HomeCelebs Update NewsKoreaေၾကာင္ေလး Leo၊ Luca တို႔နဲ႔အတူ မိုဘိုင္းလ္ဂိမ္းတစ္ခုမွာ ပါ၀င္လာမယ့္ Lisa

ေၾကာင္ေလး Leo၊ Luca တို႔နဲ႔အတူ မိုဘိုင္းလ္ဂိမ္းတစ္ခုမွာ ပါ၀င္လာမယ့္ Lisa

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BLACKPINK အဖြဲ႕၀င္ Lisa ဟာ သူမရဲ႕ ေၾကာင္ကေလး Leo ၊ Luca တို႔နဲ႔အတူ မိုဘိုင္းလ္ဂိမ္းတစ္ခုမွာ ပါ၀င္လာေတာ့မယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္တုန္းက Ragnarok M: Eternal Love လို႔ေခၚတဲ့ မိုဘိုင္းလ္ဂိမ္းတစ္ခုမွာ Lisa ပါ၀င္မယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။ Ragnarok M ဟာ player ေတြစိတ္ႀကိဳက္ ဇာတ္ေကာင္ကို ဖန္တီးၿပီး တာ၀န္ေတြ ၿပီးဆုံးေအာင္ လုပ္ရင္းနဲ႔ Rune Midgard ကမာၻႀကီးမွာ လွည့္လည္ရွာေဖြ သြားလာရတဲ့ MMORPG အမ်ိဳးအစား ဂိမ္းတစ္ခု ျဖစ္ပါတယ္။

ေကာလာဟလေတြ ထြက္လာၿပီး သိပ္မၾကာခင္မွာပဲ ဒီသတင္းဟာ အမွန္တကယ္ အတည္ျပဳသြားခဲ့ပါၿပီ။ အဆိုပါ Ragnarok M ဂိမ္းရဲ႕ Update Version မွာ Lisa က ဇာတ္ေကာင္တစ္ခုအျဖစ္ ပါ၀င္လာမွာျဖစ္ၿပီး ဂိမ္းရဲ႕မတူညီတဲ့ event အမ်ိဳးမ်ိဳးမွာလည္း ပါ၀င္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဂိမ္းရဲ႕ Update Version ကို ဇူလိုင္လ(၂၄)ရက္ေန႔က တရား၀င္ထြက္ရိွခဲ့ၿပီး ပရိသတ္ေတြအေနနဲ႔ Lisa ကို ဂိမ္းထဲမွာ ရွာေဖြဖို႔ အားသြန္ခြန္စိုက္ ႀကိဳးစားခဲ့ၾကပါတယ္။ ကၽြမ္းက်င္ကစားသမားေတြရဲ႕ ေထာက္လွမ္းေရးစေကးေၾကာင့္ သိပ္ၾကာၾကာ ေစာင့္ဆိုင္းစရာမလိုဘဲ ဂိမ္းထဲက Lisa ရဲ႕ တည္ေနရာကို သိခဲ့ၾကရပါတယ္။ ပိုၿပီး အ့ံၾသစရာေကာင္းတာကေတာ့ Lisa နဲ႔အတူ သူမရဲ႕အခ်စ္ေတာ္ ေၾကာင္ေလးႏွစ္ေကာင္ျဖစ္တဲ့ Leo နဲ႔ Luca ကိုပါ ေတြ႕လုိက္ၾကရတာပဲ ျဖစ္ပါတယ္။

Photo: koreaboo
Photo: koreaboo

လတ္တေလာမွာေတာ့ Lisa ပါ၀င္တဲ့ ဂိမ္းဗားရွင္းဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာပဲ ရရိွပါေသးတယ္။ ပရိသတ္ေတြကေတာ့ Lisa အေနနဲ႔ ေနာက္ထပ္ ဘယ္လို event ေတြမွာ ပါ၀င္လာဦးမလည္းဆိုတာ ရင္ခုန္စြာနဲ႔ ေစာင့္ဆိုင္းေနၾကပါတယ္။

Xei

Ref: koreaboo

(Unicode Version)

BLACKPINK အဖွဲ့ဝင် Lisa ဟာ သူမရဲ့ ကြောင်ကလေး Leo ၊ Luca တို့နဲ့အတူ မိုဘိုင်းလ်ဂိမ်းတစ်ခုမှာ ပါဝင်လာတော့မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Ragnarok M: Eternal Love လို့ခေါ်တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုမှာ Lisa ပါဝင်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ Ragnarok M ဟာ player တွေစိတ်ကြိုက် ဇာတ်ကောင်ကို ဖန်တီးပြီး တာဝန်တွေ ပြီးဆုံးအောင် လုပ်ရင်းနဲ့ Rune Midgard ကမ္ဘာကြီးမှာ လှည့်လည်ရှာဖွေ သွားလာရတဲ့ MMORPG အမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ကောလာဟလတွေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဒီသတင်းဟာ အမှန်တကယ် အတည်ပြုသွားခဲ့ပါပြီ။ အဆိုပါ Ragnarok M ဂိမ်းရဲ့ Update Version မှာ Lisa က ဇာတ်ကောင်တစ်ခုအဖြစ် ပါဝင်လာမှာဖြစ်ပြီး ဂိမ်းရဲ့မတူညီတဲ့ event အမျိုးမျိုးမှာလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂိမ်းရဲ့ Update Version ကို ဇူလိုင်လ(၂၄)ရက်နေ့က တရားဝင်ထွက်ရှိခဲ့ပြီး ပရိသတ်တွေအနေနဲ့ Lisa ကို ဂိမ်းထဲမှာ ရှာဖွေဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြပါတယ်။ ကျွမ်းကျင်ကစားသမားတွေရဲ့ ထောက်လှမ်းရေးစကေးကြောင့် သိပ်ကြာကြာ စောင့်ဆိုင်းစရာမလိုဘဲ ဂိမ်းထဲက Lisa ရဲ့ တည်နေရာကို သိခဲ့ကြရပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာကတော့ Lisa နဲ့အတူ သူမရဲ့အချစ်တော် ကြောင်လေးနှစ်ကောင်ဖြစ်တဲ့ Leo နဲ့ Luca ကိုပါ တွေ့လိုက်ကြရတာပဲ ဖြစ်ပါတယ်။

Photo: koreaboo
Photo: koreaboo

လတ်တလောမှာတော့ Lisa ပါဝင်တဲ့ ဂိမ်းဗားရှင်းဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာပဲ ရရှိပါသေးတယ်။ ပရိသတ်တွေကတော့ Lisa အနေနဲ့ နောက်ထပ် ဘယ်လို event တွေမှာ ပါဝင်လာဦးမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular