HomeDramaSong Ji Hyo နဲ့ Nam Ji Hyun တို့ကို အတူကြည့်ရှုရမယ့် ဒရာမာအသစ် The Witch's...

Song Ji Hyo နဲ့ Nam Ji Hyun တို့ကို အတူကြည့်ရှုရမယ့် ဒရာမာအသစ် The Witch’s Diner

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ မင်းသမီးချော Song Ji Hyo နဲ့ Nam Ji Hyun တို့ကို ထူးဆန်းတဲ့ စိတ်ကူးယဉ် ဒရာမာအသစ်တစ်ခုမှာ အတူတွဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မကြာခင် ထုတ်လွှင့်ပြသတော့မယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ Song Ji Hyo ၊ Nam Ji Hyun နဲ့ Chae Jong Hyeop တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကြံရာမရ ဖြစ်နေကြတဲ့ လူတွေဟာ သူတို့ရဲ့ရင်ထဲက ဆုတောင်းတွေကို ပြည့်ဝစေတဲ့ မှော်အစားအစာတွေကို ချက်ပြုတ်ရောင်းချနေတဲ့ စားသောက်ဆိုင်တစ်ခုမှာ လာရောက်စားသောက်ကြတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ သိထားရသလောက် ဇာတ်ကောင်စရိုက်တွေနဲ့ ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Photo via my drama list

Jo Hee Ra (Song Ji Hyo) ဟာ သူမ အသက်ရှင်နေတဲ့ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီဆိုတာတောင် မမှတ်မိနိုင်တော့သူ ဖြစ်ပါတယ်။ သူမဟာ သမိုင်းတလျှောက် အသက်ကြီးလှပါတယ်ဆိုတဲ့ လူတွေနဲ့ နှိုင်းယှဉ်လို့မရအောင် အသက်ကြီးနေပြီ ဖြစ်ပေမယ့် ခံစားချက်တွေတော့ ရှိနေပါသေးတယ်။ Jo Hee Ra ဟာ သူမရဲ့ အသက်နှစ်ဆယ်ကျော် အရွယ်မှာတင် နာကျင်စရာဖြစ်ရပ်တစ်ခုကြောင့် စုန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားရသူ ဖြစ်ပါတယ်။

Jeong Jin (Nam Ji Hyun) ကတော့ အသက်(၂၈)နှစ်အရွယ် သာမန်အမျိုးသမီးတစ်ဦးပါ။ သူမမှာ အလုပ်လည်း ရှိပြီး ချစ်သူကောင်လေးလည်း ရှိပေမယ့် တစ်ရက်မှာတော့ အလုပ်က ထုတ်ခံရလိုက်ရသလို ကောင်လေးကလည်း သူမကို ပစ်သွားပါတယ်။ အဲဒီနောက်မှာတော့ Jeong Jin ဟာ သူမရဲ့မိခင်နဲ့အတူ စားသောက်ဆိုင်လေးတစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ သူမရဲ့ဆိုင်လေးဟာ အရင်းပြုတ်သွားပြီး မိခင်ဖြစ်သူကလည်း နယ်ကို ပြန်သွားပါတော့တယ်။

Photo via my drama list

သူမ တစ်ယောက်တည်း ဆိုင်လေးမှာ ကျန်နေခဲ့တုန်း Jo Hee Ra ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက် ရောက်လာပါတယ်။ Jo Hee Ra ကတော့ Jeong Jin ရဲ့ ဆိုင်လေးကို ငှားပြီး စားသောက်ဆိုင်ဖွင့်ချင်တာပါ။ Jo Hee Ra လုပ်ပေးတဲ့ အစားအသောက်တွေဟာ စားသုံးသူတွေရဲ့ ဆန္ဒတွေကို ပြည့်ဝစေတဲ့အစွမ်း ရှိပါတယ်။ အပြန်အလှန်အနေနဲ့ သူမရဲ့ ဟင်းလျာတွေကို စားသုံးပြီးသူတွေဟာ Jo Hee Ra လိုချင်တဲ့အရာတစ်ခုကို ပြန်ပေးရတာတော့ ရှိပါတယ်။

အစပိုင်းတုန်းကတော့ Jeong Jin ဟာလည်း မယုံသင်္ကာ ဖြစ်နေသေးပေမယ့် Jo Hee Ra လုပ်ပေးတဲ့ အစားအစာကို စားပြီးသွားတယ်ဆိုရင်ပဲ မယုံနိုင်စရာ အတွေ့အကြုံကို ရရှိသွားတဲ့အတွက် ဆိုင်ကို ငှားဖို့ သဘောတူလိုက်ပါတော့တယ်။ မကြာခင်မှာပဲ Jeong Jin နဲ့ Jo Hee Ra တို့နှစ်ယောက် ပေါင်းပြီး သူတို့ရဲ့ဆိုင်လေး နာမည်ကျော်ကြားလာဖို့ ကြိုးစားကြပါတော့တယ်။

Photo via my drama list

The Witch’s Diner လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲလေးမှာ အပိုင်း(၈)ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ကြာမြင့်ချိန်(၆၀)မိနစ် ဖြစ်ပါတယ်။ tvN ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ဇူလိုင်လ(၁၆)ရက်နေ့မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

Linda December

Source: mydramalist/ asianwiki

(Zawgyi Verison)

ပရိသတ္ေတြ ခ်စ္ခင္အားေပးၾကတဲ့ မင္းသမီးေခ်ာ Song Ji Hyo နဲ႔ Nam Ji Hyun တို႔ကို ထူးဆန္းတဲ့ စိတ္ကူးယဥ္ ဒရာမာအသစ္တစ္ခုမွာ အတူတြဲ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ မၾကာခင္ ထုတ္လႊင့္ျပသေတာ့မယ့္ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Song Ji Hyo ၊ Nam Ji Hyun နဲ႔ Chae Jong Hyeop တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ႀကံရာမရ ျဖစ္ေနၾကတဲ့ လူေတြဟာ သူတို႔ရဲ႕ရင္ထဲက ဆုေတာင္းေတြကို ျပည့္ဝေစတဲ့ ေမွာ္အစားအစာေတြကို ခ်က္ျပဳတ္ေရာင္းခ်ေနတဲ့ စားေသာက္ဆိုင္တစ္ခုမွာ လာေရာက္စားေသာက္ၾကတဲ့ ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ သိထားရသေလာက္ ဇာတ္ေကာင္စ႐ိုက္ေတြနဲ႔ ဇာတ္လမ္းအက်ဥ္းကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

Photo via my drama list

Jo Hee Ra (Song Ji Hyo) ဟာ သူမ အသက္ရွင္ေနတဲ့ ႏွစ္ေတြ ဘယ္ေလာက္ၾကာခဲ့ၿပီဆိုတာေတာင္ မမွတ္မိႏိုင္ေတာ့သူ ျဖစ္ပါတယ္။ သူမဟာ သမိုင္းတေလွ်ာက္ အသက္ႀကီးလွပါတယ္ဆိုတဲ့ လူေတြနဲ႔ ႏႈိင္းယွဥ္လို႔မရေအာင္ အသက္ႀကီးေနၿပီ ျဖစ္ေပမယ့္ ခံစားခ်က္ေတြေတာ့ ရွိေနပါေသးတယ္။ Jo Hee Ra ဟာ သူမရဲ႕ အသက္ႏွစ္ဆယ္ေက်ာ္ အ႐ြယ္မွာတင္ နာက်င္စရာျဖစ္ရပ္တစ္ခုေၾကာင့္ စုန္းမတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားရသူ ျဖစ္ပါတယ္။

Jeong Jin (Nam Ji Hyun) ကေတာ့ အသက္(၂၈)ႏွစ္အ႐ြယ္ သာမန္အမ်ိဳးသမီးတစ္ဦးပါ။ သူမမွာ အလုပ္လည္း ရွိၿပီး ခ်စ္သူေကာင္ေလးလည္း ရွိေပမယ့္ တစ္ရက္မွာေတာ့ အလုပ္က ထုတ္ခံရလိုက္ရသလို ေကာင္ေလးကလည္း သူမကို ပစ္သြားပါတယ္။ အဲဒီေနာက္မွာေတာ့ Jeong Jin ဟာ သူမရဲ႕မိခင္နဲ႔အတူ စားေသာက္ဆိုင္ေလးတစ္ခု ဖြင့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ကံဆိုးခ်င္ေတာ့ သူမရဲ႕ဆိုင္ေလးဟာ အရင္းျပဳတ္သြားၿပီး မိခင္ျဖစ္သူကလည္း နယ္ကို ျပန္သြားပါေတာ့တယ္။

Photo via my drama list

သူမ တစ္ေယာက္တည္း ဆိုင္ေလးမွာ က်န္ေနခဲ့တုန္း Jo Hee Ra ဆိုတဲ့ ထူးဆန္းတဲ့ မိန္းမတစ္ေယာက္ ေရာက္လာပါတယ္။ Jo Hee Ra ကေတာ့ Jeong Jin ရဲ႕ ဆိုင္ေလးကို ငွားၿပီး စားေသာက္ဆိုင္ဖြင့္ခ်င္တာပါ။ Jo Hee Ra လုပ္ေပးတဲ့ အစားအေသာက္ေတြဟာ စားသုံးသူေတြရဲ႕ ဆႏၵေတြကို ျပည့္ဝေစတဲ့အစြမ္း ရွိပါတယ္။ အျပန္အလွန္အေနနဲ႔ သူမရဲ႕ ဟင္းလ်ာေတြကို စားသုံးၿပီးသူေတြဟာ Jo Hee Ra လိုခ်င္တဲ့အရာတစ္ခုကို ျပန္ေပးရတာေတာ့ ရွိပါတယ္။

အစပိုင္းတုန္းကေတာ့ Jeong Jin ဟာလည္း မယုံသကၤာ ျဖစ္ေနေသးေပမယ့္ Jo Hee Ra လုပ္ေပးတဲ့ အစားအစာကို စားၿပီးသြားတယ္ဆိုရင္ပဲ မယုံႏိုင္စရာ အေတြ႕အႀကဳံကို ရရွိသြားတဲ့အတြက္ ဆိုင္ကို ငွားဖို႔ သေဘာတူလိုက္ပါေတာ့တယ္။ မၾကာခင္မွာပဲ Jeong Jin နဲ႔ Jo Hee Ra တို႔ႏွစ္ေယာက္ ေပါင္းၿပီး သူတို႔ရဲ႕ဆိုင္ေလး နာမည္ေက်ာ္ၾကားလာဖို႔ ႀကိဳးစားၾကပါေတာ့တယ္။

Photo via my drama list

The Witch’s Diner လို႔ အမည္ရတဲ့ ဒီဇာတ္လမ္းတြဲေလးမွာ အပိုင္း(၈)ပိုင္း ပါဝင္ၿပီး တစ္ပိုင္းကို ၾကာျမင့္ခ်ိန္(၆၀)မိနစ္ ျဖစ္ပါတယ္။ tvN ႐ုပ္သံလိုင္းက ထုတ္လႊင့္သြားမွာ ျဖစ္ၿပီး ဇူလိုင္လ(၁၆)ရက္ေန႔မွာ စတင္ထုတ္လႊင့္မယ္လို႔ သိရပါတယ္။

Linda December

Source: mydramalist/ asianwiki

 

RELATED ARTICLES

Most Popular