HomeBiographyk-pop သမိုင္းေၾကာင္းတစ္ေလွ်ာက္ ၀မ္းနည္းစရာအေကာင္းဆုံး အျဖစ္အပ်က္(၈)ခု

k-pop သမိုင္းေၾကာင္းတစ္ေလွ်ာက္ ၀မ္းနည္းစရာအေကာင္းဆုံး အျဖစ္အပ်က္(၈)ခု

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

k-pop ကို ျမဴးၾကြၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ ေတးဂီတလို႔ အမ်ားစုက သတ္မွတ္ထားၾကေပမယ့္ တစ္ခါတစ္ရံမွာလည္း စိတ္မေကာင္းစရာ ျဖစ္ရပ္၊ အခိုက္အတန္႔ေလးေတြ ရိွေနတတ္ပါတယ္။ k-pop ေအာင္ျမင္လာၿပီးတဲ့ ႏွစ္ေတြတစ္ေလွ်ာက္မွာ ၀မ္းနည္းေၾကကြဲစရာ အျဖစ္အပ်က္ေတြ ရိွခဲ့သလို k-pop ေလာကႀကီးတစ္ခုလုံးကို သက္ေရာက္မႈေတြ ျဖစ္ေစခဲ့တဲ့ အျဖစ္အပ်က္မ်ိဳးေတြလည္း ရိွခဲ့ပါတယ္။ အျဖစ္အပ်က္မ်ားစြာထဲက k-pop သမိုင္းေၾကာင္းတစ္ေလွ်ာက္ ၀မ္းနည္းစရာအေကာင္းဆုံး ျဖစ္ရပ္မ်ားကို ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Kim Jong Kook ရဲ႕ေက်ာဒဏ္ရာ
Photo Credit: koreaboo

Kim Jong Kook ဟာ ငယ္စဥ္ကတည္းက ေက်ာရိုးမႀကီး ေနရာလြဲေနတဲ့ ေ၀ဒနာကို ခံစားခဲ့ရပါတယ္။ scoliosis လို႔ေခၚတဲ့ ေရာဂါေ၀ဒနာဟာ ႀကီးေကာင္၀င္ခ်ိန္မွာ ျဖစ္တတ္ၿပီး ေက်ာရိုးမႀကီးက ေဘးဘက္ကို ေကြးထြက္ေနတဲ့ အေျခအေန ျဖစ္ပါတယ္။ Kim Jong Kook တစ္ေယာက္ ေလ့က်င့္ခန္းေတြကို ျပင္းျပင္းထန္ထန္ ေလ့က်င့္တာဟာ အဲ့ဒီ့ေ၀ဒနာကေန သက္သာေအာင္ လုပ္တာလို႔ ေျပာၾကေပမယ့္ အခ်ိဳ႕ေသာ ပရိသတ္ေတြရဲ႕ အေထာက္အထားေတြအရ အျခားအေၾကာင္းရင္းတစ္ခု ရိွတယ္လို႔ သိရပါတယ္။

Turbo အဖြဲ႕ရဲ႕ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Kim Jong Kook ဟာ သူ႔ရဲ႕အရင္ကုမၸဏီက စီအီးအိုရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ အႏိုင္က်င့္၊ႏွိပ္စက္မႈေတြ ခံစားခဲ့ရတယ္လို႔ ပရိသတ္အမ်ားစုက ယုံၾကည္ၾကပါတယ္။ ေလ့က်င့္ခန္းေတြကို အျပင္းအထန္ လုပ္ေနရတာဟာ သူ႔ကိုယ္သူ ကာကြယ္ဖို႔အတြက္ လုပ္တာျဖစ္တယ္လို႔ ပရိသတ္ေတြက ဆိုၾကပါတယ္။ ဒီအျဖစ္အပ်က္ကိုေတာ့ Jong Kook ေဆးရုံတက္ရတာေတြ၊ အင္တာဗ်ဴးေတြမွာ ေျဖထားတဲ့ အေျဖေတြေပၚ မူတည္ၿပီး ပရိသတ္ေတြက ေကာက္ခ်က္ခ်ထားတာပါ။ Turbo အဖြဲ႔မွာ ပါ၀င္ခဲ့တုန္းက Jong Kook ဟာ အသက္(၁၉)ႏွစ္ပဲ ရိွပါေသးတယ္။ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ Jong Kook ဟာ တရား၀င္ဖြင့္ေျပာတာေတြ၊ အရင္စီအီးအိုကို တရားစြဲတာမ်ိဳးေတြေတာ့ မရိွခဲ့ေပမယ့္ fan ေတြရဲ႕ ေထာက္ျပမႈဟာ က်ိဳးေၾကာင္းညီညြတ္မႈေတာ့ ရိွေနခဲ့ပါတယ္။

(၂) Standford ဘြဲ႕ေၾကာင့္ ဒုကၡေရာက္ခဲ့ရတဲ့ Tablo
Photo Credit: koreaboo

၂၀၁၀ခုႏွစ္ ပတ္၀န္းက်င္မွာ ေတာင္ကိုရီးယားရဲ႕ ထင္ရွားတဲ့ နာမည္ႀကီးတစ္ေယာက္ဟာ ဘြဲ႕အတုႀကီး လုပ္ထားမွန္း လူသိရွင္ၾကား ျဖစ္သြားခဲ့ပါတယ္။ ဒီကိစၥကေန အေျခခံၿပီး အျခားေသာ ဘြဲ႕အတုလုပ္ထားတဲ့ နာမည္ႀကီးေတြလည္း အလိမ္ေပၚကုန္ၾကပါတယ္။ အဲ့ဒီ့ကေနမွတစ္ဆင့္ အားလုံးရဲ႕ အာရုံစိုက္မႈေတြဟာ Tablo ဆီကို စုၿပံဳလာၾကပါေတာ့တယ္။

Tablo ဟာ ကမာၻ႕ဂုဏ္သိကၡာအရိွဆုံး တကၠသိုလ္ႀကီးေတြထဲက တစ္ခုျဖစ္တဲ့ Standford တကၠသိုလ္က ဘြဲ႕ယူခဲ့တယ္လို႔ ေျပာထားတဲ့အတြက္ လူအမ်ားစုဟာ သူ႔အေပၚမွာလည္း မယုံမၾကည္ ျဖစ္လာၾကပါတယ္။ လူအမ်ားစုဟာ ဒီဘြဲ႕ကို မယုံၾကည္ၾကတဲ့အတြက္ Tajinyo လို႔ေခၚတဲ့ ဖိုရမ္ေတြ ဖန္တီးၿပီး အမွန္တရားအတြက္ ေတာင္းဆိုလာတဲ့အထိ ျပင္းထန္လာၾကပါတယ္။ လူေတြဘက္က သိကၡာခ်တာေတြ မ်ားလာတဲ့အတြက္ Tablo ရဲ႕ အသက္ေမြး၀မ္းေက်ာင္းဟာ စုတ္ျပတ္သတ္တဲ့အထိ ထိခိုက္ခဲ့ရပါတယ္။ လူေတြရဲ႕ ေႏွာင့္ယွက္မႈေၾကာင့္ စာခ်ဳပ္ခ်ဳပ္ထားတဲ့ Label နဲ႔ တစ္၀က္တစ္ျပက္နဲ႔ လမ္းခြဲခဲ့ရၿပီး အစ္ကိုနဲ႔ အေမအထိပါ အလုပ္ေတြ ျပဳတ္ခဲ့ရပါတယ္။ တစ္မိသားစုလုံးကို သတ္မယ္လို႔ ၿခိမ္းေျခာက္ထားတဲ့ စာေတြလည္း တဖြဲဖြဲရရိွခဲ့ပါေသးတယ္။

Photo Credit: koreaboo

အေျခအေနေတြ အေတာ္ေလး ျပင္းထန္လာတဲ့အတြက္ ဒီကိစၥမွာ Standford တကၠသိုလ္ကိုယ္တိုင္က ၾကား၀င္ခဲ့ရၿပီး Tablo ဟာ Standford မွာ တကယ္တက္ခဲ့ဖူးတဲ့ ေက်ာင္းသားေဟာင္းတစ္ေယာက္ျဖစ္ေၾကာင္း အေထာက္အထားေတြနဲ႔ သက္ေသျပေပးခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ ကံေကာင္းစြာနဲ႔ပဲ Tablo ဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ျပန္ေလွ်ာက္ႏိုင္ခဲ့ၿပီး Epik High အဖြဲ႔ကိုလည္း ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။

(၃) Dalmation အဖြဲ႕ရဲ႕ ေမွာ္ဆန္တဲ့ဖြဲ႕စည္းမႈ
Photo Credit: koreaboo

Dalmation အဖြဲ႕ ဖြဲ႕စည္းခဲ့ရပုံကို လူအမ်ားသိရိွသြားတဲ့အခါ ၂၀၁၀ခုႏွစ္ တရား၀င္ ပြဲမထြက္ေသးခင္က ကိစၥရပ္ေတြကို အမ်ားက အာရုံစိုက္လာၾကပါတယ္။ Dalmation အဖြဲ႕ ပြဲမထြက္ခင္ ဆယ္ႏွစ္ခန္႔က အဖြဲ႕၀င္ Inati နဲ႔ MC Mong တို႔ဟာ ႏွစ္ေယာက္တြဲၿပီး hip-hop အဖြဲ႔ ဖြဲ႕ထားခဲ့ၾကပါတယ္။ သူတို႔နွစ္ေယာက္ရဲ႕ ခင္မင္ရင္းႏွီးမႈဟာ နက္ရိႈင္းလြန္းၿပီး ၂၀၀၄ခုႏွစ္ကို ေရာက္တဲ့အခါ MC Mong ရဲ႕ ဆိုလိုအယ္လ္ဘမ္မွာ Inati က Featuring ပါ၀င္သီဆိုဖို႔ ေလ့က်င့္ေနခဲ့ပါတယ္။

အဲ့ဒီ့အခ်ိန္မွာပဲ Inati ရဲ႕ က်န္းမာေရးဟာ ဆိုးရြားလာတဲ့အတြက္ ေဆးရုံကို အေျပးသြားခဲ့ရၿပီး ေဆးစစ္ခ်က္အရ ရွားပါးလြန္းတဲ့ ဦးေႏွာက္ေသြးယိုစီးမႈေ၀ဒနာကို ခံစားေနရတယ္လို႔ သိခဲ့ရပါတယ္။ မၾကာခင္မွာပဲ Inati ဟာ ကိုမာ၀င္သြားခဲ့ပါတယ္။ ဒီသတင္းဟာ MC Mong အတြက္ ေၾကကြဲထိခိုက္ေစခဲ့ၿပီး တကယ္လို႔ Inati သာ ျပန္လည္ႏိုးလာခဲ့မယ္ဆိုရင္ သူ႔ရဲ႕နာမည္နဲ႔ အယ္လ္ဘမ္ထုတ္ေပးမယ္လို႔ ကတိစကား ေပးထားခဲ့ပါတယ္။

MC Mong ဟာ ညေပါင္းမ်ားစြာ ေဆးရုံမွာ လာၾကည့္ၿပီး ျပဳစုခဲ့သလို Inati အတြက္ ေဆးရုံေၾကးေတြကိုပါ ေပးခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့လိုနဲ႔ ႏွစ္လအၾကာမွာေတာ့ Inati ဟာ ေမွာ္ဆန္စြာနဲ႔ ျပန္လည္သတိရလာခဲ့ပါတယ္။ ကုသမႈေတြ မျပတ္ျပဳလုပ္ၿပီး ေနာက္ထပ္ငါးႏွစ္အၾကာမွာေတာ့ Inati ဟာ လုံး၀ လူေကာင္းပကတိလို ျပန္လည္က်န္းမာလာခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ Dalmation အဖြဲ႔ ဖြဲ႕စည္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။

(၄) 2PM အဖြဲ႕က Junho ရဲ႕ဒဏ္ရာ

https://www.youtube.com/watch?v=xAShEV3s0Wc

၂၀၁၃ခုႏွစ္မွာ 2PM အဖြဲ႕၀င္ Junho ဟာ ပိုၿပီးထူးျခားဆန္းျပားကာ ခြန္အားသုံးရတဲ့ အကမ်ိဳးေတြကို ကျပေဖ်ာ္ေျဖခ်င္လာတဲ့အတြက္ ကၽြမ္းဘားဆန္တဲ့ အခုန္အပ်ံ အကေတြကို ေလ့က်င့္ခဲ့ပါတယ္။ ဒီလိုနဲ႔ ေလ့က်င့္ေနရင္းမွာပဲ ႏွစ္မီတာအျမင့္ကေန ျပဳတ္က်ၿပီး ႏွစ္မိနစ္ခန္႔ သတိေမ့ေမ်ာေနခဲ့ပါတယ္။

ဘယ္ဘက္လက္ေပၚကို ပိၿပီး ျပဳတ္က်တာေၾကာင့္ လက္က အရြတ္ၿပဲသြားခဲ့ၿပီး ေဆးရုံမွာ ေဆးစစ္ၾကည့္တဲ့အခါ ေက်ာရိုးပါ အက္သြားေၾကာင္း ေတြ႕ရိွခဲ့ရပါတယ္။ Junho ရဲ႕ မေတာ္တဆမႈေၾကာင့္ ေနာက္တစ္ေန႔မွာ ျပဳလုပ္မယ့္ ေဖ်ာ္ေျဖပြဲကို အဖြဲ႕က ေရႊ႕ဆိုင္းဖို႔ လုပ္ခဲ့ေပမယ့္ ပရိသတ္ေတြေပၚမွာ ခ်စ္ခင္လြန္းတဲ့ Junho ဟာ ၀ွီးခ်ဲနဲ႔ မရရေအာင္ ေဖာ်္ေျဖခဲ့ပါတယ္။ ဒဏ္ရာက ျပင္းထန္တဲ့အတြက္ ေနာက္ထပ္ ကႏိုင္ပါဦးမလားလို႔ အမ်ားက စိုးရိမ္ခဲ့ရေပမယ့္ အထူးကုသမႈေတြကို ခံယူၿပီးတဲ့အခါ အရင္လိုပဲ ျပန္လည္ကခုန္ႏိုင္တဲ့ Junho ျပန္ျဖစ္လာခဲ့ပါတယ္။

(၅) Joanne ရဲ႕ ၀မ္းနည္းစရာဇာတ္လမ္း
Photo Credit: koreaboo

Joanne ဟာ ၂၀၀၁ခုႏွစ္က စတင္ပြဲထြက္ခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ပါ။ သူမဟာ အယ္လ္ဘမ္သုံးခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း သုံးပုဒ္ ထြက္ႏိုင္ခဲ့ပါတယ္။ သူမရဲ႕သီခ်င္းေတြကို လူေတြက ႀကိဳက္ႏွစ္သက္ခဲ့ၿပီး ဒုတိယ BoA လို႔ေတာင္ တင္စားေခၚေ၀ၚခဲ့ၾကပါတယ္။ သို႔ေပမယ့္ သနားစရာ Joanne ဟာ သူမရဲ႕ အိပ္မက္ေတြကိုေတာ့ အဆုံးထိ မက္ခြင့္မရခဲ့ရွာပါဘူး။

၂၀၁၂ခုႏွစ္ကို ေရာက္တဲ့အခါ Superstar K4 လို႔ေခၚတဲ့ talent show တစ္ခုမွာ ပါ၀င္လာခဲ့ၿပီး ဒဏ္ရာရကာ ဖ်ားနာေနခဲ့ရတဲ့အတြက္ အႏုပညာေလာက,ကေန အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။ အဆိုပါရိႈးအတြက္ လူေရြးပြဲ၀င္ရာမွာလည္း အျပင္းအထန္ ႀကိဳးစားခဲ့ရၿပီး ဒိုင္တစ္ေယာက္ရဲ႕ ျငင္းပယ္မႈကိုပါ ခံခဲ့ရပါေသးတယ္။ ဒီလိုနဲ႔ ၂၀၁၄ခုႏွစ္ကို ေရာက္တဲ့အခါ သူမရဲ႕ အိပ္မက္ေတြကို ျပန္လည္အေကာင္အထည္ေဖာ္ဖို႔အတြက္ အႏုပညာေလာကထဲ တစ္ဖန္၀င္ေရာက္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ သို႔ေပမယ့္ ကံမေကာင္းရွာတဲ့ Joanne ဟာ ျပင္းထန္တဲ့ ကားအက္ဆီးဒင့္မွာ ပါ၀င္ခဲ့ၿပီး အဲ့ဒီဒဏ္ရာေတြနဲ႔ပဲ ကြယ္လြန္သြားခဲ့ရပါတယ္။

(၆) Super Junior အဖြဲ႕က Leeteuk ရဲ႕ေၾကကြဲစရာအျဖစ္
Photo Credit: koreaboo

Leeteuk တစ္ေယာက္ စစ္မႈထမ္းေနခ်ိန္ ၂၀၁၄ခုႏွစ္မွာ သူ႔ရဲ႕အေဖေရာ၊ အဘိုးအဘြားေတြပါ ကြယ္လြန္သြားၿပီဆိုတဲ့ အ့ံအားသင့္ ေၾကကြဲစရာသတင္းကို ၾကားလိုက္ရပါတယ္။ ပိုဆိုးတဲ့အခ်က္ကေတာ့ သာမန္ေသရိုးေသစဥ္ မဟုတ္ဘဲ ကိုယ့္ကိုယ္သတ္ေသမႈနဲ႔ လူသတ္မႈတို႔ေၾကာင့္ ကြယ္လြန္သြားၾကရတယ္ဆိုတဲ့ သတင္းပါ။ ဒီသတင္းကို ရဲဌာနက အတည္ျပဳေပးခဲ့သလို မီဒီယာေတြမွာလည္း အက်ယ္တ၀င့္ ေဖာ္ျပခဲ့ၾကပါတယ္။

Leeteuk ရဲ႕ အဘိုးနဲ႔အဘြားကို သားျဖစ္သူ Leeteuk ရဲ႕ အေဖကိုယ္တိုင္က လည္ပင္ညွစ္သတ္ခဲ့တာျဖစ္ၿပီး Leeteuk ရဲ႕ အေဖကိုယ္တိုင္ကေတာ့ သူ႔ဘာသာ သတ္ေသသြားခဲ့ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ အေဖအုိ၊ အေမအိုႀကီးေတြကို မေစာင့္ေရွာက္ႏိုင္ေတာ့လို႔ သတ္လိုက္ရတာပါလို႔ ခ်န္ထားခဲ့တဲ့ စာအရ သိရပါတယ္။ “မင္းတစ္ေယာက္တည္းရဲ႕အားနဲ႔ တကယ္ေအာင္ျမင္လာတယ္လို႔ ယုံၾကည္လား”ဆိုတဲ့ စာနဲ႔အတူ အေဖျဖစ္သူက အေၾကြး ၀မ္(၅)ဘီလ်ံကို Leeteuk အတြက္ ခ်န္ထားခဲ့ပါတယ္။

ဒီသတင္းေတြ မၾကားရခင္ကတည္းက စိတ္က်ေ၀ဒနာ ခံစားေနရတဲ့ Leeteuk ဟာ ျဖစ္ပ်က္သြားတဲ့အရာေတြေၾကာင့္ ေၾကကြဲမဆုံး ျဖစ္ခဲ့ရပါတယ္။ စစ္မႈထမ္းေနစဥ္မို႔ စစ္အရာရိွေတြကိုယ္တိုင္က ေစာေစာ ျပန္ထြက္ဖို႔ အႀကံေပးခဲ့ေပမယ့္ Leeteuk ကေတာ့ သူ႔ရဲ႕စစ္မႈထမ္းကာလ ၿပီးေျမာက္တဲ့အထိ တာ၀န္ထမ္းခဲ့ပါတယ္။ Leeteuk ဟာ သူ႔ရဲ႕စိတ္က်ေရာဂါက သက္သာလာခဲ့ေပမယ့္ သူ႔ရဲ႕ Super Junior အဖြဲ႔သားေတြနဲ႔ အဖြဲ႔လိုက္ အႏုပညာလႈပ္ရွားမႈေတြအေပၚ မီွခိုခဲ့ရပါတယ္။

(၇) Ladies’ Code အဖြဲ႕ရဲ႕ ေၾကကြဲဖြယ္ရာ အက္ဆီးဒင့္
Photo Credit: koreaboo

Leeteuk ရဲ႕ ေၾကကြဲဖြယ္ရာ ျဖစ္ရပ္ ျဖစ္ပြားတဲ့ႏွစ္နဲ႔ တစ္ႏွစ္တည္းမွာပဲ ေနာက္ထပ္ စိတ္မေကာင္းစရာ၊ အ့ံအားသင့္စရာ အျဖစ္အပ်က္တစ္ခုက ျဖစ္လာခဲ့ပါတယ္။ Ladies’ Code အဖြဲ႔ဟာ သူတို႔ရဲ႕ အခ်ိန္ဇယားအရ အႏုပညာလႈပ္ရွားမႈေတြအၿပီး ဒယ္ဂူၿမိဳ႕ကေန ျပန္အလာမွာ အရိွန္ျပင္းေမာင္းႏွင္မႈနဲ႔ လမ္းေခ်ာ္မႈေၾကာင့္ ကားအက္ဆီးဒင့္ ျဖစ္ခဲ့ရပါတယ္။ ကားဟာ အပတ္ေပါင္းမ်ားစြာ လိမ့္သြားခဲ့ၿပီး ေနာက္ဆုံးမွာ လမ္းလယ္က ဘေလာက္တုံးေတြကို ၀င္တိုက္ခဲ့တာပါ။

ကားအက္ဆီးဒင့္ျဖစ္တဲ့ သတင္းတက္လာၿပီး နာရီအနည္းငယ္ အၾကာမွာပဲ အဖြဲ႔၀င္ EunB ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။ ေနာက္ထပ္ ေလးရက္အၾကာမွာေတာ့ အက္ဆီးဒင့္က ရတဲ့ဒဏ္ရာေတြေၾကာင့္ပဲ ေနာက္ထပ္အဖြဲ႔၀င္ RiSe ဟာလည္း ကြယ္လြန္သြားခဲ့ပါတယ္။ က်န္တဲ့ အဖြဲ႔၀င္သုံးေယာက္ကေတာ့ ေဆးရုံတစ္လစီေလာက္ ဆက္တက္ခဲ့ရေပမယ့္ အသက္ရွင္ခဲ့ၾကပါတယ္။

Photo Credit: koreaboo

ဒီသတင္းဟာ ေကေပါ့ပ္ေလာကႀကီးတစ္ခုလုံးကို တုန္လႈပ္သြားေစခဲ့ၿပီး Ladies’ Code အဖြဲ႔ရဲ႕ ေနာက္ဆုံးသီခ်င္းျဖစ္တဲ့ “I’m Fine, Thank You” သီခ်င္းကို အႏုပညာရွင္ အေျမာက္အမ်ားက ၀ိုင္း၀န္းၿပီး promote လုပ္ေပးခဲ့ၾကပါတယ္။

(၈) အဆိပ္မိခဲ့ဖူးတဲ့ TVXQ အဖြဲ႕ရဲ႕ Yunho
Photo Credit: koreaboo

Idol ေတြကို တုန္ေနေအာင္ ခ်စ္တဲ့လူေတြရိွသလို ရန္သူလိုကို မုန္းေနသူေတြလည္း တစ္ခါတစ္ရံမွာ ရိွတတ္ပါတယ္။ ၂၀၀၆ခုႏွစ္တုန္းက TVXQ အဖြဲ႕၀င္ Yunho အေပၚ ျဖစ္ပ်က္သြားတာကေတာ့ ျပင္းထန္လြန္းတယ္လို႔ ေျပာရမွာပါ။ ျဖစ္စဥ္ကေတာ့ ရိႈးပြဲမွာ ေဖ်ာ္ေျဖေနစဥ္မွာ ေအာက္က ပရိသတ္တစ္ေယာက္ စင္ေပၚတက္လာၿပီး ေသာက္စရာ ဘူးတစ္ဘူးကို ေပးသြားခဲ့ပါတယ္။ အက်င့္ျဖစ္ေနတဲ့ Yunho ဟာ အဲ့ဒီ့ဘူးကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္ၿပီး ခဏအၾကာမွာ ေမ့လဲက်သြားခဲ့ပါတယ္။

အဆိုပါ ဘူးထဲမွာ ထည့္ထားတာေတြကေတာ့ စူပါဂလူးေတြျဖစ္ၿပီး အစာအိမ္ထဲကေန အျမန္ ျပန္ၿပီးစုပ္ထုတ္ခဲ့ရတယ္လို႔ သိရပါတယ္။ အဲ့ဒီ့အျဖစ္အပ်က္ဟာ Yunho ကို စိတ္ကေယာက္ကယက္နဲ႔ ပူပန္ေသာကေရာက္တဲ့ စိတ္ေ၀ဒနာကို ျဖစ္ေစခဲ့ၿပီး ေနာက္ပိုင္းမွာ ကုသရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ အက်ိဳးဆက္အေနနဲ႔ Yunho ဟာ ေကေပါ့ပ္ေလာကထဲကေန ထြက္ခြာသြားဖို႔အထိ ဆုံးျဖတ္မလို ျဖစ္ခဲ့ရေပမယ့္ ေက်းဇူးတင္စရာေကာင္းစြာနဲ႔ပဲ မထြက္ျဖစ္ခဲ့ပါဘူး။

ဒါေတြကေတာ့ ေကေပါ့ပ္ေလာကထဲမွာ ျဖစ္ပ်က္ခဲ့ဖူးတဲ့ စိတ္မေကာင္းစရာ အျဖစ္အပ်က္ေတြပါ။ ဘယ္တစ္ခုက စာဖတ္သူတို႔ကို စိတ္ထိခိုက္ဆုံး ျဖစ္ေစလည္းဆိုတာလည္း ေျပာခဲ့ပါဦး။

Xei

Ref: koreaboo

(Unicode Version)

k-pop ကို မြူးကြွပြီး ပျော်ရွှင်စရာကောင်းတဲ့ တေးဂီတလို့ အများစုက သတ်မှတ်ထားကြပေမယ့် တစ်ခါတစ်ရံမှာလည်း စိတ်မကောင်းစရာ ဖြစ်ရပ်၊ အခိုက်အတန့်လေးတွေ ရှိနေတတ်ပါတယ်။ k-pop အောင်မြင်လာပြီးတဲ့ နှစ်တွေတစ်လျှောက်မှာ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တွေ ရှိခဲ့သလို k-pop လောကကြီးတစ်ခုလုံးကို သက်ရောက်မှုတွေ ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်မျိုးတွေလည်း ရှိခဲ့ပါတယ်။ အဖြစ်အပျက်များစွာထဲက k-pop သမိုင်းကြောင်းတစ်လျှောက် ဝမ်းနည်းစရာအကောင်းဆုံး ဖြစ်ရပ်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

(၁) Kim Jong Kook ရဲ့ကျောဒဏ်ရာ
Photo Credit: koreaboo

Kim Jong Kook ဟာ ငယ်စဉ်ကတည်းက ကျောရိုးမကြီး နေရာလွဲနေတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ scoliosis လို့ခေါ်တဲ့ ရောဂါဝေဒနာဟာ ကြီးကောင်ဝင်ချိန်မှာ ဖြစ်တတ်ပြီး ကျောရိုးမကြီးက ဘေးဘက်ကို ကွေးထွက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ Kim Jong Kook တစ်ယောက် လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်တာဟာ အဲ့ဒီ့ဝေဒနာကနေ သက်သာအောင် လုပ်တာလို့ ပြောကြပေမယ့် အချို့သော ပရိသတ်တွေရဲ့ အထောက်အထားတွေအရ အခြားအကြောင်းရင်းတစ်ခု ရှိတယ်လို့ သိရပါတယ်။

Turbo အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kim Jong Kook ဟာ သူ့ရဲ့အရင်ကုမ္ပဏီက စီအီးအိုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်၊နှိပ်စက်မှုတွေ ခံစားခဲ့ရတယ်လို့ ပရိသတ်အများစုက ယုံကြည်ကြပါတယ်။ လေ့ကျင့်ခန်းတွေကို အပြင်းအထန် လုပ်နေရတာဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် လုပ်တာဖြစ်တယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ Jong Kook ဆေးရုံတက်ရတာတွေ၊ အင်တာဗျူးတွေမှာ ဖြေထားတဲ့ အဖြေတွေပေါ် မူတည်ပြီး ပရိသတ်တွေက ကောက်ချက်ချထားတာပါ။ Turbo အဖွဲ့မှာ ပါဝင်ခဲ့တုန်းက Jong Kook ဟာ အသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ Jong Kook ဟာ တရားဝင်ဖွင့်ပြောတာတွေ၊ အရင်စီအီးအိုကို တရားစွဲတာမျိုးတွေတော့ မရှိခဲ့ပေမယ့် fan တွေရဲ့ ထောက်ပြမှုဟာ ကျိုးကြောင်းညီညွတ်မှုတော့ ရှိနေခဲ့ပါတယ်။

(၂) Standford ဘွဲ့ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ Tablo
Photo Credit: koreaboo

၂၀၁၀ခုနှစ် ပတ်ဝန်းကျင်မှာ တောင်ကိုရီးယားရဲ့ ထင်ရှားတဲ့ နာမည်ကြီးတစ်ယောက်ဟာ ဘွဲ့အတုကြီး လုပ်ထားမှန်း လူသိရှင်ကြား ဖြစ်သွားခဲ့ပါတယ်။ ဒီကိစ္စကနေ အခြေခံပြီး အခြားသော ဘွဲ့အတုလုပ်ထားတဲ့ နာမည်ကြီးတွေလည်း အလိမ်ပေါ်ကုန်ကြပါတယ်။ အဲ့ဒီ့ကနေမှတစ်ဆင့် အားလုံးရဲ့ အာရုံစိုက်မှုတွေဟာ Tablo ဆီကို စုပြုံလာကြပါတော့တယ်။

Tablo ဟာ ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Standford တက္ကသိုလ်က ဘွဲ့ယူခဲ့တယ်လို့ ပြောထားတဲ့အတွက် လူအများစုဟာ သူ့အပေါ်မှာလည်း မယုံမကြည် ဖြစ်လာကြပါတယ်။ လူအများစုဟာ ဒီဘွဲ့ကို မယုံကြည်ကြတဲ့အတွက် Tajinyo လို့ခေါ်တဲ့ ဖိုရမ်တွေ ဖန်တီးပြီး အမှန်တရားအတွက် တောင်းဆိုလာတဲ့အထိ ပြင်းထန်လာကြပါတယ်။ လူတွေဘက်က သိက္ခာချတာတွေ များလာတဲ့အတွက် Tablo ရဲ့ အသက်မွေးဝမ်းကျောင်းဟာ စုတ်ပြတ်သတ်တဲ့အထိ ထိခိုက်ခဲ့ရပါတယ်။ လူတွေရဲ့ နှောင့်ယှက်မှုကြောင့် စာချုပ်ချုပ်ထားတဲ့ Label နဲ့ တစ်ဝက်တစ်ပြက်နဲ့ လမ်းခွဲခဲ့ရပြီး အစ်ကိုနဲ့ အမေအထိပါ အလုပ်တွေ ပြုတ်ခဲ့ရပါတယ်။ တစ်မိသားစုလုံးကို သတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ စာတွေလည်း တဖွဲဖွဲရရှိခဲ့ပါသေးတယ်။

Photo Credit: koreaboo

အခြေအနေတွေ အတော်လေး ပြင်းထန်လာတဲ့အတွက် ဒီကိစ္စမှာ Standford တက္ကသိုလ်ကိုယ်တိုင်က ကြားဝင်ခဲ့ရပြီး Tablo ဟာ Standford မှာ တကယ်တက်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ကြောင်း အထောက်အထားတွေနဲ့ သက်သေပြပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကံကောင်းစွာနဲ့ပဲ Tablo ဟာ အနုပညာလမ်းကြောင်းပေါ်မှာ ပြန်လျှောက်နိုင်ခဲ့ပြီး Epik High အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

(၃) Dalmation အဖွဲ့ရဲ့ မှော်ဆန်တဲ့ဖွဲ့စည်းမှု
Photo Credit: koreaboo

Dalmation အဖွဲ့ ဖွဲ့စည်းခဲ့ရပုံကို လူအများသိရှိသွားတဲ့အခါ ၂၀၁၀ခုနှစ် တရားဝင် ပွဲမထွက်သေးခင်က ကိစ္စရပ်တွေကို အများက အာရုံစိုက်လာကြပါတယ်။ Dalmation အဖွဲ့ ပွဲမထွက်ခင် ဆယ်နှစ်ခန့်က အဖွဲ့ဝင် Inati နဲ့ MC Mong တို့ဟာ နှစ်ယောက်တွဲပြီး hip-hop အဖွဲ့ ဖွဲ့ထားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုဟာ နက်ရှိုင်းလွန်းပြီး ၂၀၀၄ခုနှစ်ကို ရောက်တဲ့အခါ MC Mong ရဲ့ ဆိုလိုအယ်လ်ဘမ်မှာ Inati က Featuring ပါဝင်သီဆိုဖို့ လေ့ကျင့်နေခဲ့ပါတယ်။

အဲ့ဒီ့အချိန်မှာပဲ Inati ရဲ့ ကျန်းမာရေးဟာ ဆိုးရွားလာတဲ့အတွက် ဆေးရုံကို အပြေးသွားခဲ့ရပြီး ဆေးစစ်ချက်အရ ရှားပါးလွန်းတဲ့ ဦးနှောက်သွေးယိုစီးမှုဝေဒနာကို ခံစားနေရတယ်လို့ သိခဲ့ရပါတယ်။ မကြာခင်မှာပဲ Inati ဟာ ကိုမာဝင်သွားခဲ့ပါတယ်။ ဒီသတင်းဟာ MC Mong အတွက် ကြေကွဲထိခိုက်စေခဲ့ပြီး တကယ်လို့ Inati သာ ပြန်လည်နိုးလာခဲ့မယ်ဆိုရင် သူ့ရဲ့နာမည်နဲ့ အယ်လ်ဘမ်ထုတ်ပေးမယ်လို့ ကတိစကား ပေးထားခဲ့ပါတယ်။

MC Mong ဟာ ညပေါင်းများစွာ ဆေးရုံမှာ လာကြည့်ပြီး ပြုစုခဲ့သလို Inati အတွက် ဆေးရုံကြေးတွေကိုပါ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လိုနဲ့ နှစ်လအကြာမှာတော့ Inati ဟာ မှော်ဆန်စွာနဲ့ ပြန်လည်သတိရလာခဲ့ပါတယ်။ ကုသမှုတွေ မပြတ်ပြုလုပ်ပြီး နောက်ထပ်ငါးနှစ်အကြာမှာတော့ Inati ဟာ လုံး၀ လူကောင်းပကတိလို ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Dalmation အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

(၄) 2PM အဖွဲ့က Junho ရဲ့ဒဏ်ရာ

https://www.youtube.com/watch?v=xAShEV3s0Wc

၂၀၁၃ခုနှစ်မှာ 2PM အဖွဲ့ဝင် Junho ဟာ ပိုပြီးထူးခြားဆန်းပြားကာ ခွန်အားသုံးရတဲ့ အကမျိုးတွေကို ကပြဖျော်ဖြေချင်လာတဲ့အတွက် ကျွမ်းဘားဆန်တဲ့ အခုန်အပျံ အကတွေကို လေ့ကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ လေ့ကျင့်နေရင်းမှာပဲ နှစ်မီတာအမြင့်ကနေ ပြုတ်ကျပြီး နှစ်မိနစ်ခန့် သတိမေ့မျောနေခဲ့ပါတယ်။

ဘယ်ဘက်လက်ပေါ်ကို ပိပြီး ပြုတ်ကျတာကြောင့် လက်က အရွတ်ပြဲသွားခဲ့ပြီး ဆေးရုံမှာ ဆေးစစ်ကြည့်တဲ့အခါ ကျောရိုးပါ အက်သွားကြောင်း တွေ့ရှိခဲ့ရပါတယ်။ Junho ရဲ့ မတော်တဆမှုကြောင့် နောက်တစ်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို အဖွဲ့က ရွှေ့ဆိုင်းဖို့ လုပ်ခဲ့ပေမယ့် ပရိသတ်တွေပေါ်မှာ ချစ်ခင်လွန်းတဲ့ Junho ဟာ ဝှီးချဲနဲ့ မရရအောင် ဖောျ်ဖြေခဲ့ပါတယ်။ ဒဏ်ရာက ပြင်းထန်တဲ့အတွက် နောက်ထပ် ကနိုင်ပါဦးမလားလို့ အများက စိုးရိမ်ခဲ့ရပေမယ့် အထူးကုသမှုတွေကို ခံယူပြီးတဲ့အခါ အရင်လိုပဲ ပြန်လည်ကခုန်နိုင်တဲ့ Junho ပြန်ဖြစ်လာခဲ့ပါတယ်။

(၅) Joanne ရဲ့ ဝမ်းနည်းစရာဇာတ်လမ်း
Photo Credit: koreaboo

Joanne ဟာ ၂၀၀၁ခုနှစ်က စတင်ပွဲထွက်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ သူမဟာ အယ်လ်ဘမ်သုံးချပ်နဲ့ ဆင်ဂယ်လ်သီချင်း သုံးပုဒ် ထွက်နိုင်ခဲ့ပါတယ်။ သူမရဲ့သီချင်းတွေကို လူတွေက ကြိုက်နှစ်သက်ခဲ့ပြီး ဒုတိယ BoA လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သို့ပေမယ့် သနားစရာ Joanne ဟာ သူမရဲ့ အိပ်မက်တွေကိုတော့ အဆုံးထိ မက်ခွင့်မရခဲ့ရှာပါဘူး။

၂၀၁၂ခုနှစ်ကို ရောက်တဲ့အခါ Superstar K4 လို့ခေါ်တဲ့ talent show တစ်ခုမှာ ပါဝင်လာခဲ့ပြီး ဒဏ်ရာရကာ ဖျားနာနေခဲ့ရတဲ့အတွက် အနုပညာလောက,ကနေ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ အဆိုပါရှိုးအတွက် လူရွေးပွဲဝင်ရာမှာလည်း အပြင်းအထန် ကြိုးစားခဲ့ရပြီး ဒိုင်တစ်ယောက်ရဲ့ ငြင်းပယ်မှုကိုပါ ခံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၄ခုနှစ်ကို ရောက်တဲ့အခါ သူမရဲ့ အိပ်မက်တွေကို ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် အနုပညာလောကထဲ တစ်ဖန်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမယ့် ကံမကောင်းရှာတဲ့ Joanne ဟာ ပြင်းထန်တဲ့ ကားအက်ဆီးဒင့်မှာ ပါဝင်ခဲ့ပြီး အဲ့ဒီဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားခဲ့ရပါတယ်။

(၆) Super Junior အဖွဲ့က Leeteuk ရဲ့ကြေကွဲစရာအဖြစ်
Photo Credit: koreaboo

Leeteuk တစ်ယောက် စစ်မှုထမ်းနေချိန် ၂၀၁၄ခုနှစ်မှာ သူ့ရဲ့အဖေရော၊ အဘိုးအဘွားတွေပါ ကွယ်လွန်သွားပြီဆိုတဲ့ အံ့အားသင့် ကြေကွဲစရာသတင်းကို ကြားလိုက်ရပါတယ်။ ပိုဆိုးတဲ့အချက်ကတော့ သာမန်သေရိုးသေစဉ် မဟုတ်ဘဲ ကိုယ့်ကိုယ်သတ်သေမှုနဲ့ လူသတ်မှုတို့ကြောင့် ကွယ်လွန်သွားကြရတယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်းကို ရဲဌာနက အတည်ပြုပေးခဲ့သလို မီဒီယာတွေမှာလည်း အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

Leeteuk ရဲ့ အဘိုးနဲ့အဘွားကို သားဖြစ်သူ Leeteuk ရဲ့ အဖေကိုယ်တိုင်က လည်ပင်ညှစ်သတ်ခဲ့တာဖြစ်ပြီး Leeteuk ရဲ့ အဖေကိုယ်တိုင်ကတော့ သူ့ဘာသာ သတ်သေသွားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ အဖေအို၊ အမေအိုကြီးတွေကို မစောင့်ရှောက်နိုင်တော့လို့ သတ်လိုက်ရတာပါလို့ ချန်ထားခဲ့တဲ့ စာအရ သိရပါတယ်။ “မင်းတစ်ယောက်တည်းရဲ့အားနဲ့ တကယ်အောင်မြင်လာတယ်လို့ ယုံကြည်လား”ဆိုတဲ့ စာနဲ့အတူ အဖေဖြစ်သူက အကြွေး ဝမ်(၅)ဘီလျံကို Leeteuk အတွက် ချန်ထားခဲ့ပါတယ်။

ဒီသတင်းတွေ မကြားရခင်ကတည်းက စိတ်ကျဝေဒနာ ခံစားနေရတဲ့ Leeteuk ဟာ ဖြစ်ပျက်သွားတဲ့အရာတွေကြောင့် ကြေကွဲမဆုံး ဖြစ်ခဲ့ရပါတယ်။ စစ်မှုထမ်းနေစဉ်မို့ စစ်အရာရှိတွေကိုယ်တိုင်က စောစော ပြန်ထွက်ဖို့ အကြံပေးခဲ့ပေမယ့် Leeteuk ကတော့ သူ့ရဲ့စစ်မှုထမ်းကာလ ပြီးမြောက်တဲ့အထိ တာဝန်ထမ်းခဲ့ပါတယ်။ Leeteuk ဟာ သူ့ရဲ့စိတ်ကျရောဂါက သက်သာလာခဲ့ပေမယ့် သူ့ရဲ့ Super Junior အဖွဲ့သားတွေနဲ့ အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတွေအပေါ် မှီခိုခဲ့ရပါတယ်။

(၇) Ladies’ Code အဖွဲ့ရဲ့ ကြေကွဲဖွယ်ရာ အက်ဆီးဒင့်
Photo Credit: koreaboo

Leeteuk ရဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ် ဖြစ်ပွားတဲ့နှစ်နဲ့ တစ်နှစ်တည်းမှာပဲ နောက်ထပ် စိတ်မကောင်းစရာ၊ အံ့အားသင့်စရာ အဖြစ်အပျက်တစ်ခုက ဖြစ်လာခဲ့ပါတယ်။ Ladies’ Code အဖွဲ့ဟာ သူတို့ရဲ့ အချိန်ဇယားအရ အနုပညာလှုပ်ရှားမှုတွေအပြီး ဒယ်ဂူမြို့ကနေ ပြန်အလာမှာ အရှိန်ပြင်းမောင်းနှင်မှုနဲ့ လမ်းချော်မှုကြောင့် ကားအက်ဆီးဒင့် ဖြစ်ခဲ့ရပါတယ်။ ကားဟာ အပတ်ပေါင်းများစွာ လိမ့်သွားခဲ့ပြီး နောက်ဆုံးမှာ လမ်းလယ်က ဘလောက်တုံးတွေကို ဝင်တိုက်ခဲ့တာပါ။

ကားအက်ဆီးဒင့်ဖြစ်တဲ့ သတင်းတက်လာပြီး နာရီအနည်းငယ် အကြာမှာပဲ အဖွဲ့ဝင် EunB ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ နောက်ထပ် လေးရက်အကြာမှာတော့ အက်ဆီးဒင့်က ရတဲ့ဒဏ်ရာတွေကြောင့်ပဲ နောက်ထပ်အဖွဲ့ဝင် RiSe ဟာလည်း ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်သုံးယောက်ကတော့ ဆေးရုံတစ်လစီလောက် ဆက်တက်ခဲ့ရပေမယ့် အသက်ရှင်ခဲ့ကြပါတယ်။

Photo Credit: koreaboo

ဒီသတင်းဟာ ကေပေါ့ပ်လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး Ladies’ Code အဖွဲ့ရဲ့ နောက်ဆုံးသီချင်းဖြစ်တဲ့ “I’m Fine, Thank You” သီချင်းကို အနုပညာရှင် အမြောက်အများက ဝိုင်းဝန်းပြီး promote လုပ်ပေးခဲ့ကြပါတယ်။

(၈) အဆိပ်မိခဲ့ဖူးတဲ့ TVXQ အဖွဲ့ရဲ့ Yunho
Photo Credit: koreaboo

Idol တွေကို တုန်နေအောင် ချစ်တဲ့လူတွေရှိသလို ရန်သူလိုကို မုန်းနေသူတွေလည်း တစ်ခါတစ်ရံမှာ ရှိတတ်ပါတယ်။ ၂၀၀၆ခုနှစ်တုန်းက TVXQ အဖွဲ့ဝင် Yunho အပေါ် ဖြစ်ပျက်သွားတာကတော့ ပြင်းထန်လွန်းတယ်လို့ ပြောရမှာပါ။ ဖြစ်စဉ်ကတော့ ရှိုးပွဲမှာ ဖျော်ဖြေနေစဉ်မှာ အောက်က ပရိသတ်တစ်ယောက် စင်ပေါ်တက်လာပြီး သောက်စရာ ဘူးတစ်ဘူးကို ပေးသွားခဲ့ပါတယ်။ အကျင့်ဖြစ်နေတဲ့ Yunho ဟာ အဲ့ဒီ့ဘူးကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ခဏအကြာမှာ မေ့လဲကျသွားခဲ့ပါတယ်။

အဆိုပါ ဘူးထဲမှာ ထည့်ထားတာတွေကတော့ စူပါဂလူးတွေဖြစ်ပြီး အစာအိမ်ထဲကနေ အမြန် ပြန်ပြီးစုပ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့အဖြစ်အပျက်ဟာ Yunho ကို စိတ်ကယောက်ကယက်နဲ့ ပူပန်သောကရောက်တဲ့ စိတ်ဝေဒနာကို ဖြစ်စေခဲ့ပြီး နောက်ပိုင်းမှာ ကုသရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ Yunho ဟာ ကေပေါ့ပ်လောကထဲကနေ ထွက်ခွာသွားဖို့အထိ ဆုံးဖြတ်မလို ဖြစ်ခဲ့ရပေမယ့် ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ မထွက်ဖြစ်ခဲ့ပါဘူး။

ဒါတွေကတော့ ကေပေါ့ပ်လောကထဲမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ။ ဘယ်တစ်ခုက စာဖတ်သူတို့ကို စိတ်ထိခိုက်ဆုံး ဖြစ်စေလည်းဆိုတာလည်း ပြောခဲ့ပါဦး။

Xei

Ref: koreaboo

 

 

RELATED ARTICLES

Most Popular