HomeCelebs Update NewsKoreaBeyoncé ရဲ႕ producer နဲ႔ ပူးေပါင္းၿပီး သီခ်င္းေတြဖန္တီးေတာ့မယ့္ Lay

Beyoncé ရဲ႕ producer နဲ႔ ပူးေပါင္းၿပီး သီခ်င္းေတြဖန္တီးေတာ့မယ့္ Lay

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Lay တစ္ေယာက္ကေတာ့ ပရိသတ္ေတြကို စိတ္လႈပ္ရွားမႈ ဒီေရေတြ ျမင့္တက္ေအာင္ လုပ္ေနပါၿပီ။ အေၾကာင္းကေတာ့ Beyoncé ရဲ႕ ေတးထုတ္လုပ္သူတစ္ေယာက္ ျဖစ္ခဲ့ဖူးတဲ့ အေမရိကန္ ထုတ္လုပ္သူတစ္ေယာက္ Scott Storch နဲ႔ မၾကာေသးခင္ကပဲ ေတြ႕ဆုံခဲ့တာေၾကာင့္ပါ။

Scott Storch ဟာ Beyoncé ရဲ႕ Dangerously in Love အယ္လ္ဘမ္ထဲက Baby Boy ၊ Me, Myself and I နဲ႔ Naughty Girl သီခ်င္းေတြကို ထုတ္လုပ္ေပးခဲ့ဖူးသူ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း Chris Brown ရဲ႕ အယ္လ္ဘမ္အသစ္ထဲက သီခ်င္း Undecided ကိုလည္း ထုတ္လုပ္ေပးခဲ့သူပါ။

Copyright @zyxzjs IG

Lay ကေတာ့ Scott နဲ႔ ေတြ႕ဆုံၿပီး ႏွစ္ေယာက္တြဲရိုက္ထားတဲ့ ဓာတ္ပုံကို သူ႔ရဲ႕ IG အေကာင့္မွာ စက္တင္ဘာလ(၁၃)ရက္ေန႔က ျပန္လည္ေ၀မွ်ေပးခဲ့ပါတယ္။ Caption မွာလည္း “ဒီေန႔ ခင္ဗ်ားနဲ႔ေတြ႕ရတာ တကယ့္ကို အ့ံၾသစရာပါပဲ” လို႔ ေရးထားပါတယ္။ ပို႔စ္တင္ၿပီး မၾကာခင္မွာပဲ Scott ကလည္း “ငါတို႔ ေမွာ္ဆန္ဆန္ေလးေတြ လုပ္ၾကမယ္ကြာ” ဆိုၿပီး ကြန္းမန္႔ ျပန္ေရးထားခဲ့ပါတယ္။

Copyright @zyxzjs IG

ဒီအျခင္းအရာကို ၾကည့္ျခင္းအားျဖင့္ Lay ဟာ နာမည္ေက်ာ္ အေမရိကန္ထုတ္လုပ္သူနဲ႔ ပူးေပါင္းၿပီး အမိုက္စား သီခ်င္းေတြကို ပရိသတ္ေတြဆီ လက္ေဆာင္ေပးေတာ့မယ္လို႔ ခန္႔မွန္းလို႔ ရေနပါတယ္။ ဒီ collaboration နဲ႔ ပတ္သက္ၿပီး EXO-L ေတြကလည္း စိတ္လႈပ္ရွားေနၾကပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Lay တစ်ယောက်ကတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု ဒီရေတွေ မြင့်တက်အောင် လုပ်နေပါပြီ။ အကြောင်းကတော့ Beyoncé ရဲ့ တေးထုတ်လုပ်သူတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ အမေရိကန် ထုတ်လုပ်သူတစ်ယောက် Scott Storch နဲ့ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့တာကြောင့်ပါ။

Scott Storch ဟာ Beyoncé ရဲ့ Dangerously in Love အယ်လ်ဘမ်ထဲက Baby Boy ၊ Me, Myself and I နဲ့ Naughty Girl သီချင်းတွေကို ထုတ်လုပ်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Chris Brown ရဲ့ အယ်လ်ဘမ်အသစ်ထဲက သီချင်း Undecided ကိုလည်း ထုတ်လုပ်ပေးခဲ့သူပါ။

Copyright @zyxzjs IG

Lay ကတော့ Scott နဲ့ တွေ့ဆုံပြီး နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ IG အကောင့်မှာ စက်တင်ဘာလ(၁၃)ရက်နေ့က ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ Caption မှာလည်း “ဒီနေ့ ခင်ဗျားနဲ့တွေ့ရတာ တကယ့်ကို အံ့သြစရာပါပဲ” လို့ ရေးထားပါတယ်။ ပို့စ်တင်ပြီး မကြာခင်မှာပဲ Scott ကလည်း “ငါတို့ မှော်ဆန်ဆန်လေးတွေ လုပ်ကြမယ်ကွာ” ဆိုပြီး ကွန်းမန့် ပြန်ရေးထားခဲ့ပါတယ်။

Copyright @zyxzjs IG

ဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် Lay ဟာ နာမည်ကျော် အမေရိကန်ထုတ်လုပ်သူနဲ့ ပူးပေါင်းပြီး အမိုက်စား သီချင်းတွေကို ပရိသတ်တွေဆီ လက်ဆောင်ပေးတော့မယ်လို့ ခန့်မှန်းလို့ ရနေပါတယ်။ ဒီ collaboration နဲ့ ပတ်သက်ပြီး EXO-L တွေကလည်း စိတ်လှုပ်ရှားနေကြပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular