HomeCelebs Update NewsKoreaIdol ေတြ ေလဆိပ္မွာ Mask တပ္ရတဲ့အေၾကာင္းရင္းကို ေျပာျပလိုက္တဲ့ Red Velvet အဖြဲ႔၀င္ Seulgi

Idol ေတြ ေလဆိပ္မွာ Mask တပ္ရတဲ့အေၾကာင္းရင္းကို ေျပာျပလိုက္တဲ့ Red Velvet အဖြဲ႔၀င္ Seulgi

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

YouTube Channel မွာ လႊင့္တင္ေနက်ျဖစ္တဲ့ The More Seulgiful Lifestyle in USA အစီအစဥ္ရဲ႕ အပိုင္းတစ္ပိုင္းမွာ Red Velvet အဖြဲ႕၀င္ Seulgi က သူမရဲ႕ ေလယာဥ္စီးတဲ့အခ်ိန္ ျပဳလုပ္ေလ့ရိွတဲ့ အေလ့အထေတြနဲ႔ လွ်ိဳ႕၀ွက္ခ်က္တစ္ခုကို ေ၀မွ်ေပးလိုက္ပါတယ္။

တစ္ခ်ိန္လုံး ေလယာဥ္ေတြစီးၿပီး ဟိုမွသည္ သြားေနရတဲ့၊ အလုပ္အလြန္မ်ားတဲ့ ေကေပါ့ပ္စတား Idol တစ္ေယာက္ျဖစ္ေပမယ့္ Seulgi ဟာ ေလယာဥ္စီးရၿပီဆိုရင္ေတာ့ ေလယာဥ္ေပၚမွာ ဘာမွေထြေထြထူးထူး လုပ္ေလ့မရိွဘဲ တတ္ႏိုင္သမွ် အနားယူတယ္လို႔ ဆိုပါတယ္။

ေလယာဥ္ေပၚေရာက္ၿပီဆိုတာနဲ႔ အိပ္လိုက္၊ စားလိုက္၊ ျပန္ထလိုက္၊ ျပန္စားလိုက္၊ ရုပ္ရွင္ၾကည့္လိုက္ပဲ လုပ္တတ္တယ္လို႔ Seulgi က ေျပာပါတယ္။ ေလယာဥ္ေပၚမွာ ေကာင္းေကာင္းႀကီး အနားယူလိုက္တဲ့အတြက္ ေလယာဥ္ဆိုက္ကပ္တဲ့အခါမွာေတာ့ မ်ားေသာအားျဖင့္ မ်က္ႏွာက ေဖာင္းကားေနတတ္တယ္လို႔ ဆိုပါတယ္။ မို႔အစ္ေနတဲ့ မ်က္ႏွာကို ဖုံးကြယ္ဖို႔အတြက္ ေလဆိပ္ဆင္းတိုင္းမွာ mask တပ္ေလ့ရိွတယ္လို႔လည္း ေျပာပါတယ္။

Seulgi ရဲ႕ ေျပာျပခ်က္အရ အျခားေသာ idol အမ်ားစုဟာလည္း ေလယာဥ္ေပၚမွာ အနားယူၿပီးေနာက္ မို႔အစ္ေနတဲ့ မ်က္ႏွာကို ဖုံးကြယ္ဖို႔ mask တပ္ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Idol ေတြကို ေလဆိပ္မွာ mask နဲ႔ ေတြ႕ရတဲ့အခါ ေကာင္းေကာင္းအနားယူၿပီး အစားေတြ အမ်ားႀကီးစားထားကာ အားရိွေနလို႔ ျဖစ္တယ္လို႔ အလိုေလ်ာက္ သိႏိုင္ၾကပါၿပီ။

အခုဆိုရင္ေတာ့ Red Velvet နဲ႔ Seulgi ရဲ႕ ပရိသတ္ေတြလည္း ေလဆိပ္ကေန ဆင္းလာလို႔ mask တပ္ထားတာ ျမင္ရတိုင္း ေကာင္းေကာင္းအနားယူခဲ့ရတယ္ဆိုတာ သိရိွၿပီး စိတ္ေအးႏိုင္ၾကမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

Xei

Ref: koreaboo

(Unicode Version)

YouTube Channel မှာ လွှင့်တင်နေကျဖြစ်တဲ့ The More Seulgiful Lifestyle in USA အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းမှာ Red Velvet အဖွဲ့ဝင် Seulgi က သူမရဲ့ လေယာဉ်စီးတဲ့အချိန် ပြုလုပ်လေ့ရှိတဲ့ အလေ့အထတွေနဲ့ လျှို့ဝှက်ချက်တစ်ခုကို ဝေမျှပေးလိုက်ပါတယ်။

တစ်ချိန်လုံး လေယာဉ်တွေစီးပြီး ဟိုမှသည် သွားနေရတဲ့၊ အလုပ်အလွန်များတဲ့ ကေပေါ့ပ်စတား Idol တစ်ယောက်ဖြစ်ပေမယ့် Seulgi ဟာ လေယာဉ်စီးရပြီဆိုရင်တော့ လေယာဉ်ပေါ်မှာ ဘာမှထွေထွေထူးထူး လုပ်လေ့မရှိဘဲ တတ်နိုင်သမျှ အနားယူတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်ရောက်ပြီဆိုတာနဲ့ အိပ်လိုက်၊ စားလိုက်၊ ပြန်ထလိုက်၊ ပြန်စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်ပဲ လုပ်တတ်တယ်လို့ Seulgi က ပြောပါတယ်။ လေယာဉ်ပေါ်မှာ ကောင်းကောင်းကြီး အနားယူလိုက်တဲ့အတွက် လေယာဉ်ဆိုက်ကပ်တဲ့အခါမှာတော့ များသောအားဖြင့် မျက်နှာက ဖောင်းကားနေတတ်တယ်လို့ ဆိုပါတယ်။ မို့အစ်နေတဲ့ မျက်နှာကို ဖုံးကွယ်ဖို့အတွက် လေဆိပ်ဆင်းတိုင်းမှာ mask တပ်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

Seulgi ရဲ့ ပြောပြချက်အရ အခြားသော idol အများစုဟာလည်း လေယာဉ်ပေါ်မှာ အနားယူပြီးနောက် မို့အစ်နေတဲ့ မျက်နှာကို ဖုံးကွယ်ဖို့ mask တပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Idol တွေကို လေဆိပ်မှာ mask နဲ့ တွေ့ရတဲ့အခါ ကောင်းကောင်းအနားယူပြီး အစားတွေ အများကြီးစားထားကာ အားရှိနေလို့ ဖြစ်တယ်လို့ အလိုလျောက် သိနိုင်ကြပါပြီ။

အခုဆိုရင်တော့ Red Velvet နဲ့ Seulgi ရဲ့ ပရိသတ်တွေလည်း လေဆိပ်ကနေ ဆင်းလာလို့ mask တပ်ထားတာ မြင်ရတိုင်း ကောင်းကောင်းအနားယူခဲ့ရတယ်ဆိုတာ သိရှိပြီး စိတ်အေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular