HomeCelebs Update NewsKoreaတွဲနေတယ်ဆိုတဲ့ ကောလာဟလတွေအပေါ် Hyun Bin နဲ့ Son Ye Jin တို့ရဲ့ဖွင့်ဟမှု

တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေအပေါ် Hyun Bin နဲ့ Son Ye Jin တို့ရဲ့ဖွင့်ဟမှု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Hyun Bin နဲ့ မင်းသမီးချော Son Ye Jin တို့ဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Crash Landing On You ဒရာမာထဲမှာ အတူတူသရုပ်ဆောင်ရင်း နှစ်ယောက်ကြားက ရိုမန့်တစ်ဆန်တဲ့ ဆက်ဆံရေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိနေပါတယ်။

ဇာတ်လမ်းထဲက နှစ်ယောက်သားရဲ့ ရင်ခုန်ဖွယ်ရာ ဆက်ဆံရေးတွေကြောင့် အပြင်လောကမှာလည်း တကယ်များ ချစ်ကြိုက်နေကြပြီလားလို့ ပရိသတ်အများစုက ထင်ကြေးပေးနေကြသလို တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း မကြာခဏဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

Photo: koreaboo

သူတို့နှစ်ဦးဟာ Crash Landing On You မတိုင်ခင်မှာ The Negotiation ဆိုတဲ့ ရုပ်ရှင်မှာလည်း အတူတွဲသရုပ်ဆောင်ဖူးပါသေးတယ်။ အဲ့ဒီ့တုန်းကတော့ သူတို့နှစ်ဦးရဲ့ ဖန်သားပြင်ပေါ်က ဆက်ဆံရေးဟာ ဇာတ်လမ်းအရ အကန့်အသတ်ရှိတာကြောင့် အခုလောက်တော့ ကြည့်ရတာ ရိုမန့်တစ်မဆန်ခဲ့ပါဘူး။

တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မင်းသားနဲ့ မင်းသမီးတို့ကတော့ သူတို့ရဲ့အမြင်နဲ့ နှစ်ယောက်တွဲ အလုပ်လုပ်ရတဲ့ ခံစားချက်တွေကို မျှဝေပြောပြပေးခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ အခုလို နောက်တစ်ခါ အတူတွဲအလုပ်လုပ်ဖို့ ဖြစ်လာတဲ့အတွက် စိတ်လှုပ်ရှားကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Photo via imdb

နှစ်ယောက်အတူတူ အလုပ်လုပ်ရာက Son Ye Jin ဆီကလည်း လေ့လာစရာတွေ၊ ပညာတွေ အများကြီး ရခဲ့တယ်လို့ Hyun Bin က ပြောခဲ့သလို Hyun Bin လို သရုပ်ဆောင်နဲ့ အတူတွဲအလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်လို့ Son Ye Jin ကလည်း ပြောခဲ့ပါတယ်။

တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာရော ထိခိုက်မှုတွေ ရှိလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တာကိုတော့ နှစ်ယောက်လုံးက ရယ်ရယ်မောမောနဲ့ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

ကောလာဟလကိုတော့ နှစ်ယောက်လုံးက ငြင်းဆိုခဲ့ကြပြီး ဒါတွေကြောင့်လည်း နှစ်ယောက်ကြားက ဆက်ဆံရေးမှာ ဘယ်လိုမှ မထိခိုက်ပါဘူးလို့ ဆိုကြပါတယ်။ ပရိသတ်တွေရဲ့ အမြင်မှာ သူတို့နှစ်ယောက်က သိပ်ကိုလိုက်ဖက်ပြီး တကယ့်စုံတွဲတွေလို ရိုမန့်တစ်ဆန်နေရတဲ့ အကြောင်းရင်းဟာ နှစ်ယောက်လုံးက အလုပ်ကို စိတ်နှစ်ပြီး လုပ်ဆောင်ထားကြလို့ပါလို့ ဆိုပါတယ်။

Photo: koreaboo

နဂိုတည်းကလည်း မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ကြတာကြောင့် အခုလို ဒရာမာကောင်းတစ်ခုမှာ အတူတူ သရုပ်ဆောင်ရတာဟာ တကယ်ကို ကံကောင်းပါတယ်လို့ Hyun Bin က ဆိုပါတယ်။ ဒါရိုက်တာကြီးကတော့ တကယ်လို့ သူတို့နှစ်ယောက် တကယ်တွဲနေတယ်ဆိုရင်တောင် သတင်းကောင်းပါပဲလို့ အချွန်နဲ့မ,ပြီး ဖြေဆိုခဲ့လို့ အားလုံးက ဝိုင်းပြီးရယ်မောခဲ့ကြပါတယ်။

ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ကြိုးစားမှုတို့ကြောင့် အခုလို ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုနဲ့ အောင်မြင်မှုတွေ ဆထက်ထမ်းပိုး ရရှိနေကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့လည်း ရှေ့လျှောက် ပိုပြီးအောင်မြင်ကြပါစေလို့ ဆုမွန်တောင်းရင်း … ။

LaNina
(Zawgyi Version)

မင္းသားေခ်ာ Hyun Bin နဲ႔ မင္းသမီးေခ်ာ Son Ye Jin တို႔ဟာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ Crash Landing On You ဒရာမာထဲမွာ အတူတူသ႐ုပ္ေဆာင္ရင္း ႏွစ္ေယာက္ၾကားက ႐ိုမန႔္တစ္ဆန္တဲ့ ဆက္ဆံေရးေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ ရရွိေနပါတယ္။

ဇာတ္လမ္းထဲက ႏွစ္ေယာက္သားရဲ႕ ရင္ခုန္ဖြယ္ရာ ဆက္ဆံေရးေတြေၾကာင့္ အျပင္ေလာကမွာလည္း တကယ္မ်ား ခ်စ္ႀကိဳက္ေနၾကၿပီလားလို႔ ပရိသတ္အမ်ားစုက ထင္ေၾကးေပးေနၾကသလို တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြလည္း မၾကာခဏဆိုသလို ထြက္ေပၚခဲ့ပါတယ္။

Photo: koreaboo

သူတို႔ႏွစ္ဦးဟာ Crash Landing On You မတိုင္ခင္မွာ The Negotiation ဆိုတဲ့ ႐ုပ္ရွင္မွာလည္း အတူတြဲသ႐ုပ္ေဆာင္ဖူးပါေသးတယ္။ အဲ့ဒီ့တုန္းကေတာ့ သူတို႔ႏွစ္ဦးရဲ႕ ဖန္သားျပင္ေပၚက ဆက္ဆံေရးဟာ ဇာတ္လမ္းအရ အကန႔္အသတ္ရွိတာေၾကာင့္ အခုေလာက္ေတာ့ ၾကည့္ရတာ ႐ိုမန႔္တစ္မဆန္ခဲ့ပါဘူး။

တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတစ္ခုမွာ မင္းသားနဲ႔ မင္းသမီးတို႔ကေတာ့ သူတို႔ရဲ႕အျမင္နဲ႔ ႏွစ္ေယာက္တြဲ အလုပ္လုပ္ရတဲ့ ခံစားခ်က္ေတြကို မွ်ေဝေျပာျပေပးခဲ့ပါတယ္။ ႏွစ္ေယာက္စလုံးဟာ အခုလို ေနာက္တစ္ခါ အတူတြဲအလုပ္လုပ္ဖို႔ ျဖစ္လာတဲ့အတြက္ စိတ္လႈပ္ရွားေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

Photo via imdb

ႏွစ္ေယာက္အတူတူ အလုပ္လုပ္ရာက Son Ye Jin ဆီကလည္း ေလ့လာစရာေတြ၊ ပညာေတြ အမ်ားႀကီး ရခဲ့တယ္လို႔ Hyun Bin က ေျပာခဲ့သလို Hyun Bin လို သ႐ုပ္ေဆာင္နဲ႔ အတူတြဲအလုပ္လုပ္ရတာ ေပ်ာ္ဖို႔ေကာင္းပါတယ္လို႔ Son Ye Jin ကလည္း ေျပာခဲ့ပါတယ္။

တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့တာေၾကာင့္ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးမွာေရာ ထိခိုက္မႈေတြ ရွိလားလို႔ သတင္းေထာက္ေတြက ေမးျမန္းခဲ့တာကိုေတာ့ ႏွစ္ေယာက္လုံးက ရယ္ရယ္ေမာေမာနဲ႔ ျပန္လည္ေျဖၾကားခဲ့ၾကပါတယ္။

ေကာလာဟလကိုေတာ့ ႏွစ္ေယာက္လုံးက ျငင္းဆိုခဲ့ၾကၿပီး ဒါေတြေၾကာင့္လည္း ႏွစ္ေယာက္ၾကားက ဆက္ဆံေရးမွာ ဘယ္လိုမွ မထိခိုက္ပါဘူးလို႔ ဆိုၾကပါတယ္။ ပရိသတ္ေတြရဲ႕ အျမင္မွာ သူတို႔ႏွစ္ေယာက္က သိပ္ကိုလိုက္ဖက္ၿပီး တကယ့္စုံတြဲေတြလို ႐ိုမန႔္တစ္ဆန္ေနရတဲ့ အေၾကာင္းရင္းဟာ ႏွစ္ေယာက္လုံးက အလုပ္ကို စိတ္ႏွစ္ၿပီး လုပ္ေဆာင္ထားၾကလို႔ပါလို႔ ဆိုပါတယ္။

Photo: koreaboo

နဂိုတည္းကလည္း မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္ၾကတာေၾကာင့္ အခုလို ဒရာမာေကာင္းတစ္ခုမွာ အတူတူ သ႐ုပ္ေဆာင္ရတာဟာ တကယ္ကို ကံေကာင္းပါတယ္လို႔ Hyun Bin က ဆိုပါတယ္။ ဒါ႐ိုက္တာႀကီးကေတာ့ တကယ္လို႔ သူတို႔ႏွစ္ေယာက္ တကယ္တြဲေနတယ္ဆိုရင္ေတာင္ သတင္းေကာင္းပါပဲလို႔ အခြၽန္နဲ႔မ,ၿပီး ေျဖဆိုခဲ့လို႔ အားလုံးက ဝိုင္းၿပီးရယ္ေမာခဲ့ၾကပါတယ္။

ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ ႀကိဳးစားမႈတို႔ေၾကာင့္ အခုလို ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈနဲ႔ ေအာင္ျမင္မႈေတြ ဆထက္ထမ္းပိုး ရရွိေနၾကတဲ့ Hyun Bin နဲ႔ Son Ye Jin တို႔လည္း ေရွ႕ေလွ်ာက္ ပိုၿပီးေအာင္ျမင္ၾကပါေစလို႔ ဆုမြန္ေတာင္းရင္း … ။

LaNina
RELATED ARTICLES

Most Popular