HomeBiographyသဘာဝအတိုင်း ပင်ကိုရုပ်ခံအချောမောဆုံး Idol (၁၀)ယောက်

သဘာဝအတိုင်း ပင်ကိုရုပ်ခံအချောမောဆုံး Idol (၁၀)ယောက်

ကေပေါ့ပ်လောကထဲကို ကြည့်လိုက်မယ်ဆိုရင်တော့ လူတိုင်းက ငေးလောက်ချင်စရာ visual တွေနဲ့ ချောမောနေကြသူတွေချည်းပါပဲ။ Idol တစ်ယောက်ချင်းစီဟာ သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ ဆွဲဆောင်မှုတွေ ပိုင်ဆိုင်ထားကြပေမယ့် မကြာသေးခင်ကပဲ Insight Korea က သဘာဝအတိုင်း ချောမောလှပနေတဲ့ အမျိုးသား Idol (၁၀)ယောက်ကို စာရင်းပြုစုပေးလိုက်ပါတယ်။ ဘာမှပြုပြင်ထားခြင်းမရှိဘဲ သဘာဝ မျက်နှာပြောင်လေးအတိုင်းကိုက ချောမောပြီး ဆွဲဆောင်မှုရှိလွန်းနေတဲ့ သူတို့(၁၀)ယောက်ကတော့ ….

(၁၀) WINNER အဖွဲ့က Jinwoo

Photo: xxjjjwww/ Instagram

အမည်ရင်းက Kim Jin-woo ဖြစ်ပြီး Jinwoo ၊ ဒါမှမဟုတ် Jinu ဆိုတဲ့ နာမည်အတိုကောက်လေးနဲ့ ပိုပြီးလူသိများပါတယ်။ မွေးနေ့ကတော့ ၁၉၉၁ခုနှစ် စက်တင်ဘာလ(၂၆)ရက် ဖြစ်ပါတယ်။ အသက်(၂၈)နှစ်လို့ ထင်ရက်စရာ လုံးဝမရှိတဲ့ ချစ်စရာ လူချောလေးရဲ့ အရပ်ကတော့ (၁.၇၇)မီတာ ရှိပါတယ်။

(၉) NU’EST အဖွဲ့က Jonghyun

Photo: pockyjr/ Instagram

NU’EST အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Jonghyun ကတော့ JR ဆိုတဲ့နာမည်နဲ့ ပိုပြီးလူသိများပါတယ်။ ၁၉၉၅ခုနှစ် ဇွန်လ(၈)ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက်(၂၄)နှစ်ရှိပါပြီ။ အရပ်ကတော့ (၁.၇၆)မီတာ ရှိပါတယ်။

(၈) Wanna One ရဲ့ Jinyoung

Photo: koreaboo

အမည်ရင်းက Bae Jinyoung ဖြစ်ပြီး Wanna One ရဲ့အဖွဲ့ဝင်ဟောင်းပါ။ လက်ရှိမှာတော့ CIX အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် မေလ(၁၀)ရက်မှာ မွေးဖွားခဲ့တာဖြစ်လို့ အသက်(၁၉)နှစ်ပဲ ရှိသေးတဲ့ ခေးလေးလည်း ဖြစ်ပါတယ်။ အရပ်ကတော့ (၁.၇၈)မီတာ ရှိပါတယ်။

(၇) SHINee အဖွဲ့က Taemin

Photo: koreaboo

နာမည်ရင်း Lee Taemin ဖြစ်ပြီး အသက်(၁၄)နှစ်တည်းက SHINee နဲ့ပွဲထွက်ခဲ့သူပါ။ အရပ်(၁.၇၅)မီတာရှိပြီး ၁၉၉၃ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး Artist တွေိထဲမှာ ပါဝင်တဲ့ Taemin ကတော့ အသက်(၂၆)နှစ်သာ ရှိပါသေးတယ်။

(၆) EXO အဖွဲ့က Baekhyun

Photo: baekhyunee_exo/ Instagram

နာမည်အရင်းကတော့ Byun Baekhyun ဖြစ်ပြီး Baekhyun လို့ပဲ အခေါ်များကြပါတယ်။ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချောမောလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဆိုလည်း မမှားပါဘူး။ ၁၉၉၂ခုနှစ် မေလ(၆)ရက်နေ့မှာ မွေးဖွားတာကြောင့် အသက်(၂၇)နှစ်ရှိပါပြီ။ အရပ်ကတော့ (၁.၇၄)မီတာ ရှိပါတယ်။

(၅) SEVENTEEN အဖွဲ့က Wonwoo

Photo: koreaboo

Wonwoo ဟာ ၁၉၉၆ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့မှာ မွေးဖွားပြီး မိန်းကလေးတွေရဲ့ အချစ်တော် Idol တစ်ယောက်ပါ။ နာမည်အရင်းကတော့ Jeon Wonwoo ဖြစ်ပြီး အရပ်ကတော့ (၁.၈၂)မီတာရှိပါတယ်။ အပြင်ပန်းပုံစံကိုကြည့်လိုက်ရင် အေးတိအေးစက်လို့ ထင်ရပေမယ့် တကယ်တော့ အဖွဲ့ထဲမှာ အပျော်တတ်ဆုံးပါ။

(၄) ASTRO အဖွဲ့က Eunwoo

Photo: eunwo.o_c/ Instagram

ASTRO အဖွဲ့ထဲက အချောလေးတစ်ယောက်ကတော့ Eunwoo လို့ အခေါ်များကြတဲ့ Cha Eunwoo ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Lee Dong-min ပါ။ ၁၉၉၇ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ မွေးဖွားလို့ အသက်ကတော့ (၂၂)နှစ်ရှိပါပြီ။ အပြုံးချိုချိုလေးနဲ့ Eunwoo ဟာ အရပ်ကတော့ (၁.၈၃)မီတာ ရှိပါတယ်။

(၃) GOT7 အဖွဲ့က Jinyoung

Photo: koreaboo

အမည်ရင်းမှာ Park Jinyoung ဖြစ်ပြီး ၁၉၉၄ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ GOT7 အဖွဲ့ဝင်တစ်ယောက်သာမက နှစ်ယောက်တွဲ boy band ဖြစ်တဲ့ JJ Project မှာလည်း ပါဝင်ပါတယ်။ အသက်ကတော့ (၂၅)နှစ်ရှိပြီဖြစ်ပြီး အရပ်ကတော့ (၁.၇၈)မီတာ ရှိပါတယ်။

(၂) NCT အဖွဲ့က Jungwoo

Photo: nctkimjungwoo/ Instagram

အမည်ရင်းကတော့ Kim Jungwoo ဖြစ်ပြီး NCT U နဲ့ NCT 127 unit တွေရဲ့ အဖွဲ့ဝင်ပါ။ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့မှာ မွေးဖွားတာဖြစ်လို့ (၂၂)နှစ်ရှိပါပြီ။ အရပ်ကတော့ (၁.၈)မီတာ ရှည်ပါတယ်။

(၁) BTS အဖွဲ့က Jungkook

Photo: koreaboo

အမည်ရင်းကတော့ Jeon Jungkook ဖြစ်ပြီး Jungkook လို့ပဲ အခေါ်များကြပါတယ်။ ၁၉၉၇ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှာ မွေးဖွားတာဖြစ်လို့ အသက်ကတော့ (၂၂)နှစ် ရှိပါပြီ။ အရပ်ကတော့ (၁.၇၈)မီတာ ရှိပါတယ်။

ဒါကတော့ ပင်ကိုသဘာဝအတိုင်းကိုက ချောမောဆွဲဆောင်မှုရှိနေတဲ့ Idol အမျိုးသား(၁၀)ယောက် ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူတို့ အသည်းလည်းဆိုတာ ပြောခဲ့ပေးပါဦး။

Xei

 

RELATED ARTICLES

Most Popular