HomeDramaLee Dong Wook နဲ့ Wi Ha Joon တို့ကို အတွဲညီညီ မြင်တွေ့ရမယ့် Bad And...

Lee Dong Wook နဲ့ Wi Ha Joon တို့ကို အတွဲညီညီ မြင်တွေ့ရမယ့် Bad And Crazy ဒရာမာအသစ် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

tvN က မကြာခင် ထုတ်လွှင့်ပြသတော့မယ့် Bad And Crazy ဒရာမာအသစ်ထဲမှာတော့ ပရိသတ်အချစ်တော် မင်းသားနှစ်ယောက် ဖြစ်တဲ့ Lee Dong Wook နဲ့ Wi Ha Joon တို့ကို အတွဲညီညီ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Bad And Crazy ဒရာမာကိုတော့ The Uncanny Counter ကို ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ဒါရိုက်တာ Yoon Sun Dong နဲ့ ဇာတ်ညွှန်းရေးဆရာ Kim Sae Bom တို့အတွဲကပဲ ရိုက်ကူး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မတူညီတဲ့ လူနှစ်ယောက်က ဟီးရိုးတွေ ဖြစ်လာကြပြီး လူတွေရဲ့ အပြစ်တွေကို ဆေးကြောသန့်စင်ပေးမယ့်အကြောင်းပဲ ဖြစ်ပါတယ်။

Photo via mydramalist

Lee Dong Wook ကတော့ bad guy Ryu Soo Yeol အဖြစ် သရုပ်ဆောင်ထားပြီး Wi Ha Joon ကတော့ crazy guy K အဖြစ် သရုပ်ဆောင်ထားပါတယ်။ Ryu Soo Yeol ကတော့ ဘာမဆို လုပ်ကိုင်နိုင်စွမ်းရှိသူ ဖြစ်ပြီး K ကတော့ တရားမျှတမှုကို အလွန်အမင်း တောင့်တတဲ့ ကိုယ်တိုင်တရားစီရင်သူတစ်ယောက် ဖြစ်ပါတယ်။

ယခုအသစ်ထွက်ရှိလာတဲ့ teaser ထဲမှာတော့ Ryu Soo Yeol ဟာ သူ့ရဲ့ စုံထောက်ဆိုတဲ့ ရာထူးကို အသုံးချပြီး လောဘအတွက် ဖြည့်တင်းနေတာကို တွေ့ရပါတယ်။ “ကျုပ်က ဒါကို ရာထူးတိုးဖို့အတွက် လုပ်နေတယ်များ ထင်နေလား။ ကျုပ်တို့အကုန်လုံးက ကျုပ်တို့အဖွဲ့အစည်းကြီး သန့်ရှင်းနေဖို့အတွက် အခုလို အလုပ်ကြိုးစားနေရတာလေ … ” လို့ ပြောထားပါတယ်။ ဒါတင်မက သူ့ရဲ့ အထက်အရာရှိတွေနဲ့အတူ အရက်သောက်နေတာလည်း တွေ့ရပြီး တရားမဝင်အလုပ်တွေ လုပ်ကိုင်နေသူတွေဆီက လာဘ်လာဘတွေ လက်ခံယူနေတာကိုလည်း တွေ့ရပါတယ်။

Photo via mydramalist

အဲဒီနောက်မှာတော့ K ပေါ်လာတာ တွေ့ရပါတယ်။ K ကတော့ တရားမျှတမှုကို တကယ်ဂရုစိုက်တဲ့ ဒီနေ့ခေတ်ရဲ့ နောက်ဆုံးသော ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တရားမျှတမှုကို ထိန်းသိမ်းဖို့ သူလုပ်လိုက်တဲ့ ကိစ္စတွေကတော့ အတန်ငယ် ရုပ်ဆိုးနေလေ့ ရှိပါတယ်။ ဒါကြောင့်လည်း မကြာခဏဆိုသလိုပဲ ရန်ပွဲတွေထဲမှာ ဝင်ပါနေတာ ဖြစ်ပါတယ်။

နောက်တစ်ခန်းမှာတော့ K ဟာ Ryu Soo Yeol ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Lee Hee Kyum (Han Ji Eun)ကို စိတ်ဝင်စားနေတာ တွေ့ရပါတယ်။ ရဲတင်းပြီး ရိုင်းပျ၊ ပွင့်လင်းလွန်းတဲ့ K ဟာ Ryu Soo Yeol ရဲ့ နောက်ကွယ်မှာတော့ မျက်လုံးအပြူးသားနဲ့ Lee Hee Kyum ကို ချဉ်းကပ်နေပါတယ်။

ဒီဒရာမာထဲက နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်ကတော့ Cha Hak Yeon သရုပ်ဆောင်ထားတဲ့ စည်းကမ်းရှိတဲ့ ရဲဝန်ထမ်း Oh Kyung Tae ပဲ ဖြစ်ပါတယ်။ Oh Kyung Tae ကတော့ တရားမျှတမှုကို ပြင်းပြစွာ လိုလားပြီး တာဝန်သိတတ်သူ ဖြစ်ကာ သနားကြင်နာတတ်တဲ့ နှလုံးသားရှိသူ ဖြစ်ပါတယ်။

Bad And Crazy ကိုတော့ လာမယ့် ဒီဇင်ဘာလ(၁၇)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

tvN က မၾကာခင္ ထုတ္လႊင့္ျပသေတာ့မယ့္ Bad And Crazy ဒရာမာအသစ္ထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္းသားႏွစ္ေယာက္ ျဖစ္တဲ့ Lee Dong Wook နဲ႔ Wi Ha Joon တို႔ကို အတြဲညီညီ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Bad And Crazy ဒရာမာကိုေတာ့ The Uncanny Counter ကို ရိုက္ကူးထုတ္လုပ္ေပးခဲ့တဲ့ ဒါရိုက္တာ Yoon Sun Dong နဲ႔ ဇာတ္ညႊန္းေရးဆရာ Kim Sae Bom တို႔အတြဲကပဲ ရိုက္ကူး ထုတ္လုပ္ေပးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ မတူညီတဲ့ လူႏွစ္ေယာက္က ဟီးရိုးေတြ ျဖစ္လာၾကၿပီး လူေတြရဲ့ အျပစ္ေတြကို ေဆးေၾကာသန႔္စင္ေပးမယ့္အေၾကာင္းပဲ ျဖစ္ပါတယ္။

Photo via mydramalist

Lee Dong Wook ကေတာ့ bad guy Ryu Soo Yeol အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Wi Ha Joon ကေတာ့ crazy guy K အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Ryu Soo Yeol ကေတာ့ ဘာမဆို လုပ္ကိုင္နိုင္စြမ္းရွိသူ ျဖစ္ၿပီး K ကေတာ့ တရားမၽွတမွုကို အလြန္အမင္း ေတာင့္တတဲ့ ကိုယ္တိုင္တရားစီရင္သူတစ္ေယာက္ ျဖစ္ပါတယ္။

ယခုအသစ္ထြက္ရွိလာတဲ့ teaser ထဲမွာေတာ့ Ryu Soo Yeol ဟာ သူ႔ရဲ့ စုံေထာက္ဆိုတဲ့ ရာထူးကို အသုံးခ်ၿပီး ေလာဘအတြက္ ျဖည့္တင္းေနတာကို ေတြ႕ရပါတယ္။ “က်ဳပ္က ဒါကို ရာထူးတိုးဖို႔အတြက္ လုပ္ေနတယ္မ်ား ထင္ေနလား။ က်ဳပ္တို႔အကုန္လုံးက က်ဳပ္တို႔အဖြဲ႕အစည္းႀကီး သန႔္ရွင္းေနဖို႔အတြက္ အခုလို အလုပ္ႀကိဳးစားေနရတာေလ … ” လို႔ ေျပာထားပါတယ္။ ဒါတင္မက သူ႔ရဲ့ အထက္အရာရွိေတြနဲ႔အတူ အရက္ေသာက္ေနတာလည္း ေတြ႕ရၿပီး တရားမဝင္အလုပ္ေတြ လုပ္ကိုင္ေနသူေတြဆီက လာဘ္လာဘေတြ လက္ခံယူေနတာကိုလည္း ေတြ႕ရပါတယ္။

Photo via mydramalist

အဲဒီေနာက္မွာေတာ့ K ေပၚလာတာ ေတြ႕ရပါတယ္။ K ကေတာ့ တရားမၽွတမွုကို တကယ္ဂ႐ုစိုက္တဲ့ ဒီေန႔ေခတ္ရဲ့ ေနာက္ဆုံးေသာ ဟီးရိုးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ တရားမၽွတမွုကို ထိန္းသိမ္းဖို႔ သူလုပ္လိုက္တဲ့ ကိစၥေတြကေတာ့ အတန္ငယ္ ႐ုပ္ဆိုးေနေလ့ ရွိပါတယ္။ ဒါေၾကာင့္လည္း မၾကာခဏဆိုသလိုပဲ ရန္ပြဲေတြထဲမွာ ဝင္ပါေနတာ ျဖစ္ပါတယ္။

ေနာက္တစ္ခန္းမွာေတာ့ K ဟာ Ryu Soo Yeol ရဲ့ ရည္းစားေဟာင္းျဖစ္တဲ့ Lee Hee Kyum (Han Ji Eun)ကို စိတ္ဝင္စားေနတာ ေတြ႕ရပါတယ္။ ရဲတင္းၿပီး ရိုင္းပ်၊ ပြင့္လင္းလြန္းတဲ့ K ဟာ Ryu Soo Yeol ရဲ့ ေနာက္ကြယ္မွာေတာ့ မ်က္လုံးအျပဴးသားနဲ႔ Lee Hee Kyum ကို ခ်ဥ္းကပ္ေနပါတယ္။

ဒီဒရာမာထဲက ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္ေကာင္ကေတာ့ Cha Hak Yeon သ႐ုပ္ေဆာင္ထားတဲ့ စည္းကမ္းရွိတဲ့ ရဲဝန္ထမ္း Oh Kyung Tae ပဲ ျဖစ္ပါတယ္။ Oh Kyung Tae ကေတာ့ တရားမၽွတမွုကို ျပင္းျပစြာ လိုလားၿပီး တာဝန္သိတတ္သူ ျဖစ္ကာ သနားၾကင္နာတတ္တဲ့ ႏွလုံးသားရွိသူ ျဖစ္ပါတယ္။

Bad And Crazy ကိုေတာ့ လာမယ့္ ဒီဇင္ဘာလ(၁၇)ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular