HomeCelebs Update NewsKoreaစစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ကိုရီးယားဆယ်လီများ 

စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ကိုရီးယားဆယ်လီများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားနိုင်ငံဟာ အားလုံးသိကြတဲ့အတိုင်းပဲ သန်စွမ်းကျန်းမာပြီး အချက်အလက်နဲ့ ကိုက်ညီတဲ့ နိုင်ငံသားအမျိုးသားအားလုံးဟာ စစ်မှုထမ်းတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ကြရပါတယ်။ ဒါဟာ နာမည်ကျော်အမျိုးသားတွေအတွက်လည်း ကင်းလွတ်ခွင့်မရှိဘဲ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်တစ်ရပ် ဖြစ်ပါတယ်။ သို့ပေမယ့် အချို့သော အခြေအနေတွေမှာတော့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်စရာ မလိုဘဲ အရပ်ဘက်မှာပဲ ပြည်သူ့ဝန်ထမ်းပုံစံနဲ့ တာဝန်ထမ်းရတာမျိုး ရှိသလို ခြွင်းချက်အနေနဲ့ စစ်မှုထမ်းတာဝန်က လုံးဝကင်းလွတ်ခွင့် ရခဲ့သူတွေလည်း ရှိပါတယ်။ နာမည်ကျော်တွေထဲက စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့် ရခဲ့သူတွေကတော့ …

Seo In Guk
Photo: seo_cccc/ Instagram

အဆိုတော်၊ သရုပ်ဆောင် Seo In Guk ဟာ မူလကတော့ ၂၀၁၇ခုနှစ် မတ်လမှာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့ပါတယ်။ သို့ပေမယ့် တာဝန်ထမ်းဆောင်တဲ့ လေးရက်မြောက်နေ့မှာပဲ ခြေကျင်းဝတ်မှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားတာကြောင့် တာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ အဆိုပါဒဏ်ရာဟာ ခြေကျင်းဝတ်က အဆစ်နေရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတာကြောင့် ကျန်းမာရေးသတ်မှတ်ချက် အဆင့်(၅)အနေနဲ့ တာဝန်က ကင်းလွတ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Yoo Ah In
Photo: hongsick/ Instagram

Yoo Ah In ကတော့ bone tumor ကြောင့် စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့တာပါ။ သူဟာ ကျန်းမာရေး စစ်ဆေးမှုများစွာ ပြုလုပ်ပြီးမှ စစ်မှုထမ်းရန် မကြံ့ခိုင်ဘူးဆိုတဲ့ သတ်မှတ်ချက်နဲ့ ကင်းလွတ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Kim Woo Bin
Photo: kimwoob1607/ Instagram

မင်းသား Kim Woo Bin ကတော့ ၂၀၁၇ခုနှစ်မှာ အသက်ရှူလမ်းကြောင်းမှာ ကင်ဆာရောဂါ ခံစားခဲ့ရပါတယ်။ ကင်ဆာဆိုတာဟာ အကြီးစားကျန်းမာရေး ပြဿနာဖြစ်တဲ့အတွက် စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Jo Jung Suk
Photo: jojungsuk/ Instagram

မင်းသား Jo Jung Suk ကတော့ အခြားသူတွေလို ကျန်းမာရေး ပြဿနာကြောင့် မဟုတ်ဘဲ ငွေရေးကြေးရေး ပြဿနာတွေကြောင့် စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့တာပါ။ Jo Jung Suk ရဲ့ ဖခင်ဖြစ်သူဟာ ၂၀၀၀ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူဟာ အမေနဲ့နှစ်ယောက်တည်း ကြပ်တည်းစွာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မိခင်ဖြစ်သူကို ရှာဖွေကျွေးမွေးဖို့ စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့်ကို လျှောက်ထားခဲ့တာပါ။ အဲ့ဒီအတောအတွင်းမှာ သူဟာ ကျောင်းကလည်း ထွက်ခဲ့ရပြီး သူဝါသနာပါတဲ့ ဂီတအလုပ်နဲ့ ငွေကြေးရှာဖွေကာ မိခင်ကို လုပ်ကျွေးခဲ့သူ ဖြစ်ပါတယ်။

NCT အဖွဲ့က Ten
Photo: tenlee_1001/ Instagram

Ten ဟာ ကိုရီးယားနိုင်ငံသား မဟုတ်ဘဲ ထိုင်းနိုင်ငံသားတစ်ယောက် ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာလည်း မဲနှိုက်ပြီး စစ်မှုထမ်းရတဲ့ ဓလေ့ရှိပါတယ်။ Ten ဟာ ဒူးခေါင်းကိုက်ခဲတဲ့ ဝေဒနာကို အမြဲလိုလို ခံစားခဲ့ရပြီး ၂၀၁၇ခုနှစ်မှာတော့ ခွဲစိတ်မှုပါ ပြုလုပ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူဟာ စစ်မှုထမ်းရမယ့် တာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။

Eun Ji Won
Photo: 1_kyne_g1/ Instagram

Eun Ji Won ကတော့ ပညာရေးကြောင့် ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ သူဟာ အလယ်တန်းကျောင်းသားအရွယ်မှာ ကိုရီးယားကနေ ထွက်ခွာပြီး အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီမှာ ‌ကျောင်းသွားတက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုရီးယားကို ပြန်လာတဲ့အခါမှာတော့ Kent Foreigner School မှာ ရွှေ့ပြောင်းကျောင်းသားအနေနဲ့ တက်ခွင့်ရခဲ့ပါတယ်။ သို့ပေမယ့် ပညာအရည်အချင်းမှာတော့ ကိုရီးယားက ထွက်ခွာတုန်းက အလယ်တန်းကျောင်းသားအဆင့်အထိပဲ အသိအမှတ်ပြုခံရတာကြောင့် ပညာရည်အဆင့်မမီဘူးဆိုတဲ့ မှတ်ချက်နဲ့ စစ်မှုမထမ်းရတော့တာ ဖြစ်ပါတယ်။

Son Heung Min
Photo: hm_son7/ Instagram

Son Heung Min ကတော့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုကြောင့် စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ၂၀၁၈ခုနှစ် အာရှအားကစားပြိုင်ပွဲမှာ ကိုရီးယားအမျိုးသား ဘောလုံးအသင်းဟာ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး Son Heung Min ဟာလည်း အသင်းထဲမှာ ပါဝင်ကစားခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းတွေအရ နိုင်ငံအတွက် ရွှေတံဆိပ်ဆု ယူပေးနိုင်တဲ့ အားကစားသမားတွေဟာ စစ်မှုထမ်းတာဝန်က ကင်းလွတ်ခွင့်ရကြတာကြောင့် Son Heung Min ဟာလည်း ဒီအခွင့်အရေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

GOT7 အဖွဲ့ BamBam
Photo: bambam1a/ Instagram

GOT7 အဖွဲ့က BamBam ဟာလည်း စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ BamBam ဟာ ထိုင်းနိုင်ငံသား ဖြစ်တဲ့အတွက် အမိနိုင်ငံကိုပြန်ကာ စစ်မှုထမ်းရမယ့် အဆုံးအဖြတ်ကို သွားရောက်ခံယူခဲ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းကတော့ လူတိုင်းဟာ မဲနှိုက်ပြီး အဆုံးအဖြတ် ခံယူရတာ ဖြစ်ပါတယ်။ အနီရောင်ကဒ်ကို နှိုက်မိရင် နှစ်နှစ်တာ စစ်မှုထမ်းရမှာဖြစ်ပြီး အနက်ရောင်ကဒ်ကို နှိုက်မိရင်တော့ စစ်မှုထမ်းစရာ မလိုပါဘူး။ ဒါ့အပြင် လစ်လပ်နေတဲ့ တပ်သားအရေအတွက်နေရာမှာ လုပ်အားပေးမယ့်သူ လိုအပ်နေမှသာ မဲနှိုက်ပြီး အဆုံးအဖြတ် ခံယူရတာ ဖြစ်ပါတယ်။ BamBam ကတော့ လုပ်အားပေးမယ့်သူတွေက လိုနေတဲ့ တပ်သားနေရာမှာ ပြည့်သွားတာကြောင့် မဲနှိုက်စရာတောင် မလိုတော့ဘဲ တာဝန်ကနေ ကင်းလွတ်ခွင့် ရသွားတာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားႏိုင္ငံဟာ အားလုံးသိၾကတဲ့အတိုင္းပဲ သန္စြမ္းက်န္းမာၿပီး အခ်က္အလက္နဲ႔ ကိုက္ညီတဲ့ ႏိုင္ငံသားအမ်ိဳးသားအားလုံးဟာ စစ္မႈထမ္းတာဝန္ကို မျဖစ္မေန ထမ္းေဆာင္ၾကရပါတယ္။ ဒါဟာ နာမည္ေက်ာ္အမ်ိဳးသားေတြအတြက္လည္း ကင္းလြတ္ခြင့္မရွိဘဲ မျဖစ္မေန ထမ္းေဆာင္ရမယ့္ တာဝန္တစ္ရပ္ ျဖစ္ပါတယ္။ သို႔ေပမယ့္ အခ်ိဳ႕ေသာ အေျခအေနေတြမွာေတာ့ စစ္တပ္ထဲမွာ တာဝန္ထမ္းေဆာင္စရာ မလိုဘဲ အရပ္ဘက္မွာပဲ ျပည္သူ႔ဝန္ထမ္းပုံစံနဲ႔ တာဝန္ထမ္းရတာမ်ိဳး ရွိသလို ႁခြင္းခ်က္အေနနဲ႔ စစ္မႈထမ္းတာဝန္က လုံးဝကင္းလြတ္ခြင့္ ရခဲ့သူေတြလည္း ရွိပါတယ္။ နာမည္ေက်ာ္ေတြထဲက စစ္မႈထမ္းတာဝန္ ကင္းလြတ္ခြင့္ ရခဲ့သူေတြကေတာ့ …

Seo In Guk
Photo: seo_cccc/ Instagram

အဆိုေတာ္၊ သ႐ုပ္ေဆာင္ Seo In Guk ဟာ မူလကေတာ့ ၂၀၁၇ခုႏွစ္ မတ္လမွာ စစ္မႈထမ္းတာဝန္ စတင္ထမ္းေဆာင္ခဲ့ပါတယ္။ သို႔ေပမယ့္ တာဝန္ထမ္းေဆာင္တဲ့ ေလးရက္ေျမာက္ေန႔မွာပဲ ေျခက်င္းဝတ္မွာ ျပင္းထန္တဲ့ ဒဏ္ရာရရွိသြားတာေၾကာင့္ တာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့ပါတယ္။ အဆိုပါဒဏ္ရာဟာ ေျခက်င္းဝတ္က အဆစ္ေနရာမွာ ျပင္းျပင္းထန္ထန္ ထိခိုက္မိသြားတာေၾကာင့္ က်န္းမာေရးသတ္မွတ္ခ်က္ အဆင့္(၅)အေနနဲ႔ တာဝန္က ကင္းလြတ္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

Yoo Ah In
Photo: hongsick/ Instagram

Yoo Ah In ကေတာ့ bone tumor ေၾကာင့္ စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့တာပါ။ သူဟာ က်န္းမာေရး စစ္ေဆးမႈမ်ားစြာ ျပဳလုပ္ၿပီးမွ စစ္မႈထမ္းရန္ မႀကံ့ခိုင္ဘူးဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ ကင္းလြတ္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

Kim Woo Bin
Photo: kimwoob1607/ Instagram

မင္းသား Kim Woo Bin ကေတာ့ ၂၀၁၇ခုႏွစ္မွာ အသက္ရႉလမ္းေၾကာင္းမွာ ကင္ဆာေရာဂါ ခံစားခဲ့ရပါတယ္။ ကင္ဆာဆိုတာဟာ အႀကီးစားက်န္းမာေရး ျပႆနာျဖစ္တဲ့အတြက္ စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

Jo Jung Suk
Photo: jojungsuk/ Instagram

မင္းသား Jo Jung Suk ကေတာ့ အျခားသူေတြလို က်န္းမာေရး ျပႆနာေၾကာင့္ မဟုတ္ဘဲ ေငြေရးေၾကးေရး ျပႆနာေတြေၾကာင့္ စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့တာပါ။ Jo Jung Suk ရဲ႕ ဖခင္ျဖစ္သူဟာ ၂၀၀၀ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီး သူဟာ အေမနဲ႔ႏွစ္ေယာက္တည္း ၾကပ္တည္းစြာ က်န္ရစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း မိခင္ျဖစ္သူကို ရွာေဖြေကြၽးေမြးဖို႔ စစ္မႈထမ္းတာဝန္ ကင္းလြတ္ခြင့္ကို ေလွ်ာက္ထားခဲ့တာပါ။ အဲ့ဒီအေတာအတြင္းမွာ သူဟာ ေက်ာင္းကလည္း ထြက္ခဲ့ရၿပီး သူဝါသနာပါတဲ့ ဂီတအလုပ္နဲ႔ ေငြေၾကးရွာေဖြကာ မိခင္ကို လုပ္ေကြၽးခဲ့သူ ျဖစ္ပါတယ္။

NCT အဖြဲ႕က Ten
Photo: tenlee_1001/ Instagram

Ten ဟာ ကိုရီးယားႏိုင္ငံသား မဟုတ္ဘဲ ထိုင္းႏိုင္ငံသားတစ္ေယာက္ ျဖစ္ေပမယ့္ ထိုင္းႏိုင္ငံမွာလည္း မဲႏႈိက္ၿပီး စစ္မႈထမ္းရတဲ့ ဓေလ့ရွိပါတယ္။ Ten ဟာ ဒူးေခါင္းကိုက္ခဲတဲ့ ေဝဒနာကို အၿမဲလိုလို ခံစားခဲ့ရၿပီး ၂၀၁၇ခုႏွစ္မွာေတာ့ ခြဲစိတ္မႈပါ ျပဳလုပ္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း သူဟာ စစ္မႈထမ္းရမယ့္ တာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့ပါတယ္။

Eun Ji Won
Photo: 1_kyne_g1/ Instagram

Eun Ji Won ကေတာ့ ပညာေရးေၾကာင့္ ကင္းလြတ္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ သူဟာ အလယ္တန္းေက်ာင္းသားအ႐ြယ္မွာ ကိုရီးယားကေန ထြက္ခြာၿပီး အေမရိကန္ျပည္ေထာင္စု ဟာဝိုင္ယီမွာ ‌ေက်ာင္းသြားတက္ခဲ့ပါတယ္။ ဒီလိုနဲ႔ ကိုရီးယားကို ျပန္လာတဲ့အခါမွာေတာ့ Kent Foreigner School မွာ ေ႐ႊ႕ေျပာင္းေက်ာင္းသားအေနနဲ႔ တက္ခြင့္ရခဲ့ပါတယ္။ သို႔ေပမယ့္ ပညာအရည္အခ်င္းမွာေတာ့ ကိုရီးယားက ထြက္ခြာတုန္းက အလယ္တန္းေက်ာင္းသားအဆင့္အထိပဲ အသိအမွတ္ျပဳခံရတာေၾကာင့္ ပညာရည္အဆင့္မမီဘူးဆိုတဲ့ မွတ္ခ်က္နဲ႔ စစ္မႈမထမ္းရေတာ့တာ ျဖစ္ပါတယ္။

Son Heung Min
Photo: hm_son7/ Instagram

Son Heung Min ကေတာ့ ေကာင္းမြန္တဲ့ လုပ္ရပ္တစ္ခုေၾကာင့္ စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ ၂၀၁၈ခုႏွစ္ အာရွအားကစားၿပိဳင္ပြဲမွာ ကိုရီးယားအမ်ိဳးသား ေဘာလုံးအသင္းဟာ ေ႐ႊတံဆိပ္ဆု ရရွိခဲ့ၿပီး Son Heung Min ဟာလည္း အသင္းထဲမွာ ပါဝင္ကစားခဲ့ပါတယ္။ ကိုရီးယားႏိုင္ငံရဲ႕ စည္းမ်ဥ္းေတြအရ ႏိုင္ငံအတြက္ ေ႐ႊတံဆိပ္ဆု ယူေပးႏိုင္တဲ့ အားကစားသမားေတြဟာ စစ္မႈထမ္းတာဝန္က ကင္းလြတ္ခြင့္ရၾကတာေၾကာင့္ Son Heung Min ဟာလည္း ဒီအခြင့္အေရးကို ရရွိခဲ့တာ ျဖစ္ပါတယ္။

GOT7 အဖြဲ႕ BamBam
Photo: bambam1a/ Instagram

GOT7 အဖြဲ႕က BamBam ဟာလည္း စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ ရခဲ့ပါတယ္။ BamBam ဟာ ထိုင္းႏိုင္ငံသား ျဖစ္တဲ့အတြက္ အမိႏိုင္ငံကိုျပန္ကာ စစ္မႈထမ္းရမယ့္ အဆုံးအျဖတ္ကို သြားေရာက္ခံယူခဲ့ရပါတယ္။ ထိုင္းႏိုင္ငံရဲ႕ စည္းမ်ဥ္းကေတာ့ လူတိုင္းဟာ မဲႏႈိက္ၿပီး အဆုံးအျဖတ္ ခံယူရတာ ျဖစ္ပါတယ္။ အနီေရာင္ကဒ္ကို ႏႈိက္မိရင္ ႏွစ္ႏွစ္တာ စစ္မႈထမ္းရမွာျဖစ္ၿပီး အနက္ေရာင္ကဒ္ကို ႏႈိက္မိရင္ေတာ့ စစ္မႈထမ္းစရာ မလိုပါဘူး။ ဒါ့အျပင္ လစ္လပ္ေနတဲ့ တပ္သားအေရအတြက္ေနရာမွာ လုပ္အားေပးမယ့္သူ လိုအပ္ေနမွသာ မဲႏႈိက္ၿပီး အဆုံးအျဖတ္ ခံယူရတာ ျဖစ္ပါတယ္။ BamBam ကေတာ့ လုပ္အားေပးမယ့္သူေတြက လိုေနတဲ့ တပ္သားေနရာမွာ ျပည့္သြားတာေၾကာင့္ မဲႏႈိက္စရာေတာင္ မလိုေတာ့ဘဲ တာဝန္ကေန ကင္းလြတ္ခြင့္ ရသြားတာ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular