HomeCelebs Update NewsKoreaLisa ပြန်ပြောပြတဲ့ သူမရဲ့ထရိန်နီဘဝ ရုန်းကန်မှု

Lisa ပြန်ပြောပြတဲ့ သူမရဲ့ထရိန်နီဘဝ ရုန်းကန်မှု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဝင် Lisa ဟာ Youth With You ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ပြီး သူမဘဝရဲ့ အစောပိုင်း ထရိန်နီကာလတွေကို ပြန်ပြောင်းပြောပြခဲ့ရာ BLINK တွေ မျက်ရည်ဝဲခဲ့ကြရပါတယ်။

Lisa ဟာ Produce 101 ရှိုးရဲ့ တရုတ်ဗားရှင်းဖြစ်တဲ့ Youth With You ရှိုးမှာ အကနည်းပြဆရာအဖြစ်နဲ့ ပါဝင်ထားပြီး ပထမဆုံးနေ့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားတဲ့ vlog မှာ ထရိန်နီတွေကိုအားပေးရင် သူမ ရုန်းကန်ခဲ့ရပုံတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Lisa ဟာ ထရိန်နီဘဝနဲ့ ငါးနှစ်ကြာအောင် လေ့ကျင့်ခဲ့ရပြီး ကိုရီးယားက သာမန်ထရိန်နီတွေထက် ပိုခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူမရဲ့အမိနိုင်ငံနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ကွာခြားတဲ့ နိုင်ငံတစ်နိုင်ငံကို တစ်ယောက်တည်း ရောက်ရှိလာခဲ့ပြီး သာမန်ကိုရီးယားထရိန်နီတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ကိုတောင် အသည်းအသန် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: lalalalisa_m/ Instagram

“ငါးနှစ်လောက် လေ့ကျင့်ပြီးမှ ပွဲထွက်ခဲ့ရတော့ ထရိန်နီဘဝရဲ့ ခက်ခဲမှုတွေကို ကျွန်မ သိပါတယ်။ ကိုယ်လည်း ကြုံခဲ့ရတဲ့အရာတွေမို့ အခုခံစားနေကြရမယ့် အရာတွေကို လုံးဝနားလည်ပါတယ်။ ကျွန်မ အသက်ဆယ့်လေးနှစ်တုန်းက အဆိုတော်ဖြစ်ချင်တော့ ကိုယ့်ဘာသာ အိမ်ကနေ ထွက်လာပြီး ကိုယ်နဲ့လုံးဝမရင်းနှီးတဲ့ နိုင်ငံတစ်ခုမှာ ထရိန်နီလာလုပ်ခဲ့ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို လုပ်ခဲ့ရပြီး ဘာသာစကားအခက်အခဲကိုလည်း ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရပါတယ်…” လို့ Lisa က ပြောပြထားပါတယ်။

သူမနဲ့ မရင်းနှီး၊ မကျွမ်းဝင်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေသားကျအောင် ကြိုးစားရုံတင်မဟုတ်ဘဲ ကိုရီးယားစကားကို နားလည်အောင်ပါ အပတ်တကုတ် ကြိုးစားခဲ့ရလို့ တစ်ခါတစ်လေတော့လည်း အားငယ်ပြီး အိမ်ကို လွမ်းနေခဲ့ရပါတယ်။ “တစ်ခါတစ်လေဆို အိမ်ကိုလွမ်းလွန်းလို့ အိပ်ရာထဲမှာ ခိုးပြီး ငိုခဲ့ရပါတယ်… ” လို့ ရင်ဖွင့်ခဲ့ပါသေးတယ်။

Photo: lalalalisa_m/ Instagram

ခက်ခဲမှုပေါင်းများစွာနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီးနောက်မှာတော့ ထိပ်တန်းမိန်းကလေးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲမှာ main dancer အဖြစ်နဲ့ ပွဲထွက်နိုင်ခဲ့သူလေးကလည်း Lisa ပါပဲ။

“ငါးနှစ်ဆိုတာ အရမ်းကြာတဲ့ ကာလတစ်ခုပါ။ ဒါပေမယ့် ကျွန်မ အရှုံးမပေးခဲ့ပါဘူး။ ရှင်တို့အားလုံးလည်း ကျွန်မလိုပဲ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်အိပ်မက်ကို ရအောင်ကြိုးစားယူနေတာ ဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့လည်း သေချာပေါက် တွေ့ရမှာပါ။ ဒါပေမယ့် ဘယ်လိုအရာတွေနဲ့ပဲ ရင်ဆိုင်ရပါစေ၊ အရှေ့ကို ဆက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကလည်း ဒီမှာ အားပေးဖို့ ရှိနေပါမယ်…” လို့ ထရိန်နီတွေကို အားပေးထားပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ကတော့ ထရိန်နီတွေ အားတက်စေဖို့ သူမ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ ဒီလောက်နှစ်အကြာကြီး တောင့်ခံပြီး အိပ်မက်ကို အရယူနိုင်ခဲ့တဲ့အတွက် သူမကို သနားလည်းသနား၊ လေးလည်းလေးစား ဖြစ်နေကြပါတယ်။

Xei

(Zawgyi Version)

BLACKPINK အဖြဲ႕ဝင္ Lisa ဟာ Youth With You ဆိုတဲ့ ႐ုပ္သံအစီအစဥ္မွာ ပါဝင္ၿပီး သူမဘဝရဲ႕ အေစာပိုင္း ထရိန္နီကာလေတြကို ျပန္ေျပာင္းေျပာျပခဲ့ရာ BLINK ေတြ မ်က္ရည္ဝဲခဲ့ၾကရပါတယ္။

Lisa ဟာ Produce 101 ရႈိးရဲ႕ တ႐ုတ္ဗားရွင္းျဖစ္တဲ့ Youth With You ရႈိးမွာ အကနည္းျပဆရာအျဖစ္နဲ႔ ပါဝင္ထားၿပီး ပထမဆုံးေန႔ရဲ႕ လႈပ္ရွားမႈေတြကို မွတ္တမ္းတင္ထားတဲ့ vlog မွာ ထရိန္နီေတြကိုအားေပးရင္ သူမ ႐ုန္းကန္ခဲ့ရပုံေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Lisa ဟာ ထရိန္နီဘဝနဲ႔ ငါးႏွစ္ၾကာေအာင္ ေလ့က်င့္ခဲ့ရၿပီး ကိုရီးယားက သာမန္ထရိန္နီေတြထက္ ပိုခက္ခဲတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရသူ ျဖစ္ပါတယ္။ သူမရဲ႕အမိႏိုင္ငံနဲ႔ ဘာသာစကား၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံေတြ ကြာျခားတဲ့ ႏိုင္ငံတစ္ႏိုင္ငံကို တစ္ေယာက္တည္း ေရာက္ရွိလာခဲ့ၿပီး သာမန္ကိုရီးယားထရိန္နီေတြနဲ႔ ရင္ေပါင္တန္းႏိုင္ဖို႔ကိုေတာင္ အသည္းအသန္ ႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။

Photo: lalalalisa_m/ Instagram

“ငါးႏွစ္ေလာက္ ေလ့က်င့္ၿပီးမွ ပြဲထြက္ခဲ့ရေတာ့ ထရိန္နီဘဝရဲ႕ ခက္ခဲမႈေတြကို ကြၽန္မ သိပါတယ္။ ကိုယ္လည္း ႀကဳံခဲ့ရတဲ့အရာေတြမို႔ အခုခံစားေနၾကရမယ့္ အရာေတြကို လုံးဝနားလည္ပါတယ္။ ကြၽန္မ အသက္ဆယ့္ေလးႏွစ္တုန္းက အဆိုေတာ္ျဖစ္ခ်င္ေတာ့ ကိုယ့္ဘာသာ အိမ္ကေန ထြက္လာၿပီး ကိုယ္နဲ႔လုံးဝမရင္းႏွီးတဲ့ ႏိုင္ငံတစ္ခုမွာ ထရိန္နီလာလုပ္ခဲ့ပါတယ္။ ျပင္းထန္တဲ့ ေလ့က်င့္မႈေတြကို လုပ္ခဲ့ရၿပီး ဘာသာစကားအခက္အခဲကိုလည္း ႀကီးႀကီးမားမား ရင္ဆိုင္ခဲ့ရပါတယ္…” လို႔ Lisa က ေျပာျပထားပါတယ္။

သူမနဲ႔ မရင္းႏွီး၊ မကြၽမ္းဝင္တဲ့ ပတ္ဝန္းက်င္တစ္ခုမွာ ေနသားက်ေအာင္ ႀကိဳးစား႐ုံတင္မဟုတ္ဘဲ ကိုရီးယားစကားကို နားလည္ေအာင္ပါ အပတ္တကုတ္ ႀကိဳးစားခဲ့ရလို႔ တစ္ခါတစ္ေလေတာ့လည္း အားငယ္ၿပီး အိမ္ကို လြမ္းေနခဲ့ရပါတယ္။ “တစ္ခါတစ္ေလဆို အိမ္ကိုလြမ္းလြန္းလို႔ အိပ္ရာထဲမွာ ခိုးၿပီး ငိုခဲ့ရပါတယ္… ” လို႔ ရင္ဖြင့္ခဲ့ပါေသးတယ္။

Photo: lalalalisa_m/ Instagram

ခက္ခဲမႈေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္တိုက္ခိုက္ၿပီးေနာက္မွာေတာ့ ထိပ္တန္းမိန္းကေလးအဖြဲ႕ေတြထဲက တစ္ဖြဲ႕ျဖစ္တဲ့ BLACKPINK အဖြဲ႕ထဲမွာ main dancer အျဖစ္နဲ႔ ပြဲထြက္ႏိုင္ခဲ့သူေလးကလည္း Lisa ပါပဲ။

“ငါးႏွစ္ဆိုတာ အရမ္းၾကာတဲ့ ကာလတစ္ခုပါ။ ဒါေပမယ့္ ကြၽန္မ အရႈံးမေပးခဲ့ပါဘူး။ ရွင္တို႔အားလုံးလည္း ကြၽန္မလိုပဲ လုပ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ကိုယ့္အိပ္မက္ကို ရေအာင္ႀကိဳးစားယူေနတာ ျဖစ္တဲ့အတြက္ အခက္အခဲေတြနဲ႔လည္း ေသခ်ာေပါက္ ေတြ႕ရမွာပါ။ ဒါေပမယ့္ ဘယ္လိုအရာေတြနဲ႔ပဲ ရင္ဆိုင္ရပါေစ၊ အေရွ႕ကို ဆက္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္မကလည္း ဒီမွာ အားေပးဖို႔ ရွိေနပါမယ္…” လို႔ ထရိန္နီေတြကို အားေပးထားပါတယ္။

Photo: lalalalisa_m/ Instagram

Lisa ကေတာ့ ထရိန္နီေတြ အားတက္ေစဖို႔ သူမ ႀကဳံခဲ့ရတဲ့ အခက္အခဲေတြကို ေျပာျပခဲ့ေပမယ့္ သူမရဲ႕ပရိသတ္ေတြကေတာ့ ဒီေလာက္ႏွစ္အၾကာႀကီး ေတာင့္ခံၿပီး အိပ္မက္ကို အရယူႏိုင္ခဲ့တဲ့အတြက္ သူမကို သနားလည္းသနား၊ ေလးလည္းေလးစား ျဖစ္ေနၾကပါတယ္။

Xei

 

 

RELATED ARTICLES

Most Popular