HomeCelebs Update NewsKoreaပရိသတ်တွေ မသိကြသေးတဲ့ သူမဘဝအကြောင်း ရင်ဖွင့်လာတဲ့ Jung So Min 

ပရိသတ်တွေ မသိကြသေးတဲ့ သူမဘဝအကြောင်း ရင်ဖွင့်လာတဲ့ Jung So Min 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Jung So Min ကတော့ ပြီးခဲ့တဲ့ ဇွန်လ(၂၀)ရက်နေ့ကပဲ SBS ရုပ်သံလိုင်းရဲ့ My Ugly Duckling အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပါတယ်။ ဒီအစီအစဉ်ထဲမှာတော့ So Min ဟာ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေး အပါအဝင် သူမဘဝရဲ့ အစိတ်အပိုင်းအချို့ကို ဖွင့်ဟပြခဲ့ပါတယ်။

အစီအစဉ်ထဲက So Min ရဲ့ ပြောပြချက်အရ သူမဟာ Korea National University of Arts ကို ထိပ်ဆုံးအမှတ်နဲ့ အကမေဂျာမှာ ဝင်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသူဘဝတုန်းက စကားနားမထောင်ဘဲ ပုန်ကန် တော်လှန်ချင်စိတ် ရှိခဲ့ဖူးလားဆိုတဲ့ မေးခွန်းကိုလည်း အခုလို ဖြေကြားခဲ့ပါသေးတယ်။

Photo: somin_jj/ Instagram

“ကျွန်မ အသက်သုံးဆယ် ပြည့်ပြီးတည်းက အုပ်ထိန်းမှုအောက်က ရုန်းထွက်ဖို့ လိုအပ်လာတယ်ဆိုတာ ကိုယ့်ဘာသာ ခံစားမိတယ်။ အရင်က ငါ ဒါကို လုပ်ခဲ့သင့်တယ်လို့လည်း တွေးမိတယ်။ ပြီးတော့ အနည်းဆုံးတော့ အခုလုပ်လိုက်ရင်ရော မကောင်းဘူးလားလို့လည်း တွေးမိတယ် … ”

“ကျွန်မအောက်က ကျွန်မထက် သုံးနှစ်ငယ်တဲ့ အငယ်လေးက အဲ့လိုစကားနားမထောင်တာတွေ လုပ်ခဲ့တာဆိုတော့ ကျွန်မက သွားလုပ်လို့ မရဘူး ဖြစ်နေတာ။ စိတ်ထဲမှာတော့ အမြဲတမ်း စကားနားထောင်နေရတာကို ပုန်ကန်ချင်တဲ့စိတ် ရှိတယ်။ ဒါပေမယ့် အပြင်မှာ တကယ် မလုပ်ဖြစ်ခဲ့ဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း အဲ့လို စကားနားမထောင်ဘဲ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပစ်ချင်စိတ်က နည်းနည်းဝင်နေပြန်တယ်။ လုပ်ရရင် ကောင်းမလားလည်း တွေးမိနေတယ် … ” လို့ သူမက ဆိုပါတယ်။

Photo: somin_jj/ Instagram

ဒါ့အပြင် So Min ဟာ ဖခင်ဖြစ်သူနဲ့ ကိုးနှစ်နီးပါးလောက်ထိ ဆက်ဆံရေး အဆင်မပြေခဲ့ဘူးလို့လည်း ဆိုပါတယ်။ အကြောင်းကတော့ အဖေလုပ်သူဟာ သမီးဖြစ်သူ မင်းသမီးလုပ်မှာကို သဘောမတူနိုင်ခဲ့တာကြောင့်ပါပဲ။

“အမှန်အတိုင်း ပြောရရင် အစတည်းက ကျွန်မနဲ့ အဖေက အဲ့လောက်ကြီး မရင်းနှီးဘူး။ အဖေက အရမ်းစကားနည်းတယ်။ ဒါပေမယ့် အခုတော့ သမီးကို ချစ်ခင်ပေးတဲ့ အဖေတစ်ယောက် ဖြစ်နေပါပြီ။ အသက်ရလာတော့ စိတ်တွေ လျှော့လာတာနဲ့ တူပါတယ် … ”

“အဖေနဲ့ ပတ်သက်ပြီး နေရအခက်ဆုံး အချိန်ကတော့ အဖေက သူ့အခန်းထဲမှာ ကွန်ပျူတာ သုံးနေတုန်းကပေါ့။ ကျွန်မ ပထမဆုံး ရိုက်ဖူးတဲ့ ကြော်ငြာလေးကို သူက တိတ်တိတ်လေး ခိုးကြည့်နေတာ။ အဲဒါကိုမှ ကျွန်မက သူ့အနောက် ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်မိတာ။ အဲဒီမှာ ကျွန်မစိတ်က သူ့ဘာသာ ပြေသွားတော့တာပဲ … ” လို့ ဆိုပါတယ်။

Photo: somin_jj/ Instagram

So Min ဟာ စိတ်တွေ မွန်းကြပ်လာတိုင်း သူမရဲ့ကားထဲမှာ သုံးလေးနာရီလောက် ကြာအောင် တစ်ယောက်တည်း ထိုင်နေတတ်တယ်လို့လည်း ဆိုပါတယ်။

“ကျွန်မက ကိုယ့်ဘာသာ သီးသန့်နေရတာလေးကို အရမ်းကြိုက်တဲ့သူ။ ဒါပေမယ့် မိဘတွေနဲ့အတူ နေရတာဆိုတော့ တခါတလေ ကိုယ့်အခန်းထဲမှာ နေနေရင်တောင် စိတ်ထဲမှာ မသက်မသာ ဖြစ်ရတာမျိုး ရှိတယ်။ စိတ်ခံစားချက်အရ ကျွန်မရဲ့ ကိုယ်ပိုင် အချိန်၊ နေရာလေး အရမ်းလိုချင်တယ် … ” လို့ ရင်ဖွင့်ထားပါတယ်။

Linda December

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာေလး Jung So Min ကေတာ့ ၿပီးခဲ့တဲ့ ဇြန္လ(၂၀)ရက္ေန႔ကပဲ SBS ႐ုပ္သံလိုင္းရဲ႕ My Ugly Duckling အစီအစဥ္ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ပါတယ္။ ဒီအစီအစဥ္ထဲမွာေတာ့ So Min ဟာ ဖခင္ျဖစ္သူနဲ႔ ဆက္ဆံေရး အပါအဝင္ သူမဘဝရဲ႕ အစိတ္အပိုင္းအခ်ိဳ႕ကို ဖြင့္ဟျပခဲ့ပါတယ္။

အစီအစဥ္ထဲက So Min ရဲ႕ ေျပာျပခ်က္အရ သူမဟာ Korea National University of Arts ကို ထိပ္ဆုံးအမွတ္နဲ႔ အကေမဂ်ာမွာ ဝင္ခြင့္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေက်ာင္းသူဘဝတုန္းက စကားနားမေထာင္ဘဲ ပုန္ကန္ ေတာ္လွန္ခ်င္စိတ္ ရွိခဲ့ဖူးလားဆိုတဲ့ ေမးခြန္းကိုလည္း အခုလို ေျဖၾကားခဲ့ပါေသးတယ္။

Photo: somin_jj/ Instagram

“ကြၽန္မ အသက္သုံးဆယ္ ျပည့္ၿပီးတည္းက အုပ္ထိန္းမႈေအာက္က ႐ုန္းထြက္ဖို႔ လိုအပ္လာတယ္ဆိုတာ ကိုယ့္ဘာသာ ခံစားမိတယ္။ အရင္က ငါ ဒါကို လုပ္ခဲ့သင့္တယ္လို႔လည္း ေတြးမိတယ္။ ၿပီးေတာ့ အနည္းဆုံးေတာ့ အခုလုပ္လိုက္ရင္ေရာ မေကာင္းဘူးလားလို႔လည္း ေတြးမိတယ္ … ”

“ကြၽန္မေအာက္က ကြၽန္မထက္ သုံးႏွစ္ငယ္တဲ့ အငယ္ေလးက အဲ့လိုစကားနားမေထာင္တာေတြ လုပ္ခဲ့တာဆိုေတာ့ ကြၽန္မက သြားလုပ္လို႔ မရဘူး ျဖစ္ေနတာ။ စိတ္ထဲမွာေတာ့ အၿမဲတမ္း စကားနားေထာင္ေနရတာကို ပုန္ကန္ခ်င္တဲ့စိတ္ ရွိတယ္။ ဒါေပမယ့္ အျပင္မွာ တကယ္ မလုပ္ျဖစ္ခဲ့ဘူးေပါ့။ ဒါေပမယ့္ အခုေနာက္ပိုင္း အဲ့လို စကားနားမေထာင္ဘဲ ကိုယ္လုပ္ခ်င္ရာ ကိုယ္လုပ္ပစ္ခ်င္စိတ္က နည္းနည္းဝင္ေနျပန္တယ္။ လုပ္ရရင္ ေကာင္းမလားလည္း ေတြးမိေနတယ္ … ” လို႔ သူမက ဆိုပါတယ္။

Photo: somin_jj/ Instagram

ဒါ့အျပင္ So Min ဟာ ဖခင္ျဖစ္သူနဲ႔ ကိုးႏွစ္နီးပါးေလာက္ထိ ဆက္ဆံေရး အဆင္မေျပခဲ့ဘူးလို႔လည္း ဆိုပါတယ္။ အေၾကာင္းကေတာ့ အေဖလုပ္သူဟာ သမီးျဖစ္သူ မင္းသမီးလုပ္မွာကို သေဘာမတူႏိုင္ခဲ့တာေၾကာင့္ပါပဲ။

“အမွန္အတိုင္း ေျပာရရင္ အစတည္းက ကြၽန္မနဲ႔ အေဖက အဲ့ေလာက္ႀကီး မရင္းႏွီးဘူး။ အေဖက အရမ္းစကားနည္းတယ္။ ဒါေပမယ့္ အခုေတာ့ သမီးကို ခ်စ္ခင္ေပးတဲ့ အေဖတစ္ေယာက္ ျဖစ္ေနပါၿပီ။ အသက္ရလာေတာ့ စိတ္ေတြ ေလွ်ာ့လာတာနဲ႔ တူပါတယ္ … ”

“အေဖနဲ႔ ပတ္သက္ၿပီး ေနရအခက္ဆုံး အခ်ိန္ကေတာ့ အေဖက သူ႔အခန္းထဲမွာ ကြန္ပ်ဴတာ သုံးေနတုန္းကေပါ့။ ကြၽန္မ ပထမဆုံး ႐ိုက္ဖူးတဲ့ ေၾကာ္ျငာေလးကို သူက တိတ္တိတ္ေလး ခိုးၾကည့္ေနတာ။ အဲဒါကိုမွ ကြၽန္မက သူ႔အေနာက္ ခပ္လွမ္းလွမ္းကေန ၾကည့္လိုက္မိတာ။ အဲဒီမွာ ကြၽန္မစိတ္က သူ႔ဘာသာ ေျပသြားေတာ့တာပဲ … ” လို႔ ဆိုပါတယ္။

Photo: somin_jj/ Instagram

So Min ဟာ စိတ္ေတြ မြန္းၾကပ္လာတိုင္း သူမရဲ႕ကားထဲမွာ သုံးေလးနာရီေလာက္ ၾကာေအာင္ တစ္ေယာက္တည္း ထိုင္ေနတတ္တယ္လို႔လည္း ဆိုပါတယ္။

“ကြၽန္မက ကိုယ့္ဘာသာ သီးသန႔္ေနရတာေလးကို အရမ္းႀကိဳက္တဲ့သူ။ ဒါေပမယ့္ မိဘေတြနဲ႔အတူ ေနရတာဆိုေတာ့ တခါတေလ ကိုယ့္အခန္းထဲမွာ ေနေနရင္ေတာင္ စိတ္ထဲမွာ မသက္မသာ ျဖစ္ရတာမ်ိဳး ရွိတယ္။ စိတ္ခံစားခ်က္အရ ကြၽန္မရဲ႕ ကိုယ္ပိုင္ အခ်ိန္၊ ေနရာေလး အရမ္းလိုခ်င္တယ္ … ” လို႔ ရင္ဖြင့္ထားပါတယ္။

Linda December

Source: soompi

 

RELATED ARTICLES

Most Popular