HomeCelebs Update NewsKoreaIt's Okay to Not Be Okay ထဲမှာ Ko Moon Young ဝတ်ဆင်ခဲ့တဲ့ ဇိမ်ခံဖက်ရှင်များ

It’s Okay to Not Be Okay ထဲမှာ Ko Moon Young ဝတ်ဆင်ခဲ့တဲ့ ဇိမ်ခံဖက်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ It’s Okay to Not Be Okay ဆိုတဲ့ ကိုရီးယားဒရာမာဟာ လက်ရှိမှာ လူကြည့်အများဆုံး ရှိုးတွေထဲမှာ ပါဝင်နေပါတယ်။ ဇာတ်လမ်းကတော့ ကျော့ရှင်းလှပပြီး ကလေးစာပေတွေ ရေးသားတဲ့ စာရေးဆရာမ Ko Moon Young နဲ့ စိတ်ရောဂါကုဆေးရုံတစ်ခုက ပြုစုစောင့်ရှောက်သူ Moon Kang Tae တို့ကြားက အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာပါ။

ဒီဒရာမာထဲမှာ ပရိသတ်တွေ မျက်စိပသာဒ ဖြစ်ခဲ့ရတာကတော့ Ko Moon Young နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Seo Ye Ji ရဲ့ လှပကျော့ရှင်းလွန်းတဲ့ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်မှုတွေပဲ ဖြစ်ပါတယ်။ classic ဆန်ပြီး တင့်တယ်လှပလွန်းတဲ့ ဖက်ရှင်တွေကို ရွေးချယ်ဆင်မြန်းထားတဲ့ Ko Moon Young ရဲ့ဖက်ရှင်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်မယ်ဆိုရင်တော့ ကမ္ဘာကျော် ဇိမ်ခံအမှတ်တံဆိပ် brand တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သူမ ဆင်မြန်းခဲ့တဲ့ ဖက်ရှင်တွေထဲက အထင်ရှားဆုံး ဖြစ်စေခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Photo: tvN

Ko Moon Young ဝတ်ဆင်ခဲ့တဲ့ ပွင့်ရိုက်ဒီဇိုင်းနဲ့ dress အတိုလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီ့ dress လေးဟာ Magda Butrym ဆိုတဲ့ ဇိမ်ခံ brand တစ်ခုက ထုတ်လုပ်ထားတာဖြစ်ပြီး ဒေါ်လာ(၁၂၀၀)ဝန်းကျင်မှာ ရှိပါတယ်။ သူမဟာ ဒီ brand က dress တော်တော်များများကို ဇာတ်လမ်းထဲမှာ မကြာခဏ ဝတ်ဆင်ခဲ့ပါတယ်။

Photo: tvN

Moon Kang Tae က Ko Moon Young ရဲ့ မောက်မာမှုတွေကို အရှိအတိုင်း လက်ခံပေးလိုက်တဲ့ အခန်းမှာ သူမ ဝတ်ဆင်ထားတဲ့ အဖြူရောင် crochet dress လေးကတော့ Zimmerman ဆိုတဲ့ brand ဖြစ်ပါတယ်။ အဲ့ဒီ့ဝတ်စုံရဲ့ တန်ဖိုးကတော့ အကြမ်းဖျင်း ဒေါ်လာ(၁၀၀၀)ပတ်ဝန်းကျင်မှာ ရှိပါတယ်။ အဲ့ဒီ့အခန်းမှာ သူမရဲ့ရိုးရှင်းတဲ့ အဖြူရောင်ဖက်ရှင်ကို ထင်းခနဲ လှပသွားစေဖို့ ဆင်မြန်းထားတဲ့ နားကွင်းအကြီးကြီးတွေကတော့ Cartier brand က ဖြစ်ပါတယ်။ သူမ ဆင်မြန်းထားတာကတော့ Cartier ရဲ့ Clash de Cartier collection ထဲကဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ(၇၀၀၀)ကနေ (၁၀,၀၀၀)ဝန်းကျင်မှာ ရှိပါတယ်။

Photo: tvN

Ko Moon Young ရဲ့ ကျော့ရှင်းပြီး လှပတင့်တယ်နေမှုကတော့ သူမရဲ့ညအိပ်ဝတ်စုံကတောင်မှ သာမန်လူတွေရဲ့ အဝတ်အစားတွေထက် ပိုပြီးလှပဝံ့ကြွားနေတာပါပဲ။ အပိုင်း(၆)မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ညအိပ်အဖြူရောင်ဂါဝန်လေးဟာ Isabel Marant Etoile ဆိုတဲ့ brand က ဖြစ်ပြီး Justine Ruffled Maxi လို့အမည်ပေးထားတဲ့ dress လေး ဖြစ်ပါတယ်။ ချည်သားပွပွချောင်ချောင်လေးနဲ့ လွင့်ချင်တိုင်းလွင့်၊ လှချင်တိုင်းလှနေအောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီ dress လေးရဲ့ တန်ဖိုးကတော့ ဒေါ်လာ(၆၀၀)ကျော် ရှိပါတယ်။

Photo: tvN

သူမ ရေးသားတဲ့ နတ်သမီးပုံပြင်တွေထဲက နတ်သမီးတစ်ပါးလိုပဲ သူမရဲ့ခြေလှမ်းတွေကို အဆိပ်ပြင်းတဲ့ နှင်းဆီပန်းလေးတစ်ပွင့်လို ကြွရွလှပစေခဲ့တာကတော့ အပိုင်း(၂)မှာ သူမ ဝတ်ဆင်ခဲ့တဲ့ အနီရောင် Pump Heel တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ဒေါက်မြင့်ဖိနပ်လေးဟာ နာမည်ကျော် PRADA brand က ဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ(၇၀၀)ကျော်ဝန်းကျင်မှာ ရှိပါတယ်။ အဲ့ဒီ့အခန်းမှာ သူမ ဝတ်ဆင်ထားတဲ့ dress လေးကတော့ Dior couture က ဖြစ်ပါတယ်။

မင်းသမီးလေး Seo Ye Ji ဟာ Ko Moon Young ရဲ့ဇာတ်ရုပ်မှာ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တာရော၊ သူမ ဆင်မြန်းခဲ့တဲ့ ကြွေလောက်စရာ ဖက်ရှင်ဒီဇိုင်း ရွေးချယ်မှုတွေကြောင့်ပါ ပရိသတ်ရဲ့ အာရုံစိုက်မှုနဲ့ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိနေပါတယ်လို့ ဆိုလိုက်ရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Netflix ရဲ႕ It’s Okay to Not Be Okay ဆိုတဲ့ ကိုရီးယားဒရာမာဟာ လက္ရွိမွာ လူၾကည့္အမ်ားဆုံး ရႈိးေတြထဲမွာ ပါဝင္ေနပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာ့ရွင္းလွပၿပီး ကေလးစာေပေတြ ေရးသားတဲ့ စာေရးဆရာမ Ko Moon Young နဲ႔ စိတ္ေရာဂါကုေဆး႐ုံတစ္ခုက ျပဳစုေစာင့္ေရွာက္သူ Moon Kang Tae တို႔ၾကားက အခ်စ္ဇာတ္လမ္းကို ႐ိုက္ကူးပုံေဖာ္ထားတာပါ။

ဒီဒရာမာထဲမွာ ပရိသတ္ေတြ မ်က္စိပသာဒ ျဖစ္ခဲ့ရတာကေတာ့ Ko Moon Young ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးေလး Seo Ye Ji ရဲ႕ လွပေက်ာ့ရွင္းလြန္းတဲ့ ဖက္ရွင္နဲ႔ ဝတ္စားဆင္ယင္မႈေတြပဲ ျဖစ္ပါတယ္။ classic ဆန္ၿပီး တင့္တယ္လွပလြန္းတဲ့ ဖက္ရွင္ေတြကို ေ႐ြးခ်ယ္ဆင္ျမန္းထားတဲ့ Ko Moon Young ရဲ႕ဖက္ရွင္ေတြကို အေသးစိတ္ ခြဲျခမ္းစိတ္ျဖာၾကည့္လိုက္မယ္ဆိုရင္ေတာ့ ကမာၻေက်ာ္ ဇိမ္ခံအမွတ္တံဆိပ္ brand ေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ သူမ ဆင္ျမန္းခဲ့တဲ့ ဖက္ရွင္ေတြထဲက အထင္ရွားဆုံး ျဖစ္ေစခဲ့တဲ့ ဖက္ရွင္ဒီဇိုင္းေတြကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

Photo: tvN

Ko Moon Young ဝတ္ဆင္ခဲ့တဲ့ ပြင့္႐ိုက္ဒီဇိုင္းနဲ႔ dress အတိုေလးကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီ့ dress ေလးဟာ Magda Butrym ဆိုတဲ့ ဇိမ္ခံ brand တစ္ခုက ထုတ္လုပ္ထားတာျဖစ္ၿပီး ေဒၚလာ(၁၂၀၀)ဝန္းက်င္မွာ ရွိပါတယ္။ သူမဟာ ဒီ brand က dress ေတာ္ေတာ္မ်ားမ်ားကို ဇာတ္လမ္းထဲမွာ မၾကာခဏ ဝတ္ဆင္ခဲ့ပါတယ္။

Photo: tvN

Moon Kang Tae က Ko Moon Young ရဲ႕ ေမာက္မာမႈေတြကို အရွိအတိုင္း လက္ခံေပးလိုက္တဲ့ အခန္းမွာ သူမ ဝတ္ဆင္ထားတဲ့ အျဖဴေရာင္ crochet dress ေလးကေတာ့ Zimmerman ဆိုတဲ့ brand ျဖစ္ပါတယ္။ အဲ့ဒီ့ဝတ္စုံရဲ႕ တန္ဖိုးကေတာ့ အၾကမ္းဖ်င္း ေဒၚလာ(၁၀၀၀)ပတ္ဝန္းက်င္မွာ ရွိပါတယ္။ အဲ့ဒီ့အခန္းမွာ သူမရဲ႕႐ိုးရွင္းတဲ့ အျဖဴေရာင္ဖက္ရွင္ကို ထင္းခနဲ လွပသြားေစဖို႔ ဆင္ျမန္းထားတဲ့ နားကြင္းအႀကီးႀကီးေတြကေတာ့ Cartier brand က ျဖစ္ပါတယ္။ သူမ ဆင္ျမန္းထားတာကေတာ့ Cartier ရဲ႕ Clash de Cartier collection ထဲကျဖစ္ၿပီး တန္ဖိုးကေတာ့ ေဒၚလာ(၇၀၀၀)ကေန (၁၀,၀၀၀)ဝန္းက်င္မွာ ရွိပါတယ္။

Photo: tvN

Ko Moon Young ရဲ႕ ေက်ာ့ရွင္းၿပီး လွပတင့္တယ္ေနမႈကေတာ့ သူမရဲ႕ညအိပ္ဝတ္စုံကေတာင္မွ သာမန္လူေတြရဲ႕ အဝတ္အစားေတြထက္ ပိုၿပီးလွပဝံ့ႂကြားေနတာပါပဲ။ အပိုင္း(၆)မွာ ပါဝင္ခဲ့တဲ့ သူမရဲ႕ညအိပ္အျဖဴေရာင္ဂါဝန္ေလးဟာ Isabel Marant Etoile ဆိုတဲ့ brand က ျဖစ္ၿပီး Justine Ruffled Maxi လို႔အမည္ေပးထားတဲ့ dress ေလး ျဖစ္ပါတယ္။ ခ်ည္သားပြပြေခ်ာင္ေခ်ာင္ေလးနဲ႔ လြင့္ခ်င္တိုင္းလြင့္၊ လွခ်င္တိုင္းလွေနေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဒီ dress ေလးရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ(၆၀၀)ေက်ာ္ ရွိပါတယ္။

Photo: tvN

သူမ ေရးသားတဲ့ နတ္သမီးပုံျပင္ေတြထဲက နတ္သမီးတစ္ပါးလိုပဲ သူမရဲ႕ေျခလွမ္းေတြကို အဆိပ္ျပင္းတဲ့ ႏွင္းဆီပန္းေလးတစ္ပြင့္လို ႂကြ႐ြလွပေစခဲ့တာကေတာ့ အပိုင္း(၂)မွာ သူမ ဝတ္ဆင္ခဲ့တဲ့ အနီေရာင္ Pump Heel ေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီ့ေဒါက္ျမင့္ဖိနပ္ေလးဟာ နာမည္ေက်ာ္ PRADA brand က ျဖစ္ၿပီး တန္ဖိုးကေတာ့ ေဒၚလာ(၇၀၀)ေက်ာ္ဝန္းက်င္မွာ ရွိပါတယ္။ အဲ့ဒီ့အခန္းမွာ သူမ ဝတ္ဆင္ထားတဲ့ dress ေလးကေတာ့ Dior couture က ျဖစ္ပါတယ္။

မင္းသမီးေလး Seo Ye Ji ဟာ Ko Moon Young ရဲ႕ဇာတ္႐ုပ္မွာ အံဝင္ခြင္က်ျဖစ္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တာေရာ၊ သူမ ဆင္ျမန္းခဲ့တဲ့ ေႂကြေလာက္စရာ ဖက္ရွင္ဒီဇိုင္း ေ႐ြးခ်ယ္မႈေတြေၾကာင့္ပါ ပရိသတ္ရဲ႕ အာ႐ုံစိုက္မႈနဲ႔ ခ်စ္ခင္အားေပးမႈကို တခဲနက္ ရရွိေနပါတယ္လို႔ ဆိုလိုက္ရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular