HomeBiographyစံချိန်တင် အတိုတောင်းဆုံး ထရိန်နင်ကာလနဲ့ ပွဲထွက်နိုင်ခဲ့တဲ့ Idol(၉)ယောက်

စံချိန်တင် အတိုတောင်းဆုံး ထရိန်နင်ကာလနဲ့ ပွဲထွက်နိုင်ခဲ့တဲ့ Idol(၉)ယောက်

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။





နံပါတ်(၂) EXO ရဲ့ Chen






နံပါတ်(၄) Miss A ရဲ့ Suzy


















Xei

Ref: koreaboo

(Unicode Version)

Idol တစ်ယောက်ဖြစ်လာဖို့ သွေးတွေ၊ချွေးတွေနဲ့ အချိန်တွေများစွာ ရင်းနှီးမြှုပ်နှံပြီး အားသွန်ခွန်စိုက် ကြိုးစားရတယ်ဆိုတာ အားလုံးလည်းအသိပါ။ စင်ပေါ်မှာ လက်ခုပ်သံတွေနဲ့ အားပေးခံရဖို့အတွက် အသေအလဲ ကြိုးစားခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Idol တစ်ယောက်အဖြစ် ပွဲထွက်နိုင်ဖို့ နှစ်နှစ်ဝန်းကျင်လောက် ရေကုန်ရေခန်း လေ့ကျင့်ကြရပါတယ်။ သို့ပေမယ့် အချို့သော ပါရမီထူးချွန်လွန်းတဲ့ k-pop Idol တွေကတော့ သူများထက်ပိုပြီး ထူးနေခဲ့ပါတယ်။ တစ်နှစ်တောင် မကြာတဲ့ အချိန်တိုလေးအတွင်းမှာ လေ့ကျင့်ပြီး Idol တွေအဖြစ် ပွဲထွက်နိုင်ခဲ့သူတွေကတော့ …

နံပါတ်(၁) EXO ရဲ့ Baekhyun

https://www.instagram.com/p/Bt09aNBnQ2b/

နှစ်ပေါက်အောင် လေ့ကျင့်မှ Idol ဖြစ်မယ်ဆိုတဲ့ စံချိန်တွေကို ရိုက်ချိုးလိုက်သူကတော့ EXO အဖွဲ့ဝင် Baekhyun ဖြစ်ပါတယ်။ သုံးလတည်း လေ့ကျင့်ပြီး ပွဲထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ်(၂) EXO ရဲ့ Chen

https://www.instagram.com/p/By4DQzwjNXT/

နောက်ထပ် ချီးကျူးလောက်စရာ Idol ကတော့ EXO အဖွဲ့က Chen ပါ။ လေးလတည်း လေ့ကျင့်ပြီး ပွဲထွက်နိုင်ခဲ့ပါတယ်။

နံပါတ်(၃) WANNA ONE ရဲ့ Lai Guanlin

https://www.instagram.com/p/BzSp5w9gc7A/

WANNA ONE အဖွဲ့ဝင် Lai Guanlin ကတော့ ခြောက်လတည်း လေ့ကျင့်ပြီး ပွဲထွက်ခဲ့တာပါ။

နံပါတ်(၄) Miss A ရဲ့ Suzy

https://www.instagram.com/p/BzuM_iGBx1I/

Miss A အဖွဲ့က အလှလေး Suzy ကတော့ ဆယ်လတည်း လေ့ကျင့်ပြီး Idol အဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။

နံပါတ်(၅) KARA ရဲ့ Goo Hara

https://www.instagram.com/p/Bzp6n75FIkA/

နာမည်ကျော် မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KARA ကတော့ သုံးလတည်းလေ့ကျင့်ပြီး ပွဲထွက်ခဲ့တာပါ။

နံပါတ်(၆) KARA ရဲ့ Kang Jiyoung

https://www.instagram.com/p/Bzrty9ylq6C/

KARA ရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kang Jiyoung ကတော့ နှစ်ပတ်တည်း လေ့ကျင့်ပြီး ပွဲထွက်ခဲ့တာပါ။ အံ့သြလောက်စရာ ထူးချွန်သူလည်း ဖြစ်ပါတယ်။

နံပါတ်(၇) Apink ရဲ့ Jung Eunji
Photo Credit: Kpop Behind

Apink အဖွဲ့က Jung Eunji ကိုလည်း မေ့ထားခဲ့လို့ မရပါဘူး။ သူမကတော့ နှစ်လတည်းသာ လေ့ကျင့်ပြီး ပွဲထွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

နံပါတ်(၈) Super Junior ရဲ့ Ryeowook

https://www.instagram.com/p/fvXNrqHlU7/

နာမည်ကျော် k-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Super Junior ရဲ့ Ryeowook ဟာဆိုရင်တော့ နှစ်လတည်း လေ့ကျင့်ပြီး ပွဲထွက်ခဲ့သူပါ။

နံပါတ်(၉) Super Junior ရဲ့ Kyuhyun

https://www.instagram.com/p/BsQK5JylIPw/

Super Junior အဖွဲ့ရဲ့ အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Kyuhyun ကတော့ သုံးလတည်းသာ လေ့ကျင့်ပြီး ပွဲထွက်နိုင်ခဲ့တာပါ။

ဒါတွေကတော့ စံချိန်တင် လေ့ကျင့်မှုကာလအနည်းဆုံး Idol (၉)ယောက်ပဲ ဖြစ်ပါတယ်။ ချီးကျူးလောက်စရာ talent တွေနဲ့ ပါရမီတွေဟာလည်း အံ့အားသင့်စရာပါပဲ။ ဒါကြောင့်လည်း နာမည်ကြီး Idol တွေအဖြစ် ရပ်တည်နေနိုင်တာဟာ မဆန်းပါဘူးလို့ ကောက်ချက်ချရင်း …။

Xei

Ref: koreaboo

 

 

RELATED ARTICLES

Most Popular