HomeDramaရိုမန့်စ်ဒရာမာအသစ်မှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Jang Geun Suk 

ရိုမန့်စ်ဒရာမာအသစ်မှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Jang Geun Suk 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ နှစ်ခြိုက်ခဲ့ကြတဲ့ မင်းသားချော Jang Geun Suk ကို ဒရာမာအသစ်တစ်ခုမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

YTN သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသား Jang Geun Suk ဟာ  Kakao TV မှာ ထုတ်လွှင့်ပြသမယ့် ရိုမန့်စ်ဒရာမာတစ်ခုအတွက် ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒရာမာရဲ့ လက်ရှိပေးထားတဲ့ အမည်ကတော့ “Unexpected Country Diary” လို့ သိရပါတယ်။

Photo via soompi

ဒီဇာတ်လမ်းကတော့ စာရေးသူ Park Ha Min ရဲ့ web novel ကို အခြေခံ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ ဆိုးလ်မြို့က လူတစ်ယောက်ဟာ ကျေးလက်ဒေသတစ်ခုမှာ နေထိုင်နေရင်း ရဲမေတစ်ယောက်နဲ့ တွေ့ဆုံပြီး ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

Photo via soompi

မင်းသား Jang Geun Suk ကတော့ ၂၀၂၀ခုနှစ် မေလမှာ စစ်မှုထမ်းကနေ ပြန်လာတာပါ။ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဒရာမာကတော့ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ “Switch” ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ တကယ်လို့ သူသာ ဒီဇာတ်လမ်းတွဲကို လက်ခံလိုက်မယ်ဆိုရင်တော့ နှစ်အတော်ကြာပြီးမှ မင်းသားကို တီဗွီဖန်သားပြင်ပေါ်မှာ ပြန်လည် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

တစ္ခ်ိန္က ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲ ႏွစ္ၿခိဳက္ခဲ့ၾကတဲ့ မင္းသားေခ်ာ Jang Geun Suk ကို ဒရာမာအသစ္တစ္ခုမွာ ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

YTN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မင္းသား Jang Geun Suk ဟာ  Kakao TV မွာ ထုတ္လႊင့္ျပသမယ့္ ႐ိုမန႔္စ္ဒရာမာတစ္ခုအတြက္ ေခါင္းေဆာင္မင္းသားေနရာက ပါဝင္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ဒရာမာရဲ႕ လက္ရွိေပးထားတဲ့ အမည္ကေတာ့ “Unexpected Country Diary” လို႔ သိရပါတယ္။

Photo via soompi

ဒီဇာတ္လမ္းကေတာ့ စာေရးသူ Park Ha Min ရဲ႕ web novel ကို အေျခခံ ႐ိုက္ကူးမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းပုံစံကေတာ့ ဆိုးလ္ၿမိဳ႕က လူတစ္ေယာက္ဟာ ေက်းလက္ေဒသတစ္ခုမွာ ေနထိုင္ေနရင္း ရဲေမတစ္ေယာက္နဲ႔ ေတြ႕ဆုံၿပီး ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။

Photo via soompi

မင္းသား Jang Geun Suk ကေတာ့ ၂၀၂၀ခုႏွစ္ ေမလမွာ စစ္မႈထမ္းကေန ျပန္လာတာပါ။ သူ႔ရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ ဒရာမာကေတာ့ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ “Switch” ဆိုတဲ့ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ တကယ္လို႔ သူသာ ဒီဇာတ္လမ္းတြဲကို လက္ခံလိုက္မယ္ဆိုရင္ေတာ့ ႏွစ္အေတာ္ၾကာၿပီးမွ မင္းသားကို တီဗြီဖန္သားျပင္ေပၚမွာ ျပန္လည္ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular