HomeCelebs Update NewsKoreaအသက်အငယ်ဆုံးနဲ့ ပွဲထွက်ခဲ့တဲ့ ကေပေါ့ပ် Idol (၈)ယောက်

အသက်အငယ်ဆုံးနဲ့ ပွဲထွက်ခဲ့တဲ့ ကေပေါ့ပ် Idol (၈)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

‌ကေပေါ့ပ် Idol တွေဟာ အသက်ငယ်ငယ်လေးနဲ့ ထရိန်နီကာလကို စတင်ကြတယ်ဆိုတာ ကေပေါ့ပ်ပရိသတ်တိုင်း သိထားကြပြီးသား‌ ဖြစ်မှာပါ။ တစ်ချို့ Idol တွေကတော့ ငယ်ငယ်လေးနဲ့ ထရိန်နီ စလုပ်ရုံတင် မဟုတ်ဘဲ ပွဲထွက်ခွင့်ပါ ရခဲ့ကြသူတွေ ရှိပါတယ်။ ဆယ်ကျော်သက်ရွယ်အများစုဟာ ကျောင်းနဲ့အိမ်နဲ့၊ သူငယ်ချင်းတွေ၊ အိမ်စာတွေကြားထဲမှာ ဘဝကို ကြီးပြင်းကြရပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရိန်နီလုပ်ပြီး Idol အဖြစ် ပွဲထွက်ခဲ့ကြသူတွေကတော့ ပညာရေးမှာရော၊ ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာပါ အဆင်ပြေအောင် ရုန်းကန်ခဲ့ကြရပါတယ်။ ငယ်ငယ်လေးနဲ့ ပွဲထွက်ပြီး ဒီနေ့အထိ အောင်မြင်မှုကို ရယူထားနိုင်ဆဲ Idol (၈)ယောက်ကတော့ …

SHINee အဖွဲ့က Taemin – (၁၄)နှစ်
Photo: lm___ltm/ Instagram

Taemin ဟာ SM Entertainment လက်အောက်မှာ သုံးနှစ်ကြာ ထရိန်နီဘဝနဲ့ လေ့ကျင့်ပြီး အသက်(၁၄)နှစ်အရွယ် ၂၀၀၈ခုနှစ် မေလမှာ ပွဲထွက်ခဲ့ရပါတယ်။ SHINee အဖွဲ့နဲ့ Taemin ပွဲထွက်ခဲ့ရတဲ့ သီချင်းကတော့ Replay ဖြစ်ပါတယ်။

f(x) အဖွဲ့က Krystal – (၁၄)နှစ်
Photo: vousmevoyez/ Instagram

Krystal ဟာ သူမရဲ့အသက်(၁၅)နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ f(x)အဖွဲ့နဲ့ ပွဲထွက်ခဲ့ရသူ ဖြစ်ပါတယ်။ သူမ ပွဲထွက်ခဲ့တဲ့အချိန်ကတော့ ၂၀၀၉ခုနှစ် စက်တင်ဘာလဖြစ်ပြီး ပွဲထွက်ခဲ့တဲ့သီချင်းကတော့ LA chA TA ဖြစ်ပါတယ်။

NCT DREAM အဖွဲ့က Jisung – (၁၄)နှစ်
Photo: Naver/ Dispatch

NCT DREAM အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်လေးဖြစ်တဲ့ Jisung ဟာ သိပ်ကိုပေါက်ခဲ့တဲ့သီချင်း Chewing Gum နဲ့ ပွဲထွက်ခဲ့ရပါတယ်။ သူ ပွဲထွက်ခဲ့တဲ့အချိန်ကတော့ ၂၀၁၆ခုနှစ် ဩဂုတ်လ ဖြစ်ပါတယ်။

Boy Story အဖွဲ့က Shuyang – (၁၀)နှစ်
Photo: koreaboo

JYP Entertainment လက်အောက်မှာ အသက်အငယ်ဆုံးအဖွဲ့အဖြစ် ပွဲထွက်ဖူးတဲ့ Boy Story အဖွဲ့မှာ Shuyang လည်း ပါဝင်ခဲ့ပါတယ်။ Shuyang ဟာ ပွဲထွက်ချိန်မှာ အသက်(၁၀)နှစ်သာ ရှိသေးပြီး ကျန်တဲ့အဖွဲ့ဝင်တွေဟာလည်း (၁၄)နှစ်ထက် မကြီးကြသေးတဲ့ အရွယ်လေးတွေမှာ ပွဲထွက်ခွင့် ရခဲ့ကြတာပါ။ ပွဲထွက်ခဲ့တဲ့ အချိန်ကတော့ ၂၀၁၈ခုနှစ် စက်တင်ဘာလဖြစ်ပြီး Enough ဆိုတဲ့သီချင်းနဲ့ ပရိသတ်ရှေ့ ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

BTS အဖွဲ့က Jungkook – (၁၅)နှစ်
Photo: bts.bighitofficial/ Instagram

ယခုလက်ရှိမှာ ကမ္ဘာကျော်အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နေတဲ့ BTS ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jungkook ဟာ အသက်(၁၅)နှစ်အရွယ်မှာ ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ အချိန်ကတော့ ၂၀၁၃ခုနှစ် ဇွန်လဖြစ်ပြီး No More Dream ဆိုတဲ့သီချင်းနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

IU – (၁၅)နှစ်
Photo: dlwlrma/ Instagram

အဆိုပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ solo artist လေး IU ကတော့ ၂၀၀၈ခုနှစ် စက်တင်ဘာလမှာ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ အသက်(၁၅)နှစ်အရွယ်မှာ သူမ စတင်ပွဲထွက်ခဲ့ရတဲ့ သီချင်းလေးကတော့ Lost Child ဖြစ်ပါတယ်။

Minzy – (၁၅)နှစ်
Photo: _minzy_mz/ Instagram

2NE1 အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး အကမှာလည်း ထူးချွန်တဲ့ Minzy ဟာ YG Entertainment လက်အောက်မှာ လေ့ကျင့်ပြီး အသက်(၁၅)နှစ်အရွယ်မှာ ပွဲထွက်ခဲ့ရသူ ဖြစ်ပါတယ်။ ပွဲထွက်ခဲ့တဲ့အချိန်ကတော့ ၂၀၀၈ခုနှစ် မေလဖြစ်ပြီး Fire ဆိုတဲ့သီချင်းနဲ့ ပရိသတ်ရှေ့ကို စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

TWICE အဖွဲ့က Tzuyu -(၁၆)နှစ်
Photo: queentzuyu/ Instagram

TWICE အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်လေးဖြစ်တဲ့ Tzuyu ဟာ အသက်(၁၆)နှစ်အရွယ် ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ ပွဲထွက်ခဲ့ရသူ ဖြစ်ပါတယ်။ The Story Begins ဆိုတဲ့ မီနီအယ်လ်ဘမ်လေးနဲ့ ပရိသတ်ရှေ့ စတင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ အသက်အငယ်ဆုံးနဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ Idol (၈)ယောက်ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြား Idol တွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

‌ေကေပါ့ပ္ Idol ေတြဟာ အသက္ငယ္ငယ္ေလးနဲ႔ ထရိန္နီကာလကို စတင္ၾကတယ္ဆိုတာ ေကေပါ့ပ္ပရိသတ္တိုင္း သိထားၾကၿပီးသား‌ ျဖစ္မွာပါ။ တစ္ခ်ိဳ႕ Idol ေတြကေတာ့ ငယ္ငယ္ေလးနဲ႔ ထရိန္နီ စလုပ္႐ုံတင္ မဟုတ္ဘဲ ပြဲထြက္ခြင့္ပါ ရခဲ့ၾကသူေတြ ရွိပါတယ္။ ဆယ္ေက်ာ္သက္႐ြယ္အမ်ားစုဟာ ေက်ာင္းနဲ႔အိမ္နဲ႔၊ သူငယ္ခ်င္းေတြ၊ အိမ္စာေတြၾကားထဲမွာ ဘဝကို ႀကီးျပင္းၾကရေပမယ့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ထရိန္နီလုပ္ၿပီး Idol အျဖစ္ ပြဲထြက္ခဲ့ၾကသူေတြကေတာ့ ပညာေရးမွာေရာ၊ ေ႐ြးခ်ယ္ထားတဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္မွာပါ အဆင္ေျပေအာင္ ႐ုန္းကန္ခဲ့ၾကရပါတယ္။ ငယ္ငယ္ေလးနဲ႔ ပြဲထြက္ၿပီး ဒီေန႔အထိ ေအာင္ျမင္မႈကို ရယူထားႏိုင္ဆဲ Idol (၈)ေယာက္ကေတာ့ …

SHINee အဖြဲ႕က Taemin – (၁၄)ႏွစ္
Photo: lm___ltm/ Instagram

Taemin ဟာ SM Entertainment လက္ေအာက္မွာ သုံးႏွစ္ၾကာ ထရိန္နီဘဝနဲ႔ ေလ့က်င့္ၿပီး အသက္(၁၄)ႏွစ္အ႐ြယ္ ၂၀၀၈ခုႏွစ္ ေမလမွာ ပြဲထြက္ခဲ့ရပါတယ္။ SHINee အဖြဲ႕နဲ႔ Taemin ပြဲထြက္ခဲ့ရတဲ့ သီခ်င္းကေတာ့ Replay ျဖစ္ပါတယ္။

f(x) အဖြဲ႕က Krystal – (၁၄)ႏွစ္
Photo: vousmevoyez/ Instagram

Krystal ဟာ သူမရဲ႕အသက္(၁၅)ႏွစ္ျပည့္ ေမြးေန႔မတိုင္ခင္မွာပဲ f(x)အဖြဲ႕နဲ႔ ပြဲထြက္ခဲ့ရသူ ျဖစ္ပါတယ္။ သူမ ပြဲထြက္ခဲ့တဲ့အခ်ိန္ကေတာ့ ၂၀၀၉ခုႏွစ္ စက္တင္ဘာလျဖစ္ၿပီး ပြဲထြက္ခဲ့တဲ့သီခ်င္းကေတာ့ LA chA TA ျဖစ္ပါတယ္။

NCT DREAM အဖြဲ႕က Jisung – (၁၄)ႏွစ္
Photo: Naver/ Dispatch

NCT DREAM အဖြဲ႕ရဲ႕ အငယ္ဆုံးအဖြဲ႕ဝင္ေလးျဖစ္တဲ့ Jisung ဟာ သိပ္ကိုေပါက္ခဲ့တဲ့သီခ်င္း Chewing Gum နဲ႔ ပြဲထြက္ခဲ့ရပါတယ္။ သူ ပြဲထြက္ခဲ့တဲ့အခ်ိန္ကေတာ့ ၂၀၁၆ခုႏွစ္ ဩဂုတ္လ ျဖစ္ပါတယ္။

Boy Story အဖြဲ႕က Shuyang – (၁၀)ႏွစ္
Photo: koreaboo

JYP Entertainment လက္ေအာက္မွာ အသက္အငယ္ဆုံးအဖြဲ႕အျဖစ္ ပြဲထြက္ဖူးတဲ့ Boy Story အဖြဲ႕မွာ Shuyang လည္း ပါဝင္ခဲ့ပါတယ္။ Shuyang ဟာ ပြဲထြက္ခ်ိန္မွာ အသက္(၁၀)ႏွစ္သာ ရွိေသးၿပီး က်န္တဲ့အဖြဲ႕ဝင္ေတြဟာလည္း (၁၄)ႏွစ္ထက္ မႀကီးၾကေသးတဲ့ အ႐ြယ္ေလးေတြမွာ ပြဲထြက္ခြင့္ ရခဲ့ၾကတာပါ။ ပြဲထြက္ခဲ့တဲ့ အခ်ိန္ကေတာ့ ၂၀၁၈ခုႏွစ္ စက္တင္ဘာလျဖစ္ၿပီး Enough ဆိုတဲ့သီခ်င္းနဲ႔ ပရိသတ္ေရွ႕ ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

BTS အဖြဲ႕က Jungkook – (၁၅)ႏွစ္
Photo: bts.bighitofficial/ Instagram

ယခုလက္ရွိမွာ ကမာၻေက်ာ္အဖြဲ႕တစ္ဖြဲ႕အျဖစ္ ရပ္တည္ေနတဲ့ BTS ရဲ႕ အငယ္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့ Jungkook ဟာ အသက္(၁၅)ႏွစ္အ႐ြယ္မွာ ပြဲထြက္ခဲ့သူ ျဖစ္ပါတယ္။ အခ်ိန္ကေတာ့ ၂၀၁၃ခုႏွစ္ ဇြန္လျဖစ္ၿပီး No More Dream ဆိုတဲ့သီခ်င္းနဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

IU – (၁၅)ႏွစ္
Photo: dlwlrma/ Instagram

အဆိုပိုင္းမွာေရာ၊ သ႐ုပ္ေဆာင္ပိုင္းမွာပါ ထူးခြၽန္တဲ့ solo artist ေလး IU ကေတာ့ ၂၀၀၈ခုႏွစ္ စက္တင္ဘာလမွာ စတင္ပြဲထြက္ခဲ့သူ ျဖစ္ပါတယ္။ အသက္(၁၅)ႏွစ္အ႐ြယ္မွာ သူမ စတင္ပြဲထြက္ခဲ့ရတဲ့ သီခ်င္းေလးကေတာ့ Lost Child ျဖစ္ပါတယ္။

Minzy – (၁၅)ႏွစ္
Photo: _minzy_mz/ Instagram

2NE1 အဖြဲ႕ရဲ႕ အငယ္ဆုံးအဖြဲ႕ဝင္ျဖစ္ၿပီး အကမွာလည္း ထူးခြၽန္တဲ့ Minzy ဟာ YG Entertainment လက္ေအာက္မွာ ေလ့က်င့္ၿပီး အသက္(၁၅)ႏွစ္အ႐ြယ္မွာ ပြဲထြက္ခဲ့ရသူ ျဖစ္ပါတယ္။ ပြဲထြက္ခဲ့တဲ့အခ်ိန္ကေတာ့ ၂၀၀၈ခုႏွစ္ ေမလျဖစ္ၿပီး Fire ဆိုတဲ့သီခ်င္းနဲ႔ ပရိသတ္ေရွ႕ကို စတင္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

TWICE အဖြဲ႕က Tzuyu -(၁၆)ႏွစ္
Photo: queentzuyu/ Instagram

TWICE အဖြဲ႕ထဲက အငယ္ဆုံးအဖြဲ႕ဝင္ေလးျဖစ္တဲ့ Tzuyu ဟာ အသက္(၁၆)ႏွစ္အ႐ြယ္ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလမွာ ပြဲထြက္ခဲ့ရသူ ျဖစ္ပါတယ္။ The Story Begins ဆိုတဲ့ မီနီအယ္လ္ဘမ္ေလးနဲ႔ ပရိသတ္ေရွ႕ စတင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ အသက္အငယ္ဆုံးနဲ႔ ပြဲထြက္ခြင့္ရခဲ့တဲ့ Idol (၈)ေယာက္ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခား Idol ေတြရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular