HomeDramaလက်စားချေမှုအကြောင်း ရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းကောင်းများ

လက်စားချေမှုအကြောင်း ရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာတွေထဲမှာ လက်စားချေမှုအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲများစွာ ရှိပါတယ်။ မှားယွင်းစွာ စွပ်စွဲခံရတာတွေ၊ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့သဘာဝတွေနဲ့ တစ်ချိန်က အပြစ်ကြွေးကို အငြှိုးတေးကြီးကြီး ပြန်တောင်းယူတဲ့ ဇာတ်လမ်းမျိုးတွေဟာ ကြည့်ရှုသူတွေအတွက်တော့ သိပ်ကိုအားရဖို့ကောင်းလှပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ ဒီလိုလက်စားချေတဲ့ ဇာတ်လမ်းမျိုးကို ဘယ်လိုပဲ အသစ်ထွက်ထွက်၊ မရိုးနိုင်ဘဲ အားပေးနေကြတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေကတော့ လက်စားချေတာအပြင် လျှို့ဝှက်သည်းဖို အမျိုးအစားပါ ဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖို့ ကောင်းမှာ အသေအချာပါပဲ။

Mask (2015)
Photo via soompi

ဒီဒရာမာကတော့ အချစ်၊ လက်စားချေမှုနဲ့ စိတ်ကျန်းမာရေးအကြောင်း အဓိက အခြေခံ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ Byun Ji Sook ဟာ သူမနဲ့ တထပ်တည်းတူတဲ့ မိန်းကလေးတစ်ယောက်နေရာမှာ အစားဝင်ဖို့ ခြိမ်းခြောက်ခံရပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ချမ်းသာပေမယ့် တရားမဝင်တဲ့ အမွေဆက်ခံသူ Choi Min Woo နဲ့ လက်ထပ်လိုက်ရပါတယ်။ တစ်ဖက်မှာတော့ Choi Min Woo ရဲ့ အစ်မ လင်မယားဟာ အကြောင်းတစ်ခုကြောင့် မပျော်မရွှင် ဖြစ်နေကြရပါတယ်။

ဒီဇာတ်ကားဟာ လက်စားချေမှုအကြောင်းတင် မဟုတ်ဘဲ ဇာတ်ကောင်တွေကြားက နွေးထွေးတဲ့ အချစ်ဇာတ်လမ်းကိုလည်း ကြည့်ရှုရဦးမှာပါ။ သရုပ်ဆောင်တွေကတော့ Joo Ji Hoon ၊ Soo Ae ၊ Yeon Jung Hoon နဲ့ Yoo In Young တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ခုနှစ်က SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့ပြီး အပိုင်း(၂၀) ပါဝင်ပါတယ်။

Goodbye, Mr. Black (2016)
Photo via soompi

ရေကြောင်းအရာရှိ Cha Ji Won ဟာ သေဆုံးသွားပြီလို့ မှတ်ယူထားရာကနေ ပြန်လည် ရှင်သန်လာခဲ့ပြီး ဖခင်ဖြစ်သူရဲ့ မတရားသေဆုံးမှုအတွက် အဖြစ်မှန်ကို ရှာဖွေနေပါတယ်။ ဒီမှာတင် ကနဦး သိရှိထားရတဲ့ မတော်တဆမှုဟာ မသင်္ကာစရာတွေ များပြားနေပြီး သူ့ရဲ့ သူငယ်ချင်းအရင်းကြီးနဲ့ပါ ပတ်သက် ဆက်နွယ်နေမှန်း သိလိုက်ရပါတော့တယ်။

ဒီဇာတ်လမ်းတွဲကတော့ MBC ရုပ်သံလိုင်းက ၂၀၁၆ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အပိုင်း(၂၀) ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Lee Jin Wook ၊ Moon Chae Won ၊ Yoo In Young ၊ Kim Kang Woo နဲ့ Song Jae Rim တို့ အဓိက ပါဝင်ထားပါတယ်။

Money Flower (2017-2018)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ လှည့်ကွက်တွေ၊ dark ဖြစ်တဲ့ ဇာတ်ကွက်တွေ ပါဝင်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ညာလက်ရုံး လူယုံတစ်ယောက်ဟာ အစီအစဉ်တကျနဲ့ ပြင်ဆင်ပြီး အဲဒီလုပ်ငန်းစုကြီးရဲ့ နောက်ကွယ်က မိသားစုတစ်ခုလုံးကို ဖြုတ်ချဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jang Hyuk ၊ Park Se Young ၊ Han So Hee ၊ Jang Seung Jo တို့ ဖြစ်ပါတယ်။ ဒီစီးရီးကိုတော့ MBC ရုပ်သံလိုင်းက ထုတ်လွှင့်ထားတာ ဖြစ်ပြီး အပိုင်း(၂၄)ပိုင်း ပါဝင်ပါတယ်။

The Last Empress (2018-2019)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ တလျှောက်လုံး ဇာတ်ရှိန် မြင့်တက်သွားပြီး တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဖျော်ဖြေမှုမျိုးကို ပေးစွမ်းပါတယ်။ ဇာတ်လမ်းကတော့ ခေတ်သစ် တော်ဝင်မိသားစုနဲ့ နောက်ကွယ်က မတရားမှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပြဇာတ်မင်းသမီးတစ်ယောက်ဟာ မထင်မှတ်ဘဲ လက်ရှိ ဘုရင်မင်းမြတ်နဲ့ လက်ထပ်လိုက်ရပါတယ်။ ဘုရင်မင်းမြတ်ကတော့ နန်းတော်ထဲမှာ ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘဲ သူ့ရဲ့ ကိုယ်ရံတော် Chun Woo Bin ကိုသာ ယုံကြည်သူ ဖြစ်ပါတယ်။ သို့သော်လည်း Chun Woo Bin ဟာ သူ့ဘဝရဲ့ ကလဲ့စားတစ်ခုအတွက် နန်းတွင်းထဲကို အသွင်ယူပြီး ဝင်ရောက်လာသူ ဖြစ်နေတဲ့အခါမှာတော့ … ။

ဒီဇာတ်လမ်းတွဲကတော့ SBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အပိုင်း(၅၂)ပိုင်း ပါဝင်ပါတယ်။ အဓိက ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Jang Nara ၊ Shin Sung Rok ၊ Choi Jin Hyuk ၊ Lee Eljiah နဲ့ Shin Eun Kyung တို့ အဓိက ပါဝင်ထားပါတယ်။

Doctor Prisoner (2019)
Photo via soompi

Na Yi Jae ဟာ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပြီး ဆိုးလ်က နာမည်ကြီးဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ ကုသမှုကို မှားယွင်းတယ်လို့ စွပ်စွဲခံရပြီး အလုပ်ပြုတ်သွားပါတော့တယ်။ ဒီမှာတင် Na Yi Jae ဟာ သူ့ကို ဒီလိုဘဝမျိုးကို တွန်းပို့စေခဲ့တဲ့ မတရားတဲ့ စနစ်ကြီးကို တိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အကျဉ်းထောင်တစ်ခုရဲ့ ဆေးပညာဒါရိုက်တာနေရာမှာ ဝင်ရောက် လုပ်ကိုင်နေပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရာထူးနဲ့ နေရာကို အသုံးပြုပြီး လက်စားချေဖို့အတွက် လိုအပ်တဲ့ အဆက်အသွယ်တွေ ရရှိလာအောင် ကြိုးစားပါတော့တယ်။

၂၀၁၉ခုနှစ်မှာ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး အပိုင်း (၃၂)ပိုင်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Namgoong Min ၊ Kwon Nara ၊ Choi Won Young နဲ့ Kim Byun Chul တို့ အဓိက ပါဝင်ထားပါတယ်။

Taxi Driver (2021)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကမှ ထွက်ရှိပြီးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ တပြောပြော ဖြစ်ကျန်နေခဲ့ရတဲ့ စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီစီးရီးဟာ ဇာတ်လမ်း၊ ဇာတ်ကွက်လည်း ခိုင်မာသလို ရုပ်ဆိုးတဲ့ လူ့သဘာဝတွေကိုလည်း လှလှပပ ရိုက်ပြထားပါတယ်။

ဇာတ်လမ်းကတော့ Kim Do Gi ဟာ Rainbow တက္ကစီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့် လက်တွေ့မှာတော့ အဆိုပါကုမ္ပဏီဟာ လက်စားချေမှုအတွက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။

SBS ရုပ်သံလိုင်းက ထုတ်လွှင့်ထားပြီး အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။ အဓိက ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lee Je Hoon ၊ Esom ၊ Kim Eui Sung ၊ Pyo Ye Jin နဲ့ Cha Ji Yeon တို့ ဖြစ်ပါတယ်။

ဒါကတော့ လျှို့ဝှက်သည်းဖို အမျိုးအစား လက်စားချေ ဒရာမာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ ဒရာမာတွေရှိရင်လည်း ပြန်လည် မျှဝေပေးခဲ့ပါဦး။

Glasgow
(Zawgyi Version)

ကိုရီးယားဒရာမာေတြထဲမွာ လက္စားေခ်မႈအေၾကာင္း အေျခခံ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲမ်ားစြာ ရွိပါတယ္။ မွားယြင္းစြာ စြပ္စြဲခံရတာေတြ၊ ေျမနိမ့္ရာ လွံစိုက္တတ္တဲ့ လူ႔သဘာဝေတြနဲ႔ တစ္ခ်ိန္က အျပစ္ေႂကြးကို အျငႇိဳးေတးႀကီးႀကီး ျပန္ေတာင္းယူတဲ့ ဇာတ္လမ္းမ်ိဳးေတြဟာ ၾကည့္ရႈသူေတြအတြက္ေတာ့ သိပ္ကိုအားရဖို႔ေကာင္းလွပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ ဒီလိုလက္စားေခ်တဲ့ ဇာတ္လမ္းမ်ိဳးကို ဘယ္လိုပဲ အသစ္ထြက္ထြက္၊ မ႐ိုးႏိုင္ဘဲ အားေပးေနၾကတာ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ ဇာတ္လမ္းတြဲေတြကေတာ့ လက္စားေခ်တာအျပင္ လွ်ိဳ႕ဝွက္သည္းဖို အမ်ိဳးအစားပါ ျဖစ္တာေၾကာင့္ ရင္တထိတ္ထိတ္နဲ႔ စိတ္ဝင္စားဖို႔ ေကာင္းမွာ အေသအခ်ာပါပဲ။

Mask (2015)
Photo via soompi

ဒီဒရာမာကေတာ့ အခ်စ္၊ လက္စားေခ်မႈနဲ႔ စိတ္က်န္းမာေရးအေၾကာင္း အဓိက အေျခခံ ႐ိုက္ကူးထားတာပါ။ ဇာတ္လမ္းကေတာ့ Byun Ji Sook ဟာ သူမနဲ႔ တထပ္တည္းတူတဲ့ မိန္းကေလးတစ္ေယာက္ေနရာမွာ အစားဝင္ဖို႔ ၿခိမ္းေျခာက္ခံရပါတယ္။ အဲဒီေနာက္မွာေတာ့ သူမဟာ ခ်မ္းသာေပမယ့္ တရားမဝင္တဲ့ အေမြဆက္ခံသူ Choi Min Woo နဲ႔ လက္ထပ္လိုက္ရပါတယ္။ တစ္ဖက္မွာေတာ့ Choi Min Woo ရဲ႕ အစ္မ လင္မယားဟာ အေၾကာင္းတစ္ခုေၾကာင့္ မေပ်ာ္မ႐ႊင္ ျဖစ္ေနၾကရပါတယ္။

ဒီဇာတ္ကားဟာ လက္စားေခ်မႈအေၾကာင္းတင္ မဟုတ္ဘဲ ဇာတ္ေကာင္ေတြၾကားက ေႏြးေထြးတဲ့ အခ်စ္ဇာတ္လမ္းကိုလည္း ၾကည့္ရႈရဦးမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Joo Ji Hoon ၊ Soo Ae ၊ Yeon Jung Hoon နဲ႔ Yoo In Young တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ခုႏွစ္က SBS ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ခဲ့ၿပီး အပိုင္း(၂၀) ပါဝင္ပါတယ္။

Goodbye, Mr. Black (2016)
Photo via soompi

ေရေၾကာင္းအရာရွိ Cha Ji Won ဟာ ေသဆုံးသြားၿပီလို႔ မွတ္ယူထားရာကေန ျပန္လည္ ရွင္သန္လာခဲ့ၿပီး ဖခင္ျဖစ္သူရဲ႕ မတရားေသဆုံးမႈအတြက္ အျဖစ္မွန္ကို ရွာေဖြေနပါတယ္။ ဒီမွာတင္ ကနဦး သိရွိထားရတဲ့ မေတာ္တဆမႈဟာ မသကၤာစရာေတြ မ်ားျပားေနၿပီး သူ႔ရဲ႕ သူငယ္ခ်င္းအရင္းႀကီးနဲ႔ပါ ပတ္သက္ ဆက္ႏြယ္ေနမွန္း သိလိုက္ရပါေတာ့တယ္။

ဒီဇာတ္လမ္းတြဲကေတာ့ MBC ႐ုပ္သံလိုင္းက ၂၀၁၆ခုႏွစ္မွာ ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး အပိုင္း(၂၀) ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Lee Jin Wook ၊ Moon Chae Won ၊ Yoo In Young ၊ Kim Kang Woo နဲ႔ Song Jae Rim တို႔ အဓိက ပါဝင္ထားပါတယ္။

Money Flower (2017-2018)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ လွည့္ကြက္ေတြ၊ dark ျဖစ္တဲ့ ဇာတ္ကြက္ေတြ ပါဝင္တာေၾကာင့္ ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ထိပ္တန္း စီးပြားေရးလုပ္ငန္းစုႀကီးရဲ႕ ညာလက္႐ုံး လူယုံတစ္ေယာက္ဟာ အစီအစဥ္တက်နဲ႔ ျပင္ဆင္ၿပီး အဲဒီလုပ္ငန္းစုႀကီးရဲ႕ ေနာက္ကြယ္က မိသားစုတစ္ခုလုံးကို ျဖဳတ္ခ်ဖို႔ ႀကိဳးစားတဲ့အေၾကာင္း ျဖစ္ပါတယ္။

ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Jang Hyuk ၊ Park Se Young ၊ Han So Hee ၊ Jang Seung Jo တို႔ ျဖစ္ပါတယ္။ ဒီစီးရီးကိုေတာ့ MBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ထားတာ ျဖစ္ၿပီး အပိုင္း(၂၄)ပိုင္း ပါဝင္ပါတယ္။

The Last Empress (2018-2019)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ တေလွ်ာက္လုံး ဇာတ္ရွိန္ ျမင့္တက္သြားၿပီး တကယ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေဖ်ာ္ေျဖမႈမ်ိဳးကို ေပးစြမ္းပါတယ္။ ဇာတ္လမ္းကေတာ့ ေခတ္သစ္ ေတာ္ဝင္မိသားစုနဲ႔ ေနာက္ကြယ္က မတရားမႈေတြ၊ လက္ဝါးႀကီးအုပ္မႈေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ျပဇာတ္မင္းသမီးတစ္ေယာက္ဟာ မထင္မွတ္ဘဲ လက္ရွိ ဘုရင္မင္းျမတ္နဲ႔ လက္ထပ္လိုက္ရပါတယ္။ ဘုရင္မင္းျမတ္ကေတာ့ နန္းေတာ္ထဲမွာ ဘယ္သူ႔ကိုမွ မယုံၾကည္ႏိုင္ဘဲ သူ႔ရဲ႕ ကိုယ္ရံေတာ္ Chun Woo Bin ကိုသာ ယုံၾကည္သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Chun Woo Bin ဟာ သူ႔ဘဝရဲ႕ ကလဲ့စားတစ္ခုအတြက္ နန္းတြင္းထဲကို အသြင္ယူၿပီး ဝင္ေရာက္လာသူ ျဖစ္ေနတဲ့အခါမွာေတာ့ … ။

ဒီဇာတ္လမ္းတြဲကေတာ့ SBS ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး အပိုင္း(၅၂)ပိုင္း ပါဝင္ပါတယ္။ အဓိက ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Jang Nara ၊ Shin Sung Rok ၊ Choi Jin Hyuk ၊ Lee Eljiah နဲ႔ Shin Eun Kyung တို႔ အဓိက ပါဝင္ထားပါတယ္။

Doctor Prisoner (2019)
Photo via soompi

Na Yi Jae ဟာ ထူးခြၽန္တဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္ၿပီး ဆိုးလ္က နာမည္ႀကီးေဆး႐ုံတစ္ခုမွာ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ သူ႔ရဲ႕ ကုသမႈကို မွားယြင္းတယ္လို႔ စြပ္စြဲခံရၿပီး အလုပ္ျပဳတ္သြားပါေတာ့တယ္။ ဒီမွာတင္ Na Yi Jae ဟာ သူ႔ကို ဒီလိုဘဝမ်ိဳးကို တြန္းပို႔ေစခဲ့တဲ့ မတရားတဲ့ စနစ္ႀကီးကို တိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ အက်ဥ္းေထာင္တစ္ခုရဲ႕ ေဆးပညာဒါ႐ိုက္တာေနရာမွာ ဝင္ေရာက္ လုပ္ကိုင္ေနပါတယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ ရာထူးနဲ႔ ေနရာကို အသုံးျပဳၿပီး လက္စားေခ်ဖို႔အတြက္ လိုအပ္တဲ့ အဆက္အသြယ္ေတြ ရရွိလာေအာင္ ႀကိဳးစားပါေတာ့တယ္။

၂၀၁၉ခုႏွစ္မွာ KBS ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့ၿပီး အပိုင္း (၃၂)ပိုင္း ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Namgoong Min ၊ Kwon Nara ၊ Choi Won Young နဲ႔ Kim Byun Chul တို႔ အဓိက ပါဝင္ထားပါတယ္။

Taxi Driver (2021)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ မၾကာေသးခင္ကမွ ထြက္ရွိၿပီးခဲ့တာ ျဖစ္ၿပီး ပရိသတ္ေတြ တေျပာေျပာ ျဖစ္က်န္ေနခဲ့ရတဲ့ စီးရီးတစ္ခုလည္း ျဖစ္ပါတယ္။ ဒီစီးရီးဟာ ဇာတ္လမ္း၊ ဇာတ္ကြက္လည္း ခိုင္မာသလို ႐ုပ္ဆိုးတဲ့ လူ႔သဘာဝေတြကိုလည္း လွလွပပ ႐ိုက္ျပထားပါတယ္။

ဇာတ္လမ္းကေတာ့ Kim Do Gi ဟာ Rainbow တကၠစီကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ တကၠစီဒ႐ိုင္ဘာတစ္ေယာက္ ျဖစ္ပါတယ္။ သို႔ေပမယ့္ လက္ေတြ႕မွာေတာ့ အဆိုပါကုမၸဏီဟာ လက္စားေခ်မႈအတြက္ ဝန္ေဆာင္မႈေပးေနတဲ့ လုပ္ငန္းတစ္ခု ျဖစ္ေနပါတယ္။ SBS ႐ုပ္သံလိုင္းက ထုတ္လႊင့္ထားၿပီး အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။ အဓိက ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Lee Je Hoon ၊ Esom ၊ Kim Eui Sung ၊ Pyo Ye Jin နဲ႔ Cha Ji Yeon တို႔ ျဖစ္ပါတယ္။

ဒါကေတာ့ လွ်ိဳ႕ဝွက္သည္းဖို အမ်ိဳးအစား လက္စားေခ် ဒရာမာေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အလားတူ ဒရာမာေတြရွိရင္လည္း ျပန္လည္ မွ်ေဝေပးခဲ့ပါဦး။

Glasgow
RELATED ARTICLES

Most Popular