HomeCelebs Update NewsKoreaလက္ထပ္ဖို႔ ျပင္ဆင္ေနၾကတယ္လို႔ သတင္းထြက္ေနတဲ့ Kim Woo Bin နဲ႔ Shin Min Ah

လက္ထပ္ဖို႔ ျပင္ဆင္ေနၾကတယ္လို႔ သတင္းထြက္ေနတဲ့ Kim Woo Bin နဲ႔ Shin Min Ah

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Channel A ရဲ႕ ရသစုံရိႈးတစ္ခုျဖစ္တဲ့ Rumor Has It အစီအစဥ္မွာ အတြင္းသတင္းတစ္ခုရဲ႕ ေဖာ္ထုတ္ခ်က္အရ သရုပ္ေဆာင္စုံတြဲတစ္တြဲျဖစ္တဲ့ မင္းသား Kim Woo Bin နဲ႔ မင္းသမီး Shin Min Ah တို႔ဟာ ၂၀၂၁ခုႏွစ္မွာ လက္ထပ္ဖို႔ ျပင္ဆင္ေနၾကတယ္လို႔ ေဖာ္ျပသြားပါတယ္။

အဆိုပါရိႈးရဲ႕ အပိုင္းတစ္ပိုင္းမွာ ငါးႏွစ္ၾကာ တြဲလာၾကတဲ့ Kim Woo Bin တို႔ ခ်စ္သူစုံတြဲအေၾကာင္းကို တင္ဆက္သူက ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။ အစီအစဥ္ တင္ဆက္သူ  Choi Jung Ah က ဦးေဆာင္တင္ဆက္ခဲ့တာျဖစ္ၿပီး အတြင္းသတင္းမ်ားအရ Kim Woo Bin နဲ႔ Shin Min Ah တို႔ ႏွစ္ေယာက္ဟာ လက္ထပ္ဖို႔ ျပင္ဆင္ေနၾကေၾကာင္း ၾကားသိရတယ္လို႔ ေျပာလိုက္တာပါ။

@shinminah_fanclub IG

“ဒီစုံတြဲနဲ႔ နီးစပ္တဲ့ အတြင္းစကားေတြအရ သူတို႔ႏွစ္ေယာက္ဟာ ၂၀၂၀မွာ လက္ထပ္ဖို႔ေတာ့ မျဖစ္ႏိုင္ေသးဘဲ အဲ့ဒီ့အစား ၂၀၂၁ခုႏွစ္မွာ လက္ထပ္ဖို႔ အစီအစဥ္ဆြဲေနၾကတယ္လို႔ ၾကားသိရပါတယ္” လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

Kim Woo Bin ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္လို႔ကေတာ့ ေနေကာင္းက်န္းမာေနၿပီး က်န္းမာေရး စစ္ေဆးကုသမႈေတြကို ဆက္တိုက္ ျပဳလုပ္ေနတယ္လို႔ သူ႔ရဲ႕ေအဂ်င္စီ Sidus HQ က လြန္ခဲ့တဲ့ ေလးလေလာက္က ေၾကျငာခ်က္ ထုတ္ထားပါတယ္။

@shinminah_fanclub IG

Kim Woo Bin နဲ႔ Shin Min Ah တို႔စုံတြဲဟာ အခက္အခဲေပါင္းစုံကို ရင္ဆိုင္ၿပီး ခ်စ္လာခဲ့ၾကတာ အခုဆိုရင္ ခ်စ္သူသက္တမ္း ငါးႏွစ္ေက်ာ္ကို ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ ႏွစ္ေယာက္ၾကားက အခ်စ္ေတြ အရင္ကအတိုင္း ခိုင္ၿမဲအားေကာင္းေနဆဲဆိုတာကိုေတာ့ မၾကာေသးခင္ကပဲ ခ်စ္သူ Kim Woo Bin က Shin Min Ah ရဲ႕ ရိုက္ကြင္းဆီကို ေကာ္ဖီထရပ္ကားတစ္စီး ပို႔ေဆာင္ေပးရင္းနဲ႔ ျပသေပးခဲ့ပါေသးတယ္။

ပရိသတ္ေတြလည္း ခ်စ္ၾကတဲ့ ဒီစုံတြဲႏွစ္ေယာက္ ေခ်ာေမြ႕ေအာင္ျမင္စြာနဲ႔ မဂၤလာပြဲကို ဆင္ႏႊဲၿပီး က်န္းမာေပ်ာ္ရႊင္စြာ ေပါင္းဖက္သြားႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

Xei

Source: koreaboo

(Unicode Version)

Channel A ရဲ့ ရသစုံရှိုးတစ်ခုဖြစ်တဲ့ Rumor Has It အစီအစဉ်မှာ အတွင်းသတင်းတစ်ခုရဲ့ ဖော်ထုတ်ချက်အရ သရုပ်ဆောင်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Kim Woo Bin နဲ့ မင်းသမီး Shin Min Ah တို့ဟာ ၂၀၂၁ခုနှစ်မှာ လက်ထပ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဖော်ပြသွားပါတယ်။

အဆိုပါရှိုးရဲ့ အပိုင်းတစ်ပိုင်းမှာ ငါးနှစ်ကြာ တွဲလာကြတဲ့ Kim Woo Bin တို့ ချစ်သူစုံတွဲအကြောင်းကို တင်ဆက်သူက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူ  Choi Jung Ah က ဦးဆောင်တင်ဆက်ခဲ့တာဖြစ်ပြီး အတွင်းသတင်းများအရ Kim Woo Bin နဲ့ Shin Min Ah တို့ နှစ်ယောက်ဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြကြောင်း ကြားသိရတယ်လို့ ပြောလိုက်တာပါ။

@shinminah_fanclub IG

“ဒီစုံတွဲနဲ့ နီးစပ်တဲ့ အတွင်းစကားတွေအရ သူတို့နှစ်ယောက်ဟာ ၂၀၂၀မှာ လက်ထပ်ဖို့တော့ မဖြစ်နိုင်သေးဘဲ အဲ့ဒီ့အစား ၂၀၂၁ခုနှစ်မှာ လက်ထပ်ဖို့ အစီအစဉ်ဆွဲနေကြတယ်လို့ ကြားသိရပါတယ်” လို့ ပြောသွားတာ ဖြစ်ပါတယ်။

Kim Woo Bin ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ နေကောင်းကျန်းမာနေပြီး ကျန်းမာရေး စစ်ဆေးကုသမှုတွေကို ဆက်တိုက် ပြုလုပ်နေတယ်လို့ သူ့ရဲ့အေဂျင်စီ Sidus HQ က လွန်ခဲ့တဲ့ လေးလလောက်က ကြေငြာချက် ထုတ်ထားပါတယ်။

@shinminah_fanclub IG

Kim Woo Bin နဲ့ Shin Min Ah တို့စုံတွဲဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး ချစ်လာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း ငါးနှစ်ကျော်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ယောက်ကြားက အချစ်တွေ အရင်ကအတိုင်း ခိုင်မြဲအားကောင်းနေဆဲဆိုတာကိုတော့ မကြာသေးခင်ကပဲ ချစ်သူ Kim Woo Bin က Shin Min Ah ရဲ့ ရိုက်ကွင်းဆီကို ကော်ဖီထရပ်ကားတစ်စီး ပို့ဆောင်ပေးရင်းနဲ့ ပြသပေးခဲ့ပါသေးတယ်။

ပရိသတ်တွေလည်း ချစ်ကြတဲ့ ဒီစုံတွဲနှစ်ယောက် ချောမွေ့အောင်မြင်စွာနဲ့ မင်္ဂလာပွဲကို ဆင်နွှဲပြီး ကျန်းမာပျော်ရွှင်စွာ ပေါင်းဖက်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Xei

Source: koreaboo

 

RELATED ARTICLES

Most Popular