HomeCelebs Update NewsKoreaဆိုရှယ်မီဒီယာပေါ်က Lee Min Ho အယောင်ဆောင်ထားတဲ့ အကောင့်တွေကို အေဂျင်စီ သတိပေး

ဆိုရှယ်မီဒီယာပေါ်က Lee Min Ho အယောင်ဆောင်ထားတဲ့ အကောင့်တွေကို အေဂျင်စီ သတိပေး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကျော် ကိုရီးယားမင်းသားချော Lee Min Ho ရဲ့ အမည်နဲ့ အကောင့်စစ်လို အယောင်ဆောင်ထားတဲ့ အကောင့်တွေ များပြားလာတာကြောင့် ပရိသတ်တွေအနေနဲ့ သတိထားကြစေဖို့ မင်းသားရဲ့ အေဂျင်စီက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကြေညာချက်မှာတော့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“မင်္ဂလာပါ။ MYM Entertainment က နှုတ်ခွန်းဆက်သပါတယ်။ မင်းသား Lee Min Ho ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျွန်ုပ်တို့အနေနဲ့ ကျေးဇူးတင်ရှိပါတယ်။ မကြာသေးခင်ကပဲ ကျွန်ုပ်တို့မင်းသားရဲ့ အမည်နဲ့ တကယ့် official account အစစ်လို အယောင်ဆောင်ထားတဲ့ အကောင့်တွေ ဆိုရှယ်မီဒီယာပေါ်မှာ အများကြီး ပေါ်လာတာကို တွေ့နေရပါတယ် … ”

Photo via soompi

“ကျွန်ုပ်တို့ အေဂျင်စီက ဖွင့်လှစ်ထားတဲ့ တရားဝင်အကောင့်တွေ၊ အီးမေးလ်တွေနဲ့ မင်းသားရဲ့ ကိုယ်ရေးကိုယ်တာသုံး အကောင့်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ ကျေးဇူးပြုပြီး တရားဝင် အကောင့်စစ်တွေကိုပဲ ကြည့်ရှုပေးပါ။ သို့မှသာ မလိုလားအပ်တဲ့ လိမ်လည်မှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် …” လို့ အေဂျင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Photo via soompi

နာမည်ကျော်ကြားတဲ့ မင်းသား၊ မင်းသမီးတွေ နာမည်နဲ့ အကောင့်တွေ ဆိုရှယ်မီဒီယာပေါ်မှာ မှိုလိုပေါက်အောင် ရှိတတ်တယ် ဆိုပေမယ့် တကယ့် အကောင့်စစ်လိုပုံစံနဲ့ ဟန်ဆောင်တာမျိုးကတော့ သိပ်ပြီးတွေ့ရလေ့ မရှိပါဘူး။ အကောင့်စစ်ပုံစံနဲ့ အယောင်ဆောင်တွေ ရှိနေခြင်းအားဖြင့် လူမှုရေး၊ စီးပွားရေးဘက်မှာ ထိခိုက်မှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဥပမာ ကြော်ငြာကိစ္စ၊ အလုပ်ကိစ္စတွေလိုမျိုးမှာ တကယ့်ပုဂ္ဂိုလ်အစစ်ယောင်ဆောင်ပြီး အခကြေးငွေ တောင်းခံတာတွေ၊ စာချုပ်ချုပ်တာတွေ ဖြစ်လာနိုင်တာကြောင့် အခုလို သတိထားဖို့ အေဂျင်စီဘက်က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ဆိုရွယ္မီဒီယာေပၚမွာ နာမည္ေက်ာ္ ကိုရီးယားမင္းသားေခ်ာ Lee Min Ho ရဲ႕ အမည္နဲ႔ အေကာင့္စစ္လို အေယာင္ေဆာင္ထားတဲ့ အေကာင့္ေတြ မ်ားျပားလာတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ သတိထားၾကေစဖို႔ မင္းသားရဲ႕ ေအဂ်င္စီက ေၾကညာခ်က္တစ္ခု ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါ ေၾကညာခ်က္မွာေတာ့ ေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္။

“မဂၤလာပါ။ MYM Entertainment က ႏႈတ္ခြန္းဆက္သပါတယ္။ မင္းသား Lee Min Ho ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြအားလုံးကို ကြၽႏ္ုပ္တို႔အေနနဲ႔ ေက်းဇူးတင္ရွိပါတယ္။ မၾကာေသးခင္ကပဲ ကြၽႏ္ုပ္တို႔မင္းသားရဲ႕ အမည္နဲ႔ တကယ့္ official account အစစ္လို အေယာင္ေဆာင္ထားတဲ့ အေကာင့္ေတြ ဆိုရွယ္မီဒီယာေပၚမွာ အမ်ားႀကီး ေပၚလာတာကို ေတြ႕ေနရပါတယ္ … ”

Photo via soompi

“ကြၽႏ္ုပ္တို႔ ေအဂ်င္စီက ဖြင့္လွစ္ထားတဲ့ တရားဝင္အေကာင့္ေတြ၊ အီးေမးလ္ေတြနဲ႔ မင္းသားရဲ႕ ကိုယ္ေရးကိုယ္တာသုံး အေကာင့္ေတြကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။ ေက်းဇူးျပဳၿပီး တရားဝင္ အေကာင့္စစ္ေတြကိုပဲ ၾကည့္ရႈေပးပါ။ သို႔မွသာ မလိုလားအပ္တဲ့ လိမ္လည္မႈေတြကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္ …” လို႔ ေအဂ်င္စီဘက္က ထုတ္ျပန္ထားပါတယ္။

Photo via soompi

နာမည္ေက်ာ္ၾကားတဲ့ မင္းသား၊ မင္းသမီးေတြ နာမည္နဲ႔ အေကာင့္ေတြ ဆိုရွယ္မီဒီယာေပၚမွာ မႈိလိုေပါက္ေအာင္ ရွိတတ္တယ္ ဆိုေပမယ့္ တကယ့္ အေကာင့္စစ္လိုပုံစံနဲ႔ ဟန္ေဆာင္တာမ်ိဳးကေတာ့ သိပ္ၿပီးေတြ႕ရေလ့ မရွိပါဘူး။ အေကာင့္စစ္ပုံစံနဲ႔ အေယာင္ေဆာင္ေတြ ရွိေနျခင္းအားျဖင့္ လူမႈေရး၊ စီးပြားေရးဘက္မွာ ထိခိုက္မႈေတြ ျဖစ္လာေစမွာ ျဖစ္ပါတယ္။ ဥပမာ ေၾကာ္ျငာကိစၥ၊ အလုပ္ကိစၥေတြလိုမ်ိဳးမွာ တကယ့္ပုဂၢိဳလ္အစစ္ေယာင္ေဆာင္ၿပီး အခေၾကးေငြ ေတာင္းခံတာေတြ၊ စာခ်ဳပ္ခ်ဳပ္တာေတြ ျဖစ္လာႏိုင္တာေၾကာင့္ အခုလို သတိထားဖို႔ ေအဂ်င္စီဘက္က ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular