HomeCelebs Update NewsKoreaအသစ်ထွက်ပေါ်လာတဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့မင်္ဂလာပွဲက video clip

အသစ်ထွက်ပေါ်လာတဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့မင်္ဂလာပွဲက video clip

နာမည်ကျော် သရုပ်ဆောင်စုံတွဲ ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာပွဲဟာ မကြာသေးခင်ကပဲ ကျင်းပပြီးစီးသွားခဲ့ပေမယ့် ပရိသတ်တွေကြားထဲမှာတော့ သူတို့နှစ်ဦးရဲ့ ပျော်ရွှင်စရာပုံရိပ်တွေကို ကြည့်မဝနိုင် ဖြစ်နေကြပါတယ်။

သူတို့နှစ်ဦးရဲ့ နတ်သမီးပုံပြင်ဆန်တဲ့ အချစ်ခရီးလမ်းနဲ့ အားကျဖွယ်ရာ မင်္ဂလာပွဲဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့ပြီး မင်္ဂလာပွဲအကြို အလှဓာတ်ပုံတွေကနေ မင်္ဂလာပွဲအခမ်းအနားက ပုံရိပ်တွေအထိ ပရိသတ်ရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: vast.ent/ Instagram

မကြာသေးခင်ကပဲ BinJin မောင်နှံရဲ့ မင်္ဂလာပွဲက ဗွီဒီယိုကလစ်တစ်ခုဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။ ဒီဗွီဒီယိုကတော့ ပွဲတက်ပရိသတ်ထဲက တစ်ယောက်က ဖုန်းကင်မရာနဲ့ ရိုက်ယူထားတဲ့ ဗွီဒီယိုတစ်ခု ဖြစ်ပါတယ်။ ဗွီဒီယိုကလစ်ထဲမှာတော့ သတို့သမီး Son Ye Jin ဟာ သူမရဲ့ လှပကျော့ရှင်းတဲ့ မင်္ဂလာဝတ်စုံနဲ့ ပျော်ရွှင်စွာ ကခုန်နေပြီး သတို့သားနဲ့ အနမ်းချင်း ဖလှယ်လိုက်တာကိုလည်း တွေ့ရပါသေးတယ်။

Hyun Bin နဲ့ Son Ye Jin တို့ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Crash Landing On You ဒရာမာထဲမှာ အတူသရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ ဆိုးလ်မြို့မှာပဲ private သီးသန့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲကိုတော့ သူတို့နှစ်ဦးရဲ့ နှစ်ဖက်မိဘ၊ ဆွေမျိုးသားချင်းများနဲ့ အရင်းနှီးဆုံး မိတ်ဆွေများ၊ နာမည်ကျော်များက တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။

Vancouver

Source: koreaboo

RELATED ARTICLES

Most Popular