HomeCelebs Update NewsKoreaRosé ျဖစ္ခ်င္တဲ့ အဆိုေတာ္ဘ၀ဆိုတာ ....

Rosé ျဖစ္ခ်င္တဲ့ အဆိုေတာ္ဘ၀ဆိုတာ ….

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BLACKPINK အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Rosé ဟာ မၾကာေသးခင္ကပဲ ကုိရီးယားႏိုင္ငံက နာမည္ေက်ာ္မဂၢဇင္းတစ္ခုျဖစ္တဲ့ DAZED အတြက္ ကာဗာေမာ္ဒယ္လ္အျဖစ္ ဓာတ္ပုံရိုက္ကူးေပးခဲ့ပါတယ္။ ကာဗာေမာ္ဒယ္လ္ လုပ္ေပးထားတာေၾကာင့္ DAZED နဲ႔ အင္တာဗ်ဴးလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ အဆိုပါ အင္တာဗ်ဴးထဲမွာ သူမ ျဖစ္ခ်င္တဲ့ အဆိုေတာ္ဘ၀ကို ရင္ဖြင့္ျပခဲ့ပါတယ္။

Photo: koreaboo
Photo: koreaboo

“ကိုယ့္ဘာသာ ေက်နပ္ၿပီး အားရေပ်ာ္ရႊင္ေနတဲ့ အဆိုေတာ္မ်ိဳးေတာ့ မျဖစ္ခ်င္ပါဘူး။ ကၽြန္မရဲ႕ အိပ္မက္ေတြကို အေပ်ာက္ဆုံးမခံႏိုင္ဘူး။ ကိုယ့္္ရဲ႕ကိုယ္ပိုင္လမ္းေၾကာင္းနဲ႔ ေလွ်ာက္လွမ္းတဲ့ အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ခ်င္ပါတယ္” လို႔ သူမ ျဖစ္ခ်င္တဲ့ အဆိုေတာ္ဘ၀ကို ေျပာျပခဲ့ပါတယ္။

Photo: koreaboo

ဒီအေျဖနဲ႔ ပတ္သက္ၿပီး ပရိသတ္အမ်ားစုကလည္း ေက်နပ္အားရေနၾကတဲ့အျပင္ Solo music ေတြလုပ္ဖို႔ကိုလည္း အားေပးေနၾကပါတယ္။ BLINK ေတြကေတာ့ Rosé ရဲ႕ ခ်စ္စရာေကာင္းတဲ့ ဟန္ပန္မူရာေလးေတြကို ျမင္ေနက်ျဖစ္ေနၿပီမို႔ ခပ္မိုက္မိုက္နဲ႔ ဆြဲေဆာင္မႈရိွတဲ့ဘက္ကို ပိုၿပီးျမင္ခ်င္တယ္လို႔ ေဆြးေႏြးေနၾကပါတယ္။

LaNina

Ref: koreaboo

(Unicode Version)

BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rosé ဟာ မကြာသေးခင်ကပဲ ကိုရီးယားနိုင်ငံက နာမည်ကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ DAZED အတွက် ကာဗာမော်ဒယ်လ်အဖြစ် ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ ကာဗာမော်ဒယ်လ် လုပ်ပေးထားတာကြောင့် DAZED နဲ့ အင်တာဗျူးလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အဆိုပါ အင်တာဗျူးထဲမှာ သူမ ဖြစ်ချင်တဲ့ အဆိုတော်ဘဝကို ရင်ဖွင့်ပြခဲ့ပါတယ်။

Photo: koreaboo
Photo: koreaboo

“ကိုယ့်ဘာသာ ကျေနပ်ပြီး အားရပျော်ရွှင်နေတဲ့ အဆိုတော်မျိုးတော့ မဖြစ်ချင်ပါဘူး။ ကျွန်မရဲ့ အိပ်မက်တွေကို အပျောက်ဆုံးမခံနိုင်ဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ လျှောက်လှမ်းတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ချင်ပါတယ်” လို့ သူမ ဖြစ်ချင်တဲ့ အဆိုတော်ဘဝကို ပြောပြခဲ့ပါတယ်။

Photo: koreaboo

ဒီအဖြေနဲ့ ပတ်သက်ပြီး ပရိသတ်အများစုကလည်း ကျေနပ်အားရနေကြတဲ့အပြင် Solo music တွေလုပ်ဖို့ကိုလည်း အားပေးနေကြပါတယ်။ BLINK တွေကတော့ Rosé ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်မူရာလေးတွေကို မြင်နေကျဖြစ်နေပြီမို့ ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိတဲ့ဘက်ကို ပိုပြီးမြင်ချင်တယ်လို့ ဆွေးနွေးနေကြပါတယ်။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular