HomeCelebs Update NewsKoreaTWICE ရဲ့ Momo နဲ့ Kim Heechul တို့ လမ်းခွဲလိုက်ကြောင်း အတည်ပြု

TWICE ရဲ့ Momo နဲ့ Kim Heechul တို့ လမ်းခွဲလိုက်ကြောင်း အတည်ပြု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Super Junior အဖွဲ့ဝင် Kim Heechul နဲ့ TWICE အဖွဲ့ဝင် Momo တို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

ယနေ့ ဇူလိုင်လ(၈)ရက်နေ့မှာ ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Kim Heechul နဲ့ Momo တို့ လမ်းခွဲလိုက်ပြီလို့ ကြားသိရတာ ဖြစ်ပါတယ်။ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုကတော့ သူတို့နှစ်ယောက်ရဲ့ လမ်းခွဲမှုကို အခုလို ပြောပြထားပါတယ်။

Photo: mochul_couple/ Instagram

“ကိုယ်တွေ သိရသလောက်ကတော့ သူတို့နှစ်ယောက်စလုံးက အလုပ်တွေ အရမ်းများကြတော့ တဖြည်းဖြည်းနဲ့ ဝေးကွာလာကြတာပေါ့။ အဲဒါကြောင့် သူတို့ရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေလို၊ အရင်က စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကိုပဲ ပြန်သွားကြတာ ဖြစ်ပါတယ် … ” လို့ အဆိုပါ အတွင်းသတင်းက ဆိုထားပါတယ်။

သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေဖြစ်တဲ့ Label SJ နဲ့ JYP Entertainment တို့က ဒီအကြောင်းကို အသီးသီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ “artist နှစ်ယောက်လုံးနဲ့ အတည်ပြုပြီးပါပြီ။ သူတို့ လမ်းခွဲလိုက်တယ်ဆိုတာ အမှန်ပါပဲ … ” လို့ ကြေညာထားပါတယ်။

Photo: mochul_couple/ Instagram

ဒါ့အပြင် Label SJ ကတော့ “ဒါက artist တွေရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ သက်ဆိုင်တဲ့အတွက် အသေးစိတ်တွေ ပြောပြပေးလို့ မရတာ နားလည်ပေးကြပါ … ” လို့ ဖြည့်စွက် ပြောကြားထားပါသေးတယ်။

သူတို့နှစ်ဦးဟာ အစပိုင်းမှာ တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီးမှ ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာ လူသိရှင်ကြား တွဲနေကြောင်း ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် Heechul နဲ့ Momo တို့ဟာ လူသိရှင်ကြား တစ်နှစ်ခွဲခန့် တွဲခဲ့ကြတယ်လို့ ပြောရမှာပါ။

Glasgow

Source: soompi

(Zawgyi Version)

Super Junior အဖြဲ႕ဝင္ Kim Heechul နဲ႔ TWICE အဖြဲ႕ဝင္ Momo တို႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါၿပီ။

ယေန႔ ဇူလိုင္လ(၈)ရက္ေန႔မွာ ကနဦး ထြက္ေပၚလာတဲ့ သတင္းေတြအရ Kim Heechul နဲ႔ Momo တို႔ လမ္းခြဲလိုက္ၿပီလို႔ ၾကားသိရတာ ျဖစ္ပါတယ္။ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ လမ္းခြဲမႈကို အခုလို ေျပာျပထားပါတယ္။

Photo: mochul_couple/ Instagram

“ကိုယ္ေတြ သိရသေလာက္ကေတာ့ သူတို႔ႏွစ္ေယာက္စလုံးက အလုပ္ေတြ အရမ္းမ်ားၾကေတာ့ တျဖည္းျဖည္းနဲ႔ ေဝးကြာလာၾကတာေပါ့။ အဲဒါေၾကာင့္ သူတို႔ရဲ႕ အခ်စ္ေရးကို အဆုံးသတ္လိုက္ၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြလို၊ အရင္က စီနီယာ၊ ဂ်ဴနီယာ ဆက္ဆံေရးကိုပဲ ျပန္သြားၾကတာ ျဖစ္ပါတယ္ … ” လို႔ အဆိုပါ အတြင္းသတင္းက ဆိုထားပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ ေအဂ်င္စီေတြျဖစ္တဲ့ Label SJ နဲ႔ JYP Entertainment တို႔က ဒီအေၾကာင္းကို အသီးသီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ “artist ႏွစ္ေယာက္လုံးနဲ႔ အတည္ျပဳၿပီးပါၿပီ။ သူတို႔ လမ္းခြဲလိုက္တယ္ဆိုတာ အမွန္ပါပဲ … ” လို႔ ေၾကညာထားပါတယ္။

Photo: mochul_couple/ Instagram

ဒါ့အျပင္ Label SJ ကေတာ့ “ဒါက artist ေတြရဲ႕ ပုဂၢိဳလ္ေရးဘဝနဲ႔ သက္ဆိုင္တဲ့အတြက္ အေသးစိတ္ေတြ ေျပာျပေပးလို႔ မရတာ နားလည္ေပးၾကပါ … ” လို႔ ျဖည့္စြက္ ေျပာၾကားထားပါေသးတယ္။

သူတို႔ႏွစ္ဦးဟာ အစပိုင္းမွာ တြဲေနတယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ခဲ့ၿပီးမွ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလမွာ လူသိရွင္ၾကား တြဲေနေၾကာင္း ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Heechul နဲ႔ Momo တို႔ဟာ လူသိရွင္ၾကား တစ္ႏွစ္ခြဲခန႔္ တြဲခဲ့ၾကတယ္လို႔ ေျပာရမွာပါ။

Glasgow

Source: soompi

RELATED ARTICLES

Most Popular