HomeCelebs Update NewsKorea၂၀၁၉ ဇူလိုင်လ စတုတ္ထပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ (ကိုရီးယား)

၂၀၁၉ ဇူလိုင်လ စတုတ္ထပတ်အတွက် အသစ်ထွက် သီချင်းကောင်းများ (ကိုရီးယား)

၂၀၁၉ခုနှစ် ဇူလိုင်လရဲ့ စတုတ္ထပတ်ကို ကုန်လွန်လာခဲ့ပြန်ပြီမို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ပ်သီချင်းများစွာထဲကမှ ကောင်းနိုးရာရာများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

MAMAMOO (Gleam)

ဇူလိုင်လ(၂၄)ရက်နေ့က ထွက်ရှိထားတဲ့ MAMAMOO အဖွဲ့ရဲ့ Gleam MV ဟာ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃)သန်းကျော် ရှိနေပါပြီ။ ချစ်သူအနားရောက်လာတဲ့အခါ ကမ္ဘာမြေကြီးတစ်ခုလုံး လင်းလက်တောက်ပသွားတယ်ဆိုတဲ့အကြောင်း သီဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ အောက်ကပေးထားတဲ့ ဗွီဒီယိုလေးမှာ ကလစ်နှိပ်ပြီး နားဆင်ခံစားကြည့်ပါဦး။

 

EXO-SC (What A Life)

EXO အဖွဲ့ရဲ့ sub-unit တစ်ခုဖြစ်တဲ့ EXO-SC အဖွဲ့ဟာ What A Life လို့ အမည်ပေးထားတဲ့ ပထမဆုံး မီနီအယ်လ်ဘမ်ကို ထွက်ရှိထားပါတယ်။ အယ်လ်ဘမ်ရဲ့ ခေါင်းစီးတေးဖြစ်တဲ့ What A Life MV ဟာ အယ်လ်ဘမ်ထဲက ပထမဆုံးသီချင်းဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်နေ့က ထွက်ရှိထားတာပါ။ ဒီ MV ထဲမှာ ထူးခြားတဲ့ pastel colors တွေကို သုံးထားလို့ ကြည့်ရှုရတာ မျက်စိပသာဒ ဖြစ်လှပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၀)သန်းကျော် ရှိနေပါပြီ။

 

EXO-SC (Closer to You)

Closer to You ဟာ EXO-SC ရဲ့ What A Life အယ်လ်ဘမ်ထဲက တတိယမြောက်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ကြွေနေရတဲ့သူနဲ့ ကားတစ်စီးရဲ့ နောက်ခန်းထဲမှာ အတူတူ လိုက်ပါရင်း သူ့ရဲ့အလှ၊ သူနဲ့အတူ စကြ၀ဠာထဲထိ သွားမယ့်အကြောင်းတွေ စသဖြင့် ဖွဲ့နွဲ့သီဆိုထားတာပါ။ ဇူလိုင်လ(၂၆)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၈)သန်းကျော် ရှိနေပါတယ်။

 

NCT 127 (Highway to Heaven) ENGLISH VERSION

NCT 127 ရဲ့ စတုတ္ထမြောက် မီနီအယ်လ်ဘမ် WE AR SUPERHUMAN ထဲက ဆင်ဂယ်လ်အသစ် ဖြစ်ပါတယ်။ ဇူလိုင်လ(၂၂)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃.၇)သန်းကျော် ရှိနေပါတယ်။

 

NCT DREAM (BOOM)

NCT DREAM အဖွဲ့ဟာ NCT အဖွဲ့ရဲ့ တတိယမြောက် sub-unit ဖြစ်ပါတယ်။Boom လို့ အမည်ရတဲ့ ယခု MV ဟာ အဖွဲ့ရဲ့ တတိယမြောက် မီနီအယ်လ်ဘမ် “We Boom”ထဲက ဖြစ်ပါတယ်။ ဇူလိုင်လ(၂၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၇.၉)သန်း ရှိနေပါတယ်။

 

Taemin (Famous)

ဒီသီချင်းဟာ Taemin ရဲ့ တတိယမြောက် ဂျပန်မီနီအယ်လ်ဘမ်ထဲက ပထမဆုံးအပုဒ်ဖြစ်ပြီး အယ်လ်ဘမ်ရဲ့ ခေါင်းစီးတေးလည်း ဖြစ်ပါတယ်။ ဒီ MV ကို ဇူလိုင်လ(၂၆)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၅)သန်း ရှိနေပါတယ်။ “FAMOUS” လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ကိုတော့ သြဂုတ်လ (၄)ရက်နေ့မှာ ထွက်ရှိသွားမယ်လို့ ကြေငြာထားပါတယ်။

 

Kang Daniel (What Are You Up To)

What Are You Up To MV ဟာ “Color On Me” လို့ အမည်ပေးထားတဲ့ Kang Daniel ရဲ့ စပါယ်ရှယ်အယ်လ်ဘမ်ထဲက တေးတစ်ပုဒ် ဖြစ်ပါတယ်။ ဇူလိုင်လ(၂၅)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၃)သန်းကျော် ရှိနေပါတယ်။

ဒါတွေကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ ကေပေါ့ပ်သီချင်း အသစ်များထဲက ကောင်းနိုးရာရာတွေကို စုစည်းပေးထားတာပါ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး။

Xei

 

RELATED ARTICLES

Most Popular