HomeCelebs Update NewsKoreaပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ကိုရီးယား ဇာတ်ပို့သရုပ်ဆောင်(၈)ယောက်

ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ကိုရီးယား ဇာတ်ပို့သရုပ်ဆောင်(၈)ယောက်

ကိုရီးယားဒရာမာတွေ ကြည့်ရှုနေကျ ပရိသတ်တွေဆိုရင်တော့ ဒရာမာအများစုမှာ မကြာခဏ ပါဝင်နေရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို သတိထားမိမှာပါ။ တခါတလေဆိုရင် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်တည်းက တချိန်တည်း ထုတ်လွှင့်နေတဲ့ ဒရာမာနှစ်ခုထဲမှာ တပြိုင်တည်း ပါဝင်နေတာမျိုးတောင် ရှိတတ်ပါသေးတယ်။ ဇာတ်ကားအများစုမှာ ဒီလိုပါဝင်ခွင့်ရတာကတော့ သူတို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုရီးယားဒရာမာ လောကမှာတော့ သရုပ်ဆောင်ကောင်းလွန်းလှတဲ့ ဇာတ်ပို့တွေ များပြားလှပါတယ်။

(1) Kang Ki Young

Photo via soompi

Kang Ki Young ကတော့ ဒရာမာတော်တော်များများမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ Weightlifting Fairy Kim Bok Joo ထဲမှာ ကြက်ကြော်ရောင်းသူအဖြစ် သရုပ်ဆောင်ရာကနေ What’s Wrong With Secretary Kim ထဲမှာ မင်းသား Park Seo Joon ကို အကြံဉာဏ်ပေးသူအဖြစ် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်ရဲ့ MBC Drama Awards ဆုပေးပွဲမှာ My Secret Terrius ထဲက ဇာတ်ရုပ်နဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိထားတာ ဖြစ်ပါတယ်။

(2) Park Jin Joo

Photo via korean mag

သရုပ်ဆောင် Park Jin Joo ကတော့ ဇာတ်ရုပ်များစွာမှာ ပါဝင်ထားဖူးပြီး ပရိသတ်တွေကပါ သူငယ်ချင်းတော်ချင်လောက်အောင် သရုပ်ဆောင်ကောင်းသူ ဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ရုပ်တွေကတော့ အများအားဖြင့် သစ္စာရှိသူ၊ တက်ကြွပြီး ဟာသဆန်သူ ပုံစံမျိုးတွေ ဖြစ်ပြီး ချစ်စရာလည်းကောင်းပါတယ်။ သူမရဲ့ ဇာတ်ရုပ်တွေထဲက အမှတ်ရစရာကောင်းတဲ့ တချို့ကတော့ Into The World Again ၊ Her Private Life နဲ့ It’s Okay To Not Be Okay တို့ထဲက ဇာတ်ရုပ်တွေပဲ ဖြစ်ပါတယ်။

(3) Kim Won Hae

Photo via ONkpop

သရုပ်ဆောင် Kim Won Hae ကတော့ ဒရာမာကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ အများအားဖြင့် သာမန်ပရိသတ်တစ်ယောက် ကြည့်ဖူးမယ့် ဇာတ်ကားတွေထက် ပိုတဲ့အရေအတွက်လောက်ထိ ဇာတ်ရုပ်များစွာမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ရုပ်တွေထဲက အမှတ်ရစရာ အကောင်းဆုံးတွေကတော့ Strong Woman Do Bong Soon ထဲက ရယ်ရတဲ့ ရဲဝန်ထမ်း၊ Youth of May ထဲက ဝမ်းနည်းစရာ ဇာတ်ရုပ်တွေပဲ ဖြစ်ပါတယ်။

(4) Lee Joon Hyuk

Photo via soompi

Lee Joon Hyuk ဟာလည်း အများအားဖြင့် လူအများစု ကြည့်ဖူးသမျှ ဒရာမာကားတိုင်းမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူဟာ စွယ်စုံရ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်း အနိမ့်အမြင့် အတက်အကျတွေမှာ ပိုပြီးသရုပ်ပေါ်အောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Love In The Moonlight ဒရာမာထဲက သူ့ရဲ့ဇာတ်ရုပ်ကြောင့် ထူးချွန်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

(5) Kim Seul Gi

Photo via soompi

Kim Seul Gi ကတော့ ကြည့်ရှုသူ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုတင် မဟုတ်ဘဲ အသည်းနှလုံးကိုပါ အပိုင်သိမ်းပိုက်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ Oh My Ghostess ၊ The Guardian နဲ့ Find Me In Your Memory တို့ထဲက သူမရဲ့ သရုပ်ဆောင်မှုတွေကတော့ တကယ် ပြောင်မြောက်လှပါတယ်။ Kim Seul Gi ဟာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပြီး နောင်လာမယ့် အနာဂတ်မှာတော့ အခုထက်ပိုပြီး တောက်ပလာမယ်လို့ မျှော်လင့်ရပါတယ်။

(6) Kim Mi Kyung

Photo via soompi

မင်းသမီးကြီး Kim Mi Kyung ကတော့ ဒရာမာတိုင်းမှာ မင်းသားတွေ၊ မင်းသမီးတွေရဲ့ မိခင်နေရာက ပါဝင်လေ့ရှိသူ ဖြစ်ပြီး ကေဒရာမာ ပရိသတ်တွေရဲ့ မိခင်လိုတောင် ဖြစ်နေသူပါ။ သူမဟာ နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်မှုအပြည့်နဲ့ မိခင်တစ်ယောက် သရုပ်ဆောင်ရာမှာ ကျွမ်းကျင် ပိုင်နိုင်လှသူ ဖြစ်သလို တခြားသော လုံးဝ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေမှာလည်း သေသေသပ်သပ် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင် ပိုင်နိုင်မှုကတော့ အကန့်အသတ်မရှိဘဲ ဇာတ်ရုပ်တိုင်းမှာ အသက်ဝင်လွန်းလှပါတယ်။

(7) Kim Sun Young

Photo via Forbes

Kim Sun Young ကတော့ သူမ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ ပရိသတ်တွေကို ရသမျိုးစုံ ခံစားရအောင် စွမ်းဆောင်နိုင်သူ ဖြစ်ပါတယ်။ သူမဟာ ပရိသတ်တွေကို မျက်ရည်ကျအောင်လည်း လှည့်စားနိုင်သလို ရယ်မောပျော်ရွှင်ရအောင်လည်း ဖမ်းစားနိုင်ပါတယ်။ ဒါတင်မက ရင်ထဲမှာ နွေးထွေးပြီး နေလို့ကောင်းတဲ့ ခံစားချက်မျိုး ဖြစ်လာအောင်လည်း

(8) Hwang Seok Jeong

Photo via soompi

ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေအကြောင်း ပြောမယ်ဆိုရင် Hwang Seok Jeong ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ She Was Pretty ဒရာမာထဲမှာဆိုရင် အရောင်တောက်တောက် အဝတ်အစားတွေ ဝတ်ဆင်လေ့ရှိပြီး ဝန်ထမ်းတွေကို အကြံဉာဏ်ကောင်းတွေ ပေးတတ်တဲ့ သူဌေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာဟာ ပြောင်မြောက်လွန်းပါတယ်။ ဒါကြောင့်လည်း သူမဟာ ၂၀၁၅ ခုနှစ်ရဲ့ MBC Drama Awards မှာ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ကိုရီးယားဒရာမာတွေထဲက ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်(၈)ယောက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကိုရီးယား ဒရာမာလောကမှာ သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တွေချည်းပဲမို့ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော ဇာတ်ပို့သရုပ်ဆောင်တွေ ရှိရင်လည်း ကောမန့်မှာ မျှဝေခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular