HomeCelebs Update NewsKoreaေမလမွာ ထြက္ရိွလာမယ့္ k-pop သီခ်င္းအသစ္မ်ားနဲ႔ အယ္လ္ဘမ္မ်ား

ေမလမွာ ထြက္ရိွလာမယ့္ k-pop သီခ်င္းအသစ္မ်ားနဲ႔ အယ္လ္ဘမ္မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ေကေပါ့ပ္ခ်စ္သူေတြအတြက္ ေမလမွာ သီခ်င္းအသစ္ေတြ အမ်ားႀကီး နားေထာင္ရဦးမွာပါ။ ဘယ္သူ႔ရဲ႕ သီခ်င္းအသစ္ေတြက သင့္ရဲ႕ playlist ထဲမွာ ထပ္တိုးလာမလည္းဆိုတာ ရင္ခုန္ရင္း အသစ္ထြက္လာမယ့္ အိုင္ေဒါေတြရဲ႕ သီခ်င္းေတြကို ထြက္မယ့္ရက္အလိုက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေမလ (၁)ရက္
Photo: soompi.com

Kim Dong Han ရဲ႕ “D-HOURS AM 7:03” လို႔ အမည္ရတဲ့ မီနီအယ္လ္ဘမ္ ထြက္လာမွာပါ။

ဒီေန႔မွာပဲ Chancellor ကလည္း Girls’ Generation အဖြဲ႕ထဲက Taeyeon နဲ႔အတူ “Angel“ဆိုတဲ့ ဒစ္ဂ်စ္တယ္ဆင္ဂယ္လ္တစ္ပုဒ္ ျဖန္႔ခ်ိမွာပါ။

ေမလ (၂)ရက္
Photo: soompi.com

(၂)ရက္ေန႔မွာေတာ့ အားလုံးရဲ႕အခ်စ္ေတာ္ Park Bom က “re: Blue Rose”ဆိုတဲ့ အယ္လ္ဘမ္ကို ထုတ္ေ၀မွာျဖစ္ၿပီး MAMAMOO အဖြဲ႕က Wheein Featuring သီဆိုေပးထားတဲ့ “4:44” ဆိုတဲ့ သီခ်င္းလည္း ပါ၀င္မွာ ျဖစ္ပါတယ္။

Golden Child အဖြဲ႕ကေတာ့ “Spring Again”  လို႔ အမည္ရတဲ့ သူတို႔ရဲ႕စပါယ္ရွယ္အယ္လ္ဘမ္ကို ဒီေန႔မွာပဲ ျဖန္႔ခ်ိသြားမွာပါ။

ေမလ (၇)ရက္
Photo: soompi.com

INFINITE အဖြဲ႕၀င္ Nam Woohyun ကေတာ့ သူ႔ရဲ႕တတိယေျမာက္ တစ္ကိုယ္ေတာ္ မီနီအယ္လ္ဘမ္နဲ႔ ပရိသတ္ဆီ ျပန္လာပါၿပီ။ အယ္လ္ဘမ္ေလးရဲ႕ နာမည္ကေတာ့ “A New Journey” ျဖစ္ပါတယ္။

MOMOLAND ကေတာ့ သူတို႔ရဲ႕ ballad သီခ်င္းအသစ္ကို ဒီတစ္ေန႔တည္းမွာပဲ ျဖန္႔ခ်ိဦးမွာပါ။

ေမလ (၉)ရက္
soompi.com

ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲ EXO အဖြဲ႕ရဲ႕ အဖြဲ႕၀င္ Xiumin က သူ႔ရဲ႕ SM STATION TRACK ျဖစ္တဲ့ “You” ဆိုတဲ့ သီခ်င္းေလးကို ျဖန္႔ခ်ိမွာပါ။

Henry ကေတာ့ မၾကာခင္မွာ ထြက္ရိွလာမယ့္ သူ႔ရဲ႕အယ္လ္ဘမ္အတြက္ အႀကိဳအေနနဲ႔ သီခ်င္းအသစ္တစ္ပုဒ္ကို ထုတ္ေ၀သြားမွာ ျဖစ္ပါတယ္။

ေမလ (၁၃)ရက္
Photo: soompi.com

Weki Meki အဖြဲ႕ကေတာ့ သူတို႔ရဲ႕ဒုတိယ ဆင္ဂယ္လ္အယ္လ္ဘမ္ “LOCK END LOL”ကို ဒီရက္မွာ ထုတ္ေ၀ျဖန္႔ခ်ိမွာပါ။

ေမလ (၁၇)ရက္
Photo: soompi.com

သီခ်င္းခ်ိဳခ်ိဳေအးေအးေလးေတြနဲ႔ လူသိမ်ားတဲ့ Davichi ႏွစ္ေယာက္အဖြဲ႕ကေတာ့ ေမလ(၁၇)ရက္မွာ အယ္လ္ဘမ္အသစ္တစ္ေခြ ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။

ေမလ (၂၀)ရက္
Photo: soompi.com

ေကာင္မေလးေတြရဲ႕ အသည္းစြဲ GOT7 အဖြဲ႕ကေတာ့ “Spinning Top” လို႔ အမည္ေပးထားတဲ့ အယ္လ္ဘမ္အသစ္နဲ႔အတူ ပရိသတ္ေရွ႕ကို ျပန္လည္ေရာက္ရိွလာေတာ့မွာပါ။

အားလုံးပဲ သီခ်င္းအသစ္ေတြကို ရင္ခုန္စြာနဲ႔ ေစာင့္စားရင္း သံစဥ္ေတြၾကားမွာ ေပ်ာ္ရႊင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Xei

Source: soompi.com

(Unicode Version)

ကေပေါ့ပ်ချစ်သူတွေအတွက် မေလမှာ သီချင်းအသစ်တွေ အများကြီး နားထောင်ရဦးမှာပါ။ ဘယ်သူ့ရဲ့ သီချင်းအသစ်တွေက သင့်ရဲ့ playlist ထဲမှာ ထပ်တိုးလာမလည်းဆိုတာ ရင်ခုန်ရင်း အသစ်ထွက်လာမယ့် အိုင်ဒေါတွေရဲ့ သီချင်းတွေကို ထွက်မယ့်ရက်အလိုက် ဖော်ပြပေးလိုက်ပါတယ်။

မေလ (၁)ရက်
Photo: soompi.com

Kim Dong Han ရဲ့ “D-HOURS AM 7:03” လို့ အမည်ရတဲ့ မီနီအယ်လ်ဘမ် ထွက်လာမှာပါ။

ဒီနေ့မှာပဲ Chancellor ကလည်း Girls’ Generation အဖွဲ့ထဲက Taeyeon နဲ့အတူ “Angel”ဆိုတဲ့ ဒစ်ဂျစ်တယ်ဆင်ဂယ်လ်တစ်ပုဒ် ဖြန့်ချိမှာပါ။

မေလ (၂)ရက်
Photo: soompi.com

(၂)ရက်နေ့မှာတော့ အားလုံးရဲ့အချစ်တော် Park Bom က “re: Blue Rose”ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ဝေမှာဖြစ်ပြီး MAMAMOO အဖွဲ့က Wheein Featuring သီဆိုပေးထားတဲ့ “4:44” ဆိုတဲ့ သီချင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Golden Child အဖွဲ့ကတော့ “Spring Again”  လို့ အမည်ရတဲ့ သူတို့ရဲ့စပါယ်ရှယ်အယ်လ်ဘမ်ကို ဒီနေ့မှာပဲ ဖြန့်ချိသွားမှာပါ။

မေလ (၇)ရက်
Photo: soompi.com

INFINITE အဖွဲ့ဝင် Nam Woohyun ကတော့ သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော် မီနီအယ်လ်ဘမ်နဲ့ ပရိသတ်ဆီ ပြန်လာပါပြီ။ အယ်လ်ဘမ်လေးရဲ့ နာမည်ကတော့ “A New Journey” ဖြစ်ပါတယ်။

MOMOLAND ကတော့ သူတို့ရဲ့ ballad သီချင်းအသစ်ကို ဒီတစ်နေ့တည်းမှာပဲ ဖြန့်ချိဦးမှာပါ။

မေလ (၉)ရက်
soompi.com

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ EXO အဖွဲ့ရဲ့ အဖွဲ့ဝင် Xiumin က သူ့ရဲ့ SM STATION TRACK ဖြစ်တဲ့ “You” ဆိုတဲ့ သီချင်းလေးကို ဖြန့်ချိမှာပါ။

Henry ကတော့ မကြာခင်မှာ ထွက်ရှိလာမယ့် သူ့ရဲ့အယ်လ်ဘမ်အတွက် အကြိုအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

မေလ (၁၃)ရက်
Photo: soompi.com

Weki Meki အဖွဲ့ကတော့ သူတို့ရဲ့ဒုတိယ ဆင်ဂယ်လ်အယ်လ်ဘမ် “LOCK END LOL”ကို ဒီရက်မှာ ထုတ်ဝေဖြန့်ချိမှာပါ။

မေလ (၁၇)ရက်
Photo: soompi.com

သီချင်းချိုချိုအေးအေးလေးတွေနဲ့ လူသိများတဲ့ Davichi နှစ်ယောက်အဖွဲ့ကတော့ မေလ(၁၇)ရက်မှာ အယ်လ်ဘမ်အသစ်တစ်ခွေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

မေလ (၂၀)ရက်
Photo: soompi.com

ကောင်မလေးတွေရဲ့ အသည်းစွဲ GOT7 အဖွဲ့ကတော့ “Spinning Top” လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာပါ။

အားလုံးပဲ သီချင်းအသစ်တွေကို ရင်ခုန်စွာနဲ့ စောင့်စားရင်း သံစဉ်တွေကြားမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Xei

Source: soompi.com

 

RELATED ARTICLES

Most Popular