HomeCelebs Update NewsKoreaအဖွဲ့ပျက်သွားတဲ့အပေါ် ခံစားချက်တွေကို ဖွင့်ဟခဲ့ကြတဲ့ Idol များ 

အဖွဲ့ပျက်သွားတဲ့အပေါ် ခံစားချက်တွေကို ဖွင့်ဟခဲ့ကြတဲ့ Idol များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ ပျက်သွားပြီဆိုရင် အခံစားရဆုံးဟာ အဖွဲ့ဝင်တွေပဲ ဖြစ်ပါလိမ့်မယ်။ အဖွဲ့နဲ့အတူ ပွဲထွက်ခွင့်ရဖို့ ရေကုန်ရေခမ်း ကြိုးစားခဲ့တာဟာ တစ်ချိန်မှာ အဖွဲ့ပျက်ဖို့အတွက်လို့တော့ ဘယ်သူကမှတော့ မျှော်လင့်ထားခဲ့ကြမှာ မဟုတ်ပါဘူး။ တကယ်တမ်း ကိုယ့်အဖွဲ့က ပျက်သွားပြီဆိုရင်တော့ ဒီအခြေအနေနဲ့ ရင်ဆိုင်ရာမှာ ဆိုးဆိုးဝါးဝါးတွေ ခံစားကြရမှာ မလွဲပါပဲ။ ဒါကြောင့်လည်း အချို့သော Idol တွေဟာ အဖွဲ့ပျက်သွားတဲ့အပေါ် ခံစားရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ထားကြတာ ဖြစ်ပါတယ်။

Kyungri (9MUSES အဖွဲ့ဝင်ဟောင်း)
Photo: gyeongree/ Instagram

Kyungri ဟာ နှစ်ပေါင်းများစွာ သူမ ပါဝင်လှုပ်ရှားခဲ့ပြီး သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီးမှ အဖွဲ့ပျက်သွားရတဲ့ ခံစားချက်ကို အင်တာဗျူးတစ်ခုမှာ ရင်ဖွင့်ထားဖူးပါတယ်။ သူမရဲ့အဆိုအရ 9MUSES အဖွဲ့ဟာ ရုတ်တရက်ကြီး ထဖျက်လိုက်တာဖြစ်ပြီး အဖွဲ့ဝင်တွေက သဘောတူခဲ့ကြတာမျိုးလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

“အဲ့ဒီ့အချိန်မှာ 9MUSES နဲ့ ကျွန်မ အတူတူရှိနေခဲ့တာ ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ဖြစ်နေပြီ။ ဒါပေမယ့် အဖွဲ့ပျက်တာကတော့ ရုတ်တရက်ကြီး ထဖြစ်တာ။ ကျွန်မတို့မှာ အသစ်ထပ်ထွက်ဖို့ အယ်လ်ဘမ်တောင် အဆင်သင့် ဖြစ်နေပြီးသား။ အဲ့ဒီ့အယ်လ်ဘမ်လည်း မထွက်ရဘဲ cancel ဖြစ်သွားတာပေါ့။ အဲ့လိုနဲ့ပဲ အဖွဲ့ကပျက်သွားပြီဆိုပြီး ကျွန်မတို့ကို ပြောလိုက်တာ…” လို့ Kyungri က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။

အဖွဲ့ပျက်တဲ့သတင်းကို ကြားလိုက်ရတာနဲ့ Kyungri ဟာ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။ သူမဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး သူမရဲ့အလုပ်ကို ပြန်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဖွဲ့ပျက်လို့ ရခဲ့တဲ့ စိတ်ဒဏ်ရာဟာ သူမအပေါ် အချိန်အတန်ကြာ ဖိစီးနှိပ်စက်နေခဲ့တယ်လို့ ဆိုပါတယ်။

“စစချင်းမှာတော့ ကျွန်မ တစ်ခုခုလုပ်မှဖြစ်မယ်လို့ ခံစားမိတယ်။ အဲ့ဒါကြောင့် အေဂျင်စီမရှိဘဲနဲ့တောင် ကိုယ့်အချိန်ဇယား ကိုယ့်ဘာသာဆွဲပြီး အလုပ်ပြန်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကျွန်မ ခံစားနေရတဲ့ နာကျင်မှုတွေက နည်းနည်းမှ လျော့မသွားဘူး။ ကျွန်မ အလုပ်ပြန်လုပ်ဖို့ ကြိုးစားနေလို့လည်း ခံစားရတာ မသက်သာသွားဘူး။ အဲ့ဒါနဲ့ပဲ အကုန်လုံးကို လွှတ်ချလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လပေါင်းများစွာပဲ ကျွန်မ ဘာမှမလုပ်ဘဲ နေလိုက်တယ်။ အဲ့ဒီ့ဝမ်းနည်းစိတ်ကြီးနဲ့ အလုပ်ဆက်လုပ်မနေနိုင်တော့လို့လေ…” လို့ Kyungri က ရင်ဖွင့်ခဲ့ပါတယ်။

Daehwi (WANNA ONE အဖွဲ့ဝင်ဟောင်း)
Photo: koreaboo

Daehwi ဟာ AB6IX အဖွဲ့နဲ့ ပွဲမထွက်ခင်က WANNA ONE ရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပါတယ်။ WANNA ONE က အဖွဲ့ပျက်သွားတဲ့အခါ Daehwi တစ်ယောက် ရင်ထဲမှာ ဟာလာဟင်းလင်းနဲ့ လမ်းပျောက်ခဲ့တဲ့အကြောင်း ပြောပြဖူးပါတယ်။

Dara (2NE1 အဖွဲ့ဝင်ဟောင်း)
Photo: daraxxi/ Instagram

2NE1 အဖွဲ့ဟာလည်း ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ပေမယ့် နောက်ဆုံးမှာ အဖွဲ့ပျက်တဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။ ဒါဟာ အဖွဲ့ဝင်တွေကိုလည်း ထိခိုက်နာကျင်စေခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တဲ့ Dara ကတော့ ဒီအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်နှစ်၊ သုံးနှစ်လောက် အဆိုးမြင်စိတ်တွေနဲ့ နာကျင်ခံစားခဲ့ရကြောင်း ရှိုးတစ်ခုမှာ ရင်ဖွင့်ခဲ့ဖူးပါတယ်။

Minzy (2NE1 အဖွဲ့ဝင်ဟောင်း)
Photo: _minzy_mz/ Instagram

Minzy ကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ တရားဝင် အဖွဲ့မပျက်ခင်မှာ အဖွဲ့က အရင်ထွက်ခွာသွားခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချို့လူတွေဟာ သူမရဲ့ထွက်ခွာမှုကို သစ္စာဖောက်တယ်လို့ အပြစ်တင်ခဲ့ကြပြီး သတင်းတုတွေနဲ့ ဖွခဲ့ကြပါသေးတယ်။ ဒီဂယက်တွေဟာ Minzy ကိုတော့ ကြီးကြီးမားမား ထိခိုက်စေခဲ့ပါတယ်။

“ကျွန်မ အဖွဲ့ကထွက်တော့ လူတွေက ကျွန်မကို သစ္စာဖောက်လို့ စွပ်စွဲပြီး သတင်းတုတွေ လျှောက်ဖြန့်ကြတယ်။ ကောလာဟလတွေလည်း လျှောက်ဖြန့်ကြတယ်။ အဲ့ဒါက ကျွန်မအတွက် အခံစားရဆုံးပဲ။ အဲ့ဒီ့အချိန်တုန်းက ကျွန်မက အသက်(၂၂)နှစ်ပဲ ရှိသေးတယ်။ အဲ့ဒါကြောင့်မို့ အဲ့တုန်းကဆို သတင်းတွေ၊ ကွန်းမန့်တွေ ဘာမှကိုမဖတ်တော့တာ။ အဲ့ဒီ့ကိစ္စက ကျွန်မအတွက် ရင်ဆိုင်ဖို့ တကယ်ကြီးလေးပြီး ခက်ခဲခဲ့ပါတယ်…” လို့ Minzy က ဆိုထားပါတယ်။

Soyou (SISTAR အဖွဲ့ဝင်ဟောင်း)
Photo: soooo_you/ Instagram

SISTAR အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Soyou ဟာ အဖွဲ့ပျက်ပြီးနောက် သူမအတွက် အတော်ကြာကြာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခြားအဖွဲ့ဝင်တွေနဲ့ မတွေ့ရတော့လို့ အထီးကျန်တဲ့အပြင် တစ်ခြားအလုပ် ထပ်ရှာရာမှာလည်း ခက်ခဲခဲ့တယ်လို့ ရင်ဖွင့်ခဲ့တာပါ။

Jiyoon (4Minute အဖွဲ့ဝင်ဟောင်း)
Photo: jenyerjiyoon/ Instagram

၂၀၁၆ခုနှစ်မှာ 4Minute အဖွဲ့ ပြိုကွဲသွားတဲ့သတင်းဟာ အဖွဲ့ဝင်တွေအတွက် ထိတ်လန့်အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ Jiyoon ကတော့ အဖွဲ့ပျက်သွားတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရပြီး အရင်တုန်းက ဗွီဒီယိုအဟောင်းလေးတွေကို ပြန်ကြည့်ရင်း အတိတ်ကို ပြန်တွေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“တစ်ခါတစ်လေဆို 4Minute promotion ဗွီဒီယိုတွေကို ပြန်ကြည့်ပြီး အတိတ်ကို ပြန်လွမ်းမိတယ်…” လို့ Jiyoon က ဆိုဖူးပါတယ်။

Somi (I.O.I အဖွဲ့ဝင်ဟောင်း)
Photo: somsomi0309/ Instagram

Somi ဟာ ဆိုလိုမလုပ်ခင်က I.O.I ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့သူပါ။ ဒီလိုနဲ့ အဖွဲ့ပျက်သွားတဲ့အခါ အဖွဲ့ဝင်တွေကို ခွဲခွာရတဲ့ ခံစားချက်ဟာ သိပ်ကိုဆိုးဝါးလွန်းတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ ပွဲထွက်ကတည်းက ဆိုးတူကောင်းဖက် ရှိနေခဲ့တဲ့ အဖွဲ့ဝင်တွေဟာ သူမဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီမို့ သူတို့နဲ့ခွဲခွာရတာဟာ အခံစားရဆုံးလို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ခြားအဖွဲ့ဝင်တွေက ကိုယ်စီကိုယ်စီ ပွဲထွက်ခွင့် ရခဲ့ပေမယ့် သူမရဲ့ပွဲထွက်ရမယ့်အချိန်ဟာ ကြန့်ကြာနေခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အမှန်အတိုင်း ဝန်ခံရရင် ကျွန်မ ငိုကြွေးခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ ရအောင် ဖြတ်ကျော်ခဲ့ပါတယ်…” လို့ Somi က ဆိုပါတယ်။

Minkyeung (PRISTIN အဖွဲ့ဝင်ဟောင်း)
Photo: minkyunqs/ Instagram

Minkyeung ဟာ HINAPIA နဲ့ ပွဲမထွက်ခင်က PRISTIN အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ PRISTIN အဖွဲ့ဟာ Pledis Entertainment ရဲ့ ဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရတဲ့အကြောင်းကို ကေပေါ့ပ်ပရိသတ်တွေကတော့ သိပြီးသား ဖြစ်ကြမှာပါ။ ဒါကြောင့်လည်း အဆုံးသတ်မှာ အဖွဲ့ပျက်တဲ့အထိ ဖြစ်သွားခဲ့ရတာပါ။ PRISTIN အဖွဲ့ပျက်သွားတဲ့အခါ Minkyeung အတွက်ကတော့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားခဲ့ရပြီး အရာအားလုံး ဆုံးရှုံးသွားသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ နိုးနေတဲ့အချိန်ဆို နာကျင်ခံစားရလို့ အချိန်တော်တော်များများကို အိပ်ပစ်လိုက်တယ်လို့လည်း ဆိုပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ ပ်က္သြားၿပီဆိုရင္ အခံစားရဆုံးဟာ အဖြဲ႕ဝင္ေတြပဲ ျဖစ္ပါလိမ့္မယ္။ အဖြဲ႕နဲ႔အတူ ပြဲထြက္ခြင့္ရဖို႔ ေရကုန္ေရခမ္း ႀကိဳးစားခဲ့တာဟာ တစ္ခ်ိန္မွာ အဖြဲ႕ပ်က္ဖို႔အတြက္လို႔ေတာ့ ဘယ္သူကမွေတာ့ ေမွ်ာ္လင့္ထားခဲ့ၾကမွာ မဟုတ္ပါဘူး။ တကယ္တမ္း ကိုယ့္အဖြဲ႕က ပ်က္သြားၿပီဆိုရင္ေတာ့ ဒီအေျခအေနနဲ႔ ရင္ဆိုင္ရာမွာ ဆိုးဆိုးဝါးဝါးေတြ ခံစားၾကရမွာ မလြဲပါပဲ။ ဒါေၾကာင့္လည္း အခ်ိဳ႕ေသာ Idol ေတြဟာ အဖြဲ႕ပ်က္သြားတဲ့အေပၚ ခံစားရတဲ့ ခံစားခ်က္ေတြကို ရင္ဖြင့္ထားၾကတာ ျဖစ္ပါတယ္။

Kyungri (9MUSES အဖြဲ႕ဝင္ေဟာင္း)
Photo: gyeongree/ Instagram

Kyungri ဟာ ႏွစ္ေပါင္းမ်ားစြာ သူမ ပါဝင္လႈပ္ရွားခဲ့ၿပီး သူမဘဝရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ေနၿပီးမွ အဖြဲ႕ပ်က္သြားရတဲ့ ခံစားခ်က္ကို အင္တာဗ်ဴးတစ္ခုမွာ ရင္ဖြင့္ထားဖူးပါတယ္။ သူမရဲ႕အဆိုအရ 9MUSES အဖြဲ႕ဟာ ႐ုတ္တရက္ႀကီး ထဖ်က္လိုက္တာျဖစ္ၿပီး အဖြဲ႕ဝင္ေတြက သေဘာတူခဲ့ၾကတာမ်ိဳးလည္း မဟုတ္ဘူးလို႔ ဆိုပါတယ္။

“အဲ့ဒီ့အခ်ိန္မွာ 9MUSES နဲ႔ ကြၽန္မ အတူတူရွိေနခဲ့တာ ခုႏွစ္ႏွစ္၊ ရွစ္ႏွစ္ေလာက္ ျဖစ္ေနၿပီ။ ဒါေပမယ့္ အဖြဲ႕ပ်က္တာကေတာ့ ႐ုတ္တရက္ႀကီး ထျဖစ္တာ။ ကြၽန္မတို႔မွာ အသစ္ထပ္ထြက္ဖို႔ အယ္လ္ဘမ္ေတာင္ အဆင္သင့္ ျဖစ္ေနၿပီးသား။ အဲ့ဒီ့အယ္လ္ဘမ္လည္း မထြက္ရဘဲ cancel ျဖစ္သြားတာေပါ့။ အဲ့လိုနဲ႔ပဲ အဖြဲ႕ကပ်က္သြားၿပီဆိုၿပီး ကြၽန္မတို႔ကို ေျပာလိုက္တာ…” လို႔ Kyungri က အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့ဖူးပါတယ္။

အဖြဲ႕ပ်က္တဲ့သတင္းကို ၾကားလိုက္ရတာနဲ႔ Kyungri ဟာ ဝမ္းနည္းပက္လက္ ျဖစ္ခဲ့ရပါတယ္။ သူမဟာ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး သူမရဲ႕အလုပ္ကို ျပန္လုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အဖြဲ႕ပ်က္လို႔ ရခဲ့တဲ့ စိတ္ဒဏ္ရာဟာ သူမအေပၚ အခ်ိန္အတန္ၾကာ ဖိစီးႏွိပ္စက္ေနခဲ့တယ္လို႔ ဆိုပါတယ္။

“စစခ်င္းမွာေတာ့ ကြၽန္မ တစ္ခုခုလုပ္မွျဖစ္မယ္လို႔ ခံစားမိတယ္။ အဲ့ဒါေၾကာင့္ ေအဂ်င္စီမရွိဘဲနဲ႔ေတာင္ ကိုယ့္အခ်ိန္ဇယား ကိုယ့္ဘာသာဆြဲၿပီး အလုပ္ျပန္လုပ္ဖို႔ ႀကိဳးစားတယ္။ ဒါေပမယ့္ ကြၽန္မ ခံစားေနရတဲ့ နာက်င္မႈေတြက နည္းနည္းမွ ေလ်ာ့မသြားဘူး။ ကြၽန္မ အလုပ္ျပန္လုပ္ဖို႔ ႀကိဳးစားေနလို႔လည္း ခံစားရတာ မသက္သာသြားဘူး။ အဲ့ဒါနဲ႔ပဲ အကုန္လုံးကို လႊတ္ခ်လိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ လေပါင္းမ်ားစြာပဲ ကြၽန္မ ဘာမွမလုပ္ဘဲ ေနလိုက္တယ္။ အဲ့ဒီ့ဝမ္းနည္းစိတ္ႀကီးနဲ႔ အလုပ္ဆက္လုပ္မေနႏိုင္ေတာ့လို႔ေလ…” လို႔ Kyungri က ရင္ဖြင့္ခဲ့ပါတယ္။

Daehwi (WANNA ONE အဖြဲ႕ဝင္ေဟာင္း)
Photo: koreaboo

Daehwi ဟာ AB6IX အဖြဲ႕နဲ႔ ပြဲမထြက္ခင္က WANNA ONE ရဲ႕ အဖြဲ႕ဝင္ ျဖစ္ခဲ့ဖူးပါတယ္။ WANNA ONE က အဖြဲ႕ပ်က္သြားတဲ့အခါ Daehwi တစ္ေယာက္ ရင္ထဲမွာ ဟာလာဟင္းလင္းနဲ႔ လမ္းေပ်ာက္ခဲ့တဲ့အေၾကာင္း ေျပာျပဖူးပါတယ္။

Dara (2NE1 အဖြဲ႕ဝင္ေဟာင္း)
Photo: daraxxi/ Instagram

2NE1 အဖြဲ႕ဟာလည္း ပရိသတ္ေတြ တစ္ခဲနက္အားေပးခဲ့ေပမယ့္ ေနာက္ဆုံးမွာ အဖြဲ႕ပ်က္တဲ့ အေျခအေနကို ေရာက္ခဲ့ရပါတယ္။ ဒါဟာ အဖြဲ႕ဝင္ေတြကိုလည္း ထိခိုက္နာက်င္ေစခဲ့ပါတယ္။ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့တဲ့ Dara ကေတာ့ ဒီအေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ အဆိုးျမင္စိတ္ေတြနဲ႔ နာက်င္ခံစားခဲ့ရေၾကာင္း ရႈိးတစ္ခုမွာ ရင္ဖြင့္ခဲ့ဖူးပါတယ္။

Minzy (2NE1 အဖြဲ႕ဝင္ေဟာင္း)
Photo: _minzy_mz/ Instagram

Minzy ကေတာ့ က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ တရားဝင္ အဖြဲ႕မပ်က္ခင္မွာ အဖြဲ႕က အရင္ထြက္ခြာသြားခဲ့သူ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း အခ်ိဳ႕လူေတြဟာ သူမရဲ႕ထြက္ခြာမႈကို သစၥာေဖာက္တယ္လို႔ အျပစ္တင္ခဲ့ၾကၿပီး သတင္းတုေတြနဲ႔ ဖြခဲ့ၾကပါေသးတယ္။ ဒီဂယက္ေတြဟာ Minzy ကိုေတာ့ ႀကီးႀကီးမားမား ထိခိုက္ေစခဲ့ပါတယ္။

“ကြၽန္မ အဖြဲ႕ကထြက္ေတာ့ လူေတြက ကြၽန္မကို သစၥာေဖာက္လို႔ စြပ္စြဲၿပီး သတင္းတုေတြ ေလွ်ာက္ျဖန႔္ၾကတယ္။ ေကာလာဟလေတြလည္း ေလွ်ာက္ျဖန႔္ၾကတယ္။ အဲ့ဒါက ကြၽန္မအတြက္ အခံစားရဆုံးပဲ။ အဲ့ဒီ့အခ်ိန္တုန္းက ကြၽန္မက အသက္(၂၂)ႏွစ္ပဲ ရွိေသးတယ္။ အဲ့ဒါေၾကာင့္မို႔ အဲ့တုန္းကဆို သတင္းေတြ၊ ကြန္းမန႔္ေတြ ဘာမွကိုမဖတ္ေတာ့တာ။ အဲ့ဒီ့ကိစၥက ကြၽန္မအတြက္ ရင္ဆိုင္ဖို႔ တကယ္ႀကီးေလးၿပီး ခက္ခဲခဲ့ပါတယ္…” လို႔ Minzy က ဆိုထားပါတယ္။

Soyou (SISTAR အဖြဲ႕ဝင္ေဟာင္း)
Photo: soooo_you/ Instagram

SISTAR အဖြဲ႕ဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Soyou ဟာ အဖြဲ႕ပ်က္ၿပီးေနာက္ သူမအတြက္ အေတာ္ၾကာၾကာ ခက္ခဲခဲ့တယ္လို႔ ဆိုပါတယ္။ တစ္ျခားအဖြဲ႕ဝင္ေတြနဲ႔ မေတြ႕ရေတာ့လို႔ အထီးက်န္တဲ့အျပင္ တစ္ျခားအလုပ္ ထပ္ရွာရာမွာလည္း ခက္ခဲခဲ့တယ္လို႔ ရင္ဖြင့္ခဲ့တာပါ။

Jiyoon (4Minute အဖြဲ႕ဝင္ေဟာင္း)
Photo: jenyerjiyoon/ Instagram

၂၀၁၆ခုႏွစ္မွာ 4Minute အဖြဲ႕ ၿပိဳကြဲသြားတဲ့သတင္းဟာ အဖြဲ႕ဝင္ေတြအတြက္ ထိတ္လန႔္အံ့အားသင့္စရာ ျဖစ္ခဲ့ပါတယ္။ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ခဲ့တဲ့ Jiyoon ကေတာ့ အဖြဲ႕ပ်က္သြားတာကို မယုံၾကည္ႏိုင္ျဖစ္ခဲ့ရၿပီး အရင္တုန္းက ဗြီဒီယိုအေဟာင္းေလးေတြကို ျပန္ၾကည့္ရင္း အတိတ္ကို ျပန္ေတြးေလ့ရွိတယ္လို႔ ဆိုပါတယ္။

“တစ္ခါတစ္ေလဆို 4Minute promotion ဗြီဒီယိုေတြကို ျပန္ၾကည့္ၿပီး အတိတ္ကို ျပန္လြမ္းမိတယ္…” လို႔ Jiyoon က ဆိုဖူးပါတယ္။

Somi (I.O.I အဖြဲ႕ဝင္ေဟာင္း)
Photo: somsomi0309/ Instagram

Somi ဟာ ဆိုလိုမလုပ္ခင္က I.O.I ရဲ႕အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့သူပါ။ ဒီလိုနဲ႔ အဖြဲ႕ပ်က္သြားတဲ့အခါ အဖြဲ႕ဝင္ေတြကို ခြဲခြာရတဲ့ ခံစားခ်က္ဟာ သိပ္ကိုဆိုးဝါးလြန္းတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။ ပြဲထြက္ကတည္းက ဆိုးတူေကာင္းဖက္ ရွိေနခဲ့တဲ့ အဖြဲ႕ဝင္ေတြဟာ သူမဘဝရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ေနခဲ့ၿပီမို႔ သူတို႔နဲ႔ခြဲခြာရတာဟာ အခံစားရဆုံးလို႔ ဆိုပါတယ္။ ဒါ့အျပင္ တစ္ျခားအဖြဲ႕ဝင္ေတြက ကိုယ္စီကိုယ္စီ ပြဲထြက္ခြင့္ ရခဲ့ေပမယ့္ သူမရဲ႕ပြဲထြက္ရမယ့္အခ်ိန္ဟာ ၾကန႔္ၾကာေနခဲ့လို႔ စိတ္မေကာင္းျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

“အမွန္အတိုင္း ဝန္ခံရရင္ ကြၽန္မ ငိုေႂကြးခဲ့ရပါတယ္။ ဒါေပမယ့္ ကြၽန္မ ရေအာင္ ျဖတ္ေက်ာ္ခဲ့ပါတယ္…” လို႔ Somi က ဆိုပါတယ္။

Minkyeung (PRISTIN အဖြဲ႕ဝင္ေဟာင္း)
Photo: minkyunqs/ Instagram

Minkyeung ဟာ HINAPIA နဲ႔ ပြဲမထြက္ခင္က PRISTIN အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ PRISTIN အဖြဲ႕ဟာ Pledis Entertainment ရဲ႕ ဆိုးဆိုးဝါးဝါး ဆက္ဆံခံခဲ့ရတဲ့အေၾကာင္းကို ေကေပါ့ပ္ပရိသတ္ေတြကေတာ့ သိၿပီးသား ျဖစ္ၾကမွာပါ။ ဒါေၾကာင့္လည္း အဆုံးသတ္မွာ အဖြဲ႕ပ်က္တဲ့အထိ ျဖစ္သြားခဲ့ရတာပါ။ PRISTIN အဖြဲ႕ပ်က္သြားတဲ့အခါ Minkyeung အတြက္ကေတာ့ ကမာၻႀကီးတစ္ခုလုံး ၿပိဳလဲသြားသလို ခံစားခဲ့ရၿပီး အရာအားလုံး ဆုံးရႈံးသြားသလို ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ ႏိုးေနတဲ့အခ်ိန္ဆို နာက်င္ခံစားရလို႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အိပ္ပစ္လိုက္တယ္လို႔လည္း ဆိုပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular