HomeCelebs Update NewsKoreaမအောင်မြင်ခင်က ဘဝအခြေအနေကို ပြောပြပြီး မျက်ရည်လည်ခဲ့ရတဲ့ Sam Hammington

မအောင်မြင်ခင်က ဘဝအခြေအနေကို ပြောပြပြီး မျက်ရည်လည်ခဲ့ရတဲ့ Sam Hammington

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Sam Hammington ဟာ မြန်မာပရိသတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ကိုရီးယား မိသားစုရသစုံရှိုး Superman Returns ထဲက ချစ်စရာကလေးလေးနှစ်ယောက်ဖြစ်တဲ့ William နဲ့ Bentley တို့ရဲ့ဖခင် ဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဖျော်ဖြေရေးသမားတစ်ဦးဖြစ်တဲ့ Sam ဟာ KBS က ထုတ်လွှင့်တဲ့ Superman Returns ရှိုးအတွက် မကြာသေးမီကမှ KBS Entertainment Award ကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး MBC ရုပ်သံလိုင်းက စီစဉ်ထုတ်လွှင့်တဲ့ Video Star အစီအစဉ်မှာ ပါဝင်ကာ ရင်ဖွင့်သွားပါတယ်။

Sam ဟာ သူ့ကိုယ်သူ ဆုရမယ်လို့ မထင်ထားတာကြောင့် ရုတ်တရက် ဆုလက်ခံရရှိသွားတဲ့အခါ ကျေးဇူးတင်စကားပြောရာမှာ သားလေးနှစ်ယောက်နဲ့ ဇနီးသည်ကို ကျေးဇူးတင်စကားပြောကြားဖို့ မေ့လျော့သွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ Sam က ကျေးဇူးတင်စကားပြောဖို့ မေ့လျော့ခဲ့ပေမယ့် ဇနီးသည်ကတော့ ဆုရတယ်လို့ သတင်းကြားကြားချင်းပဲ မက်ဆေ့ချ်တစ်စောင် ပို့လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့မက်ဆေ့ချ်ကြောင့်ပဲ Sam တစ်ယောက် မျက်ရည်ဝဲတဲ့အထိ ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။

Photo: samhammington/ Instagram

“ကျွန်တော့်မိန်းမက မက်ဆေ့ချ်ပို့လာတာ “ရှင် ဒီအတွက် အရမ်းကြိုးစားခဲ့ရပါတယ်”တဲ့။ ကျွန်တော် မျက်ရည်တောင် ဝဲသွားတယ်ဗျာ။ ကျွန်တော် ဒီဖျော်ဖြေရေးလောကကြီးထဲမှာ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ရတဲ့ တစ်ချိန်လုံး ကျွန်တော့်ဇနီးသည်က ဘေးနားမှာ အမြဲတမ်း ရှိနေပေးခဲ့တာပါ” လို့ ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Photo: samhammington/ Instagram

“ကျွန်တော် ဘာအလုပ်တစ်ခုမှ ရှာလို့မရတဲ့အချိန် ရှိခဲ့ဖူးတယ်။ ဩစတျေးလျကို ပြန်ဖို့တောင် စဉ်းစားနေခဲ့ရတဲ့အချိန်ပေါ့။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ ကိုရီးယားမှာ ဆုရလာလိမ့်မယ်လို့ လုံးဝကို မတွေးထားခဲ့မိတာ။ မျက်ရည်တောင် မထိန်းနိုင်ပါဘူးဗျာ…”

Photo: samhammington/ Instagram

“ယွန်းမီရေ … ငါ့လို နာမည်မရှိဘာမရှိနဲ့ ပိုက်ဆံလည်း မရှာနိုင်ခဲ့တဲ့လူတစ်ယောက်ရဲ့ဘေးနားမှာ အချိန်အကြာကြီး သည်းခံပြီး ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ။ William နဲ့ Bentley ရေ … သားတို့နှစ်ယောက်ကိုလည်း အဖေ အရမ်းကျေးဇူးတင်ပါတယ်။ သားတို့ကြောင့်သာ အဖေ အလုပ်လုပ်နိုင်ခဲ့တာပါ။ နောက်ထပ် အနှစ်နှစ်ဆယ်လောက် အလုပ်လုပ်ပါ့မယ်လို့ အဖေ ကတိပေးပါတယ်။ အဲ့တော့ ပျော်ပျော်နေကြရအောင်ကွာ။ ချစ်တယ်…” ဆိုပြီး သူ့ရဲ့မအောင်မြင်သေးခင်က ဘဝအကြောင်းကို ပြောပြကာ ဘေးနားမှာ အမြဲတမ်း အားပေးနေခဲ့တဲ့ဇနီးသည်နဲ့ ချစ်စရာသားလေးနှစ်ယောက်တို့ကို ကျေးဇူးတင်စကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Photo: samhammington/ Instagram

ချစ်စရာကောင်းတဲ့ Sam တို့မိသားစုလေးလည်း အခုထက်ပိုပြီး အောင်မြင်ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး အတူတကွ နေထိုင်သွားနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Sam Hammington ဟာ ျမန္မာပရိသတ္ေတြ တစ္ခဲနက္အားေပးၾကတဲ့ ကိုရီးယား မိသားစုရသစုံရႈိး Superman Returns ထဲက ခ်စ္စရာကေလးေလးႏွစ္ေယာက္ျဖစ္တဲ့ William နဲ႔ Bentley တို႔ရဲ႕ဖခင္ ျဖစ္ပါတယ္။ ဟာသ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ေဖ်ာ္ေျဖေရးသမားတစ္ဦးျဖစ္တဲ့ Sam ဟာ KBS က ထုတ္လႊင့္တဲ့ Superman Returns ရႈိးအတြက္ မၾကာေသးမီကမွ KBS Entertainment Award ကို ရရွိထားသူလည္း ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး MBC ႐ုပ္သံလိုင္းက စီစဥ္ထုတ္လႊင့္တဲ့ Video Star အစီအစဥ္မွာ ပါဝင္ကာ ရင္ဖြင့္သြားပါတယ္။

Sam ဟာ သူ႔ကိုယ္သူ ဆုရမယ္လို႔ မထင္ထားတာေၾကာင့္ ႐ုတ္တရက္ ဆုလက္ခံရရွိသြားတဲ့အခါ ေက်းဇူးတင္စကားေျပာရာမွာ သားေလးႏွစ္ေယာက္နဲ႔ ဇနီးသည္ကို ေက်းဇူးတင္စကားေျပာၾကားဖို႔ ေမ့ေလ်ာ့သြားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ Sam က ေက်းဇူးတင္စကားေျပာဖို႔ ေမ့ေလ်ာ့ခဲ့ေပမယ့္ ဇနီးသည္ကေတာ့ ဆုရတယ္လို႔ သတင္းၾကားၾကားခ်င္းပဲ မက္ေဆ့ခ်္တစ္ေစာင္ ပို႔လာတယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့မက္ေဆ့ခ်္ေၾကာင့္ပဲ Sam တစ္ေယာက္ မ်က္ရည္ဝဲတဲ့အထိ ၾကည္ႏူးပီတိျဖစ္ခဲ့ရပါတယ္။

Photo: samhammington/ Instagram

“ကြၽန္ေတာ့္မိန္းမက မက္ေဆ့ခ်္ပို႔လာတာ “ရွင္ ဒီအတြက္ အရမ္းႀကိဳးစားခဲ့ရပါတယ္”တဲ့။ ကြၽန္ေတာ္ မ်က္ရည္ေတာင္ ဝဲသြားတယ္ဗ်ာ။ ကြၽန္ေတာ္ ဒီေဖ်ာ္ေျဖေရးေလာကႀကီးထဲမွာ အလုပ္လုပ္ဖို႔ ႀကိဳးစားခဲ့ရတဲ့ တစ္ခ်ိန္လုံး ကြၽန္ေတာ့္ဇနီးသည္က ေဘးနားမွာ အၿမဲတမ္း ရွိေနေပးခဲ့တာပါ” လို႔ ရင္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။

Photo: samhammington/ Instagram

“ကြၽန္ေတာ္ ဘာအလုပ္တစ္ခုမွ ရွာလို႔မရတဲ့အခ်ိန္ ရွိခဲ့ဖူးတယ္။ ဩစေတ်းလ်ကို ျပန္ဖို႔ေတာင္ စဥ္းစားေနခဲ့ရတဲ့အခ်ိန္ေပါ့။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ ကိုရီးယားမွာ ဆုရလာလိမ့္မယ္လို႔ လုံးဝကို မေတြးထားခဲ့မိတာ။ မ်က္ရည္ေတာင္ မထိန္းႏိုင္ပါဘူးဗ်ာ…”

Photo: samhammington/ Instagram

“ယြန္းမီေရ … ငါ့လို နာမည္မရွိဘာမရွိနဲ႔ ပိုက္ဆံလည္း မရွာႏိုင္ခဲ့တဲ့လူတစ္ေယာက္ရဲ႕ေဘးနားမွာ အခ်ိန္အၾကာႀကီး သည္းခံၿပီး ရွိေနေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ကြာ။ William နဲ႔ Bentley ေရ … သားတို႔ႏွစ္ေယာက္ကိုလည္း အေဖ အရမ္းေက်းဇူးတင္ပါတယ္။ သားတို႔ေၾကာင့္သာ အေဖ အလုပ္လုပ္ႏိုင္ခဲ့တာပါ။ ေနာက္ထပ္ အႏွစ္ႏွစ္ဆယ္ေလာက္ အလုပ္လုပ္ပါ့မယ္လို႔ အေဖ ကတိေပးပါတယ္။ အဲ့ေတာ့ ေပ်ာ္ေပ်ာ္ေနၾကရေအာင္ကြာ။ ခ်စ္တယ္…” ဆိုၿပီး သူ႔ရဲ႕မေအာင္ျမင္ေသးခင္က ဘဝအေၾကာင္းကို ေျပာျပကာ ေဘးနားမွာ အၿမဲတမ္း အားေပးေနခဲ့တဲ့ဇနီးသည္နဲ႔ ခ်စ္စရာသားေလးႏွစ္ေယာက္တို႔ကို ေက်းဇူးတင္စကား ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

Photo: samhammington/ Instagram

ခ်စ္စရာေကာင္းတဲ့ Sam တို႔မိသားစုေလးလည္း အခုထက္ပိုၿပီး ေအာင္ျမင္ေပ်ာ္႐ႊင္စြာနဲ႔ အသက္ထက္ဆုံး အတူတကြ ေနထိုင္သြားႏိုင္ၾကပါေစလို႔ ဆုမြန္ေႁခြလိုက္ရပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular