HomeCelebs Update NewsKoreaအဖွဲ့ဝင်တွေကိုသတိရကြောင်းနဲ့ soloအယ်လ်ဘမ် လုပ်နေတဲ့အကြောင်း ပြောပြခဲ့တဲ့ Mino 

အဖွဲ့ဝင်တွေကိုသတိရကြောင်းနဲ့ soloအယ်လ်ဘမ် လုပ်နေတဲ့အကြောင်း ပြောပြခဲ့တဲ့ Mino 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WINNER အဖွဲ့က Mino ဟာ ဇွန်လ(၁၅)ရက်နေ့မှာ Jung Hyung  Don နဲ့ Defconn တို့ရဲ့ ရေဒီယိုရှိုးဖြစ်တဲ့ Nanom ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး လတ်တလော အခြေအနေတွေနဲ့ ဆိုလိုအယ်လ်ဘမ် ပြင်ဆင်နေတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ယခုလတ်တလော အခြေအနေကို မေးမြန်းရာမှာတော့ “ဒီကိုလာဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတာ။ ကျွန်တော် သပ်သပ်ရပ်ရပ် ဝတ်စားတာ ဒီတစ်နေ့ပဲ ရှိသေးတယ်။ အခုရက်ပိုင်းတွေဆို ကျွန်တော် ခြေအိတ်တောင် မဝတ်ဖြစ်ဘူး။ ပြီးခဲ့တဲ့အပတ်တည်းကနေဆို ဒီနေ့ဟာ ပထမဆုံး ခြေအိတ်ပြန်ဝတ်တဲ့နေ့ပဲ …” လို့ Mino က ဖြေပါတယ်။

Photo: realllllmino/ Instagram

အိမ်မှာနေတဲ့အခါ ဘာတွေလုပ်လေ့ရှိလည်းဆိုတဲ့ မေးခွန်းကိုတော့ “ညဝတ်အင်္ကျီဝတ်ပြီး မျက်နှာကြက်ကို ငေးတယ်။ ဒါဟာ ခက်ခဲပါတယ်… ” လို့ အရှိအတိုင်း ပြန်လည်ဖြေဆိုထားပါတယ်။

WINNER အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Kim Jin Woo နဲ့ Lee Seung Hoon တို့ဟာ ယခုနှစ် ဧပြီလမှာတင် အသီးသီး စစ်မှုထမ်းဆောင်ဖို့ တပ်ထဲကို ဝင်သွားကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဖွဲ့ဝင်နှစ်ယောက် မရှိဘဲ နေရတဲ့ ခံစားချက်ကို မေးမြန်းတဲ့အခါမှာတော့ “အရမ်းအထီးကျန်ဆန်တယ်ဗျာ…” လို့ Mino က ဖြေထားပါတယ်။

အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Kang Seung Hoon နဲ့ ဆက်ဆံရေးကိုတော့ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်း သိပ်မတူဘူးလို့ Mino က ပွင့်ပွင့်လင်းလင်း ဖြေထားပါတယ်။ “သူက ကျွန်တော် သဘောကျတဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အတူတူဆို သိပ်အဆင်မပြေဘူးဗျ…” လို့ ဆိုထားတာပါ။

Photo: realllllmino/ Instagram

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဝင်ငွေလျော့သွားတာမျိုး ရှိလားလို့ မေးမြန်းတာကိုတော့ “ဝင်ငွေကတော့ တော်တော်လေး လျော့သွားတယ်။ ကျွန်တော် အလုပ်လုပ်ချင်ပါတယ်…” လို့ ဖြေထားပါတယ်။ ဒါ့အပြင် အခုလတ်တလောမှာ ရှော့ပင်းထွက်တာဟာ ဇိမ်ခံနေသလိုပဲ ဖြုန်းတီးရာရောက်လို့ ရှော့ပင်းမထွက်တော့ဘူးလို့ ဆိုထားပါသေးတယ်။

ဒီအတောအတွင်းမှာ အယ်လ်ဘမ်လုပ်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းကိုတော့ သူရော၊ Kang Seung Hoon နှစ်ယောက်စလုံးဟာ ဆိုလိုအယ်လ်ဘမ်အတွက် ပြင်ဆင်နေကြတယ်လို့ ဆိုထားပါတယ်။

Photo: realllllmino/ Instagram

ရေဒီယိုရှိုးရဲ့ ကဏ္ဍအဆုံးမှာတော့ “ဒီနေ့ အရမ်းပျော်ခဲ့ရပါတယ်။ ဆက်တိုက်ကို ရယ်လိုက်ရတာ။ အလုပ်ပြန်လုပ်ရတဲ့ စိတ်ကျေနပ်မှုလေးကို ပြန်ခံစားရလို့ ပျော်ပါတယ်။ ကျွန်တော် အလုပ်ကို တန်ဖိုးမထားခဲ့မိဘူး။ အခုတော့ ကောင်းကောင်းကြီး ဆင်ခြင်မိနေပြီ။ ဘယ်အချိန်ပဲခေါ်ခေါ်ပါ။ ကျွန်တော် ပြန်လာချင်ပါသေးတယ်… ” လို့ Mino က ပြောသွားပါတယ်။

LaNina

Source: soompi

(Zawgyi Version)

WINNER အဖြဲ႕က Mino ဟာ ဇြန္လ(၁၅)ရက္ေန႔မွာ Jung Hyung  Don နဲ႔ Defconn တို႔ရဲ႕ ေရဒီယိုရႈိးျဖစ္တဲ့ Nanom ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး လတ္တေလာ အေျခအေနေတြနဲ႔ ဆိုလိုအယ္လ္ဘမ္ ျပင္ဆင္ေနတဲ့အေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။

ယခုလတ္တေလာ အေျခအေနကို ေမးျမန္းရာမွာေတာ့ “ဒီကိုလာဖို႔ ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားေနတာ။ ကြၽန္ေတာ္ သပ္သပ္ရပ္ရပ္ ဝတ္စားတာ ဒီတစ္ေန႔ပဲ ရွိေသးတယ္။ အခုရက္ပိုင္းေတြဆို ကြၽန္ေတာ္ ေျခအိတ္ေတာင္ မဝတ္ျဖစ္ဘူး။ ၿပီးခဲ့တဲ့အပတ္တည္းကေနဆို ဒီေန႔ဟာ ပထမဆုံး ေျခအိတ္ျပန္ဝတ္တဲ့ေန႔ပဲ …” လို႔ Mino က ေျဖပါတယ္။

Photo: realllllmino/ Instagram

အိမ္မွာေနတဲ့အခါ ဘာေတြလုပ္ေလ့ရွိလည္းဆိုတဲ့ ေမးခြန္းကိုေတာ့ “ညဝတ္အက်ႌဝတ္ၿပီး မ်က္ႏွာၾကက္ကို ေငးတယ္။ ဒါဟာ ခက္ခဲပါတယ္… ” လို႔ အရွိအတိုင္း ျပန္လည္ေျဖဆိုထားပါတယ္။

WINNER အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ Kim Jin Woo နဲ႔ Lee Seung Hoon တို႔ဟာ ယခုႏွစ္ ဧၿပီလမွာတင္ အသီးသီး စစ္မႈထမ္းေဆာင္ဖို႔ တပ္ထဲကို ဝင္သြားၾကၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဖြဲ႕ဝင္ႏွစ္ေယာက္ မရွိဘဲ ေနရတဲ့ ခံစားခ်က္ကို ေမးျမန္းတဲ့အခါမွာေတာ့ “အရမ္းအထီးက်န္ဆန္တယ္ဗ်ာ…” လို႔ Mino က ေျဖထားပါတယ္။

အဖြဲ႕ဝင္ေနာက္တစ္ေယာက္ျဖစ္တဲ့ Kang Seung Hoon နဲ႔ ဆက္ဆံေရးကိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပုံစံခ်င္း သိပ္မတူဘူးလို႔ Mino က ပြင့္ပြင့္လင္းလင္း ေျဖထားပါတယ္။ “သူက ကြၽန္ေတာ္ သေဘာက်တဲ့ သူငယ္ခ်င္းတစ္ေယာက္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတူတူဆို သိပ္အဆင္မေျပဘူးဗ်…” လို႔ ဆိုထားတာပါ။

Photo: realllllmino/ Instagram

လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဝင္ေငြေလ်ာ့သြားတာမ်ိဳး ရွိလားလို႔ ေမးျမန္းတာကိုေတာ့ “ဝင္ေငြကေတာ့ ေတာ္ေတာ္ေလး ေလ်ာ့သြားတယ္။ ကြၽန္ေတာ္ အလုပ္လုပ္ခ်င္ပါတယ္…” လို႔ ေျဖထားပါတယ္။ ဒါ့အျပင္ အခုလတ္တေလာမွာ ေရွာ့ပင္းထြက္တာဟာ ဇိမ္ခံေနသလိုပဲ ျဖဳန္းတီးရာေရာက္လို႔ ေရွာ့ပင္းမထြက္ေတာ့ဘူးလို႔ ဆိုထားပါေသးတယ္။

ဒီအေတာအတြင္းမွာ အယ္လ္ဘမ္လုပ္ဖို႔ အစီအစဥ္ရွိလားဆိုတဲ့ ေမးခြန္းကိုေတာ့ သူေရာ၊ Kang Seung Hoon ႏွစ္ေယာက္စလုံးဟာ ဆိုလိုအယ္လ္ဘမ္အတြက္ ျပင္ဆင္ေနၾကတယ္လို႔ ဆိုထားပါတယ္။

Photo: realllllmino/ Instagram

ေရဒီယိုရႈိးရဲ႕ က႑အဆုံးမွာေတာ့ “ဒီေန႔ အရမ္းေပ်ာ္ခဲ့ရပါတယ္။ ဆက္တိုက္ကို ရယ္လိုက္ရတာ။ အလုပ္ျပန္လုပ္ရတဲ့ စိတ္ေက်နပ္မႈေလးကို ျပန္ခံစားရလို႔ ေပ်ာ္ပါတယ္။ ကြၽန္ေတာ္ အလုပ္ကို တန္ဖိုးမထားခဲ့မိဘူး။ အခုေတာ့ ေကာင္းေကာင္းႀကီး ဆင္ျခင္မိေနၿပီ။ ဘယ္အခ်ိန္ပဲေခၚေခၚပါ။ ကြၽန္ေတာ္ ျပန္လာခ်င္ပါေသးတယ္… ” လို႔ Mino က ေျပာသြားပါတယ္။

LaNina

Source: soompi

RELATED ARTICLES

Most Popular