HomeCelebs Update NewsKoreaဆရာတစ်ယောက်ကြောင့် ဘဝသင်ခန်းစာ ရခဲ့ဖူးတဲ့ Kang Ha Neul 

ဆရာတစ်ယောက်ကြောင့် ဘဝသင်ခန်းစာ ရခဲ့ဖူးတဲ့ Kang Ha Neul 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Kang Ha Neul ဟာ ကျောင်းသားဘဝတုန်းက ထူးချွန်ခဲ့ပေမယ့် လိမ္မာရိုကျိုးတဲ့ ကျောင်းသားပုံစံမျိုး မဟုတ်ဘဲ မျက်နှာပြောင်ကာ ကျီစယ်စနောက်တတ်တဲ့ ပုံစံမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  သို့ပေမယ့် ဆရာကောင်းတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ဘဝမှာ တန်ဖိုးဖြစ်စေမယ့် သင်ခန်းစာတစ်ခုကို ရရှိခဲ့တဲ့အကြောင်း Life Bar ရှိုးကို လာရောက်လည်ပတ်တုန်းက ပြောပြခဲ့ဖူးပါတယ်။

Kang Ha Neul ဟာ အလယ်တန်းကျောင်းသားဘဝတုန်းက အတန်းပိုင်ဆရာတစ်ယောက်ကြောင့် ဘဝသင်ခန်းစာ ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်ကတော့ တစ်နေ့သား အတန်းထဲမှာ အိမ်စာထပ်ရမယ့်အချိန်မှာ Ha Neul က မျက်နှာပြောင်ခဲ့တာ ဖြစ်ပါတယ်။ “အိမ်စာဆိုတာ လုပ်နေစရာမလိုပါဘူးကွာ”ဆိုတဲ့ သဘောမျိုးနဲ့ အတန်းထဲက သူငယ်ချင်းတွေ ရယ်မောအောင် နောက်ပြောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း တစ်တန်းလုံးက ရယ်မောခဲ့ကြပေမယ့် ဆရာကတော့ သဘောမတွေ့ဘဲ ဆိတ်ငြိမ်နေခဲ့ပါတယ်။

Photo: _kanghaneul/ Instagram

အဲ့ဒီ့နေ့ အတန်းပြီးသွားတဲ့အချိန်ကျမှ ဆရာက Ha Neul ကို ခေါ်ပြီး အဲ့လိုမနောက်ပြောင်သင့်ကြောင်း ဆိုဆုံးမကာ ကော်ရစ်ဒါထွက်ပြီး ထိုင်ထလုပ်ခိုင်းခဲ့ပါတယ်။ ဒီအခါမှာလည်း Ha Neul က မျက်နှာပိုးမသတ်သေးဘဲ သူငယ်ချင်းတွေရှေ့မှာ ထပ်ပြီးမျက်နှာပြောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမှာတင် ဆရာလုပ်သူက Ha Neul ကို အသိတရား ရစေဖို့ အချက်ပေါင်းတစ်ရာ ရိုက်ပါတော့တယ်။ ရိုက်နေရင်း “မင်းကို ငါ ဂရုစိုက်လွန်းလို့ကို အချက်တစ်ရာ ရိုက်တာ …” လို့ ဆရာက ပြောပါသတဲ့။ အဲ့ဒီ့အချိန်မှာ နာကျင်တာတွေ၊ ဝမ်းနည်းတာတွေ မဟုတ်ဘဲ အသိတရားတစ်ခုက Ha Neul ရဲ့ခေါင်းထဲမှာ လင်းလက်သွားခဲ့တယ်လို့ ဆိုပါတယ်။

Photo: _kanghaneul/ Instagram

Ha Neul ဟာ ငယ်စဉ်က စီးပွားရေးအဆင်ပြေတဲ့ မိသားစုက မွေးဖွားခဲ့သူ မဟုတ်တာကြောင့် ကျောင်းသားဘဝမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမယ့် အဲ့ဒီ့ဆရာဟာ Ha Neul ရဲ့ အခက်အခဲတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီဖြေရှင်းပေးခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ha Neul ဟာ အတန်းထဲက ကျောင်းသားတွေကြားထဲမှာလည်း အတော်ဆုံးဆိုတဲ့ နေရာမှာ ရှိနေခဲ့တာကြောင့် သူ့ကိုယ်သူ သတိမထားမိပေမယ့် မောက်မာပြီး ဘဝင်မြင့်တဲ့ပုံစံ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာနဲ့ ဘဝင်မြင့်တာဟာ မတူညီတဲ့အကြောင်း ဆရာက သွန်သင်ဆုံးမခဲ့တာပါလို့ ဆိုပါတယ်။

Photo: _kanghaneul/ Instagram

ဒီမှာတင် သူ့ရဲ့မောက်မာတဲ့ စိတ်ထား၊ နောက်ပြောင်၊ ရိုင်းပျတတ်တဲ့ အပြုအမူတွေဟာ ဘဝတစ်လျှောက်လုံး အကူအညီတစ်ခုမှ ဖြစ်စေမှာ မဟုတ်ကြောင်း ရုတ်တရက် နားလည်သွားခဲ့တယ်လို့ Ha Neul က ဆိုပါတယ်။ တကယ်လို့ အဲ့ဒီ့အချိန်တုန်းကသာ ဆရာလုပ်သူက မဆုံးမပေးခဲ့ရင် Ha Neul ဟာ ပုံစံအမှားကြီးနဲ့ ဘဝကို ရှေ့ဆက်သွားနိုင်ပြီး အခုလို အောင်မြင်လာဖို့လည်း အခွင့်အရေး ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။

အဲ့ဒီ့ဆရာဟာ Ha Neul ရဲ့ အချစ်ဆုံးဆရာတွေထဲမှာ ပါဝင်ပြီး အခုအချိန်အထိ မပျော်ရွှင်ရတဲ့ အချိန်တွေနဲ့ တစ်ခုခု လွဲချော်နေပြီလို့ ခံစားရတိုင်း ဆရာ့ရဲ့ ဆုံးမစကားတွေကို ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်တယ်လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

မင္းသားေခ်ာ Kang Ha Neul ဟာ ေက်ာင္းသားဘဝတုန္းက ထူးခြၽန္ခဲ့ေပမယ့္ လိမၼာ႐ိုက်ိဳးတဲ့ ေက်ာင္းသားပုံစံမ်ိဳး မဟုတ္ဘဲ မ်က္ႏွာေျပာင္ကာ က်ီစယ္စေနာက္တတ္တဲ့ ပုံစံမ်ိဳး ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။  သို႔ေပမယ့္ ဆရာေကာင္းတစ္ေယာက္ရဲ႕ ေက်းဇူးနဲ႔ ဘဝမွာ တန္ဖိုးျဖစ္ေစမယ့္ သင္ခန္းစာတစ္ခုကို ရရွိခဲ့တဲ့အေၾကာင္း Life Bar ရႈိးကို လာေရာက္လည္ပတ္တုန္းက ေျပာျပခဲ့ဖူးပါတယ္။

Kang Ha Neul ဟာ အလယ္တန္းေက်ာင္းသားဘဝတုန္းက အတန္းပိုင္ဆရာတစ္ေယာက္ေၾကာင့္ ဘဝသင္ခန္းစာ ရရွိခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ အျဖစ္အပ်က္ကေတာ့ တစ္ေန႔သား အတန္းထဲမွာ အိမ္စာထပ္ရမယ့္အခ်ိန္မွာ Ha Neul က မ်က္ႏွာေျပာင္ခဲ့တာ ျဖစ္ပါတယ္။ “အိမ္စာဆိုတာ လုပ္ေနစရာမလိုပါဘူးကြာ”ဆိုတဲ့ သေဘာမ်ိဳးနဲ႔ အတန္းထဲက သူငယ္ခ်င္းေတြ ရယ္ေမာေအာင္ ေနာက္ေျပာင္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ ရည္႐ြယ္ခ်က္အတိုင္း တစ္တန္းလုံးက ရယ္ေမာခဲ့ၾကေပမယ့္ ဆရာကေတာ့ သေဘာမေတြ႕ဘဲ ဆိတ္ၿငိမ္ေနခဲ့ပါတယ္။

Photo: _kanghaneul/ Instagram

အဲ့ဒီ့ေန႔ အတန္းၿပီးသြားတဲ့အခ်ိန္က်မွ ဆရာက Ha Neul ကို ေခၚၿပီး အဲ့လိုမေနာက္ေျပာင္သင့္ေၾကာင္း ဆိုဆုံးမကာ ေကာ္ရစ္ဒါထြက္ၿပီး ထိုင္ထလုပ္ခိုင္းခဲ့ပါတယ္။ ဒီအခါမွာလည္း Ha Neul က မ်က္ႏွာပိုးမသတ္ေသးဘဲ သူငယ္ခ်င္းေတြေရွ႕မွာ ထပ္ၿပီးမ်က္ႏွာေျပာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီမွာတင္ ဆရာလုပ္သူက Ha Neul ကို အသိတရား ရေစဖို႔ အခ်က္ေပါင္းတစ္ရာ ႐ိုက္ပါေတာ့တယ္။ ႐ိုက္ေနရင္း “မင္းကို ငါ ဂ႐ုစိုက္လြန္းလို႔ကို အခ်က္တစ္ရာ ႐ိုက္တာ …” လို႔ ဆရာက ေျပာပါသတဲ့။ အဲ့ဒီ့အခ်ိန္မွာ နာက်င္တာေတြ၊ ဝမ္းနည္းတာေတြ မဟုတ္ဘဲ အသိတရားတစ္ခုက Ha Neul ရဲ႕ေခါင္းထဲမွာ လင္းလက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

Photo: _kanghaneul/ Instagram

Ha Neul ဟာ ငယ္စဥ္က စီးပြားေရးအဆင္ေျပတဲ့ မိသားစုက ေမြးဖြားခဲ့သူ မဟုတ္တာေၾကာင့္ ေက်ာင္းသားဘဝမွာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ဆရာဟာ Ha Neul ရဲ႕ အခက္အခဲေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ကူညီေျဖရွင္းေပးခဲ့သူလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

Ha Neul ဟာ အတန္းထဲက ေက်ာင္းသားေတြၾကားထဲမွာလည္း အေတာ္ဆုံးဆိုတဲ့ ေနရာမွာ ရွိေနခဲ့တာေၾကာင့္ သူ႔ကိုယ္သူ သတိမထားမိေပမယ့္ ေမာက္မာၿပီး ဘဝင္ျမင့္တဲ့ပုံစံ ျဖစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတာနဲ႔ ဘဝင္ျမင့္တာဟာ မတူညီတဲ့အေၾကာင္း ဆရာက သြန္သင္ဆုံးမခဲ့တာပါလို႔ ဆိုပါတယ္။

Photo: _kanghaneul/ Instagram

ဒီမွာတင္ သူ႔ရဲ႕ေမာက္မာတဲ့ စိတ္ထား၊ ေနာက္ေျပာင္၊ ႐ိုင္းပ်တတ္တဲ့ အျပဳအမူေတြဟာ ဘဝတစ္ေလွ်ာက္လုံး အကူအညီတစ္ခုမွ ျဖစ္ေစမွာ မဟုတ္ေၾကာင္း ႐ုတ္တရက္ နားလည္သြားခဲ့တယ္လို႔ Ha Neul က ဆိုပါတယ္။ တကယ္လို႔ အဲ့ဒီ့အခ်ိန္တုန္းကသာ ဆရာလုပ္သူက မဆုံးမေပးခဲ့ရင္ Ha Neul ဟာ ပုံစံအမွားႀကီးနဲ႔ ဘဝကို ေရွ႕ဆက္သြားႏိုင္ၿပီး အခုလို ေအာင္ျမင္လာဖို႔လည္း အခြင့္အေရး ရွိခဲ့မွာ မဟုတ္ဘူးလို႔ ေျပာျပခဲ့ပါတယ္။

အဲ့ဒီ့ဆရာဟာ Ha Neul ရဲ႕ အခ်စ္ဆုံးဆရာေတြထဲမွာ ပါဝင္ၿပီး အခုအခ်ိန္အထိ မေပ်ာ္႐ႊင္ရတဲ့ အခ်ိန္ေတြနဲ႔ တစ္ခုခု လြဲေခ်ာ္ေနၿပီလို႔ ခံစားရတိုင္း ဆရာ့ရဲ႕ ဆုံးမစကားေတြကို ျပန္စဥ္းစားၿပီး ကိုယ့္ကိုယ္ကို ဆင္ျခင္သုံးသပ္တယ္လို႔ ရင္ဖြင့္ခဲ့ဖူးပါတယ္။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular