HomeCelebs Update NewsKoreaကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Park Seo Joon နဲ့ MAMAMOO ရဲ့ Solar

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Park Seo Joon နဲ့ MAMAMOO ရဲ့ Solar

ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာပဲ နာမည်ကျော် သရုပ်ဆောင်မင်းသား Park Seo Joon နဲ့ MAMAMOO အဖွဲ့ဝင် Solar တို့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံစားနေရတယ်လို့ သတင်းများအရ သိရပါတယ်။

မင်းသား Park Seo Joon ကိုဗစ်ကူးစက်ခံရတဲ့ အကြောင်းကိုတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Awesome ENT က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကြေညာချက်အရ Park Seo Joon ဟာ ရိုက်ကွင်းမရွှေ့ပြောင်းခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ self-testing kit နဲ့ ကိုဗစ်စစ်ဆေးခဲ့တာ ဖြစ်ပြီး ကူးစက်ခံနေရကြောင်း အဖြေထွက်လာတာကြောင့် PCR test နဲ့ပါ ထပ်မံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှာပဲ ဆေးစစ်ချက်အရ ကိုဗစ် positive ဖြစ်နေတယ်လို့ သိရပါတယ်။

Photo via soompi

မင်းသားဟာ ကိုဗစ်ကာကွယ်ဆေးကို သုံးကြိမ်စလုံး ထိုးနှံပြီးပြီ ဖြစ်သော်လည်း အခုလို ရောဂါကူးစက်ခံစားလိုက်ရတာလို့ သိရပါတယ်။ ဆေးစစ်ချက်အဖြေမထွက်ခင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာတည်းက မင်းသားဟာ သူ့ရဲ့ activity တွေအားလုံးကို ရပ်နားထားတာ ဖြစ်ပြီး positive ဖြစ်ပြီးနောက်မှာတော့ ကွာရန်တင်း နေထိုင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ကုသမှုတွေ ခံယူနေရတယ်လို့လည်း သိရပါတယ်။

မင်းသားဟာ လက်ရှိမှာတော့ ရောဂါကနေ နာလန်ထူတဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အခြားထူးခြားလက္ခဏာတွေတော့ မရှိဘူးလို့ သိရပါတယ်။

Photo via soompi

Park Seo Joon နဲ့အလားတူပဲ MAMAMOO အဖွဲ့ဝင် Solar ဟာလည်း ကိုဗစ်ကူးစက်ခံလိုက်ရတယ်လို့ သူမရဲ့အေဂျင်စီဖြစ်တဲ့ RBW က ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြေညာချက်အရ Solar ကတော့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှာပဲ ကိုဗစ်ကူးစက်ခံရသူတစ်ယောက်နဲ့ close contact ဖြစ်သွားတာကြောင့် self-testing kit ကို အသုံးပြုပြီး စစ်ဆေးကြည့်ရာ postivie ထွက်လာတာကြောင့် PCR test ပါ ထပ်စစ်ပြီး အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံး စစ်ဆေးချက်အရ ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာ positive လို့ အဖြေထွက်လာတယ်လို့ သိရပါတယ်။

Solar ဟာလည်း ကိုဗစ်ကာကွယ်ဆေးကို သုံးကြိမ် ထိုးနှံပြီးဖြစ်ကာ အခုလို ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ activity တွေအားလုံးကို ရပ်နားထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း အနားယူကာ လိုအပ်တဲ့ ကုသမှုတွေ ခံယူနေတယ်လို့ သိရပါတယ်။

Photo: solarkeem/ Instagram

အေဂျင်စီရဲ့ ကြေညာချက်အရ ပရိသတ်တွေကို စိတ်ပူစေမိလို့ တောင်းပန်ထားပြီး Solar တစ်ယောက် မြန်မြန် ပြန်လည်နေကောင်းပြီး ကျန်းမာလာစေဖို့ အစွမ်းကုန် ဂရုစိုက်သွားမယ်လို့လည်း ပြောထားပါတယ်။

Solar ကတော့ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပြီး ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါမယ်လို့ ပြောထားပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular