HomeCelebs Update NewsKoreaအသက်ကြီးလာလေ ပိုလှပြီး ဆွဲဆောင်မှုရှိလာတဲ့ ကိုရီးယားဆယ်လီများ

အသက်ကြီးလာလေ ပိုလှပြီး ဆွဲဆောင်မှုရှိလာတဲ့ ကိုရီးယားဆယ်လီများ

ကိုရီးယားဖျော်ဖြေရေးလောကမှာတော့ ဆယ်လီအများစုဟာ ရုပ်ရည်ကို နုပျိုနေအောင် ထိန်းသိမ်းထားနိုင်ကြတယ်ဆိုတာ လူအများစု သိထားကြပြီးသားပါ။ အထူးသဖြင့် သရုပ်ဆောင် မင်းသား၊မင်းသမီးတွေဟာ နှစ်ပေါင်းများစွာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ ရိုက်ကူးလာခဲ့ကြတာမို့ သူတို့တွေကို ကြည့်နေကြတဲ့ ပရိသတ်တွေက အချိန်တွေ ကြာလာတာနဲ့အမျှ ရုပ်ရင့်လာလား၊ နုနေလားဆိုတာ ပိုပြီးသိကြပါတယ်။ ကြီးလေ၊ လှလေ ဒေါင်းမျိုးလို့ တင်စားရလောက်အောင်ပဲ အချိန်ဆယ်နှစ်လောက် ကြာသွားပြီတာတောင် ရုပ်ရင့်မသွားဘဲ နုပျိုမြဲ၊ လှပမြဲ ဖြစ်နေတဲ့ ကိုရီးယားဆယ်လီတွေကတော့ …

(1) Lee Min Jung
Photo: leeminjung-wordpress/ 216jung/ Instagram

မင်းသမီး Lee Min Jung ကတော့ မြန်မာပရိသတ်တွေကြားမှာ F4 လို့ လူသိများတဲ့ Boys Over Flower ဇာတ်လမ်းတွဲထဲမှာ ဇာတ်ပို့ဇာတ်ရန်အနေနဲ့ ပါဝင်ခဲ့သူပါ။ အဲ့ဒီ့ဇာတ်လမ်းတွဲထဲက သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်ပဲ ကိုရီးယားပြည်တွင်းမှာ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံး ပါဝင်ခဲ့ရတဲ့ ဒရာမာကတော့ Smile, You ဆိုတဲ့ ဒရာမာ ဖြစ်ပါတယ်။ သူမ ပါဝင်ထားတဲ့ နောက်ဆုံးထွက် ဇာတ်လမ်းတွဲကတော့ ၂၀၂၀ခုနှစ် မတ်လမှာ စတင်ထုတ်လွှင့်ပြသနေတဲ့ Once Again ဆိုတဲ့ မိသားစုဒရာမာ ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ (၃၈)နှစ်ရှိနေပါပြီ။ ဒါပေမယ့် ရုပ်ကိုကြည့်လိုက်ရင်တော့ နှစ်ဆယ်ကျော် ကောင်မလေးတစ်ယောက်လိုပဲ နုနယ်လှပနေဆဲ ဖြစ်ပါတယ်။

(2) So Ji Sub
Photo Credit: koreaboo

မင်းသား So Ji Sub ကတော့ Oh My Venus ဆိုတဲ့ စီးရီးလေးနဲ့ မြန်မာပရိသတ်ကြားမှာ လူသိများပါတယ်။ ၁၉၇၇ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့မှာ မွေးဖွားသူမို့ အသက်(၄၂)နှစ် ရှိပြီဖြစ်ပေမယ့် သရုပ်ဆောင်လောကထဲ ဝင်ကာစအချိန်က ပုံလေးကို ကြည့်လိုက်မယ်ဆိုရင်တော့ အများကြီး အရွယ်တင်ပြီး နုနေတာကို တွေ့ရမှာပါ။

(3) Ji Sung
Photo: wikipedia/ justin_jisung/ Instagram

ဒရာမာလောကထဲမှာ နှစ်ပေါင်းများစွာ တွေ့လာခဲ့ရတဲ့ မင်းသားချော Ji Sung ဟာလည်း အချိန်တွေ ကြာလာပေမယ့် ပိုပြီးတော့တောင် ရုပ်နုပြီး ချောခန့်လာပါသေးတယ်။ Ji Sung ကိုတော့ ၁၉၉၀နှောင်းပိုင်းတွေနဲ့ ၂၀၀၀ခုနှစ် ပတ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဒရာမာတွေနဲ့ မြန်မာပရိသတ်တွေ ရင်းနှီးခဲ့ကြတာပါ။ ၁၉၇၇ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အခုဆိုရင် အသက်က(၄၃)နှစ် ရှိပါပြီ။

(4) Kim Hee Sun
Photo: nautiljon/ lovely.katie.k/ Instagram

မင်းသမီးချော Kim Hee Sun ကတော့ ပြည်တွင်းမှာ ကိုရီးယားဇာတ်လမ်းတွဲတွေ စပြီးလူကြိုက်များလာတဲ့ ဒရာမာခေတ်ဦးထဲက မင်းသမီးတစ်လက် ဖြစ်ပါတယ်။ Goodbye My Love ၊ Smile Again စတဲ့ စီးရီးတွေနဲ့ ပြည်တွင်းမှာ လူကြိုက်များ၊ အားပေးခံခဲ့ရတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ် ဇွန်လ(၁၁)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အသက်(၄၃)နှစ် ရှိပြီဖြစ်ပေမယ့် မြီးကောင်ပေါက်ရွယ် ကောင်မလေးတစ်ယောက်လိုပဲ ပျိုမျစ်နုနယ် လှပနေဆဲ ဖြစ်ပါတယ်။

(5) Rain
Photo: koreaboo/ rain_oppa/ Instagram

Rain ကတော့ လူတိုင်းနီးပါး ကြည့်ခဲ့ကြဖူးတဲ့ ချစ်စံအိမ်ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကထဲမှာ နာမည်ရခဲ့သူ ဖြစ်သလို တစ်ဖက်မှာလည်း နာမည်ကျော်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်လို့ အသက်ကတော့ (၃၇)နှစ် ရှိနေပါပြီ။

(6) Lee Min Ho
Photo Credit: spcnet/ mydramalist

F4 ဇာတ်လမ်းတွဲကစလို့ Lee Min Ho ကို သည်းသည်းလှုပ် အားပေးလာခဲ့ကြတာဟာ အခုဆိုရင် (၁၁)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသားချောရဲ့ ရုပ်သွင်ကို ကြည့်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်၊ ဆယ့်တစ်နှစ်တုန်းကလိုပဲ ချောဆဲ၊ ဆွဲဆောင်မှုရှိနေဆဲပဲ ဖြစ်ပါတယ်။ Lee Min Ho ဟာ ၁၉၈၇ခုနှစ် ဇွန်လ(၂၂)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၂)နှစ် ရှိနေပါပြီ။

(7) Song Hye Kyo
Photo: zivar kashini/ kyo1122/ Instagram

မြန်မာပရိသတ်ကြားမှာ အွန်စောလို့ လူသိများတဲ့ မင်းသမီးချော Song Hye Kyo ကတော့ မိန်းကလေးတွေ အားကျရလောက်တဲ့ နုနယ်ပျိုမျစ်မှုနဲ့ လှပတင့်တယ်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒရာမာခေတ်ဦးတည်းက ပရိသတ်အချစ်တော် ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိလည်း တစ်ခဲနက် အားပေးခံနေရဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၈)နှစ် ရှိနေပါပြီ။

(8) Jang Nara
Photo: twitter/ nara0318/ Instagram

ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အပြုံးနဲ့ မင်းသမီးချော Jang Nara ကလည်း မအိုဆေး ဆောင်ထားသလားလို့တောင် ထင်ရသူ ဖြစ်ပါတယ်။ သူမဟာ အဆိုတော်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပြီး ပြည်တွင်းမှာတော့ My Love Patzzi ဆိုတဲ့ ဇာတ်လမ်းတွဲလေးကစလို့ အခြားသော ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မတ်လ(၁၈)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၉)နှစ် ရှိနေပါပြီ။

(9) Hyun Bin
Photo: koreaboo/ withhyunbin/ Instagram

မင်းသားချော Hyun Bin ဟာဆိုရင်တော့ My Lovely Sam Soon ၊ Secret Garden စတဲ့ ဇာတ်လမ်းတွဲတွေကစပြီး မကြာသေးခင်ကမှ အုန်းအုန်းကျွတ် နာမည်ကြီးထားတဲ့ Crash Landing On You အထိ နှစ်ပေါင်းများစွာ ပရိသတ်ကို ဆွဲဆောင်ထားနိုင်သူ ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၃၇)နှစ် ရှိပြီဖြစ်ပေမယ့် နုပျိုဖျတ်လတ်ပြီး ချောမောခန့်ငြားနေဆဲ ဖြစ်ပါတယ်။

(10) Jun Ji Hyun
Photo: junjihyun_81/ Instagram

မင်းသမီးချော Jun Ji Hyun ကတော့ My Sassy Girl ဆိုတဲ့ ဟာသရုပ်ရှင်နဲ့ ပြည်တွင်းမှာ လူသိများလာသူဖြစ်ပြီး အဲ့ဒီ့နောက်ပိုင်းမှာလည်း နာမည်ကြီးဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၃၈)နှစ် ရှိပြီဖြစ်ပေမယ့် ဆယ်ကျော်သက်လေးတစ်ယောက်လိုပဲ နုနယ်လှပပြီး ဆွဲဆောင်မှုအပြည့် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်၊ ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်တည်းကနေ ယနေ့အချိန်အထိ အောင်မြင်ကျော်ကြားနေဆဲ ဖြစ်ပေမယ့် အသက်ကြီးလာလေ၊ ပိုပြီးချော၊ ပိုပြီးခန့်လေ ဖြစ်လာတဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဘယ်တစ်ယောက်ကို အသည်းစွဲ ကြိုက်နှစ်သက်လည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina
RELATED ARTICLES

Most Popular