HomeBiographyတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ရုပ္ေခ်ာၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့အျပင္ ဥာဏ္ပညာကပါ ထက္ျမက္ေနတဲ့ လူမ်ိဳးေတာ့ သိပ္မ်ားမ်ားစားစား ရိွမယ္ မထင္ပါဘူး။ ကိုရီးယားရဲ႕ တကၠသိုလ္၀င္ခြင့္ သတ္မွတ္တဲ့ SAT စာေမးပြဲဟာ သိပ္ကိုခက္ခဲလြန္းလို႔ ေျဖဆိုသူေတြအားလုံးေပါင္းရဲ႕ ရာခိုင္ႏႈန္းအနည္းငယ္ကသာ ၀င္ခြင့္ေအာင္ျမင္ေလ့ ရိွၾကပါတယ္။ ဒီလိုခက္ခဲတဲ့ စာေမးပြဲကို အမွတ္ျမင့္ျမင့္နဲ႔ ေအာင္ျမင္ခဲ့တဲ့ ကိုရီးယားဆယ္လီအခ်ိဳ႕လည္း ရိွပါတယ္။ ကိုရီးယားဆယ္လီေတြထဲမွာေတာ့ အမွတ္အျမင့္ဆုံးလို႔ေတာင္ ေျပာႏိုင္တဲ့ ပညာေရးမွာ ထူးခၽြန္ခဲ့သူေတြကေတာ့ …

Rain

Rain အျဖစ္ ပြဲမထြက္လာခင္ trainee အျဖစ္ ေလ့က်င့္ေရးဆင္းေနတုန္းက Park Jin Young က ကန္႔သတ္ခ်က္တစ္ခု သတ္မွတ္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ပညာေရးမွာ မေပါက္ေျမာက္တဲ့လူတစ္ေယာက္ကို JYP Entertainment က အဆိုေတာ္အျဖစ္ စင္တင္မေပးႏိုင္ဘူးလို႔ ေျပာခဲ့တာပါ။ ဒီတြန္းအားေၾကာင့္ပဲ Rain တစ္ေယာက္ အဖန္ဖန္ အခါခါ ႀကိဳးစားေလ့လာခဲ့ၿပီး အမွတ္(၄၀၀)မွာ (၃၄၀)နဲ႔(၃၅၀)ၾကား ရရိွခဲ့ၿပီး ၀င္ခြင့္စာေမးပြဲကို ထူးခၽြန္စြာ ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ Kyung Hee တကၠသိုလ္မွာ ၀င္ခြင့္ရရိွခဲ့ၿပီး post-modern music ဘာသာရပ္ကို အထူးျပဳယူၿပီး ေလ့လာသင္ၾကားခဲ့ပါတယ္။

Super Junior အဖြဲ႕က Kyuhyun

Photo: koreaboo

Kyuhyun ဟာ သခ်ၤာပါရမီရွင္တစ္ေယာက္ပါ။ ႏိုင္ငံတြင္းမွာ က်င္းပတဲ့ သခ်ၤာဥာဏ္စမ္းၿပိဳင္ပြဲမ်ားစြာမွာ ႏိုင္ငံေတာ္အဆင့္ဆုမ်ားစြာကို ဆြတ္ခူးခဲ့သူျဖစ္ၿပီး သခ်ၤာအိုလံပစ္ၿပိဳင္ပြဲမွာလည္း ၀န္ႀကီးခ်ဳပ္က ခ်ီးျမွင့္တဲ့ဆုေတြကို ရရိွခဲ့သူလည္း ျဖစ္ပါတယ္။ ငယ္ငယ္ကတည္းက အဆင့္ေကာင္းၿပီး စာေတာ္သူျဖစ္ေပမယ့္ ၀င္ခြင့္စာေမးပြဲ ေျဖမယ့္ေန႔မွာ ေနမေကာင္းျဖစ္ေနခဲ့တာေၾကာင့္ ေမွ်ာ္လင့္သေလာက္ ေကာင္းေကာင္းမေျဖႏိုင္ခဲ့ဘူးလို႔ ေျပာျပဖူးပါတယ္။ နားျပည္ယိုတဲ့ ေ၀ဒနာကို ခံစားေနရတာေၾကာင့္ Listening အပိုင္းမွာ ေကာင္းေကာင္းမၾကားရဘဲ ႏွစ္ခုမွားခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္လည္း ေအာင္စာရင္းထြက္လာတဲ့အခါမွာေတာ့ ထိပ္ဆုံးက အမွတ္အျမင့္ဆုံး (၅)ရာခိုင္ႏႈန္းထဲမွာ ပါ၀င္ခဲ့ပါတယ္။ ေနမေကာင္းသာ မျဖစ္ခဲ့ဘူးဆိုရင္ ထိပ္ဆုံးအဆင့္မွာ ရပ္တည္ေနမယ္ဆိုတာ အေသအခ်ာပါပဲ။ Kyuhyun ဟာလည္း Kyunghee တကၠသိုလ္မွာ post-modern music ဘာသာရပ္ကို သင္ၾကားခဲ့သူ ျဖစ္ပါတယ္။

Wonder Girls အဖြဲ႕က Yeeun

Photo: koreaboo

Yeeun ဟာ အထက္တန္းေက်ာင္းမွာတည္းက လူအေယာက္(၆၀၀)မွာ အဆင့္(၁)ကေန (၁၀)အတြင္း ၀င္ခဲ့သူ ျဖစ္ပါတယ္။ တကၠသိုလ္၀င္ခြင့္ စာေမးပြဲမွာေတာ့ တစ္ႏိုင္ငံလုံးရဲ႕ အမွတ္အျမင့္ဆုံး (၅)ရာခိုင္ႏႈန္းထဲမွာ ပါ၀င္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ Kyunghee တကၠသိုလ္မွာ post-modern music ဘာသာရပ္နဲ႔ တက္ေရာက္ပညာသင္ခဲ့ပါတယ္။

Im Siwan

Photo: koreaboo

အဆိုေတာ္၊ သရုပ္ေဆာင္ Im Siwan ဟာ အမွတ္(၅၀၀)ေပးတဲ့ ေကာလိပ္၀င္ခြင့္ စာေမးပြဲမွာ အမွတ္ေပါင္း(၄၅၀)ရရိွၿပီး ဘူဆန္တကၠသိုလ္မွာ ၀င္ခြင့္ရရိွခဲ့သူ ျဖစ္ပါတယ္။ ဘူဆန္တကၠသိုလ္ရဲ႕ အဓိကအထူးျပဳဘာသာရပ္ျဖစ္တဲ့ စက္မႈအင္ဂ်င္နီယာဘာသာရပ္ကို တက္ေရာက္သင္ၾကားခဲ့တာပါ။ ဒါ့အျပင္ TOEIC စာေမးပြဲမွာလည္း ၾသခ်ေလာက္တဲ့ အမွတ္ျဖစ္တဲ့ အမွတ္ေပါင္း(၈၂၀)ကို ရရိွခဲ့ပါေသးတယ္။

Lee Sang Yoon

Photo: koreaboo

Lee Sang Yoon ဟာ Sex is Zero 2 လိုမ်ိဳး ဟာသကားေတြထဲမွာ ပါ၀င္ထားတဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ။ သူ႔ရဲ႕တကၠသိုလ္၀င္ခြင့္ ရမွတ္ကေတာ့ အမွတ္(၄၀၀)မွာ (၃၇၀)ရရိွခဲ့ပါတယ္။ တကၠသိုလ္ကိုေတာ့ ဆိုးလ္အမ်ိဳးသားတကၠသိုလ္မွာ တက္ေရာက္ခဲ့ၿပီး ရူပေဗဒဘာသာရပ္ကို အထူးျပဳ သင္ၾကားခဲ့ပါတယ္။

Song Joong Ki

Photo: koreaboo

ရုပ္ေလးကေခ်ာသေလာက္ ပညာေရးမွာလည္း ေတာ္တဲ့ မင္းသားတစ္ေယာက္ကို ေျပာပါဆိုရင္ Song Joong Ki ကိုလည္း ခ်န္ထားခဲ့လို႔ မရပါဘူး။ Joong Ki ဟာ ငယ္စဥ္ကတည္းက ရီပုိ႔ကဒ္ထဲမွာ A ေတြအျပည့္ ရရိွခဲ့သူျဖစ္ၿပီး အလယ္တန္းေက်ာင္းသားအရြယ္အထိ စကိတ္စီးအားကစားကို လိုက္စားခဲ့သူပါ။ ပညာေရးမွာ ထူးခၽြန္တဲ့ Joong Ki ဟာ တကၠသိုလ္တက္ဖို႔ ခဏရပ္နားခဲ့လို႔ ၀င္ခြင့္စာေမးပြဲကို ႏွစ္ႀကိမ္၊ ႏွစ္ခါ ျပန္ေျဖခဲ့ရပါတယ္။ ဒုတိယအႀကိမ္ ျပန္ေျဖတဲ့အခ်ိန္မွာ အမွတ္(၄၀၀)မွာ (၃၈၀)နဲ႔(၃၉၀)ၾကားမွာ ရရိွခဲ့ပါတယ္။ အမွတ္ျမင့္လြန္းတဲ့ Joong Ki တစ္ေယာက္ ေရြးလိုက္တာကေတာ့ Sungkyunkwan တကၠသိုလ္ျဖစ္ၿပီး စီးပြားေရးစီမံခန္႔ခြဲမႈဘာသာရပ္ကို ေလ့လာသင္ယူခဲ့ပါတယ္။

Han Ga In

Photo: koreaboo

မ်က္လုံးျပဴးျပဴးေလးနဲ႔ ႏွာေခါင္းထက္က မွဲ႕ေသးေသးေလးေၾကာင့္ သိပ္ကိုခ်စ္စရာေကာင္းတဲ့ မင္းသမီးေလးျဖစ္ေနတဲ့ Han Ga In ဟာ ရုပ္ရည္ခ်ည္းပဲ ၾကည့္ေကာင္းသူ မဟုတ္ပါဘူး။ အမွတ္(၄၀၀)ေပးတဲ့ တကၠသိုလ္၀င္ခြင့္စာေမးပြဲမွာ အမွတ္ေပါင္း(၃၈၄)မွတ္နဲ႔ ေအာင္ျမင္ခဲ့သူလည္း ျဖစ္ပါတယ္။ သူမဟာ အစပိုင္းက ေဆးတကၠသိုလ္တက္ခ်င္ခဲ့တာျဖစ္ေပမယ့္ သူမရဲ႕ ေနာက္ဆုံးေျဖတဲ့ စာေမးပြဲအမွတ္ဟာ ပထမတစ္ခုထက္ မမ်ားတာေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရိွ ျဖစ္ခဲ့ရပါတယ္။ ေဆးတကၠသိုလ္ေလွ်ာက္လိုက္ရင္ ရပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေၾကာင့္ပဲ ေနာက္ဆုံးမွာေတာ့ Kyung Hee တကၠသိုလ္ကို ေရြးခ်ယ္လိုက္ပါတယ္။ ေမဂ်ာကိုေတာ့ ဟိုတယ္စီမံခန္႔ခြဲမႈဘာသာရပ္ကို အထူးျပဳသင္ၾကားခဲ့ပါတယ္။

Kim Jung Hoon

Photo: koreaboo

Kim Jung Hoon ဟာ ၂၀၀၀ခုႏွစ္က ပြဲထြက္ခဲ့တဲ့ UN အဖြဲ႕ရဲ႕ အဖြဲ႕၀င္တစ္ေယာက္ပါ။ Idol အျဖစ္ ပြဲမထြက္ခင္မွာ ပညာေရးဘက္မွာလည္း ေျပာစရာမရိွေအာင္ ထူးခၽြန္ခဲ့ပါေသးတယ္။ အမွတ္(၄၀၀)မွာ (၃၈၀)နဲ႔(၃၉၀)ၾကား ရရိွခဲ့ၿပီး အဲ့ဒီ့ႏွစ္က ၀င္ေျဖတဲ့ ေျဖဆိုသူအားလုံးရဲ႕ (၀.၀၂)ရာခိုင္ႏႈန္းေသာ အမွတ္အျမင့္ဆုံးလူေတြထဲမွာ တစ္ေယာက္အပါအ၀င္ ျဖစ္ခဲ့ပါတယ္။ အထင္ႀကီးေလာက္စရာ အမွတ္ေၾကာင့္လည္း ဆိုးလ္အမ်ိဳးသားတကၠသိုလ္မွာ ၀င္ခြင့္ရရိွခဲ့ၿပီး သြားဘက္ဆိုင္ရာဘာသာရပ္ကို သင္ယူဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း ျပဇာတ္နဲ႔ရုပ္ရွင္ဘာသာရပ္ကို ထပ္မံသင္ယူခဲ့ပါေသးတယ္။

Kim Tae Hee

Photo: koreaboo

ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ပရိသတ္အခ်စ္ကို ရရိွထားတဲ့ မင္းသမီး Kim Tae Hee ဟာ သူမရဲ႕အလွတစ္ခုတည္းေၾကာင့္ နာမည္ႀကီးေနတာ မဟုတ္ပါဘူး။ သူမရဲ႕ ဥာဏ္ရည္နဲ႔ ပညာအရည္အခ်င္းကလည္း အထင္ႀကီးေလာက္စရာ ျဖစ္ပါတယ္။ တကၠသိုလ္၀င္ခြင့္အမွတ္အေနနဲ႔ (၃၈၅)နဲ႔ (၃၉၀)ၾကားမွာ ရရိွခဲ့ၿပီး ဆိုးလ္အမ်ိဳးသားတကၠသိုလ္မွာ ၀င္ခြင့္ရရိွခဲ့ပါတယ္။ အထူးျပဳဘာသာရပ္ကိုေတာ့ အဲ့ဒီ့ေခတ္အခါက သူတင္ကိုယ္တင္ ထူးခၽြန္သူေတြ အမ်ားႀကီး ယွဥ္တိုးရတဲ့ ဖက္ရွင္ဘာသာရပ္ကို ေရြးခ်ယ္သင္ယူခဲ့ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

ရုပ်ချောပြီး အောင်မြင်ကျော်ကြားတဲ့အပြင် ဉာဏ်ပညာကပါ ထက်မြက်နေတဲ့ လူမျိုးတော့ သိပ်များများစားစား ရှိမယ် မထင်ပါဘူး။ ကိုရီးယားရဲ့ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်တဲ့ SAT စာမေးပွဲဟာ သိပ်ကိုခက်ခဲလွန်းလို့ ဖြေဆိုသူတွေအားလုံးပေါင်းရဲ့ ရာခိုင်နှုန်းအနည်းငယ်ကသာ ဝင်ခွင့်အောင်မြင်လေ့ ရှိကြပါတယ်။ ဒီလိုခက်ခဲတဲ့ စာမေးပွဲကို အမှတ်မြင့်မြင့်နဲ့ အောင်မြင်ခဲ့တဲ့ ကိုရီးယားဆယ်လီအချို့လည်း ရှိပါတယ်။ ကိုရီးယားဆယ်လီတွေထဲမှာတော့ အမှတ်အမြင့်ဆုံးလို့တောင် ပြောနိုင်တဲ့ ပညာရေးမှာ ထူးချွန်ခဲ့သူတွေကတော့ …

Rain

Rain အဖြစ် ပွဲမထွက်လာခင် trainee အဖြစ် လေ့ကျင့်ရေးဆင်းနေတုန်းက Park Jin Young က ကန့်သတ်ချက်တစ်ခု သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ပညာရေးမှာ မပေါက်မြောက်တဲ့လူတစ်ယောက်ကို JYP Entertainment က အဆိုတော်အဖြစ် စင်တင်မပေးနိုင်ဘူးလို့ ပြောခဲ့တာပါ။ ဒီတွန်းအားကြောင့်ပဲ Rain တစ်ယောက် အဖန်ဖန် အခါခါ ကြိုးစားလေ့လာခဲ့ပြီး အမှတ်(၄၀၀)မှာ (၃၄၀)နဲ့(၃၅၀)ကြား ရရှိခဲ့ပြီး ဝင်ခွင့်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် Kyung Hee တက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့ပြီး post-modern music ဘာသာရပ်ကို အထူးပြုယူပြီး လေ့လာသင်ကြားခဲ့ပါတယ်။

Super Junior အဖွဲ့က Kyuhyun

Photo: koreaboo

Kyuhyun ဟာ သင်္ချာပါရမီရှင်တစ်ယောက်ပါ။ နိုင်ငံတွင်းမှာ ကျင်းပတဲ့ သင်္ချာဉာဏ်စမ်းပြိုင်ပွဲများစွာမှာ နိုင်ငံတော်အဆင့်ဆုများစွာကို ဆွတ်ခူးခဲ့သူဖြစ်ပြီး သင်္ချာအိုလံပစ်ပြိုင်ပွဲမှာလည်း ဝန်ကြီးချုပ်က ချီးမြှင့်တဲ့ဆုတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အဆင့်ကောင်းပြီး စာတော်သူဖြစ်ပေမယ့် ဝင်ခွင့်စာမေးပွဲ ဖြေမယ့်နေ့မှာ နေမကောင်းဖြစ်နေခဲ့တာကြောင့် မျှော်လင့်သလောက် ကောင်းကောင်းမဖြေနိုင်ခဲ့ဘူးလို့ ပြောပြဖူးပါတယ်။ နားပြည်ယိုတဲ့ ဝေဒနာကို ခံစားနေရတာကြောင့် Listening အပိုင်းမှာ ကောင်းကောင်းမကြားရဘဲ နှစ်ခုမှားခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း အောင်စာရင်းထွက်လာတဲ့အခါမှာတော့ ထိပ်ဆုံးက အမှတ်အမြင့်ဆုံး (၅)ရာခိုင်နှုန်းထဲမှာ ပါဝင်ခဲ့ပါတယ်။ နေမကောင်းသာ မဖြစ်ခဲ့ဘူးဆိုရင် ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေမယ်ဆိုတာ အသေအချာပါပဲ။ Kyuhyun ဟာလည်း Kyunghee တက္ကသိုလ်မှာ post-modern music ဘာသာရပ်ကို သင်ကြားခဲ့သူ ဖြစ်ပါတယ်။

Wonder Girls အဖွဲ့က Yeeun

Photo: koreaboo

Yeeun ဟာ အထက်တန်းကျောင်းမှာတည်းက လူအယောက်(၆၀၀)မှာ အဆင့်(၁)ကနေ (၁၀)အတွင်း ဝင်ခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာတော့ တစ်နိုင်ငံလုံးရဲ့ အမှတ်အမြင့်ဆုံး (၅)ရာခိုင်နှုန်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် Kyunghee တက္ကသိုလ်မှာ post-modern music ဘာသာရပ်နဲ့ တက်ရောက်ပညာသင်ခဲ့ပါတယ်။

Im Siwan

Photo: koreaboo

အဆိုတော်၊ သရုပ်ဆောင် Im Siwan ဟာ အမှတ်(၅၀၀)ပေးတဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်ပေါင်း(၄၅၀)ရရှိပြီး ဘူဆန်တက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဘူဆန်တက္ကသိုလ်ရဲ့ အဓိကအထူးပြုဘာသာရပ်ဖြစ်တဲ့ စက်မှုအင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့တာပါ။ ဒါ့အပြင် TOEIC စာမေးပွဲမှာလည်း သြချလောက်တဲ့ အမှတ်ဖြစ်တဲ့ အမှတ်ပေါင်း(၈၂၀)ကို ရရှိခဲ့ပါသေးတယ်။

Lee Sang Yoon

Photo: koreaboo

Lee Sang Yoon ဟာ Sex is Zero 2 လိုမျိုး ဟာသကားတွေထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူ့ရဲ့တက္ကသိုလ်ဝင်ခွင့် ရမှတ်ကတော့ အမှတ်(၄၀၀)မှာ (၃၇၀)ရရှိခဲ့ပါတယ်။ တက္ကသိုလ်ကိုတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ရူပဗေဒဘာသာရပ်ကို အထူးပြု သင်ကြားခဲ့ပါတယ်။

Song Joong Ki

Photo: koreaboo

ရုပ်လေးကချောသလောက် ပညာရေးမှာလည်း တော်တဲ့ မင်းသားတစ်ယောက်ကို ပြောပါဆိုရင် Song Joong Ki ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ Joong Ki ဟာ ငယ်စဉ်ကတည်းက ရီပို့ကဒ်ထဲမှာ A တွေအပြည့် ရရှိခဲ့သူဖြစ်ပြီး အလယ်တန်းကျောင်းသားအရွယ်အထိ စကိတ်စီးအားကစားကို လိုက်စားခဲ့သူပါ။ ပညာရေးမှာ ထူးချွန်တဲ့ Joong Ki ဟာ တက္ကသိုလ်တက်ဖို့ ခဏရပ်နားခဲ့လို့ ဝင်ခွင့်စာမေးပွဲကို နှစ်ကြိမ်၊ နှစ်ခါ ပြန်ဖြေခဲ့ရပါတယ်။ ဒုတိယအကြိမ် ပြန်ဖြေတဲ့အချိန်မှာ အမှတ်(၄၀၀)မှာ (၃၈၀)နဲ့(၃၉၀)ကြားမှာ ရရှိခဲ့ပါတယ်။ အမှတ်မြင့်လွန်းတဲ့ Joong Ki တစ်ယောက် ရွေးလိုက်တာကတော့ Sungkyunkwan တက္ကသိုလ်ဖြစ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

Han Ga In

Photo: koreaboo

မျက်လုံးပြူးပြူးလေးနဲ့ နှာခေါင်းထက်က မှဲ့သေးသေးလေးကြောင့် သိပ်ကိုချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်နေတဲ့ Han Ga In ဟာ ရုပ်ရည်ချည်းပဲ ကြည့်ကောင်းသူ မဟုတ်ပါဘူး။ အမှတ်(၄၀၀)ပေးတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ပေါင်း(၃၈၄)မှတ်နဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ အစပိုင်းက ဆေးတက္ကသိုလ်တက်ချင်ခဲ့တာဖြစ်ပေမယ့် သူမရဲ့ နောက်ဆုံးဖြေတဲ့ စာမေးပွဲအမှတ်ဟာ ပထမတစ်ခုထက် မများတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်ခဲ့ရပါတယ်။ ဆေးတက္ကသိုလ်လျှောက်လိုက်ရင် ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပဲ နောက်ဆုံးမှာတော့ Kyung Hee တက္ကသိုလ်ကို ရွေးချယ်လိုက်ပါတယ်။ မေဂျာကိုတော့ ဟိုတယ်စီမံခန့်ခွဲမှုဘာသာရပ်ကို အထူးပြုသင်ကြားခဲ့ပါတယ်။

Kim Jung Hoon

Photo: koreaboo

Kim Jung Hoon ဟာ ၂၀၀၀ခုနှစ်က ပွဲထွက်ခဲ့တဲ့ UN အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ Idol အဖြစ် ပွဲမထွက်ခင်မှာ ပညာရေးဘက်မှာလည်း ပြောစရာမရှိအောင် ထူးချွန်ခဲ့ပါသေးတယ်။ အမှတ်(၄၀၀)မှာ (၃၈၀)နဲ့(၃၉၀)ကြား ရရှိခဲ့ပြီး အဲ့ဒီ့နှစ်က ဝင်ဖြေတဲ့ ဖြေဆိုသူအားလုံးရဲ့ (ဝ.၀၂)ရာခိုင်နှုန်းသော အမှတ်အမြင့်ဆုံးလူတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။ အထင်ကြီးလောက်စရာ အမှတ်ကြောင့်လည်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့ပြီး သွားဘက်ဆိုင်ရာဘာသာရပ်ကို သင်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ပြဇာတ်နဲ့ရုပ်ရှင်ဘာသာရပ်ကို ထပ်မံသင်ယူခဲ့ပါသေးတယ်။

Kim Tae Hee

Photo: koreaboo

ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ပရိသတ်အချစ်ကို ရရှိထားတဲ့ မင်းသမီး Kim Tae Hee ဟာ သူမရဲ့အလှတစ်ခုတည်းကြောင့် နာမည်ကြီးနေတာ မဟုတ်ပါဘူး။ သူမရဲ့ ဉာဏ်ရည်နဲ့ ပညာအရည်အချင်းကလည်း အထင်ကြီးလောက်စရာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်အမှတ်အနေနဲ့ (၃၈၅)နဲ့ (၃၉၀)ကြားမှာ ရရှိခဲ့ပြီး ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ အထူးပြုဘာသာရပ်ကိုတော့ အဲ့ဒီ့ခေတ်အခါက သူတင်ကိုယ်တင် ထူးချွန်သူတွေ အများကြီး ယှဉ်တိုးရတဲ့ ဖက်ရှင်ဘာသာရပ်ကို ရွေးချယ်သင်ယူခဲ့ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular