HomeEntertainmentMusicGrammy စံကာတင်စာရင်းမှာ အပယ်ခံလိုက်ရလို့ ပေါက်ကွဲနေတဲ့ MGK 

Grammy စံကာတင်စာရင်းမှာ အပယ်ခံလိုက်ရလို့ ပေါက်ကွဲနေတဲ့ MGK 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

(၆၄)ကြိမ်မြောက် ပြုလုပ်ကျင်းပမယ့် ဂရမ်မီဆုပေးပွဲအတွက် စံကာတင်စာရင်းတွေကို နိုဝင်ဘာလ(၂၃)ရက်နေ့ညမှာပဲ ထုတ်ပြန်ကြေညာခဲ့ပေမယ့် Machine Gun Kelly ရဲ့ Tickets To My Downfall အယ်လ်ဘမ်ကတော့ စံကာတင်စာရင်းမှာ မပါဝင်ဘဲ အပယ်ခံလိုက်ရပါတယ်။

Tickets To My Downfall ကတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ MGK ရဲ့ အယ်လ်ဘမ် ဖြစ်ပြီး ထူးခြားချက်အနေနဲ့ Hip-Hop ဘက်ကနေ Rock ဘက်ကို genre ပြောင်းလဲထားတဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ ယခုလို ဂရမ်မီစံကာတင်စာရင်းကနေ ချန်ထားခဲ့ခံရတာနဲ့ ပတ်သက်ပြီး MGK တစ်ယောက်ကတော့ မကျေမနပ် ဖြစ်နေပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဂရမ်မီစံကာတင်စာရင်းမှာတော့ Olivia Rodrigo ၊ Baby Keem တို့လို မျက်နှာသစ် artist တွေလည်း ပါဝင်နေသလို Kanye West ၊ Taylor Swift ၊ Tony Bennett တို့လို နာမည်ကျော်ပြီးသား ဝါရင့် artist တွေလည်း ပါဝင်နေကြပါတယ်။ သို့သော်လည်း MGK ရဲ့ Tickets to My Downfall ကတော့ အသိအမှတ်ပြုမခံရဘဲ အခုလို ထိန်ချန်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Twitter

ဒီကိစ္စနဲ့ ပတ်သက်ပြီး MGK ကတော့ သူ့ရဲ့ တွစ်တာအကောင့်မှာ ပေါက်ကွဲထားပါတယ်။ “Grammys က ဘာတွေသောက်တလွဲ လုပ်နေတာလဲ ??? ” လို့ MGK က ရေးသားထားတာ ဖြစ်ပါတယ်။

အဆိုပါပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေက ဝိုင်းဝန်းအားပေးထားတာ တွေ့ရပါတယ်။ Forget Me Too သီချင်းရှင်ဟာ အနည်းဆုံးတော့ စံကာတင်စာရင်းမှာ ထည့်သွင်းပြီး အသိအမှတ်ပြု ခံရထိုက်တယ်လို့ ပြောဆိုနေကြကာ တချို့ကတော့ “မင်းက ဂရမ်မီနဲ့ ထိုက်တန်ပေမယ့် ဂရမ်မီကတော့ မင်းနဲ့ မထိုက်တန်ပါဘူး … ” လို့ ခပ်ကြွားကြွားလေး အားပေးထားကြတာလည်း တွေ့ရပါတယ်။

ပရိသတ်အများစုကတော့ ဂရမ်မီမှာ စံကာတင်ဝင်ဝင်၊ မဝင်ဝင် အမြဲတမ်း အားပေးသွားမယ့်အကြောင်းကိုလည်း ပြောဆိုနေကြတာ တွေ့ရပါသေးတယ်။

Photo: machinegunkelly/ Instagram

တကယ်တော့ ဂရမ်မီဆုပေးပွဲရဲ့ နောက်ကွယ်က ရွေးချယ်ရေးကော်မတီဖြစ်တဲ့ Recording Academy ကို မေးခွန်းထုတ်တာဟာ MGK က ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဂရမ်မီဆုပေးပွဲတုန်းကလည်း နာမည်ကျော် artist The Weeknd ရဲ့ After Hours အယ်လ်ဘမ်ဟာ စံကာတင်စာရင်းမှာ category တစ်ခုမှ မပါဝင်ခဲ့လို့ ပရိသတ်များစွာရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

The Weeknd ရဲ့ After Hours အယ်လ်ဘမ်ဟာ စီးပွားရေးအရလည်း အောင်မြင်ခဲ့ပြီး ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိထားတဲ့ အယ်လ်ဘမ် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး The Weeknd ကတော့ ဆုရွေးချယ်ရေးကော်မတီ The Recording Academy ဟာ အကျင့်ပျက်ခြစားနေပြီး သူအပါအဝင်၊ ပရိသတ်တွေရော၊ ဂီတလောကတစ်ခုလုံးကိုပါ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်နေတယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။

ဒါတင်မက ဂရမ်မီဆုပေးပွဲကိုပါ boycott လုပ်ပြီး နောက်နောင်မှာ သူ့ရဲ့ တေးသီချင်းတွေကို ဆုရွေးချယ်ရေးအတွက် ထည့်သွင်းရွေးချယ်ခံတော့မှာ မဟုတ်ကြောင်းလည်း ပြောထားပါသေးတယ်။

Photo: machinegunkelly/ Instagram

The Recording Academy ဘက်ကတော့ စံကာတင်ရွေးချယ်ရာမှာ ယခင်က ထားရှိခဲ့တဲ့ “လျှို့ဝှက်ကော်မတီအဖွဲ့ဝင်” တွေ အားလုံးနီးပါးကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး ကော်မတီအတွင်းက အဖွဲ့ဝင်အားလုံးရဲ့ မဲပေးရွေးချယ်မှုနဲ့ ထင်သာမြင်သာရှိအောင် ပြောင်းလဲထားတယ်လို့ ယခုနှစ် ဧပြီလမှာ ထုတ်ပြန်ကြေညာထားပါတယ်။

(၆၄)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးကိုတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့က Staples Center မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

(၆၄)ႀကိမ္ေျမာက္ ျပဳလုပ္က်င္းပမယ့္ ဂရမ္မီဆုေပးပြဲအတြက္ စံကာတင္စာရင္းေတြကို နိုဝင္ဘာလ(၂၃)ရက္ေန႔ညမွာပဲ ထုတ္ျပန္ေၾကညာခဲ့ေပမယ့္ Machine Gun Kelly ရဲ့ Tickets To My Downfall အယ္လ္ဘမ္ကေတာ့ စံကာတင္စာရင္းမွာ မပါဝင္ဘဲ အပယ္ခံလိုက္ရပါတယ္။

Tickets To My Downfall ကေတာ့ ၂၀၂၀ ခုႏွစ္က ထြက္ရွိခဲ့တဲ့ MGK ရဲ့ အယ္လ္ဘမ္ ျဖစ္ၿပီး ထူးျခားခ်က္အေနနဲ႔ Hip-Hop ဘက္ကေန Rock ဘက္ကို genre ေျပာင္းလဲထားတဲ့ ေတးအယ္လ္ဘမ္လည္း ျဖစ္ပါတယ္။ ယခုလို ဂရမ္မီစံကာတင္စာရင္းကေန ခ်န္ထားခဲ့ခံရတာနဲ႔ ပတ္သက္ၿပီး MGK တစ္ေယာက္ကေတာ့ မေက်မနပ္ ျဖစ္ေနပါတယ္။

၂၀၂၂ ခုႏွစ္အတြက္ ဂရမ္မီစံကာတင္စာရင္းမွာေတာ့ Olivia Rodrigo ၊ Baby Keem တို႔လို မ်က္ႏွာသစ္ artist ေတြလည္း ပါဝင္ေနသလို Kanye West ၊ Taylor Swift ၊ Tony Bennett တို႔လို နာမည္ေက်ာ္ၿပီးသား ဝါရင့္ artist ေတြလည္း ပါဝင္ေနၾကပါတယ္။ သို႔ေသာ္လည္း MGK ရဲ့ Tickets to My Downfall ကေတာ့ အသိအမွတ္ျပဳမခံရဘဲ အခုလို ထိန္ခ်န္ထားခံခဲ့ရတာ ျဖစ္ပါတယ္။

Photo: machinegunkelly/ Twitter

ဒီကိစၥနဲ႔ ပတ္သက္ၿပီး MGK ကေတာ့ သူ႔ရဲ့ တြစ္တာအေကာင့္မွာ ေပါက္ကြဲထားပါတယ္။ “Grammys က ဘာေတြေသာက္တလြဲ လုပ္ေနတာလဲ ??? ” လို႔ MGK က ေရးသားထားတာ ျဖစ္ပါတယ္။

အဆိုပါပို႔စ္ရဲ့ ေအာက္မွာေတာ့ ပရိသတ္ေတြက ဝိုင္းဝန္းအားေပးထားတာ ေတြ႕ရပါတယ္။ Forget Me Too သီခ်င္းရွင္ဟာ အနည္းဆုံးေတာ့ စံကာတင္စာရင္းမွာ ထည့္သြင္းၿပီး အသိအမွတ္ျပဳ ခံရထိုက္တယ္လို႔ ေျပာဆိုေနၾကကာ တခ်ိဳ႕ကေတာ့ “မင္းက ဂရမ္မီနဲ႔ ထိုက္တန္ေပမယ့္ ဂရမ္မီကေတာ့ မင္းနဲ႔ မထိုက္တန္ပါဘူး … ” လို႔ ခပ္ႂကြားႂကြားေလး အားေပးထားၾကတာလည္း ေတြ႕ရပါတယ္။

ပရိသတ္အမ်ားစုကေတာ့ ဂရမ္မီမွာ စံကာတင္ဝင္ဝင္၊ မဝင္ဝင္ အျမဲတမ္း အားေပးသြားမယ့္အေၾကာင္းကိုလည္း ေျပာဆိုေနၾကတာ ေတြ႕ရပါေသးတယ္။

Photo: machinegunkelly/ Instagram

တကယ္ေတာ့ ဂရမ္မီဆုေပးပြဲရဲ့ ေနာက္ကြယ္က ေရြးခ်ယ္ေရးေကာ္မတီျဖစ္တဲ့ Recording Academy ကို ေမးခြန္းထုတ္တာဟာ MGK က ပထမဆုံးေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္က ဂရမ္မီဆုေပးပြဲတုန္းကလည္း နာမည္ေက်ာ္ artist The Weeknd ရဲ့ After Hours အယ္လ္ဘမ္ဟာ စံကာတင္စာရင္းမွာ category တစ္ခုမွ မပါဝင္ခဲ့လို႔ ပရိသတ္မ်ားစြာရဲ့ ေဝဖန္မွုကို ခံခဲ့ရပါေသးတယ္။

The Weeknd ရဲ့ After Hours အယ္လ္ဘမ္ဟာ စီးပြားေရးအရလည္း ေအာင္ျမင္ခဲ့ၿပီး ေဝဖန္ေရးသမားေတြရဲ့ ခ်ီးက်ဴးမွုကိုလည္း ရရွိထားတဲ့ အယ္လ္ဘမ္ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး The Weeknd ကေတာ့ ဆုေရြးခ်ယ္ေရးေကာ္မတီ The Recording Academy ဟာ အက်င့္ပ်က္ျခစားေနၿပီး သူအပါအဝင္၊ ပရိသတ္ေတြေရာ၊ ဂီတေလာကတစ္ခုလုံးကိုပါ ပြင့္လင္းျမင္သာမွု ရွိဖို႔ လိုအပ္ေနတယ္လို႔ ေဝဖန္ခဲ့ပါေသးတယ္။

ဒါတင္မက ဂရမ္မီဆုေပးပြဲကိုပါ boycott လုပ္ၿပီး ေနာက္ေနာင္မွာ သူ႔ရဲ့ ေတးသီခ်င္းေတြကို ဆုေရြးခ်ယ္ေရးအတြက္ ထည့္သြင္းေရြးခ်ယ္ခံေတာ့မွာ မဟုတ္ေၾကာင္းလည္း ေျပာထားပါေသးတယ္။

Photo: machinegunkelly/ Instagram

The Recording Academy ဘက္ကေတာ့ စံကာတင္ေရြးခ်ယ္ရာမွာ ယခင္က ထားရွိခဲ့တဲ့ “လၽွို႔ဝွက္ေကာ္မတီအဖြဲ႕ဝင္” ေတြ အားလုံးနီးပါးကို ထုတ္ပယ္လိုက္ၿပီ ျဖစ္ၿပီး ေကာ္မတီအတြင္းက အဖြဲ႕ဝင္အားလုံးရဲ့ မဲေပးေရြးခ်ယ္မွုနဲ႔ ထင္သာျမင္သာရွိေအာင္ ေျပာင္းလဲထားတယ္လို႔ ယခုႏွစ္ ဧၿပီလမွာ ထုတ္ျပန္ေၾကညာထားပါတယ္။

(၆၄)ႀကိမ္ေျမာက္ ဂရမ္မီဆုေပးပြဲႀကီးကိုေတာ့ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ (၃၁)ရက္ေန႔မွာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က Staples Center မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular