နဲ့ စီစီတီဗွီမှတ်တမ်းတွေကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စီစီတီဗွီမှတ်တမ်းအရလည်း Hara အိမ်ပြန်လာပြီးနောက် ကွယ်လွန်သွားချိန်အထိ တစ်စုံတစ်ယောက်ကမှ အိမ်ကို လာရောက်လည်ပတ်ခဲ့ခြင်း မတွေ့ရဘဲ လက်ရှိအချိန်အထိ အခြားသော ပြစ်မှုမြောက်တဲ့ သဲလွန်စတစ်စုံတစ်ရာ မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Hara ဟာ ယခုလ အစောပိုင်းကမှ သီချင်းအသစ်တစ်ပုဒ်ကို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက်(၂၈)နှစ်သာ ရှိပါသေးတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular