HomeCelebs Update NewsKoreaBecky G နဲ့ collab လုပ်ထားတဲ့ သီချင်းအသစ်ကြောင့် စံချိန်သစ်တင်လိုက်နိုင်တဲ့ J-Hope
Becky G နဲ့ collab လုပ်ထားတဲ့ သီချင်းအသစ်ကြောင့် စံချိန်သစ်တင်လိုက်နိုင်တဲ့ J-Hope
အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။
Photo: koreaboo
LaNina
(Unicode Version)
BTS အဖွဲ့ဝင် J-Hope ကတော့ မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ရက် စက်တင်ဘာလ(၂၇)ရက်နေ့ကမှ ထွက်ရှိလာတဲ့ MV အသစ်နဲ့ စံချိန်သစ်တင်လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ပရိသတ်တွေကို ပဟေဠိဖွက်ထားတဲ့ Becky G နဲ့ BTS ရဲ့ Collaboration ဟာ နောက်ဆုံးမှာတော့ အဖြေထွက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ BTS အဖွဲ့ဝင် J-Hope နဲ့ Becky G တို့ collab လုပ်ထားတဲ့ “Chicken Noodle Soup” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။
Photo: koreaboo
ဒီသီချင်းဟာ စက်တင်ဘာလ(၂၇)ရက်နေ့ကမှ ထွက်ရှိတာဆိုပေမယ့် စထွက်ထွက်ချင်းမှာပဲ အံ့သြစရာ စံချိန်နဲ့ တာထွက်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ MV ကို ကြည့်ရှုခံစားပြီးသူ (၁၈.၂)သန်းကျော် ရှိနေပါပြီ။
ဒါကြောင့်လည်း J-Hope ဟာ PSY ပြီးရင် US ရဲ့ iTunes Songs Chart မှာ နံပါတ်(၁) ချိတ်ဖူးတဲ့ ဒုတိယမြောက် Solo artist ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် တာထွက်ကောင်းနေတဲ့သီချင်းဟာ နောက်ထပ်ရော ဘယ်လိုစံချိန်တွေ ထပ်မံရရှိဦးမလည်းဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ကြပါစို့။
LaNina
(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)
RELATED ARTICLES
Most Popular