HomeCelebs Update NewsKoreaGoo Hara ကျန်ရစ်ခဲ့တဲ့ပိုင်ဆိုင်မှုတွေအတွက် အမေနဲ့အစ်ကိုကြားမှာ အမှုဖြစ်နေ

Goo Hara ကျန်ရစ်ခဲ့တဲ့ပိုင်ဆိုင်မှုတွေအတွက် အမေနဲ့အစ်ကိုကြားမှာ အမှုဖြစ်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ကေပေါ့ပ် idol တစ်ယောက်ဖြစ်တဲ့ Goo Hara ကွယ်လွန်သွားပြီးနောက်မှာတော့ ချန်ထားခဲ့တဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေကြားမှာ အမှုအခင်း ဖြစ်ပွားနေပါတယ်။

Hara ကွယ်လွန်ပြီးနောက် ကျန်ရှိခဲ့တဲ့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာတွေကို အမွေဆက်ခံ ခွဲဝေယူရာမှာ အစ်ကိုဖြစ်သူနဲ့ အမေဖြစ်သူကြားမှာ တရားစွဲဆိုမှု ဖြစ်ပွားနေတာပါ။ အကြောင်းကတော့ Hara ရဲ့ မိခင်ဖြစ်သူဟာ Hara တို့မောင်နှမကို ကလေးဘဝတည်းက စွန့်ပစ်ထားခဲ့ပြီး အိမ်ကနေ ထွက်ပြေးသွားခဲ့တာကြောင့် အခုအချိန်မှာ Hara ရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံဖို့ အခွင့်အရေးမရှိဘူးဆိုပြီး Hara ရဲ့အစ်ကိုက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူဘက်ကလည်း မိခင်အရင်းခေါက်ခေါက်အနေနဲ့ သမီးဖြစ်သူရဲ့ ကျန်ရှိတဲ့ပိုင်ဆိုင်မှုတွေကို ရယူခံစားပိုင်ခွင့် ရှိတယ်ဆိုပြီး ပိုင်ဆိုင်မှုထဲက ငါးဆယ်ရာခိုင်နှုန်းကို တောင်းဆိုတဲ့အနေနဲ့ ပြန်လည်တရားစွဲထားပါတယ်။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး Hara ရဲ့ဖခင်ဖြစ်သူကလည်း မိခင်လုပ်သူအပေါ် မကျေမနပ် ဖြစ်နေပါတယ်။  Hara ရဲ့ဖခင်ဖြစ်သူဟာ သူပိုင်ဆိုင်တဲ့ ရှယ်ယာငါးဆယ်ရာခိုင်နှုန်းကို သားဖြစ်သူကို လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါတယ်။

Photo: koohara_/ Instagram

“အမေဖြစ်သူရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။ သူက ကလေးတွေ ငယ်ငယ်တည်းက ကလေးတွေကို ပစ်ထားခဲ့ပြီး အိမ်ကနေ ထွက်သွားခဲ့တဲ့သူပါ။ Hara ကျန်ခဲ့တဲ့ပစ္စည်းဥစ္စာတွေကို ဆက်ခံရယူဖို့ သူ့မှာ ဘာအခွင့်အရေးများ ရှိပါသလဲ…

ကလေးနှစ်ယောက်ရဲ့စရိတ်အတွက် ကျွန်တော့်မှာ တစ်နိုင်ငံလုံးပတ်ပြီး ရှာဖွေကြိုးစားခဲ့ရပါတယ်။ Hara ရော၊ သူ့အစ်ကိုရော နှစ်ယောက်လုံးက အမေမရှိဘဲ ကျောင်းတက်ခဲ့ကြရသူတွေပါ။ Hara ကိုဆို သူ့အစ်ကိုနဲ့ အဘွားက ကြည့်ရှုစောင့်ရှောက်ခဲ့ရတာပါ…” လို့ ဖခင်ဖြစ်သူက ပြောကြားထားပါတယ်။

အမွေဆက်ခံ ခွဲဝေပေးမှုမှာတော့ Hara ရဲ့ပိုင်ဆိုင်မှုတွေကို အစ်ကိုဖြစ်သူနဲ့ အမေဖြစ်သူကို ငါးဆယ်ရာခိုင်နှုန်းစီ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်ကိုဖြစ်သူဘက်ကလည်း မိခင်ဖြစ်သူကို ပေးဖို့ ငြင်းဆန်ထားတာကို တွေ့ရပါတယ်။

Photo: koohara_/ Instagram

“အမေအိမ်ကနေ ထွက်ပြေးသွားတုန်းက Hara က ကိုးနှစ်သမီးပဲ ရှိပါသေးတယ်။ သူ့ဘဝတစ်လျှောက်လုံး စွန့်ပစ်ခံရတယ်ဆိုတဲ့ စိတ်ဒဏ်ရာကြီးနဲ့ ရှင်သန်သွားခဲ့ရတာပါ။ ကျွန်တော်နဲ့ Hara ရဲ့ နေထိုင်စရိတ်တွေကို အဖေက ပေးခဲ့တာပါ။ Hara ပွဲထွက်ပြီးတော့လည်း အဖေကပဲ အုပ်ထိန်းသူနေရာကနေ နေပေးခဲ့တာပါ…” လို့ အစ်ကိုဖြစ်သူက ပြောထားပါတယ်။

Hara ကတော့ အမေကို လွမ်းတဲ့အကြောင်းတွေ၊ လူတွေရဲ့ချစ်ခင်ကြင်နာမှု မရတဲ့အကြောင်းတွေ၊ အထီးကျန်ပြီး ဝမ်းနည်းအားငယ်ရတဲ့အကြောင်းတွေကို သူမရဲ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့ပါတယ်။

အစ်ကိုဖြစ်သူကတော့ အမွေလွှဲပြောင်းပေးအပ်ရာမှာ လက်ခံမယ့်သူဟာ သွားလေသူရဲ့ ပိုင်ဆိုင်မှုတွေကို တည်မြဲပြီး၊ တိုးပွားအောင် လုပ်ဆောင်ပေးနိုင်ခြင်းရှိ၊မရှိအပေါ်မှာ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်း တင်ပြထားပြီး တရားမဥပဒေ (၁၀၀၈)နဲ့ မတ်လ(၃)ရက်နေ့က ဂွမ်ဂျူးမိသားစုရေးရာ တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Xei

(Zawgyi Version)

နာမည္ေက်ာ္ ေကေပါ့ပ္ idol တစ္ေယာက္ျဖစ္တဲ့ Goo Hara ကြယ္လြန္သြားၿပီးေနာက္မွာေတာ့ ခ်န္ထားခဲ့တဲ့ပိုင္ဆိုင္မႈေတြနဲ႔ ပတ္သက္ၿပီး က်န္ရစ္သူမိသားစုေတြၾကားမွာ အမႈအခင္း ျဖစ္ပြားေနပါတယ္။

Hara ကြယ္လြန္ၿပီးေနာက္ က်န္ရွိခဲ့တဲ့ ပိုင္ဆိုင္မႈ၊ ပစၥည္းဥစၥာေတြကို အေမြဆက္ခံ ခြဲေဝယူရာမွာ အစ္ကိုျဖစ္သူနဲ႔ အေမျဖစ္သူၾကားမွာ တရားစြဲဆိုမႈ ျဖစ္ပြားေနတာပါ။ အေၾကာင္းကေတာ့ Hara ရဲ႕ မိခင္ျဖစ္သူဟာ Hara တို႔ေမာင္ႏွမကို ကေလးဘဝတည္းက စြန႔္ပစ္ထားခဲ့ၿပီး အိမ္ကေန ထြက္ေျပးသြားခဲ့တာေၾကာင့္ အခုအခ်ိန္မွာ Hara ရဲ႕ ပိုင္ဆိုင္မႈေတြကို ဆက္ခံဖို႔ အခြင့္အေရးမရွိဘူးဆိုၿပီး Hara ရဲ႕အစ္ကိုက တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

မိခင္ျဖစ္သူဘက္ကလည္း မိခင္အရင္းေခါက္ေခါက္အေနနဲ႔ သမီးျဖစ္သူရဲ႕ က်န္ရွိတဲ့ပိုင္ဆိုင္မႈေတြကို ရယူခံစားပိုင္ခြင့္ ရွိတယ္ဆိုၿပီး ပိုင္ဆိုင္မႈထဲက ငါးဆယ္ရာခိုင္ႏႈန္းကို ေတာင္းဆိုတဲ့အေနနဲ႔ ျပန္လည္တရားစြဲထားပါတယ္။ ဒီေတာင္းဆိုမႈနဲ႔ ပတ္သက္ၿပီး Hara ရဲ႕ဖခင္ျဖစ္သူကလည္း မိခင္လုပ္သူအေပၚ မေက်မနပ္ ျဖစ္ေနပါတယ္။  Hara ရဲ႕ဖခင္ျဖစ္သူဟာ သူပိုင္ဆိုင္တဲ့ ရွယ္ယာငါးဆယ္ရာခိုင္ႏႈန္းကို သားျဖစ္သူကို လႊဲေျပာင္းေပးအပ္ၿပီး ျဖစ္ပါတယ္။

Photo: koohara_/ Instagram

“အေမျဖစ္သူရဲ႕ ေတာင္းဆိုခ်က္ကို ကြၽန္ေတာ္တို႔အေနနဲ႔ လက္မခံႏိုင္ပါဘူး။ သူက ကေလးေတြ ငယ္ငယ္တည္းက ကေလးေတြကို ပစ္ထားခဲ့ၿပီး အိမ္ကေန ထြက္သြားခဲ့တဲ့သူပါ။ Hara က်န္ခဲ့တဲ့ပစၥည္းဥစၥာေတြကို ဆက္ခံရယူဖို႔ သူ႔မွာ ဘာအခြင့္အေရးမ်ား ရွိပါသလဲ…

ကေလးႏွစ္ေယာက္ရဲ႕စရိတ္အတြက္ ကြၽန္ေတာ့္မွာ တစ္ႏိုင္ငံလုံးပတ္ၿပီး ရွာေဖြႀကိဳးစားခဲ့ရပါတယ္။ Hara ေရာ၊ သူ႔အစ္ကိုေရာ ႏွစ္ေယာက္လုံးက အေမမရွိဘဲ ေက်ာင္းတက္ခဲ့ၾကရသူေတြပါ။ Hara ကိုဆို သူ႔အစ္ကိုနဲ႔ အဘြားက ၾကည့္ရႈေစာင့္ေရွာက္ခဲ့ရတာပါ…” လို႔ ဖခင္ျဖစ္သူက ေျပာၾကားထားပါတယ္။

အေမြဆက္ခံ ခြဲေဝေပးမႈမွာေတာ့ Hara ရဲ႕ပိုင္ဆိုင္မႈေတြကို အစ္ကိုျဖစ္သူနဲ႔ အေမျဖစ္သူကို ငါးဆယ္ရာခိုင္ႏႈန္းစီ လႊဲေျပာင္းေပးအပ္မွာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး အစ္ကိုျဖစ္သူဘက္ကလည္း မိခင္ျဖစ္သူကို ေပးဖို႔ ျငင္းဆန္ထားတာကို ေတြ႕ရပါတယ္။

Photo: koohara_/ Instagram

“အေမအိမ္ကေန ထြက္ေျပးသြားတုန္းက Hara က ကိုးႏွစ္သမီးပဲ ရွိပါေသးတယ္။ သူ႔ဘဝတစ္ေလွ်ာက္လုံး စြန႔္ပစ္ခံရတယ္ဆိုတဲ့ စိတ္ဒဏ္ရာႀကီးနဲ႔ ရွင္သန္သြားခဲ့ရတာပါ။ ကြၽန္ေတာ္နဲ႔ Hara ရဲ႕ ေနထိုင္စရိတ္ေတြကို အေဖက ေပးခဲ့တာပါ။ Hara ပြဲထြက္ၿပီးေတာ့လည္း အေဖကပဲ အုပ္ထိန္းသူေနရာကေန ေနေပးခဲ့တာပါ…” လို႔ အစ္ကိုျဖစ္သူက ေျပာထားပါတယ္။

Hara ကေတာ့ အေမကို လြမ္းတဲ့အေၾကာင္းေတြ၊ လူေတြရဲ႕ခ်စ္ခင္ၾကင္နာမႈ မရတဲ့အေၾကာင္းေတြ၊ အထီးက်န္ၿပီး ဝမ္းနည္းအားငယ္ရတဲ့အေၾကာင္းေတြကို သူမရဲ႕ ဒိုင္ယာရီထဲမွာ ေရးထားခဲ့ပါတယ္။

အစ္ကိုျဖစ္သူကေတာ့ အေမြလႊဲေျပာင္းေပးအပ္ရာမွာ လက္ခံမယ့္သူဟာ သြားေလသူရဲ႕ ပိုင္ဆိုင္မႈေတြကို တည္ၿမဲၿပီး၊ တိုးပြားေအာင္ လုပ္ေဆာင္ေပးႏိုင္ျခင္းရွိ၊မရွိအေပၚမွာ ထည့္သြင္းစဥ္းစားဖို႔ အေရးႀကီးေၾကာင္း တင္ျပထားၿပီး တရားမဥပေဒ (၁၀၀၈)နဲ႔ မတ္လ(၃)ရက္ေန႔က ဂြမ္ဂ်ဴးမိသားစုေရးရာ တရား႐ုံးမွာ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

Xei

 

RELATED ARTICLES

Most Popular