HomeCelebs Update NewsKoreaထိုင္းႏိုင္ငံက ေရေဘးသင့္ျပည္သူမ်ားအတြက္ အလွဴေငြ လွဴဒါန္းခဲ့တဲ့ Lisa

ထိုင္းႏိုင္ငံက ေရေဘးသင့္ျပည္သူမ်ားအတြက္ အလွဴေငြ လွဴဒါန္းခဲ့တဲ့ Lisa

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BLACKPINK  အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ Lisa ဟာ ထိုင္းႏိုင္ငံက ေရႀကီးမႈကို ခံစားေနရတဲ့ Ubon Ratchathani ေဒသက ေရေဘးသင့္ျပည္သူေတြကို ရက္ေရာစြာ လွဴဒါန္းလိုက္ပါတယ္။

သူမဟာ အဆိုပါ ေရေဘးသင့္ေဒသအတြက္ ထိုင္းဘတ္ေငြတစ္သိန္း လွဴဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ဒီ့ထက္ပိုၿပီး ခ်ီးမြမ္းစရာေကာင္းတာကေတာ့ အလွဴေငြကို အမည္မတပ္ဘဲ လွဴဒါန္းခဲ့တာပါ။ မီဒီယာေတြရဲ႕ အာရုံစိုက္မႈကိုလည္း နည္းနည္းမွ မလိုခ်င္ခဲ့ဘူးလို႔ ဆိုပါတယ္။

Photo: lalalalisa_m/ Instagram

Lisa ရဲ႕ ကိုယ္စားလွယ္ကေတာ့ “ေရေဘးေၾကာင့္ ဒုကၡေရာက္ေနရသူေတြအတြက္ ဒါေလးက နည္းနည္းပဲျဖစ္ျဖစ္ အကူအညီျဖစ္မယ္လို႔ ေမွ်ာ္လင့္ၿပီး လွဴဒါန္းခဲ့တာပါ” လို႔ ေျပာထားပါတယ္။

Photo: lalalalisa_m/ Instagram

ယခုလက္ရိွ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းက Ubon Ratchathani ေဒသဟာ ေရလႊမ္းမိုးမႈကို ခံစားေနရၿပီး (၁၇)ႏွစ္အတြင္း အဆိုး၀ါးဆုံးစံခ်ိန္အျဖစ္ ေၾကျငာထားပါတယ္။ ေရေဘးေၾကာင့္ ရြာေပါင္း(၇၀၀)ခန္႔ ပ်က္စီးခဲ့ၿပီး အိမ္ရာေပါင္း ေလးသိန္းခန္႔ ထိခိုက္ခံစားခဲ့ရတယ္လို႔ သိရပါတယ္။

Photo: koreaboo

Lisa ေလးရဲ႕ အလွဴကေတာ့ တကယ္ကို မြန္ျမတ္တာမို႔ Blink တို႔လည္း သာဓု၀ိုင္းေခၚေပးလိုက္ၾကပါဦး။

LaNina

Ref: koreaboo

(Unicode Version)

BLACKPINK  အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ ထိုင်းနိုင်ငံက ရေကြီးမှုကို ခံစားနေရတဲ့ Ubon Ratchathani ဒေသက ရေဘေးသင့်ပြည်သူတွေကို ရက်ရောစွာ လှူဒါန်းလိုက်ပါတယ်။

သူမဟာ အဆိုပါ ရေဘေးသင့်ဒေသအတွက် ထိုင်းဘတ်ငွေတစ်သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီ့ထက်ပိုပြီး ချီးမွမ်းစရာကောင်းတာကတော့ အလှူငွေကို အမည်မတပ်ဘဲ လှူဒါန်းခဲ့တာပါ။ မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်း နည်းနည်းမှ မလိုချင်ခဲ့ဘူးလို့ ဆိုပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ရဲ့ ကိုယ်စားလှယ်ကတော့ “ရေဘေးကြောင့် ဒုက္ခရောက်နေရသူတွေအတွက် ဒါလေးက နည်းနည်းပဲဖြစ်ဖြစ် အကူအညီဖြစ်မယ်လို့ မျှော်လင့်ပြီး လှူဒါန်းခဲ့တာပါ” လို့ ပြောထားပါတယ်။

Photo: lalalalisa_m/ Instagram

ယခုလက်ရှိ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Ubon Ratchathani ဒေသဟာ ရေလွှမ်းမိုးမှုကို ခံစားနေရပြီး (၁၇)နှစ်အတွင်း အဆိုးဝါးဆုံးစံချိန်အဖြစ် ကြေငြာထားပါတယ်။ ရေဘေးကြောင့် ရွာပေါင်း(၇၀၀)ခန့် ပျက်စီးခဲ့ပြီး အိမ်ရာပေါင်း လေးသိန်းခန့် ထိခိုက်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Photo: koreaboo

Lisa လေးရဲ့ အလှူကတော့ တကယ်ကို မွန်မြတ်တာမို့ Blink တို့လည်း သာဓုဝိုင်းခေါ်ပေးလိုက်ကြပါဦး။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular