HomeCelebs Update NewsKoreaမဂၤလာလက္ဖြဲ႕ခံလိုက္ရတဲ့ Kang Daniel

မဂၤလာလက္ဖြဲ႕ခံလိုက္ရတဲ့ Kang Daniel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kang Daniel ကို ကောင်မလေးတွေ သည်းသည်းလှုပ်ပုံကတော့ တော်ရုံမဟုတ်ပါဘူး။ ဖြစ်ပုံကတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ Kang Daniel ရဲ့ တကယ့် လူအရွယ်အစားအတိုင်း ပုံထုတ်ထားတဲ့ ဓာတ်ပုံ stand တစ်ခုကို မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ခဲ့တာပါ။

Photo: @moonie/ twitter

Moonie လို့အမည်ရတဲ့ ကောင်မလေးဟာ သူမရဲ့ Twitter အကောင့်မှာ ဒီအကြောင်းကို တင်ထားတာ ဖြစ်ပါတယ်။ “ကျွန်မသူငယ်ချင်း မင်္ဂလာဆောင်သွားပြီလေ။ အဲ့ဒါကြောင့် သူ့ကို Kang Daniel တစ်ယောက် ခေါ်လာပေးလိုက်တယ်” ဆိုပြီး ပုံမှာ Caption တပ်ထားပါတယ်။

တစ်ဖက်က ကောင်မလေးကလည်း Kang Daniel ကို သိပ်မကြိုက်ရှာပါဘူး။ မင်္ဂလာအမှတ်တရ ဓာတ်ပုံမှာတောင် သတို့သားကို ပလစ်ပြီး Kang Daniel ဘက်ကိုယိမ်းကာ ပို့စ်ပေးထားတာကို တွေ့ရပါတယ်။

Photo: @moonie/ twitter

မင်္ဂလာပွဲမှာ ပုံထုတ်ထားတဲ့ Kang Daniel ရဲ့ပုံကတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ photoshoot ထဲကပုံ ဖြစ်ပါတယ်။ ဒီလိုစိတ်ကူးလေးရပြီး လက်ဖွဲ့လိုက်တဲ့အပေါ် လူအများစုကတော့ သဘောတွေကျနေကြပါတယ်။

Photo: @moonie/ twitter

စာဖတ်သူတို့လည်း Kang Daniel ကို အသည်းစွဲတဲ့ သူငယ်ချင်းတွေ လက်ထပ်သွားခဲ့ရင် ဒီလိုစိတ်ကူးလေးနဲ့ မင်္ဂလာပွဲကို ဂယက်ရိုက်သွားအောင် လက်ဆောင်ပေးလို့ ရပါတယ်နော်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Kang Daniel ကို ေကာင္မေလးေတြ သည္းသည္းလႈပ္ပုံကေတာ့ ေတာ္ရုံမဟုတ္ပါဘူး။ ျဖစ္ပုံကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕သူငယ္ခ်င္းတစ္ေယာက္ မဂၤလာေဆာင္မွာ Kang Daniel ရဲ႕ တကယ့္ လူအရြယ္အစားအတိုင္း ပုံထုတ္ထားတဲ့ ဓာတ္ပုံ stand တစ္ခုကို မဂၤလာလက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တာပါ။

Photo: @moonie/ twitter

Moonie လို႔အမည္ရတဲ့ ေကာင္မေလးဟာ သူမရဲ႕ Twitter အေကာင့္မွာ ဒီအေၾကာင္းကို တင္ထားတာ ျဖစ္ပါတယ္။ “ကၽြန္မသူငယ္ခ်င္း မဂၤလာေဆာင္သြားၿပီေလ။ အဲ့ဒါေၾကာင့္ သူ႔ကို Kang Daniel တစ္ေယာက္ ေခၚလာေပးလိုက္တယ္” ဆိုၿပီး ပုံမွာ Caption တပ္ထားပါတယ္။

တစ္ဖက္က ေကာင္မေလးကလည္း Kang Daniel ကို သိပ္မႀကိဳက္ရွာပါဘူး။ မဂၤလာအမွတ္တရ ဓာတ္ပုံမွာေတာင္ သတို႔သားကို ပလစ္ၿပီး Kang Daniel ဘက္ကိုယိမ္းကာ ပုိ႔စ္ေပးထားတာကို ေတြ႕ရပါတယ္။

Photo: @moonie/ twitter

မဂၤလာပြဲမွာ ပုံထုတ္ထားတဲ့ Kang Daniel ရဲ႕ပုံကေတာ့ ၂၀၁၉ခုႏွစ္ စက္တင္ဘာလထုတ္ Vogue မဂၢဇင္းမွာ ပါ၀င္ခဲ့တဲ့ photoshoot ထဲကပုံ ျဖစ္ပါတယ္။ ဒီလိုစိတ္ကူးေလးရၿပီး လက္ဖြဲ႕လိုက္တဲ့အေပၚ လူအမ်ားစုကေတာ့ သေဘာေတြက်ေနၾကပါတယ္။

Photo: @moonie/ twitter

စာဖတ္သူတို႔လည္း Kang Daniel ကို အသည္းစြဲတဲ့ သူငယ္ခ်င္းေတြ လက္ထပ္သြားခဲ့ရင္ ဒီလိုစိတ္ကူးေလးနဲ႔ မဂၤလာပြဲကို ဂယက္ရိုက္သြားေအာင္ လက္ေဆာင္ေပးလို႔ ရပါတယ္ေနာ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular