HomeCelebs Update NewsKoreaနံပါတ်(၁)နေရာကို လောဘမတက်ဘဲ ကိုယ့်ကိုယ်သာ ယှဉ်ပြိုင်နေတယ်ဆိုတဲ့ မင်းသမီးလေး Lee Se Young

နံပါတ်(၁)နေရာကို လောဘမတက်ဘဲ ကိုယ့်ကိုယ်သာ ယှဉ်ပြိုင်နေတယ်ဆိုတဲ့ မင်းသမီးလေး Lee Se Young

မင်းသမီးလေး Lee Se Young ကတော့ မကြာသေးခင်ကပဲ Big Issue မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ကာဗာမော်ဒယ်လ်အဖြစ် ဓာတ်ပုံတွေလည်း ရိုက်ကူးပေးထားပါတယ်။ အဆိုပါ အင်တာဗျူးမှာတော့ သရုပ်ဆောင်အလုပ်အပေါ် ထားရှိတဲ့ သူမရဲ့စိတ်သဘောထားနဲ့ ခံယူချက်တွေကို ပြောပြထားပါတယ်။

အဆိုပါ အင်တာဗျူးထဲမှာတော့ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲ The Red Sleeve ထဲက Seong Deok Im ဇာတ်ရုပ်နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားထားပါသေးတယ်။ Deok Im ဇာတ်ရုပ်ဟာ ယခင်က သူမ သရုပ်ဆောင်ဖူးတဲ့ နန်းတွင်းသူဇာတ်ရုပ်တွေနဲ့ ဘာတွေကွာခြားလည်းဆိုတဲ့ မေးခွန်းကိုတော့ သူမက အခုလို ဖြေကြားထားပါတယ်။

Photo Credit: Big Issue

“Deok Im ရဲ့ အမိုက်ဆုံး ဇာတ်ဝင်ခန်းကတော့ အပိုင်း(၅)ရဲ့ နောက်ဆုံးခန်းပါပဲ။ ကျွန်မ ကာကွယ်ပေးမယ်ဆိုတာလေ။ ရာထူးအာဏာမရှိတဲ့ နန်းတွင်းသူတစ်ယောက်က ဒီလိုစကားမျိုး ပြောလိုက်တာက သိပ်မိုက်တယ်လို့ ကျွန်မတော့ ထင်တယ်။ ပြီးတော့ အဲဒီစကားလေးကို ကျွန်မကိုယ်တိုင်ကလည်း ယုံကြည်ချင်တယ် … ” လို့ ဆိုပါတယ်။

Photo Credit: Big Issue

ဆက်လက်ပြီး “ကျွန်မအသက်ကြီးသွားတဲ့အထိ သရုပ်ဆောင်အလုပ်ကို လုပ်ချင်တယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ကျွန်မကိုယ်ကျွန်မ သူများတွေနဲ့ မယှဉ်ပြိုင်မိအောင် နေတယ်။ အားကစားဆိုတာ ကိုယ်နဲ့ ကိုယ့်ရဲ့စံချိန်တွေကြားမှာ ယှဉ်ပြိုင်ရတာလေ။ ကျွန်မအတွက်လည်း အဲဒါနဲ့ သဘောတရားချင်း အတူတူပါပဲ … ” လို့ သူမက ပြောပါတယ်။

Photo Credit: Big Issue

အားကစားနဲ့ သရုပ်ဆောင်အလုပ်ကို ဘာကြောင့် နှိုင်းယှဉ်ပြီး ပြောရတာလည်း ဆိုတာကိုတော့ “မနေ့က ဒီလောက် လုပ်ထားနိုင်တယ်ဆိုရင် အဲဒီမနေ့က ကျွန်မရဲ့ လုပ်နိုင်စွမ်းကိုပဲ ပြန်ပြီးနှိုင်းယှဉ်ကြည့်တယ်။ ပြီးတော့ ဒီနေ့မှာ မနေ့ကထက် ခြေတစ်လှမ်း ပိုလှမ်းနိုင်အောင် ကြိုးစားတယ်။ အဲဒီလိုမျိုး အရှေ့ကို ဆက်လှမ်းသွားနိုင်မယ်ဆိုရင် ကျွန်မဟာ အရင်ကထက် ပိုပြီးတိုးတက်လာမှာပဲလေ။ အဲဒါကြောင့် သူများတွေကိုလည်း မနာလိုဖြစ်နေစရာ မလိုတော့ဘူး။ ကျွန်မစိတ်ထဲမှာ ကျွန်မက နံပါတ်(၁)နေရာမှာ ရှိနေရမယ်ဆိုတာမျိုး မထားဘူး။ အဲဒီနေရာအတွက် ကျွန်မ လောဘမတက်ပါဘူး … ” လို့ ဖွင့်ဟထားပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular