HomeCelebs Update NewsKoreaသူငယ်ချင်းဘဝကနေ ချစ်သူဖြစ်သွားကြတဲ့ ကိုရီးယားဆယ်လီစုံတွဲများ

သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်သွားကြတဲ့ ကိုရီးယားဆယ်လီစုံတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဆယ်လီအချင်းချင်း ချစ်ကြိုက်ကြတာမှာ ချစ်သူဘဝရောက်ရှိအောင် ပို့ဆောင်ပေးတဲ့ အချစ်လမ်းခရီးတွေ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့စုံတွဲတွေကျတော့ စစချင်းမှာ သူငယ်ချင်းအနေနဲ့ အရင်ဆုံး ရင်းနှီးခင်မင်ပြီးတော့မှ ချစ်သူအဖြစ် အဆင့်တက်ကြတာလည်း ရှိပါတယ်။ ဒီလို သူငယ်ချင်းအဖြစ်ကနေ ချစ်သူဘဝကို လှမ်းတက်ခဲ့ကြတဲ့ ကိုရီးယားဆယ်လီစုံတွဲတွေကတော့ …

Jo Jung Suk နဲ့ Gummy
Photo: gummy.gallery/ Instagram

Jo Jung Suk တို့စုံတွဲဟာ ကြားက သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ စတင်သိကျွမ်းခဲ့ကြသူတွေပါ။ မိတ်ဆွေဘဝမှာတင် လျင်လျင်မြန်မြန်ပဲ နီးစပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အဲ့ဒီ့နောက် ဂီတအပေါ် ထားရှိတဲ့ နှစ်ဦးသားရဲ့ ရူးသွပ်မှုက တူညီနေတဲ့အခါမှာတော့ တရားဝင် ချစ်သူတွေဘဝကို ရောက်ရှိခဲ့ကြပြီး အခုဆိုရင် ဇနီးမောင်နှံတွေပါ ဖြစ်နေကြပါပြီ။

Cha Tae Hyun နဲ့ Choi Suk Eun
Photo: pinterest

ဒီစုံတွဲကတော့ အထက်တန်းကျောင်းမှာတည်းက စတင်ဆုံဆည်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ Cha Tae Hyun ဟာ အဲ့ဒီ့အချိန်ကတည်းက Choi Suk Eun ကို မြင်မြင်ချင်း ချစ်မိခဲ့တာပါ။ ဒါပေမယ့် အချိန်အတော်ကြာ ဖြတ်သန်းပြီးတဲ့အထိ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဆင့်ကနေ မတက်ကြသေးပါဘူး။ အကြောင်းကတော့ Cha Tae Hyun က သူ့ရဲ့အချစ်ကို ဖွင့်ဟဝန်ခံဖို့ ကြောက်ရွံ့နေခဲ့လို့ ဖြစ်ပါတယ်။ သူငယ်ချင်းဘဝနဲ့ နှစ်နှစ်ကြာ ဖြတ်သန်းပြီးနောက်မှာတော့ Cha Tae Hyun ဟာ သတ္တိမွေးပြီး သူ့ရဲ့အချစ်ကို ဝန်ခံခဲ့ရာက ချစ်သူတွေ ဖြစ်ခဲ့ကြပါတော့တယ်။ အခုဆိုရင်တော့ နှစ်ဦးသားဟာ အိမ်ထောင်သက် ဆယ့်လေးနှစ်ရှိပြီး ကလေးသုံးယောက်ပါ ရနေပါပြီ။

Lee Da Hae နဲ့ Se7en
Photo: leedahey4eva/ se7enofficial/ Instagram

မင်းသမီးချော Lee Da Hae နဲ့ Se7en တို့ဟာ သိပ်ကိုရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအဖြစ် အချိန်အကြာကြီး ဖြတ်သန်းလာကြသူတွေပါ။ ဒီလိုနဲ့ တစ်ယောက်ခက်ခဲတဲ့အချိန်မှာ တစ်ယောက်က ဖေးမကူညီပေးနေမိတဲ့ သူတို့ရဲ့အဖြစ်ကို သတိထားမိချိန်မှာ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။

So Yi Hyun နဲ့ In Gyo Jin
Photo: ssoyang84/ Instagram

ဒီသရုပ်ဆောင်နှစ်ယောက်ဟာ ဒရာမာပေါင်းများစွာမှာ အတူတူတွဲပြီး သရုပ်ဆောင်ဖူးကြလို့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ရင်းနှီးထားကြပြီးသားပါ။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်မေတ္တာရှိလာကြတဲ့အတွက် ချစ်သူဖြစ်သွားခဲ့ကြပါတယ်။ အဲ့ဒီ့နောက် ၂၀၁၄ခုနှစ်မှာတော့ လက်ထပ်ပြီး အကြင်လင်မယားဘဝကို ခံယူခဲ့ကြပါတယ်။

Jun Ji Hyun နဲ့ Choi Joon Hyuk
Photo: channel-korea

မင်းသမီးချော Jun Ji Hyun ဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Choi Joon Hyuk နဲ့ ငယ်ငယ်တည်းက ရင်းနှီးခင်မင်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ သို့ပေမယ့် အဆက်ပြတ်သွားခဲ့ပြီး ကိုယ်စီဘဝလမ်းပေါ်မှာ လျှောက်လှမ်းနေကြရင်း အရွယ်ရောက်ပြီးတော့မှ ပြန်ဆက်သွယ်မိကြတာပါ။ အဲ့ဒီ့နောက်မှာမှ ချစ်သူဘဝကို ရောက်ရှိခဲ့ကြတာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။

Jung So Min နဲ့ Lee Joon
Photo: koreaboo

Jung So Min နဲ့ Lee Joon တို့ဟာ နဂိုတုန်းက လုံးဝမသိကျွမ်းတဲ့ သူစိမ်းတွေဖြစ်ကြပြီး My Father is Strange ဒရာမာထဲမှာ အတူတူသရုပ်ဆောင်တော့မှ စတင်သိကျွမ်းကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ့ဒရာမာထဲမှာ တူတူသရုပ်ဆောင်ရင်းနဲ့မှ တဖြည်းဖြည်း ရင်းနှီးခင်မင်လာကြကာ နောက်ပိုင်းမှာတော့ ချစ်သူတွေအဖြစ် အဆင့်တက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Han Chae Young နဲ့ Choi Dong Joon
Photo: koreaboo

နဂိုတုန်းက မင်းသမီးချော Han Chae Young နဲ့ Choi Dong Joon တို့ဟာ သာမန်သူငယ်ချင်းတွေပါ။ Choi Dong Joon ဟာ သူမရဲ့အကောင်းဆုံး သူငယ်ချင်းပါလို့တောင် မကြာခဏ နှုတ်က ထုတ်ပြောခဲ့တဲ့အထိပါပဲ။ သို့ပေမယ့် နောက်ပိုင်းမှာ သူငယ်ချင်းအချစ်ထက် ပိုလာတဲ့အတွက် ချစ်သူဘဝရောက်ခဲ့ကြပြီး ၂၀၀၇ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင် အိမ်ထောင်သက်တမ်းက ဆယ့်သုံးနှစ်လောက် ရှိနေပြီဖြစ်ပြီး ကလေးတစ်ယောက်လည်း ရထားပါတယ်။

Choi Tae Joon နဲ့ Park Shin Hye
Photo: ssinz7/ actorctj/ Instagram

ဒီအတွဲလေးကတော့ ရှေးရေစက်အခံရှိပြီး နဂိုတည်းက ဆက်နွှယ်မှုလေးတွေ ရှိခဲ့ကြတဲ့ အတွဲလေး ဖြစ်ပါတယ်။ Choi Tae Joon နဲ့ Park Shin Hye တို့နှစ်ယောက်စလုံးဟာ Chung Ang တက္ကသိုလ်မှာ အတူတူတက်ရောက်ပြီး ပညာသင်ယူခဲ့ကြတာပါ။ အဲ့ဒီ့အချိန်တည်းက နှစ်ယောက်က တော်တော်ရင်းနှီးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် The King of Dramas ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲထဲမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒီလိုနဲ့ သူငယ်ချင်းသံယောဇဉ်ထက် ကျော်လွန်ပြီး ချစ်သူဘဝကို ရောက်သွားကြတာ ဖြစ်ပါတယ်။

ဒါကတော့ သူငယ်ချင်းဘဝကနေ ချစ်သူအဆင့်ကို တက်လှမ်းခဲ့ကြတဲ့ ကိုရီးယားဆယ်လီစုံတွဲတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ဘယ်စုံတွဲလေးကို ချစ်မိတယ်ဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဆယ္လီအခ်င္းခ်င္း ခ်စ္ႀကိဳက္ၾကတာမွာ ခ်စ္သူဘဝေရာက္ရွိေအာင္ ပို႔ေဆာင္ေပးတဲ့ အခ်စ္လမ္းခရီးေတြ အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ တစ္ခ်ိဳ႕စုံတြဲေတြက်ေတာ့ စစခ်င္းမွာ သူငယ္ခ်င္းအေနနဲ႔ အရင္ဆုံး ရင္းႏွီးခင္မင္ၿပီးေတာ့မွ ခ်စ္သူအျဖစ္ အဆင့္တက္ၾကတာလည္း ရွိပါတယ္။ ဒီလို သူငယ္ခ်င္းအျဖစ္ကေန ခ်စ္သူဘဝကို လွမ္းတက္ခဲ့ၾကတဲ့ ကိုရီးယားဆယ္လီစုံတြဲေတြကေတာ့ …

Jo Jung Suk နဲ႔ Gummy
Photo: gummy.gallery/ Instagram

Jo Jung Suk တို႔စုံတြဲဟာ ၾကားက သူငယ္ခ်င္းတစ္ေယာက္က မိတ္ဆက္ေပးလို႔ စတင္သိကြၽမ္းခဲ့ၾကသူေတြပါ။ မိတ္ေဆြဘဝမွာတင္ လ်င္လ်င္ျမန္ျမန္ပဲ နီးစပ္ခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ ဂီတအေပၚ ထားရွိတဲ့ ႏွစ္ဦးသားရဲ႕ ႐ူးသြပ္မႈက တူညီေနတဲ့အခါမွာေတာ့ တရားဝင္ ခ်စ္သူေတြဘဝကို ေရာက္ရွိခဲ့ၾကၿပီး အခုဆိုရင္ ဇနီးေမာင္ႏွံေတြပါ ျဖစ္ေနၾကပါၿပီ။

Cha Tae Hyun နဲ႔ Choi Suk Eun
Photo: pinterest

ဒီစုံတြဲကေတာ့ အထက္တန္းေက်ာင္းမွာတည္းက စတင္ဆုံဆည္းခဲ့ၾကသူေတြ ျဖစ္ပါတယ္။ Cha Tae Hyun ဟာ အဲ့ဒီ့အခ်ိန္ကတည္းက Choi Suk Eun ကို ျမင္ျမင္ခ်င္း ခ်စ္မိခဲ့တာပါ။ ဒါေပမယ့္ အခ်ိန္အေတာ္ၾကာ ျဖတ္သန္းၿပီးတဲ့အထိ သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းအဆင့္ကေန မတက္ၾကေသးပါဘူး။ အေၾကာင္းကေတာ့ Cha Tae Hyun က သူ႔ရဲ႕အခ်စ္ကို ဖြင့္ဟဝန္ခံဖို႔ ေၾကာက္႐ြံ႕ေနခဲ့လို႔ ျဖစ္ပါတယ္။ သူငယ္ခ်င္းဘဝနဲ႔ ႏွစ္ႏွစ္ၾကာ ျဖတ္သန္းၿပီးေနာက္မွာေတာ့ Cha Tae Hyun ဟာ သတၱိေမြးၿပီး သူ႔ရဲ႕အခ်စ္ကို ဝန္ခံခဲ့ရာက ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါေတာ့တယ္။ အခုဆိုရင္ေတာ့ ႏွစ္ဦးသားဟာ အိမ္ေထာင္သက္ ဆယ့္ေလးႏွစ္ရွိၿပီး ကေလးသုံးေယာက္ပါ ရေနပါၿပီ။

Lee Da Hae နဲ႔ Se7en
Photo: leedahey4eva/ se7enofficial/ Instagram

မင္းသမီးေခ်ာ Lee Da Hae နဲ႔ Se7en တို႔ဟာ သိပ္ကိုရင္းႏွီးၾကတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြအျဖစ္ အခ်ိန္အၾကာႀကီး ျဖတ္သန္းလာၾကသူေတြပါ။ ဒီလိုနဲ႔ တစ္ေယာက္ခက္ခဲတဲ့အခ်ိန္မွာ တစ္ေယာက္က ေဖးမကူညီေပးေနမိတဲ့ သူတို႔ရဲ႕အျဖစ္ကို သတိထားမိခ်ိန္မွာ ခ်စ္သူေတြအျဖစ္ အဆင့္တက္ခဲ့ၾကပါတယ္။

So Yi Hyun နဲ႔ In Gyo Jin
Photo: ssoyang84/ Instagram

ဒီသ႐ုပ္ေဆာင္ႏွစ္ေယာက္ဟာ ဒရာမာေပါင္းမ်ားစြာမွာ အတူတူတြဲၿပီး သ႐ုပ္ေဆာင္ဖူးၾကလို႔ လုပ္ေဖာ္ကိုင္ဖက္ေတြအျဖစ္ ရင္းႏွီးထားၾကၿပီးသားပါ။ ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာတဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေမတၱာရွိလာၾကတဲ့အတြက္ ခ်စ္သူျဖစ္သြားခဲ့ၾကပါတယ္။ အဲ့ဒီ့ေနာက္ ၂၀၁၄ခုႏွစ္မွာေတာ့ လက္ထပ္ၿပီး အၾကင္လင္မယားဘဝကို ခံယူခဲ့ၾကပါတယ္။

Jun Ji Hyun နဲ႔ Choi Joon Hyuk
Photo: channel-korea

မင္းသမီးေခ်ာ Jun Ji Hyun ဟာ စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ Choi Joon Hyuk နဲ႔ ငယ္ငယ္တည္းက ရင္းႏွီးခင္မင္ၾကတဲ့ ငယ္သူငယ္ခ်င္းေတြပါ။ သို႔ေပမယ့္ အဆက္ျပတ္သြားခဲ့ၿပီး ကိုယ္စီဘဝလမ္းေပၚမွာ ေလွ်ာက္လွမ္းေနၾကရင္း အ႐ြယ္ေရာက္ၿပီးေတာ့မွ ျပန္ဆက္သြယ္မိၾကတာပါ။ အဲ့ဒီ့ေနာက္မွာမွ ခ်စ္သူဘဝကို ေရာက္ရွိခဲ့ၾကတာျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္။

Jung So Min နဲ႔ Lee Joon
Photo: koreaboo

Jung So Min နဲ႔ Lee Joon တို႔ဟာ နဂိုတုန္းက လုံးဝမသိကြၽမ္းတဲ့ သူစိမ္းေတြျဖစ္ၾကၿပီး My Father is Strange ဒရာမာထဲမွာ အတူတူသ႐ုပ္ေဆာင္ေတာ့မွ စတင္သိကြၽမ္းၾကသူေတြ ျဖစ္ပါတယ္။ အဲ့ဒီ့ဒရာမာထဲမွာ တူတူသ႐ုပ္ေဆာင္ရင္းနဲ႔မွ တျဖည္းျဖည္း ရင္းႏွီးခင္မင္လာၾကကာ ေနာက္ပိုင္းမွာေတာ့ ခ်စ္သူေတြအျဖစ္ အဆင့္တက္သြားခဲ့ၾကတာ ျဖစ္ပါတယ္။

Han Chae Young နဲ႔ Choi Dong Joon
Photo: koreaboo

နဂိုတုန္းက မင္းသမီးေခ်ာ Han Chae Young နဲ႔ Choi Dong Joon တို႔ဟာ သာမန္သူငယ္ခ်င္းေတြပါ။ Choi Dong Joon ဟာ သူမရဲ႕အေကာင္းဆုံး သူငယ္ခ်င္းပါလို႔ေတာင္ မၾကာခဏ ႏႈတ္က ထုတ္ေျပာခဲ့တဲ့အထိပါပဲ။ သို႔ေပမယ့္ ေနာက္ပိုင္းမွာ သူငယ္ခ်င္းအခ်စ္ထက္ ပိုလာတဲ့အတြက္ ခ်စ္သူဘဝေရာက္ခဲ့ၾကၿပီး ၂၀၀၇ခုႏွစ္မွာ လက္ထပ္ခဲ့ၾကပါတယ္။ အခုဆိုရင္ အိမ္ေထာင္သက္တမ္းက ဆယ့္သုံးႏွစ္ေလာက္ ရွိေနၿပီျဖစ္ၿပီး ကေလးတစ္ေယာက္လည္း ရထားပါတယ္။

Choi Tae Joon နဲ႔ Park Shin Hye
Photo: ssinz7/ actorctj/ Instagram

ဒီအတြဲေလးကေတာ့ ေရွးေရစက္အခံရွိၿပီး နဂိုတည္းက ဆက္ႏႊယ္မႈေလးေတြ ရွိခဲ့ၾကတဲ့ အတြဲေလး ျဖစ္ပါတယ္။ Choi Tae Joon နဲ႔ Park Shin Hye တို႔ႏွစ္ေယာက္စလုံးဟာ Chung Ang တကၠသိုလ္မွာ အတူတူတက္ေရာက္ၿပီး ပညာသင္ယူခဲ့ၾကတာပါ။ အဲ့ဒီ့အခ်ိန္တည္းက ႏွစ္ေယာက္က ေတာ္ေတာ္ရင္းႏွီးေနၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ The King of Dramas ဆိုတဲ့ ဒရာမာဇာတ္လမ္းတြဲထဲမွာလည္း အတူတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကပါေသးတယ္။ ဒီလိုနဲ႔ သူငယ္ခ်င္းသံေယာဇဥ္ထက္ ေက်ာ္လြန္ၿပီး ခ်စ္သူဘဝကို ေရာက္သြားၾကတာ ျဖစ္ပါတယ္။

ဒါကေတာ့ သူငယ္ခ်င္းဘဝကေန ခ်စ္သူအဆင့္ကို တက္လွမ္းခဲ့ၾကတဲ့ ကိုရီးယားဆယ္လီစုံတြဲေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူအေနနဲ႔ ဘယ္စုံတြဲေလးကို ခ်စ္မိတယ္ဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular